ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

(၁) ေဆးလိပ္ မေသာက္ပါႏွင့္။

ထမင္းစားျပီးေနာက္ စီးကရက္ ၁-လိပ္ေသာက္ျခင္း သည္ သာမန္ အခ်ိန္ စီးကရက္၁၀-လိပ္ေသာက္ျခင္းႏွင့္ ညီ မွ်ျပီး၊ ကင္ဆာ ေရာဂါျဖစ္ႏိုင္ေခ် အလားအလာပိုမ်ားေၾကာင္း ေဆးသိပၸံပညာရွင္ မ်ားက သတိေပးထား သည္။

(၂) သစ္သီးမ်ား အလ်င္စလို မစားပါႏွင့္။
ထမင္စားျပီးေနာက္ အခ်ိဳပြဲ သစ္သီး စားျခင္းသည္ မွားယြင္းေသာ အစဥ္အလာ တစ္ခုျဖစ္ေနၾကပါသည္။ အမွန္ အားျဖင့္ ထမင္းစား ျပီးျပီးခ်င္း သစ္သီးစားျခင္းက ေလပြေစျပီး၊ အစာအိမ္ ကို ေဘးဥပါသ္ျဖစ္ေစ၏။

ထို ့ေၾကာင့္ ထမင္းစားျပီး အနည္းဆံုး နာရီ၀က္ခန္ ့ ၾကာမွ သာ သစ္သီး စားသင့္သည္။(က်မၼာေရး အျမင္ ရွိေသာ ဟိုတယ္ၾကီးမ်ားႏွင့္ စားေသာက္ဆိုင္ အခ်ိဳ ့့တြင္ သစ္သီးအစား၊ ဥပမာ … ဌက္ေပ်ာသီးေပါင္း (သို ့မဟုတ္) ေရႊဖရံုသီးေပါင္း စသည့္ တို ့ကို အခ်ိဳပြဲ အျဖစ္တည္ခင္း ဧည့္ခံလာၾကသည္)

(၃) လၻက္ရည္ မေသာက္ပါႏွင့္။
လၻက္ရည္ အခ်ိဳေျခာက္ ထဲတြင္ အက္ဆစ္ဓာတ္ အေျမာက္အမ်ား ပါရွိၾကေပရာ၊ ၄င္းတို ့က ထမင္း ဟင္းထဲ တြင္ ပါရွိသည့္ ပရိုတင္း မ်ားကို အေႏွာင့္္ အယွက္ျပဳကာ အစာေခ်ဖ်က္မႈ ကိုလည္း ဟန္ ့တားေစပါသည္။

(၄) ခါးပတ္ၾကိဳး မေလ်ာ့ပါႏွင့္။
ထမင္း စားျပီးျပီးခ်င္း ခါးပတ္ၾကိဳး (သို ့မဟုတ္) ပုဆိုး၊ လံုခ်ည္ေလ်ာ့၀တ္ျခင္း က အူသိမ္ အူမ တို ့ကို လိမ္ေခါက္ ၍ အူလမ္းေၾကာင္း ပိတ္ဆို ့ေစပါသည္။

(၅) ေရ မခ်ိဳးပါႏွင့္။
ထမင္းစားျပီးေနာက္ ေရခ်ိဳးျခင္း သည္ လက္/ေျခေထာက္နွင့္ ခႏၶာကိုယ္ တစ္ခုလံုးရွိ ေသြး လည္ပတ္စီးဆင္း မႈ တိုးပြားလာျပီး၊ အစာအိမ္ တ၀ုိက္ ေသြးလည္ပတ္ စီးဆင္းမႈ ေလ်ာ့က် လာေသာေၾကာင့္ အစာ အိမ္ေကာင္း စြာ အလုပ္ မလုပ္ႏို္င္ေတာ့ေပ။

(၆) သြက္သြက္ လမ္း မေလွ်ာက္ပါႏွင့္။
ေရွး လူၾကီးမ်ာက “ထမင္းစားျပီး အခ်ိဳစား၊ ေျခလွမ္း ၂၀၀ သြား” ဟု အဆို ရွိခဲ့ၾကေလ၏။ ထို အဆိုမွာ တက္ တက္ စင္ မွားယြင္းေန ေၾကာင္း ယေန ့ေဆးသိပၸံပညာရွင္ မ်ားက အတည္ျပဳထားၾကသည္။

အေၾကာင္းရင္း မွာ …. ထမင္း စားျပီးခ်င္း ခပ္ သြက္သြက္ လမ္းေလွ်ာက္ျခင္း က ဗိုက္ေအာင့္ေစတတ္ျပီး၊ထမင္း ဟင္း ထဲမွပါ၀င္ေသာ အာဟာရ စုပ္ယူရန္ အတြက္ အစာေခ် စံနစ္ကို အေႏွာင့္ အယွက္္ျဖစ္ ေစ တတ္ သည္။ (ထမင္းစားျပီး ျငိမ္ျငိမ္ ထိုင္ေနရမည္ ဟု မဆိုလိုပါ) က်န္းမာေရး နဲ ့ ညီညြတ္ေစဖို ့အတြက္ ထမင္းစားျပီး ပါက အနည္းဆံုး ၁၅-မိနစ္ခန္ ့ မတ္တပ္ ရပ္ေနပါ (သို ့မဟုတ္) ျဖည္းျဖည္း မွန္မွန္လမ္းေလွ်ာက္ပါ။

(၇) မအိပ္ပါႏွင့္။
ထမင္းစားျပီး ခ်က္ခ်င္း လွဲအိပ္ျခင္းသည္ အစာေကာင္းစြာ မေက်ညက္ေစေတာ့ဘဲ၊ အစာအိမ္ေရာဂါျဖစ္ေစ သည့္ျပင္၊ အူ မ်ားကို ကူးစက္ေရာဂါပိုး ၀င္ေစသည္။

(၈) အားကစား မလုပ္ပါႏွင့္။
အားကစား မလုပ္ခင္ အနည္းဆံုး နာရီ၀က္ မွ အမ်ားဆံုး ၂-နာရီ ခန္ ့ၾကိဳတင္၍ ထမင္းစားထား ပါ။ သို ့မဟုတ္ ပါက၊ အေၾကာ ဆြဲျခင္း (သို ့မဟုတ္) ရုတ္တရက္ႏွလံုးခုန္ ရပ္တန္ ့ျခင္း (သို ့မဟုတ္) အသက္ေသေစနိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (ေဆာင္းပါးရွင္…ေပါက္ေပါက္၏ ေဆာင္းပါးအား ကူးယူမွ်ေ၀ပါသည္)
​ေလးစားစြာျဖင္​့) Sein Minn Tha Mee\

# Unicode Version ျဖင့္ ဖတ္ပါ #
(၁) ဆေးလိပ် မသောက်ပါနှင့်။

ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။(ကျမ္မာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၎င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။
ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့ဝတ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။
ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။
ရှေး လူကြီးမျာက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်း မှာ …. ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ထမင်း ဟင်း ထဲမှပါဝင်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။
ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ဝင်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။
အားကစား မလုပ်ခင် အနည်းဆုံး နာရီဝက် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထား ပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: (ဆောင်းပါးရှင်…ပေါက်ပေါက်၏ ဆောင်းပါးအား ကူးယူမျှဝေပါသည်)
လေးစားစွာဖြင့်) Sein Minn Tha Mee
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top