Credit:မအေးသီမွန်
# Unicode Version ဖြင့် ဖတ်ပါ #
ပင်မှည့်သီးက လွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာကတည်းက ကမ္ဘာပါ် မှာရှိခဲ့တဲ့အသီးတစ်မျိုးပေါ့။ ပင်မှည့်သီး က အမျိုးအစားပေါင်း ၅ဝဝ လောက်ကို ရှိနေတာပါ။ အသီးရဲ့ပုံစံက ဂရိတ်ဖရုနဲ့ ဆင်တူပြီး အရည်ရွှမ်းတဲ့အစေ့လေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားတာပါ။
ပင်မှည့်သီးမှာ ခန္ဓာကိုယ်အတွက် နေ့ စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ပါဝင်နေတာ ကြောင့် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်တာကို သက်သာ စေပါတယ်။ ဗီတာမင် A၊ ဗီတာမင် C ၊ ကယ် လို ရီတွေ ပါဝင်နေပါတယ်။ ပင်မှည့် သီး ရဲ့အားသာချက်တစ်ခုက သရက်သီး၊ ငှက်ပျောသီးတို့ထက် polyphenol ပိုမိုပါ ဝင်နေတာပါ။ သံဓာတ်နဲ့ ပိုတက်ဆီယမ် တို့ လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ပင်မှည့်သီးကနေ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက
• အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ဆီး ချိုသမားတွေအတွက် သင့်တော်ပါတယ်။
• ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
• ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးရောဂါကို ထိန်းညှိပေးနိုင်ပါတယ်။
• ဗီတာမင်C ၊ ကာရိုတင်းတို့ပါဝင်တာ ကြောင့် ကိုယ်ခံအားတိုးတက်အောင် လုပ် ဆောင်ပေးနိုင်ပါတယ်။
• အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေ စနစ်ကို ကျန်းမာစေပါတယ်။ ပိုတက်ဆီ ယမ် နဲ့ ဖောလိတ်ပါဝင်မှုကြောင့် စိတ်ဖိ စီးမှုကို လျော့ကျစေနိုင်ပြီး ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။
• ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ phosphorus နဲ့ မဂ္ဂနီဆီယမ်လိုမျိုး သတ္တုဓာတ် တွေ ကြွယ်ဝတာကြောင့် အရိုးသိပ်သည်း ဆ ကောင်းမွန်စေနိုင်ပါတယ်။
• Bioflavonoids ကြွယ်ဝစွာ ပါဝင်တာ ကြောင့် အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။
• သံဓာတ်နဲ့ copper ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုး တက်ကောင်းမွန်စေနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း ပင် မှည့်သီးကို စားသုံးပေးမယ်ဆိုရင် ဖော လိတ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သနေÎသားကြီးထွားဖွံ့ဖြိုးမှုကို အထောက် အကူပြုပေးနိုင်ပါတယ်။
• ပင်မှည့်သီးမှာ Harman ဒြပ်ပေါင်းပါ ဝင်တာကြောင့် အိပ်မပျော်တဲ့ ဝေဒနာကို လည်း သက်သာစေနိုင်ပါတယ်။
• ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို စိုပြည်လှပစေပါတယ်။ပင်မှည့်သီး စားသုံးတာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာ တစ်စုံတစ်ရာ မဖြစ် နိုင်ပေမဲ့ လူအချို့မှာတော့ ဓာတ်မတည့် မှု ဖြစ်တာ တွေ့ရှိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:မအေးသီမွန်
ပင်မှည့်သီးစားရင်ရရှိမယ့် အကျိုးကျေးဇူး
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။