ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

- ဒီကေန႔ရဲ႕ ႐ုပ္ရွင္အၫႊန္းက႑ မွာေတာ့ လူငယ္အခ်စ္ ႐ုပ္ရွင္ ဇာတ္ကားေလးတစ္ကား အ ေၾကာင္းကို ၫႊန္းလိုက္ပါတယ္။

ေတးသီသူက ကားအေရာင္းျပခန္းကို သူငယ္ခ်င္းေတြနဲ႔ စပ္တူဖြင့္ထားတာပါ။ သူတို႔က ေမာင္ႏွမေလးဦး ရွိပါတယ္။ တျခားသူေတြကေတာ့ အိမ္ေထာင္ျပဳသြား ၾကပါၿပီ။ ေတးသီသူက အသက္ (၃၀)ေက်ာ္ အပ်ိဳႀကီးပါ။ ေတးသီသူက အသက္သာႀကီးလာေပ မယ့္ စိတ္ကေတာ့ ကေလးစိတ္ လိုပါပဲ။ သူလိုခ်င္တာကိုပဲေတြးတတ္ၿပီး တျခားသူေတြဘက္ကို သိပ္ထည့္မေတြးတတ္ပါဘူး။ အဲဒါေၾကာင့္လည္း သူတို႔အိမ္မွာလာ ေနတဲ့ တူမနဲ႔ဆိုရင္ တီဗီခ်န္နယ္ လိုင္းေတြၾကည့္ဖို႔ကအစ အလု အယက္ပါပဲ။

အဲဒါေၾကာင့္ ေတးသီသူရဲ႕ အေမက သူ႔သမီးကို အိမ္ေထာင္ခ်ေပးဖို႔အတြက္ စဥ္းစားခဲ့ပါ တယ္။ ေတးသီသူမွာက ရည္းစား ရွိပါတယ္။ ဒါေပမဲ့ သူ႔ရည္းစား ေကာင္ေလးက သူ႔ထက္ (၈)ႏွစ္ေလာက္ငယ္တာေၾကာင့္ သူ႔အေမကို မေျပာရဲပါဘူး။ အိမ္ေထာင္ခ်ေပးမယ္လို႔ ေျပာတဲ့အခ်ိန္မွာ ေတာ့ ရည္းစားရွိတဲ့အေၾကာင္းကို ေျပာခဲ့ရပါတယ္။

ေတးသီသူရဲ႕ ခ်စ္သူနာမည္ က ေနညိဳညခ်မ္းပါ။ ညခ်မ္း က ပုပၸားဘက္ကပါ။ သူငယ္ခ်င္း ေတြနဲ႔အတူတူ နဂါးေမာက္ၿခံ  လုပ္ငန္းလုပ္သူပါ။ ေတးသီသူတို႔ မိန္းကေလးသူငယ္ခ်င္း သံုးဦး ပုပၸားဘက္ကို ခရီးသြားရင္း ကားပ်က္ခဲ့တာေၾကာင့္ သူတို႔မိတ္ေဆြရဲ႕တူ အဲဒီနားမွာ ရွိတယ္ဆုိၿပီး စံုစမ္းရင္း ေနညိဳညခ်မ္းတို႔ဆီကို ေရာက္ခဲ့တာပါ။ သူတို႔ေရာက္တဲ့အခ်ိန္က ေနာက္က်ေနတာေၾကာင့္ ညခ်မ္းတို႔ဆိီမွာပဲ ညအိပ္ရင္း ကားျပင္ဆရာကလည္း ေနာက္ေန႔မွ ယူျပင္ႏုိင္မွာေၾကာင့္ ႏွစ္ရက္ေလာက္ေနခဲ့ရပါတယ္။

အဲဒီလုိနဲ႔ တစ္ရက္မွာေတာ့ ေတးသီသူတို႔ရဲ႕ ကားအေရာင္းျပ ခန္းကို ညခ်မ္းတို႔တူဝရီးေရာက္ လာခဲ့ပါတယ္။ ညခ်မ္းရဲ႕ ဦးေလး က ကားဝယ္ခ်င္တာေၾကာင့္ ေရာက္လာၾကတာပါ။ အဲဒီမွာ ညခ်မ္းကို ေတးသီသူက ေကာ္ဖိီ  လိုက္တိုက္ရင္း ညခ်မ္းက သူ႔ လက္မွာ ထိုးထားတဲ့ တက္တူးကို ျပခဲ့ပါတယ္။ အဲဒီတက္တူးက ေတးသီသူနဲ႔ သူဆံုေတြ႕တဲ့ ရက္ ၁၀၀ ျပည့္အထိမ္းအမွတ္အေန နဲ႔ ထိုးထားတာပါ။  အဲဒီမွာ ေတးသီသူက ညခ်မ္းကို သူ႔ကို ႀကိဳက္ေနတာလားဆိုၿပီး ေပၚတင္ေမးရင္း ရည္းစားေတြ ျဖစ္သြားခဲ့ၾကတာ ပါ။ သူ႔ထက္ ရွစ္ႏွစ္ငယ္တဲ့သူနဲ႔ ရည္းစားျဖစ္ေနတာေၾကာင့္ ေတးသီသူရဲ႕ အေမက ေလ့လာခ်င္လို႔ ဆိုၿပီး ညခ်မ္းကို သူတို႔ဆီမွာ လာ ေနဖို႔ ေျပာခိုင္းခဲ့ပါတယ္။ အဲဒါေၾကာင့္ ညခ်မ္းလည္း  ေတးသီသူတို႔အိမ္ကို ေရာက္လာခဲ့ပါ တယ္။ နယ္မွာပဲ ေအးေအးေဆး ေဆးေနတတ္တဲ့ ညခ်မ္းက ေတးသီသူတို႔အိမ္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ အဆင္မေျပတာ ေတြလည္း ႀကံဳခဲ့ရပါတယ္။ ညခ်မ္းက အသက္ငယ္ေပမယ့္ ေတးသီသူတို႔အိမ္က လူေတြအ  ကုန္လံုးနဲ႔ အဆင္ေျပေအာင္ေပါင္းႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ေတးသီသူရဲ႕ အေမကေတာ့ အသက္ငယ္တဲ့အေၾကာင္း တစ္ခုတည္း နဲ႔တင္ သူ႔သမီးနဲ႔ သေဘာမတူ သလိုျဖစ္ေနပါတယ္။

ေတးသီသူနဲ႔ ညခ်မ္းတို႔ခ်စ္ သူႏွစ္ဦး လက္တြဲႏိုင္မွာလား။ ေတးသီသူတို႔ဆီမွာ ညခ်မ္း ဘာေတြႀကံဳရဦးမွာလဲ။ သူလိုခ်င္တာ ကိုပဲသိတဲ့ ေတးသီသူနဲ႔ လူႀကီး ဆန္ဆန္ေနတတ္တဲ့ ညခ်မ္းတို႔ ဇာတ္လမ္း ဘာေတြဆက္ျဖစ္ဦး မလဲဆုိတာကိုေတာ့ ေအာက္တို ဘာ ၁၂ ရက္ကစတင္ၿပီး ရန္ကုန္၊မႏၲေလးအပါအဝင္ နယ္ၿမိဳ႕ေတြ မွာ ႐ံုတင္ျပသေတာ့မယ့္ ‘အေဝးခ်စ္’ဇာတ္ကားမွာ ဆက္လက္႐ႈစားေပးပါ။ ဒီဇာတ္ကားမွာ ေနညိဳည ခ်မ္းအျဖစ္ ေအာင္ရဲလင္း၊ ေတး သီသူအျဖစ္ သက္မြန္ျမင့္တို႔က ပါဝင္သ႐ုပ္ဆာင္ထားၿပီး ပုညခင္ရဲ႕ဝတၳဳကို ရာဇဝင္ကိုက ဇာတ္ၫႊန္း ေရးေပးကာ ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး)က ႐ိုက္ကူး ပံုေဖာ္ထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
- ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ် ရုပ်ရှင် ဇာတ်ကားလေးတစ်ကား အ ကြောင်းကို ညွှန်းလိုက်ပါတယ်။

တေးသီသူက ကားအရောင်းပြခန်းကို သူငယ်ချင်းတွေနဲ့ စပ်တူဖွင့်ထားတာပါ။ သူတို့က မောင်နှမလေးဦး ရှိပါတယ်။ တခြားသူတွေကတော့ အိမ်ထောင်ပြုသွား ကြပါပြီ။ တေးသီသူက အသက် (၃၀)ကျော် အပျိုကြီးပါ။ တေးသီသူက အသက်သာကြီးလာပေ မယ့် စိတ်ကတော့ ကလေးစိတ် လိုပါပဲ။ သူလိုချင်တာကိုပဲတွေးတတ်ပြီး တခြားသူတွေဘက်ကို သိပ်ထည့်မတွေးတတ်ပါဘူး။ အဲဒါကြောင့်လည်း သူတို့အိမ်မှာလာ နေတဲ့ တူမနဲ့ဆိုရင် တီဗီချန်နယ် လိုင်းတွေကြည့်ဖို့ကအစ အလု အယက်ပါပဲ။

အဲဒါကြောင့် တေးသီသူရဲ့ အမေက သူ့သမီးကို အိမ်ထောင်ချပေးဖို့အတွက် စဉ်းစားခဲ့ပါ တယ်။ တေးသီသူမှာက ရည်းစား ရှိပါတယ်။ ဒါပေမဲ့ သူ့ရည်းစား ကောင်လေးက သူ့ထက် (၈)နှစ်လောက်ငယ်တာကြောင့် သူ့အမေကို မပြောရဲပါဘူး။ အိမ်ထောင်ချပေးမယ်လို့ ပြောတဲ့အချိန်မှာ တော့ ရည်းစားရှိတဲ့အကြောင်းကို ပြောခဲ့ရပါတယ်။

တေးသီသူရဲ့ ချစ်သူနာမည် က နေညိုညချမ်းပါ။ ညချမ်း က ပုပ္ပားဘက်ကပါ။ သူငယ်ချင်း တွေနဲ့အတူတူ နဂါးမောက်ခြံ  လုပ်ငန်းလုပ်သူပါ။ တေးသီသူတို့ မိန်းကလေးသူငယ်ချင်း သုံးဦး ပုပ္ပားဘက်ကို ခရီးသွားရင်း ကားပျက်ခဲ့တာကြောင့် သူတို့မိတ်ဆွေရဲ့တူ အဲဒီနားမှာ ရှိတယ်ဆိုပြီး စုံစမ်းရင်း နေညိုညချမ်းတို့ဆီကို ရောက်ခဲ့တာပါ။ သူတို့ရောက်တဲ့အချိန်က နောက်ကျနေတာကြောင့် ညချမ်းတို့ဆီမှာပဲ ညအိပ်ရင်း ကားပြင်ဆရာကလည်း နောက်နေ့မှ ယူပြင်နိုင်မှာကြောင့် နှစ်ရက်လောက်နေခဲ့ရပါတယ်။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ တေးသီသူတို့ရဲ့ ကားအရောင်းပြ ခန်းကို ညချမ်းတို့တူဝရီးရောက် လာခဲ့ပါတယ်။ ညချမ်းရဲ့ ဦးလေး က ကားဝယ်ချင်တာကြောင့် ရောက်လာကြတာပါ။ အဲဒီမှာ ညချမ်းကို တေးသီသူက ကော်ဖီ  လိုက်တိုက်ရင်း ညချမ်းက သူ့ လက်မှာ ထိုးထားတဲ့ တက်တူးကို ပြခဲ့ပါတယ်။ အဲဒီတက်တူးက တေးသီသူနဲ့ သူဆုံတွေ့တဲ့ ရက် ၁၀၀ ပြည့်အထိမ်းအမှတ်အနေ နဲ့ ထိုးထားတာပါ။  အဲဒီမှာ တေးသီသူက ညချမ်းကို သူ့ကို ကြိုက်နေတာလားဆိုပြီး ပေါ်တင်မေးရင်း ရည်းစားတွေ ဖြစ်သွားခဲ့ကြတာ ပါ။ သူ့ထက် ရှစ်နှစ်ငယ်တဲ့သူနဲ့ ရည်းစားဖြစ်နေတာကြောင့် တေးသီသူရဲ့ အမေက လေ့လာချင်လို့ ဆိုပြီး ညချမ်းကို သူတို့ဆီမှာ လာ နေဖို့ ပြောခိုင်းခဲ့ပါတယ်။ အဲဒါကြောင့် ညချမ်းလည်း  တေးသီသူတို့အိမ်ကို ရောက်လာခဲ့ပါ တယ်။ နယ်မှာပဲ အေးအေးဆေး ဆေးနေတတ်တဲ့ ညချမ်းက တေးသီသူတို့အိမ်ကို ရောက်လာတဲ့အချိန်မှာတော့ အဆင်မပြေတာ တွေလည်း ကြုံခဲ့ရပါတယ်။ ညချမ်းက အသက်ငယ်ပေမယ့် တေးသီသူတို့အိမ်က လူတွေအ  ကုန်လုံးနဲ့ အဆင်ပြေအောင်ပေါင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တေးသီသူရဲ့ အမေကတော့ အသက်ငယ်တဲ့အကြောင်း တစ်ခုတည်း နဲ့တင် သူ့သမီးနဲ့ သဘောမတူ သလိုဖြစ်နေပါတယ်။

တေးသီသူနဲ့ ညချမ်းတို့ချစ် သူနှစ်ဦး လက်တွဲနိုင်မှာလား။ တေးသီသူတို့ဆီမှာ ညချမ်း ဘာတွေကြုံရဦးမှာလဲ။ သူလိုချင်တာ ကိုပဲသိတဲ့ တေးသီသူနဲ့ လူကြီး ဆန်ဆန်နေတတ်တဲ့ ညချမ်းတို့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်ဦး မလဲဆိုတာကိုတော့ အောက်တို ဘာ ၁၂ ရက်ကစတင်ပြီး ရန်ကုန်၊မန္တလေးအပါအဝင် နယ်မြို့တွေ မှာ ရုံတင်ပြသတော့မယ့် ‘အဝေးချစ်’ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ ဒီဇာတ်ကားမှာ နေညိုည ချမ်းအဖြစ် အောင်ရဲလင်း၊ တေး သီသူအဖြစ် သက်မွန်မြင့်တို့က ပါဝင်သရုပ်ဆာင်ထားပြီး ပုညခင်ရဲ့ဝတ္ထုကို ရာဇဝင်ကိုက ဇာတ်ညွှန်း ရေးပေးကာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူး ပုံဖော်ထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top