iMyanmarHouse.com - Best Property Website for Myanmar
×

စီမံကိန္းလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ မည္သည့္ေနရာမွ ေခ်းေငြရမည္လဲဆိုသည္ကို စဥ္းစား ၿပီး ေဆာင္ရြက္ေနျခင္းသည္ တိုး တက္မႈကို မျဖစ္ေစဘဲ ဆုတ္ယုတ္ ရာဘက္ကို ဦးတည္သြားႏိုင္သည္ ဟု ရန္ကုန္တိုင္းေဒသႀကီး မရမ္း ကုန္းၿမိဳ႕နယ္ မဲဆႏ္ၵနယ္အမွတ္(၁)မွ တိုင္းေဒသႀကီးလႊတ္ ေတာ္ကိုယ္ စားလွယ္ ဦးရန္ရွင္းကေျပာသည္။
အထူးဂ႐ုျပဳေဆာင္ရြက္သင့္
““ပုဂ္ၢလိကဘဏ္ေတြကေန အလြယ္တကူ ေငြေခ်းတာေတြ၊ ဘယ္ ကေခ်းေငြရမလဲ ဆိုတာေတြ စဥ္း စားၿပီးမွ စီမံကိန္းေဆာင္ရြက္တာ ေတြဟာ အဖြဲ႕အစည္းတစ္ခုရဲ႕ ႀကီး ပြားတိုးတက္ရာ လုပ္ငန္းစဥ္မဟုတ္ ဘဲ ဆုတ္ယုတ္ရာဘက္ကို ဦးတည္ သြားႏိုင္တဲ့အတြက္ အထူးဂ႐ုျပဳ ေဆာင္ရြက္သင့္ပါတယ္”” ဟု ၎င္း ကေျပာသည္။
ေျပာဆိုေ၀ဖန္မႈမ်ားရွိခဲ့
ရန္ကုန္တိုင္းေဒသႀကီး ဒုတိယအႀကိမ္ တိုင္းေဒသႀကီးလႊတ္ ေတာ္ သမ္ၼတပံုမွန္အစည္းအေ၀း တြင္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ စစ္ ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာအေပၚ ျပည္သူ႕ေငြစာရင္းေကာ္မတီ ေလ့ လာေတြ႕ရွိခ်က္ သေဘာထားမွတ္ ခ်က္ အစီရင္ခံစာႏွင့္ပတ္သက္၍ လႊတ္ေတာ္တြင္ ေဆြးေႏြးခဲ့ေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ မွ ေက်ာင္းကား၀ယ္ယူရန္အတြက္ ပုဂ္ၢလိကဘဏ္မ်ားမွ ေခ်းေငြမ်ား ရယူခဲ့မႈႏွင့္ပတ္သက္၍ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားမွ ေျပာဆိုေ၀ဖန္ မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
လိုအပ္လို႔ခိုင္းရင္စစ္ပါ့မယ္
““ကၽြန္ေတာ္လည္း ေဆြး ေႏြးတယ္။ ဘယ္လိုအေပးအယူနဲ႔ လုပ္တာလဲ။ ဒီေခ်းတဲ့ေငြေတြက။ အမွန္ေတာ့ဗ်ာ တိုင္းေဒသႀကီး အ ေျခခံစည္းမ်ဥ္းေတြထဲမွာလည္းပါ တယ္။ ျပည္ပ သို႔မဟုတ္ ျပည္တြင္း ကေခ်းရင္ လႊတ္ေတာ္ကို တင္ကို တင္ရမယ္။ အဲဒါရွိတယ္။ အခုက အဲဒီလိုမဟုတ္ဘူး။ ဘယ္လိုအေပး အယူရွိလဲ ရွင္းလင္းဖို႔လိုတယ္လို႔္ ထည့္ေဆြးေႏြးတာပါ။ ေခ်းထားတဲ့ ေငြအေပၚမွာ အတိုးကို ဘယ္သူဆပ္ ေနတယ္ေတာ့ မသိဘူး။ ဘယ္လို အတိုးနဲ႔ေခ်းတာလဲ။ ဘယ္လိုနား လည္မႈနဲ႔ေခ်းတာလဲ။ စာရင္းစစ္ခ်ဳပ္ ကေတာ့ လိုအပ္လို႔ခိုင္းရင္ စစ္ပါ့ မယ္လို႔ ေျပာသြားတယ္။ အဲဒါကို မွတ္ထားတယ္။ ညႇိႏႈိင္းရမွာေပါ့။ လိုအပ္ရင္ လိုအပ္သလိုစစ္ဖို႔ပါ”” ဟု ရန္ကုန္တိုင္းေဒသႀကီး ဒဂံုၿမိဳ႕ နယ္ မဲဆႏ္ၵနယ္အမွတ္(၂)မွ တိုင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေျပာသည္။
ျပန္လည္စစ္ေဆးမည္
ရန္ကုန္တိုင္းေဒသႀကီး အစိုးရက လႊတ္ေတာ္ခြင့္ျပဳခ်က္ရယူ ျခင္းမရွိဘဲ ခရီးသည္တင္ယာဥ္မ်ား ၀ယ္ယူရန္ႏွင့္ ေက်ာင္းကားမ်ား၀ယ္ ယူရန္အတြက္ ကေမ္ၻာဇဘဏ္မွ ေငြ က်ပ္ သန္း ၅၅၀၀ ႏွင့္ ဧရာ၀တီ ဘဏ္မွ က်ပ္ ၈ ဘီလီယံအား လူ ပုဂ္ၢိဳလ္အရ ေခ်းေငြရယူထားမႈအား လႊတ္ေတာ္အေနျဖင့္ သေဘာမတူ ေၾကာင္း လႊတ္ေတာ္တြင္ ေဆြးေႏြး ခဲ့ၾကၿပီး ရန္ကုန္တိုင္းအစိုးရက ရင္းႏွီးထည့္၀င္ထားသည့္ က်ပ္ ၁၃၄ ဘီလီယံအနက္ ဖက္စပ္လုပ္ ကိုင္သည့္ လုပ္ငန္းမ်ားကို ျပင္ပ စာရင္းစစ္မ်ားျဖင့္ စစ္ေဆးထား ျခင္းျဖစ္ၿပီး တာ၀န္ေပးအပ္လာပါ က ျပန္လည္စစ္ေဆးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ စာရင္းစစ္ခ်ဳပ္မွ ေျပာဆိုမႈမ်ားရွိခဲ့ သည္။
အဆိုပါေခ်းေငြက်ပ္သန္း ၅၅၀၀ အား ပံုမွန္ဘဏ္တိုးႏႈန္းျဖင့္ တြက္လွ်င္ တစ္ႏွစ္တာအတြက္ က်ပ္ သိန္းေပါင္း ၇၀၀၀ ေက်ာ္ ေပးေခ်ရ ဖြယ္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေနလႈိင္း
# Unicode Version ျဖင့္ ဖတ္ပါ #
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် မည်သည့်နေရာမှ ချေးငွေရမည်လဲဆိုသည်ကို စဉ်းစား ပြီး ဆောင်ရွက်နေခြင်းသည် တိုး တက်မှုကို မဖြစ်စေဘဲ ဆုတ်ယုတ် ရာဘက်ကို ဦးတည်သွားနိုင်သည် ဟု ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် မဲဆန်္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ် စားလှယ် ဦးရန်ရှင်းကပြောသည်။
အထူးဂရုပြုဆောင်ရွက်သင့်
““ပုဂ်္ဂလိကဘဏ်တွေကနေ အလွယ်တကူ ငွေချေးတာတွေ၊ ဘယ် ကချေးငွေရမလဲ ဆိုတာတွေ စဉ်း စားပြီးမှ စီမံကိန်းဆောင်ရွက်တာ တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ ကြီး ပွားတိုးတက်ရာ လုပ်ငန်းစဉ်မဟုတ် ဘဲ ဆုတ်ယုတ်ရာဘက်ကို ဦးတည် သွားနိုင်တဲ့အတွက် အထူးဂရုပြု ဆောင်ရွက်သင့်ပါတယ်”” ဟု ၎င်းင်း ကပြောသည်။
ပြောဆိုဝေဖန်မှုများရှိခဲ့
ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ် တော် သမ်္မတပုံမှန်အစည်းအဝေး တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စစ် ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ လေ့ လာတွေ့ရှိချက် သဘောထားမှတ် ချက် အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ကျောင်းကားဝယ်ယူရန်အတွက် ပုဂ်္ဂလိကဘဏ်များမှ ချေးငွေများ ရယူခဲ့မှုနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များမှ ပြောဆိုဝေဖန် မှုများရှိခဲ့ကြောင်း သိရသည်။
လိုအပ်လို့ခိုင်းရင်စစ်ပါ့မယ်
““ကျွန်တော်လည်း ဆွေး နွေးတယ်။ ဘယ်လိုအပေးအယူနဲ့ လုပ်တာလဲ။ ဒီချေးတဲ့ငွေတွေက။ အမှန်တော့ဗျာ တိုင်းဒေသကြီး အ ခြေခံစည်းမျဉ်းတွေထဲမှာလည်းပါ တယ်။ ပြည်ပ သို့မဟုတ် ပြည်တွင်း ကချေးရင် လွှတ်တော်ကို တင်ကို တင်ရမယ်။ အဲဒါရှိတယ်။ အခုက အဲဒီလိုမဟုတ်ဘူး။ ဘယ်လိုအပေး အယူရှိလဲ ရှင်းလင်းဖို့လိုတယ်လို့် ထည့်ဆွေးနွေးတာပါ။ ချေးထားတဲ့ ငွေအပေါ်မှာ အတိုးကို ဘယ်သူဆပ် နေတယ်တော့ မသိဘူး။ ဘယ်လို အတိုးနဲ့ချေးတာလဲ။ ဘယ်လိုနား လည်မှုနဲ့ချေးတာလဲ။ စာရင်းစစ်ချုပ် ကတော့ လိုအပ်လို့ခိုင်းရင် စစ်ပါ့ မယ်လို့ ပြောသွားတယ်။ အဲဒါကို မှတ်ထားတယ်။ ညှိနှိုင်းရမှာပေါ့။ လိုအပ်ရင် လိုအပ်သလိုစစ်ဖို့ပါ”” ဟု ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ် မဲဆန်္ဒနယ်အမှတ်(၂)မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။
ပြန်လည်စစ်ဆေးမည်
ရန်ကုန်တိုင်းဒေသကြီး အစိုးရက လွှတ်တော်ခွင့်ပြုချက်ရယူ ခြင်းမရှိဘဲ ခရီးသည်တင်ယာဉ်များ ဝယ်ယူရန်နှင့် ကျောင်းကားများဝယ် ယူရန်အတွက် ကမေ်္ဘာဇဘဏ်မှ ငွေ ကျပ် သန်း ၅၅၀၀ နှင့် ဧရာဝတီ ဘဏ်မှ ကျပ် ၈ ဘီလီယံအား လူ ပုဂ်္ဂိုလ်အရ ချေးငွေရယူထားမှုအား လွှတ်တော်အနေဖြင့် သဘောမတူ ကြောင်း လွှတ်တော်တွင် ဆွေးနွေး ခဲ့ကြပြီး ရန်ကုန်တိုင်းအစိုးရက ရင်းနှီးထည့်ဝင်ထားသည့် ကျပ် ၁၃၄ ဘီလီယံအနက် ဖက်စပ်လုပ် ကိုင်သည့် လုပ်ငန်းများကို ပြင်ပ စာရင်းစစ်များဖြင့် စစ်ဆေးထား ခြင်းဖြစ်ပြီး တာဝန်ပေးအပ်လာပါ က ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းစစ်ချုပ်မှ ပြောဆိုမှုများရှိခဲ့ သည်။
အဆိုပါချေးငွေကျပ်သန်း ၅၅၀၀ အား ပုံမှန်ဘဏ်တိုးနှုန်းဖြင့် တွက်လျှင် တစ်နှစ်တာအတွက် ကျပ် သိန်းပေါင်း ၇၀၀၀ ကျော် ပေးချေရ ဖွယ်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:နေလှိုင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top