(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

၀မ္းတြင္းၿမဳိ႕နယ္အတြင္း သက္ငယ္မုဒိမ္းက်ဴးလြန္သူအား ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္လုိက္ၿပီျဖစ္ေၾကာင္း မႏၱေလးတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဝမ္းတြင္းၿမိဳ႔နယ္၊ ××××××ေက်းရြာေန မ ×××× ၁၄ႏွစ္ သည္ ၀မ္းတြင္းၿမိဳ႔နယ္၊ ×××××ရပ္ကြက္ရွိ စားေသာက္ဆိုင္တြင္ ရွိေနစဥ္ ၎ဆိုင္သို႔ မၾကာခဏလာေရာက္ စားသံုးသူ ဂ်င္သီး(ခ) ေအာင္စိုး ၃၀ႏွစ္၊ ၀မ္းတြင္းၿမိဳ႔နယ္ေနသူ ဆိုင္သို႔ေရာက္ ရွိလာၿပီး အျပင္သို႔လိုက္ခဲ့ရန္ ေျပာသျဖင့္ လိုက္သြားခဲ့ရာ ××××× ရြာ သြားလမ္းေဘး ဇရပ္တြင္ လက္ထပ္ေပါင္းသင္းမည္ ျဖစ္ေၾကာင္းေျပာ၍ ဂ်င္သီး(ခ)ေအာင္စိုး၏ ေနအိမ္သို႔ လိုက္ပါ

သြားခဲ့ၿပီး ေနာက္တေန႔တြင္ ဂ်င္သီး(ခ) ေအာင္စိုးတြင္ အိမ္ေထာင္ ရွိခဲ့ဖူးေၾကာင္း သိရွိရသျဖင့္ ၀မ္းတြင္းၿမိဳ႔မ ရဲစခန္း(ပ)၃၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အမႈဖြင့္ခဲ့ၿပီး မိတၳီလာခရိုင္တရားရံုးသို႔ တရားစြဲ တင္ပို႔ခဲ့ရာ မိတၳီလာခရိုင္တရားရံုးမွ ဂ်င္သီး(ခ)ေအာင္စိုး ၃၀ႏွစ္၊ ၀မ္းတြင္းၿမိဳ႔နယ္ေနသူအား ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheLadiesNews

#Unicode Version#
၀မ်းတွင်းမြို့နယ်အတွင်း သက်ငယ်မုဒိမ်းကျူးလွန်သူအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ်၊ ××××××ကျေးရွာနေ မ ×××× ၁၄နှစ် သည် ဝမ်းတွင်းမြို့နယ်၊ ×××××ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် ရှိနေစဉ် ၎င်းဆိုင်သို့ မကြာခဏလာရောက် စားသုံးသူ ဂျင်သီး(ခ) အောင်စိုး ၃၀နှစ်၊ ဝမ်းတွင်းမြို့နယ်နေသူ ဆိုင်သို့ရောက် ရှိလာပြီး အပြင်သို့လိုက်ခဲ့ရန် ပြောသဖြင့် လိုက်သွားခဲ့ရာ ××××× ရွာ သွားလမ်းဘေး ဇရပ်တွင် လက်ထပ်ပေါင်းသင်းမည် ဖြစ်ကြောင်းပြော၍ ဂျင်သီး(ခ)အောင်စိုး၏ နေအိမ်သို့ လိုက်ပါ

သွားခဲ့ပြီး နောက်တနေ့တွင် ဂျင်သီး(ခ) အောင်စိုးတွင် အိမ်ထောင် ရှိခဲ့ဖူးကြောင်း သိရှိရသဖြင့် ဝမ်းတွင်းမြို့မ ရဲစခန်း(ပ)၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး မိတ္ထီလာခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မိတ္ထီလာခရိုင်တရားရုံးမှ ဂျင်သီး(ခ)အောင်စိုး ၃၀နှစ်၊ ဝမ်းတွင်းမြို့နယ်နေသူအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။…..


ဖိုးသူတော် (www.phothutaw.com)
Credit: TheLadiesNews


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top