ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔၏ ညႊန္ႀကားခ်က္ျဖင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးလုပ္ငန္းအား အရွိန္အဟုန္ျမွင့္ ေဆာင္ရြက္လ်ွက္ရွိရာ မူးယစ္တပ္ဖြဲ႔စု(၁၈)မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ မူးယစ္တပ္ဖြဲ႔စု(၁၇)မွ တပ္ဖြဲ႔ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ ေအာက္တိုဘာ ၅ ရက္ နံနက္ ၀၀း၃၀ နာရီအခ်ိန္က မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲေနႀကေႀကာင္းသတင္းအရ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ၃၅လမ္းႏွင့္ ၅၃လမ္းေထာင့္ရွိ World Wide Mandalar KTV ႏွင့္ တြဲဖက္ဖြင့္လွစ္ထားေသာ BRAVE Bar Club တို႔အား ဝင္ေရာက္စစ္ေဆး ရွာေဖြမွုမ်ား ျပဳလုပ္ရာ BRAVE Bar Club သည္ လြန္ခဲ့ေသာ ၃ ရက္ခန္႔မွစ၍ ပိတ္ထားခဲ့ေႀကာင္း စစ္ေဆးသိရၿပီး World Wide Mandalar KTV အတြင္း ဝင္ေရာက္ရွာေဖြစစ္ေဆးရာ ဆိုင္ဝန္ထမ္း (၃)ဦးႏွင့္ လာေရာက္သီခ်င္းသီဆိုေနေသာဧည့္သည္ (၃)ဦးထံမွ စုစုေပါင္း မူးယစ္ေဆးဝါး Ketamine (၁.၇)ဂရမ္ႏွင့္ ေဆးေျခာက္ (၀.၅)ဂရမ္ ဖမ္းဆီးရမိေႀကာင္း သတင္း႐ရွိသည္။

မူးယစ္တပ္ဖြဲ႔စု(၁၈)မွ တပ္ဖြဲ႔ဝင္မ်ားသည္ World Wide Mandalar KTV ဆိုင္ရွိ Egypt အမည္ရွိ အခန္းတြင္း ဝင္ေရာက္ရွာေဖြစစ္ေဆးရာ ဆိုင္ဝန္ထမ္း ေမဇင္ေအာင္(ခ) ေမဇင္ႏွင့္ လာေရာက္သီခ်င္းသီဆိုေနေသာဧည့္သည္မ်ား ေတြ႔ရွိၿပီး အခန္းအတြင္းႏွင့္ ခႏၶာကိုယ္မ်ားအား ရွာေဖြစစ္ေဆးရာ ေမဇင္ေအာင္(ခ) ေမဇင္ ဝတ္ဆင္ထားေသာ ခဲေရာင္ဘရာစီယာအတြင္း ဝွက္ထားေသာ မူးယစ္ေဆးဝါး Ketamine (၀.၅)ဂရမ္ပါ တစ္ထုတ္ ေတြ႔ရွိစစ္ေမးရာ ၎ဆိုင္မွ ဝိတ္တာ ရဲသူေအာင္(ခ) ေမွးႀကီးထံမွ ဝယ္ယူထားေသာပစၥည္းမ်ားျဖစ္ေႀကာင္း သိရ၍ ရဲသူေအာင္(ခ) ေမွးႀကီးအား ဖမ္းဆီးစစ္ေဆးရာ မူးယစ္ေဆးဝါး တစ္စံုတစ္ရာ မေတြ႔ရွိေသာ္လည္း ၎ကိုင္ေဆာင္ေသာ လက္ကိုင္ဖုန္း Viber မွတ္တမ္းတြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္ထားေသာ စာသားႏွင့္ ဓာတ္ပံုမွတ္တမ္းမ်ား ပါရွိသျဖင့္ ဆက္လက္စစ္ေမးရာ ၎ဆိုင္မွ လံုျခံဳေရးဝန္ထမ္း ေဂၚေလး(ခ) ေဇာ္ေဇာ္စိုးထံမွ ဝယ္ယူၿပီး ေမဇင္ေအာင္(ခ) ေမဇင္ထံ ျပန္လည္ေရာင္းခ်ေႀကာင္း စစ္ေဆးသိရ၍ ပူးေပါင္းအဖြဲ႔က ေဂၚေလး(ခ) ေဇာ္ေဇာ္စိုးအား ဆိုင္အေနာက္ဘက္ ထြက္ေပါက္အနီးတြင္ ဖမ္းဆီးရမိခဲ့သည္။

ဆက္လက္၍ မူးယစ္တပ္ဖြဲ႔စု(၁၈)မွ တပ္ဖြဲ႔ဝင္မ်ားသည္ World Wide Mandalar KTV ဆိုင္ရွိ 999 (VVIP) အမည္ရွိ အခန္းတြင္း ဝင္ေရာက္ရွာေဖြစစ္ေဆးရာ ျပည့္ၿဖိဳးေအာင္(ခ) ဖုရိယံုႏွင့္ ေနမင္းထြန္း(ခ) ရန္ဆီးရႊီးတို႔အား ေတြ႔ရွိရၿပီး ၎တို႔ႏွစ္ဦးထိုင္ေနေသာစားပြဲေပၚတြင္ မူးယစ္ေဆးဝါး Ketamine (၀.၁)ဂရမ္ပါ တစ္ထုတ္ႏွင့္ (၀.၆)ဂရမ္ပါ တစ္ထုတ္ စုစုေပါင္း (၀.၇)ဂရမ္အား ေတြ႔ရွိဖမ္းဆီးရမသျဖင့္ ျပည့္ၿဖိဳးေအာင္(ခ) ဖုရိယံုႏွင့္ ေနမင္းထြန္း(ခ) ရန္ဆီးရႊီးတို႔အား ဖမ္းဆီးခဲ့သည္။ ဆက္လက္၍ မူးယစ္တပ္ဖြဲ႔စု(၁၈)မွ တပ္ဖြဲ႔ဝင္မ်ားသည္ ၎ဆိုင္ရွိ 555 (VVIP) အမည္ရွိ အခန္းေရွ႕တြင္ ေတြ႔ရွိသူ ရဲလင္းထက္အား ရွာေဖြစစ္ေဆးရာ ၎ဝတ္ဆင္ထားေသာ အကၤီ်အတြင္းမွ မူးယစ္ေဆးဝါး Ketamine (၀.၅)ဂရမ္ပါ တစ္ထုတ္ ေတြ႔ရွိသျဖင့္ ရဲလင္းထက္အား ဖမ္းဆီးခဲ့သည္။

မူးယစ္ေဆးဝါး Ketamine ႏွင့္အတူ ဖမ္းဆီးရမိသူ ေမဇင္ေအာင္(ခ) ေမဇင္၊ ကြင္းဆက္ဖမ္းဆီးရမိသူ ရဲသူေအာင္(ခ) ေမွးႀကီးႏွင့္ ေဂၚေလး(ခ) ေဇာ္ေဇာ္စိုး၊ မူးယစ္ေဆးဝါး Ketamine ႏွင့္အတူ ဖမ္းဆီးရမိသူမ်ားျဖစ္ေသာ ျပည့္ၿဖိဳးေအာင္(ခ) ဖုရိယံု၊ ေနမင္းထြန္း(ခ) ရန္ဆီးရႊီးႏွင့္ ရဲလင္းထက္တို႔အား ဆက္လက္စစ္ေဆးလ်ွက္ရွိၿပီး ကြင္းဆက္တရားခံမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်ွက္ရွိေႀကာင္း သိရသည္။
ေက်ာ္ထူး

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  TheMandalayNewsJournal

#Unicode Version#
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ မူးယစ်တပ်ဖွဲ့စု(၁၈)မှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် နံနက် ၀၀း၃၀ နာရီအချိန်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြကြောင်းသတင်းအရ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့် ၅၃လမ်းထောင့်ရှိ World Wide Mandalar KTV နှင့် တွဲဖက်ဖွင့်လှစ်ထားသော BRAVE Bar Club တို့အား ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ရာ BRAVE Bar Club သည် လွန်ခဲ့သော ၃ ရက်ခန့်မှစ၍ ပိတ်ထားခဲ့ကြောင်း စစ်ဆေးသိရပြီး World Wide Mandalar KTV အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ဆိုင်ဝန်ထမ်း (၃)ဦးနှင့် လာရောက်သီချင်းသီဆိုနေသောဧည့်သည် (၃)ဦးထံမှ စုစုပေါင်း မူးယစ်ဆေးဝါး Ketamine (၁.၇)ဂရမ်နှင့် ဆေးခြောက် (ဝ.၅)ဂရမ် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု(၁၈)မှ တပ်ဖွဲ့ဝင်များသည် World Wide Mandalar KTV ဆိုင်ရှိ Egypt အမည်ရှိ အခန်းတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ဆိုင်ဝန်ထမ်း မေဇင်အောင်(ခ) မေဇင်နှင့် လာရောက်သီချင်းသီဆိုနေသောဧည့်သည်များ တွေ့ရှိပြီး အခန်းအတွင်းနှင့် ခန္ဓာကိုယ်များအား ရှာဖွေစစ်ဆေးရာ မေဇင်အောင်(ခ) မေဇင် ဝတ်ဆင်ထားသော ခဲရောင်ဘရာစီယာအတွင်း ဝှက်ထားသော မူးယစ်ဆေးဝါး Ketamine (ဝ.၅)ဂရမ်ပါ တစ်ထုတ် တွေ့ရှိစစ်မေးရာ ၎င်းဆိုင်မှ ဝိတ်တာ ရဲသူအောင်(ခ) မှေးကြီးထံမှ ဝယ်ယူထားသောပစ္စည်းများဖြစ်ကြောင်း သိရ၍ ရဲသူအောင်(ခ) မှေးကြီးအား ဖမ်းဆီးစစ်ဆေးရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်း Viber မှတ်တမ်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ထားသော စာသားနှင့် ဓာတ်ပုံမှတ်တမ်းများ ပါရှိသဖြင့် ဆက်လက်စစ်မေးရာ ၎င်းဆိုင်မှ လုံခြုံရေးဝန်ထမ်း ဂေါ်လေး(ခ) ဇော်ဇော်စိုးထံမှ ဝယ်ယူပြီး မေဇင်အောင်(ခ) မေဇင်ထံ ပြန်လည်ရောင်းချကြောင်း စစ်ဆေးသိရ၍ ပူးပေါင်းအဖွဲ့က ဂေါ်လေး(ခ) ဇော်ဇော်စိုးအား ဆိုင်အနောက်ဘက် ထွက်ပေါက်အနီးတွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ မူးယစ်တပ်ဖွဲ့စု(၁၈)မှ တပ်ဖွဲ့ဝင်များသည် World Wide Mandalar KTV ဆိုင်ရှိ 999 (VVIP) အမည်ရှိ အခန်းတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ပြည့်ဖြိုးအောင်(ခ) ဖုရိယုံနှင့် နေမင်းထွန်း(ခ) ရန်ဆီးရွှီးတို့အား တွေ့ရှိရပြီး ၎င်းတို့နှစ်ဦးထိုင်နေသောစားပွဲပေါ်တွင် မူးယစ်ဆေးဝါး Ketamine (ဝ.၁)ဂရမ်ပါ တစ်ထုတ်နှင့် (ဝ.၆)ဂရမ်ပါ တစ်ထုတ် စုစုပေါင်း (ဝ.၇)ဂရမ်အား တွေ့ရှိဖမ်းဆီးရမသဖြင့် ပြည့်ဖြိုးအောင်(ခ) ဖုရိယုံနှင့် နေမင်းထွန်း(ခ) ရန်ဆီးရွှီးတို့အား ဖမ်းဆီးခဲ့သည်။ ဆက်လက်၍ မူးယစ်တပ်ဖွဲ့စု(၁၈)မှ တပ်ဖွဲ့ဝင်များသည် ၎င်းဆိုင်ရှိ 555 (VVIP) အမည်ရှိ အခန်းရှေ့တွင် တွေ့ရှိသူ ရဲလင်းထက်အား ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင်ထားသော အင်္ကျီအတွင်းမှ မူးယစ်ဆေးဝါး Ketamine (ဝ.၅)ဂရမ်ပါ တစ်ထုတ် တွေ့ရှိသဖြင့် ရဲလင်းထက်အား ဖမ်းဆီးခဲ့သည်။

မူးယစ်ဆေးဝါး Ketamine နှင့်အတူ ဖမ်းဆီးရမိသူ မေဇင်အောင်(ခ) မေဇင်၊ ကွင်းဆက်ဖမ်းဆီးရမိသူ ရဲသူအောင်(ခ) မှေးကြီးနှင့် ဂေါ်လေး(ခ) ဇော်ဇော်စိုး၊ မူးယစ်ဆေးဝါး Ketamine နှင့်အတူ ဖမ်းဆီးရမိသူများဖြစ်သော ပြည့်ဖြိုးအောင်(ခ) ဖုရိယုံ၊ နေမင်းထွန်း(ခ) ရန်ဆီးရွှီးနှင့် ရဲလင်းထက်တို့အား ဆက်လက်စစ်ဆေးလျှက်ရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကျော်ထူး


ဖိုးသူတော် (www.phothutaw.com)
Credit:  TheMandalayNewsJournal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top