iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ျမိဳ႕ေတာ္ခန္းမ(၄)တြင္ ျပဳလုပ္ေသာရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၀င္မ်ား၊ဌာနမွဴးမ်ား၊ျမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴးမ်ားအစည္းအေ၀းတြင္ျမိဳ႕ေတာ္၀န္မွထိုသို႕ေျပာၾကားခဲ႕သည္။

ျမိဳ႔ေတာ္၀န္မွ ေဘာင္အတြင္းက မိမိကို ေပးအပ္ထားတဲ႕ တာ၀န္ကို လုပ္ဖို႔႔႔လိုတာပါ ၊ေျပာမွလုပ္မယ္ ခိုင္းမွ လုပ္မယ္ ဆိုတာ ကိုယ္တာ၀န္ယူထားရတဲ႕ အလုပ္တာ၀န္အေပၚ ေစတနာမပါျခင္းပါပဲ သူဘယ္ေလာက္အထိ သူ႕ျမိဳ႕နယ္
အေပၚ ေစတနာထားသလဲ သူ႕ျမိဳ႕နယ္အေပၚ သံေယာဇဥ္ရွိလဲသူဘယ္ေလာက္အထိ စည္းရံုးေရးေအာင္ျမင္သလဲဆိုတာက မေျပာပဲ လုပ္တယ္ ေျပာျပီးလုပ္တယ္ကို မၾကည္႕ဘူး သူဘာလုပ္သလဲကိုပဲ ၾကည္႕တာပါ”

ဒါေၾကာင့္ဒီေန႕မွာ ျမိဳ႕နယ္စည္ပင္သာယာေရးအုပ္ခ်ဳပ္ေရးမွဴးတာ၀န္သည္ ပိုျပီးတာ၀န္ျကီးလာတဲ႕ အတြက္ တာ၀န္ယူရမွဳနွင့္အတူ တာ၀န္ခံမွဳ ၾကီးလာတာကို ေခၚေျပာတာပါ၀န္ထမ္းဆိုတာမ်ိဳးက အမ်ားစုက ခိုင္းမွလုပ္တာမ်ိဳးက အက်င့္ပါလာခဲ႕တာ ၾကာျပီျဖစ္တယ္၊အမွန္က ဒီရာထူးကို ခန္႕အပ္ ေပးအပ္လိုက္ကတည္းကိုက ကုိယ္ဘာလုပ္ရမလဲဆိုတဲ႕ တာ၀န္နဲ႕လုပ္ပိုင္ခြင့္က တစ္ခါတည္းတြဲျပီး ပါျပီးသားပါ၊နွဳတ္နဲ႕တာ၀န္နဲ႕လုပ္ပိုင္
ခြင္႔ကို ေပးခဲ႕တာမဟုတ္ပဲ ရာထူးခန္႕အပ္ကတည္းက ဥပေဒနဲ႕တကြ တာ၀န္နဲ႕လုပ္ပိုင္ခြင္႔က ပါျပီးသားပါ၊ဒီလို အစကတည္းက ရွိျပီးသား တာ၀န္ကို ခိုင္းမွလုပ္ၾကတယ္ဆိုတာ မိမိအတြက္လည္း မေကာင္းဘူး မိမိပတ္၀န္းက်င္ မိမိျမိဳ႕နယ္ မိမိတိုင္းျပည္အတြက္ပါ မေကာင္းတဲ႕ အေလ့အက်င့္ပါ၊တစ္ခါတစ္ေလ နွဳတ္နဲ႕ညႊန္ၾကားရတာေတြ ရွိတတ္ပါတယ္ ဘာလို႕ညႊန္ၾကားသလဲဆိုရင္ ေပးအပ္ထားတဲ႕ တာ၀န္ကုိ လုပ္ေဆာင္ရာမွာ ေနွာင္႔ေနွး
ေနတာမ်ိဳး တာ၀န္မေက်တာမ်ိဳးျဖစ္တဲ႕အတြက္ သတိေပးတဲ႕ သေဘာမ်ိဳး အဓိပၸါယ္သက္ေရာက္ပါတယ္ ၊ သတိေပးရတာ မေကာင္းသလို သတိေပးလို႕ လုပ္တာမ်ိဳးဟာလည္း မေကာင္းပါဘူး၊အခုေနာက္ပိုင္း အလုပ္
လုပ္တဲ႕ေနရာမွာ စကားကို ကပ္မေျပာေတာ့ဘူး အလုပ္
ျဖစ္လား မျဖစ္လားကိုပဲ ၾကည္႔ပါေတာ့မယ္။အလုပ္နဲ႕ ပက္သက္ျပီး အရာရာကို ေစတနာထားျပီး လုပ္ၾကပါ ၊ခင္မ်ားတို႕က ကြ်န္ေတာ္တို႕ထက္ လူထုနဲ႔နီးနီးကပ္ကပ္ ဆက္ဆံရသူေတြ ျဖစ္တဲ႕အတြက္ေၾကာင္႔ လူမွဳဆက္ဆံေရးကို ေကာင္းဖို႕လိုပါတယ္ ေကာင္းေစခ်င္ပါတယ္၊ တစ္နည္းအားျဖင့္ ေလာဘ၊ေဒါသ၊ေမာဟ ဒီသံုးခုဟာ လူေတြမွာ မရွိဘူး မဟုတ္ဘူး ရွိပါတယ္ဒါေပမယ္႕တတ္နိုင္သမ်ွ ကိုယ့္သိကၡာအတြက္ ကိုယ္ထိန္းၾကပါလို႕ ၾကိဳေျပာလိုက္ပါတယ္”


ေငြနဲ႔အလုပ္မွာ ေငြေနာက္လိုက္တာထက္ အလုပ္ေနာက္လိုက္ဖို႕ကအေရးၾကီးတာပါ၊ ေငြေနာက္လိုက္ရင္ေလာဘ၊ေဒါသေမာဟေၾကာင့္ကိုယ္က်င့္သိကၡာေတြပ်က္တာမ်ိဳးျဖစ္တတ္ျပီးအလုပ္ေနာက္လိုက္တာကမွေငြကကိုယ္႕ေနာက္ကိုျပန္လိုက္လာပါတယ္၊ဒီေခတ္ ဒီအခါမွာ ဒီေခတ္ ဒီအခါမွာ ကြ်န္ေတာ္တို႕ ေငြေနာက္လိုက္မလား အလုပ္ေနာက္လိုက္မလားဆိုရင္ေတာ့ အလုပ္ေနာက္လိုက္ရမယ္႕ အခ်ိန္အခါ ေရာက္ေနပါျပီတစ္နည္းအားျဖင္႔qualitystandardျဖစ္ဖို႕လိုလာပါျပီ၊အရည္အခ်င္းရွိတဲ႕ သူမွပဲ ေနရာရပါလိမ္႕မယ္ေနရာဆိုတာကတာ၀န္ယူရျခင္းပါ လုပ္စားခြင္႔ရရွိျခင္း မဟုတ္ပါဘူးဆိုတာလည္း သတိျပဳၾကဖို႕လိုပါတယ္”

ဘာအလုပ္ပဲ လုပ္လုပ္ လွည့္စားျပီးရတဲ႕ အရာသည္ တစ္နည္းအားျဖင့္ ကလိမ္က်ျပီးရတဲ႕အရာသည္ သိပ္ခ်ိဳျမိန္တယ္တဲ႕၊ဒါေပမယ့္ စားတဲ႔သူရဲ့ နွဳတ္မွာေတာ့ စားမိရင္ ေက်ာက္စရစ္လို စားရတာမ်ိဳးပါ အျမင္မွာ
ေတာ့ ခ်ိဳျမိန္ေပးမယ္႕ လြယ္လြယ္နဲ႕ရတာ မဟုတ္မမွန္တဲ႕နည္းနဲ႕ရတာ ျဖစ္တဲ႕အတြက္ အဆိပ္ျဖစ္တတ္ပါတယ္၊ဒါကို ထိန္းေစခ်င္ပါတယ္ ဥပေဒသစ္နွင့္အတူ သြားေတာ့မယ္႕ ခရီးလမ္းမွာ ရေသ့စိတ္ေျဖ YCDC အေနနဲ႕ မသြားေတာ့ပဲ ဥပေဒနဲ႕အတူတြဲပါလာတဲ႕ အေရးယူမွဳေတြပါ လုပ္ေဆာင္ရေတာ့မွာ ျဖစ္တဲ႕ အတြက္ မိမိတို႕ကိုယ္တိုင္ကလည္း ဥပေဒနဲ႕နည္းလမ္းတက် လုပ္သြားဖို႕ အေရးၾကီးပါတယ္၊ဒါဟာ ကိုယ္႕အတြက္ ဘ၀မွာ အလံုျခံဳဆံုး အဖူလံုဆံုးပါ၊အဲ႕ဒီကေန ေဘာင္လြတ္သြားရင္ေတာ့ ကိုယ္႕လုပ္ေဆာင္ခ်က္အတြက္ ကိုယ္႕တာ၀န္ ကိုယ္ယူၾကရတာ့မယ္႕ အေနအထားျဖစ္သြားပါလိ္မ္႕မယ္၊ဒီစကားဟာ က်ေနာ္အပါအ၀င္ အဆင့္ဆင့္သာ သူတိုင္း လိုက္နာၾကရမယ္႕ ကိစၥရပ္ပါ”

YCDCဥပေဒသစ္ထြက္လာေတာ့ဖမ္းၾကပါစီးၾကပါလို႕တိုက္တြန္းၾကတဲ႕အသံေတြေကာ ဖမ္းကုန္မွာလား ေထာင္က်ကုန္မွာလား ဘာလားညာလား ဆိုတဲ႕ အသံေတြပါ က်ယ္က်ယ္ေလာင္ေလာင္ ေျပာေနၾကတာ ၾကားပါတယ္၊ က်ေနာ္တို႕သည္ revolutionနဲ႕သြားတာထက္evolutionနဲ႕သြားေနတာပါျဖစ္လာတဲ႔ျပသနာေတြအေပၚ မူတည္ျပီး တစ္စစီခ်င္းစီ ကိုင္တြယ္ျပီး သြားမွာပါ ၊တိုင္းျပည္ရဲ႕ စီးပြားေရး၊လူမွဳေရး၊နိင္ငံေရး အေျခအေနအရ ေတြ႕သမ်ွဖမ္း ေတြ႕သမ်ွ ေထာင္ခ်ဖို႕ေတာ့ မဟုတ္ဘူး ဒါေပမယ္႕ ဖမ္းသင္႔တာကို ဖမ္းရမယ္ ေထာင္ခ်သင့္
တာကိုေထာင္ခ်ပါမယ္။ဒါကိုေတာ့ေခါင္းထဲမွာထည္႕ထားၾကေစခ်င္ပါတယ္“စသည္ျဖင့္ေျပာၾကားခဲ႔တယ္လိို႕သိရပါတယ္။
                                               

ဖိုးသူေတာ္ (www.phothutaw.com)
Credit:    weeklyheadline.com
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့တော်ခန်းမ(၄)တွင် ပြုလုပ်သောရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ဌာနမှူးများ၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများအစည်းအဝေးတွင်မြို့တော်ဝန်မှထိုသို့ပြောကြားခဲ့သည်။

မြို့တော်ဝန်မှ ဘောင်အတွင်းက မိမိကို ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဖို့လိုတာပါ ၊ပြောမှလုပ်မယ် ခိုင်းမှ လုပ်မယ် ဆိုတာ ကိုယ်တာဝန်ယူထားရတဲ့ အလုပ်တာဝန်အပေါ် စေတနာမပါခြင်းပါပဲ သူဘယ်လောက်အထိ သူ့မြို့နယ်
အပေါ် စေတနာထားသလဲ သူ့မြို့နယ်အပေါ် သံယောဇဉ်ရှိလဲသူဘယ်လောက်အထိ စည်းရုံးရေးအောင်မြင်သလဲဆိုတာက မပြောပဲ လုပ်တယ် ပြောပြီးလုပ်တယ်ကို မကြည့်ဘူး သူဘာလုပ်သလဲကိုပဲ ကြည့်တာပါ”

ဒါကြောင့်ဒီနေ့မှာ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးတာဝန်သည် ပိုပြီးတာဝန်ကြီးလာတဲ့ အတွက် တာဝန်ယူရမှုနှင့်အတူ တာဝန်ခံမှု ကြီးလာတာကို ခေါ်ပြောတာပါဝန်ထမ်းဆိုတာမျိုးက အများစုက ခိုင်းမှလုပ်တာမျိုးက အကျင့်ပါလာခဲ့တာ ကြာပြီဖြစ်တယ်၊အမှန်က ဒီရာထူးကို ခန့်အပ် ပေးအပ်လိုက်ကတည်းကိုက ကိုယ်ဘာလုပ်ရမလဲဆိုတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်က တစ်ခါတည်းတွဲပြီး ပါပြီးသားပါ၊နှုတ်နဲ့တာဝန်နဲ့လုပ်ပိုင်
ခွင့်ကို ပေးခဲ့တာမဟုတ်ပဲ ရာထူးခန့်အပ်ကတည်းက ဥပဒေနဲ့တကွ တာဝန်နဲ့လုပ်ပိုင်ခွင့်က ပါပြီးသားပါ၊ဒီလို အစကတည်းက ရှိပြီးသား တာဝန်ကို ခိုင်းမှလုပ်ကြတယ်ဆိုတာ မိမိအတွက်လည်း မကောင်းဘူး မိမိပတ်ဝန်းကျင် မိမိမြို့နယ် မိမိတိုင်းပြည်အတွက်ပါ မကောင်းတဲ့ အလေ့အကျင့်ပါ၊တစ်ခါတစ်လေ နှုတ်နဲ့ညွှန်ကြားရတာတွေ ရှိတတ်ပါတယ် ဘာလို့ညွှန်ကြားသလဲဆိုရင် ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဆောင်ရာမှာ နှောင့်နှေး
နေတာမျိုး တာဝန်မကျေတာမျိုးဖြစ်တဲ့အတွက် သတိပေးတဲ့ သဘောမျိုး အဓိပ္ပါယ်သက်ရောက်ပါတယ် ၊ သတိပေးရတာ မကောင်းသလို သတိပေးလို့ လုပ်တာမျိုးဟာလည်း မကောင်းပါဘူး၊အခုနောက်ပိုင်း အလုပ်
လုပ်တဲ့နေရာမှာ စကားကို ကပ်မပြောတော့ဘူး အလုပ်
ဖြစ်လား မဖြစ်လားကိုပဲ ကြည့်ပါတော့မယ်။အလုပ်နဲ့ ပက်သက်ပြီး အရာရာကို စေတနာထားပြီး လုပ်ကြပါ ၊ခင်များတို့က ကျွန်တော်တို့ထက် လူထုနဲ့နီးနီးကပ်ကပ် ဆက်ဆံရသူတွေ ဖြစ်တဲ့အတွက်ကြောင့် လူမှုဆက်ဆံရေးကို ကောင်းဖို့လိုပါတယ် ကောင်းစေချင်ပါတယ်၊ တစ်နည်းအားဖြင့် လောဘ၊ဒေါသ၊မောဟ ဒီသုံးခုဟာ လူတွေမှာ မရှိဘူး မဟုတ်ဘူး ရှိပါတယ်ဒါပေမယ့်တတ်နိုင်သမျှ ကိုယ့်သိက္ခာအတွက် ကိုယ်ထိန်းကြပါလို့ ကြိုပြောလိုက်ပါတယ်”

ငွေနဲ့အလုပ်မှာ ငွေနောက်လိုက်တာထက် အလုပ်နောက်လိုက်ဖို့ကအရေးကြီးတာပါ၊ ငွေနောက်လိုက်ရင်လောဘ၊ဒေါသမောဟကြောင့်ကိုယ်ကျင့်သိက္ခာတွေပျက်တာမျိုးဖြစ်တတ်ပြီးအလုပ်နောက်လိုက်တာကမှငွေကကိုယ့်နောက်ကိုပြန်လိုက်လာပါတယ်၊ဒီခေတ် ဒီအခါမှာ ဒီခေတ် ဒီအခါမှာ ကျွန်တော်တို့ ငွေနောက်လိုက်မလား အလုပ်နောက်လိုက်မလားဆိုရင်တော့ အလုပ်နောက်လိုက်ရမယ့် အချိန်အခါ ရောက်နေပါပြီတစ်နည်းအားဖြင့်qualitystandardဖြစ်ဖို့လိုလာပါပြီ၊အရည်အချင်းရှိတဲ့ သူမှပဲ နေရာရပါလိမ့်မယ်နေရာဆိုတာကတာဝန်ယူရခြင်းပါ လုပ်စားခွင့်ရရှိခြင်း မဟုတ်ပါဘူးဆိုတာလည်း သတိပြုကြဖို့လိုပါတယ်”

ဘာအလုပ်ပဲ လုပ်လုပ် လှည့်စားပြီးရတဲ့ အရာသည် တစ်နည်းအားဖြင့် ကလိမ်ကျပြီးရတဲ့အရာသည် သိပ်ချိုမြိန်တယ်တဲ့၊ဒါပေမယ့် စားတဲ့သူရဲ့ နှုတ်မှာတော့ စားမိရင် ကျောက်စရစ်လို စားရတာမျိုးပါ အမြင်မှာ
တော့ ချိုမြိန်ပေးမယ့် လွယ်လွယ်နဲ့ရတာ မဟုတ်မမှန်တဲ့နည်းနဲ့ရတာ ဖြစ်တဲ့အတွက် အဆိပ်ဖြစ်တတ်ပါတယ်၊ဒါကို ထိန်းစေချင်ပါတယ် ဥပဒေသစ်နှင့်အတူ သွားတော့မယ့် ခရီးလမ်းမှာ ရသေ့စိတ်ဖြေ YCDC အနေနဲ့ မသွားတော့ပဲ ဥပဒေနဲ့အတူတွဲပါလာတဲ့ အရေးယူမှုတွေပါ လုပ်ဆောင်ရတော့မှာ ဖြစ်တဲ့ အတွက် မိမိတို့ကိုယ်တိုင်ကလည်း ဥပဒေနဲ့နည်းလမ်းတကျ လုပ်သွားဖို့ အရေးကြီးပါတယ်၊ဒါဟာ ကိုယ့်အတွက် ဘဝမှာ အလုံခြုံဆုံး အဖူလုံဆုံးပါ၊အဲ့ဒီကနေ ဘောင်လွတ်သွားရင်တော့ ကိုယ့်လုပ်ဆောင်ချက်အတွက် ကိုယ့်တာဝန် ကိုယ်ယူကြရတာ့မယ့် အနေအထားဖြစ်သွားပါလိမ့်မယ်၊ဒီစကားဟာ ကျနော်အပါအဝင် အဆင့်ဆင့်သာ သူတိုင်း လိုက်နာကြရမယ့် ကိစ္စရပ်ပါ”

YCDCဥပဒေသစ်ထွက်လာတော့ဖမ်းကြပါစီးကြပါလို့တိုက်တွန်းကြတဲ့အသံတွေကော ဖမ်းကုန်မှာလား ထောင်ကျကုန်မှာလား ဘာလားညာလား ဆိုတဲ့ အသံတွေပါ ကျယ်ကျယ်လောင်လောင် ပြောနေကြတာ ကြားပါတယ်၊ ကျနော်တို့သည် revolutionနဲ့သွားတာထက်evolutionနဲ့သွားနေတာပါဖြစ်လာတဲ့ပြသနာတွေအပေါ် မူတည်ပြီး တစ်စစီချင်းစီ ကိုင်တွယ်ပြီး သွားမှာပါ ၊တိုင်းပြည်ရဲ့ စီးပွားရေး၊လူမှုရေး၊နိင်ငံရေး အခြေအနေအရ တွေ့သမျှဖမ်း တွေ့သမျှ ထောင်ချဖို့တော့ မဟုတ်ဘူး ဒါပေမယ့် ဖမ်းသင့်တာကို ဖမ်းရမယ် ထောင်ချသင့်
တာကိုထောင်ချပါမယ်။ဒါကိုတော့ခေါင်းထဲမှာထည့်ထားကြစေချင်ပါတယ်“စသည်ဖြင့်ပြောကြားခဲ့တယ်လို့သိရပါတယ်။
                                               

ဖိုးသူတော် (www.phothutaw.com)
Credit:    weeklyheadline.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top