(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ၾကမ္းပိုးဟာ အင္းဆက္အမ်ိဳးအစားထဲမွာ ပါဝင္တဲ့ ပိုးေကာင္မႊားေကာင္ တစ္မ်ိဳးျဖစ္ကာ ႏွိပ္နင္းရခက္ၿပီး လူကိုဒုကၡအေပးဆုံး ပိုးေကာင္တစ္မ်ိဳးျဖစ္ပါတယ္။ ၾကမ္းပိုးေတြရဲ႕ ပင္မအစာကေတာ့ လူရဲ႕ ေသြးပဲျဖစ္ပါတယ္။

ဒါေၾကာင့္ လူေတြကို ေသြးစုပ္နိုင္ဖို႔ လူေတြနဲ႕ အနီးဆုံး၊ လူေတြအၿငိမ္သက္ဆုံးျဖစ္မယ့္ အိပ္ယာ၊ ေမြ႕ယာ၊ ျခင္ေထာင္၊ ေစာင္နဲ႕ အခင္းေတြမွာ တြယ္ေနေလ့ရွိပါတယ္။ ၾကမ္းပိုးေတြရဲ႕ ပ်ံ့ပြားႏႈန္းဟာလည္း အလြန္လွ်င္ျမန္ပါတယ္။ ၾကမ္းပိုးတစ္ေကာင္ဟာ တစ္ရက္မွာ ဥ (၅)ဥ ေပါက္နိုင္တာေၾကာင့္ သင့္ရဲ႕ အိပ္ယာထဲမွာ ၾကမ္းပိုးတစ္ေကာင္ ေတြ႕ၿပီဆိုတာနဲ႕ ဒီထက္မကတဲ့ ၾကမ္းပိုးေတြ ရွိေနၿပီဆိုတာကို သေဘာေပါက္လိုက္ပါ။

မ်ားေသာအားျဖင့္ ၾကမ္းပိုးေတြဟာ လူရဲ႕ေသြးကို ညေနပိုင္း၊ ညပိုင္းအခ်ိန္တြမွာ လာစုပ္ယူေလ့ရွိပါတယ္။ အထူးသျဖင့္ ညဖက္မွာ အခန္းမီး မွိတ္လိုက္ၿပီ ဆိုတာနဲ႕ လူရဲ႕ ေသြးနံ႕ကို ခံၿပီး တ႐ြ႐ြနဲ႕ ခႏၶာကိုယ္ေပၚတက္လာၿပီး ကိုက္ေတာ့တာပါပဲ။
ၾကမ္းပိုးဟာ ျခင္ေတြလို ကူးစက္ေရာဂါပိုးကို မသယ္ေဆာင္ မျပန႔္ပြားနိုင္ေပမယ့္ ၾကမ္းပိုးကိုက္ခံရလို႔ ယားသြားတဲ့ ေဝဒနာက ဘာနဲ႕မွမတူသလို အိပ္ေရးလည္း အထူးပ်က္ေစပါတယ္။

ၾကမ္းပိုးေတြ အေနမ်ားတာကေတာ့ ေမြ႕ယာေထာင့္ၾကား၊ ေခါင္းအုံး၊ ဖက္လုံး၊ အိပ္ယာခင္းစြပ္ ေထာင့္ၾကားေလးေတြမွာ ခိုေအာင္းကာ မ်ိဳးပြားေနထိုင္တတ္ၾကပါတယ္။ ရံဖန္ရံခါ အိပ္ယာအနီးက အုတ္နံရံ ကြဲေၾကာင္းေတြမွာ ေတြ႕တတ္သလို ကုတင္တိုင္ၾကားေတြမွာလည္း ေနထိုင္ပါတယ္။

ၾကမ္ပိုးကို ႏွိပ္နင္းမယ္ဆိုရင္ တစ္ေနရာထဲ ကြက္ၿပီး ႏွိမ္နင္းလို႔ မရပါဘူး။ တစ္အိမ္လုံး ညီညာဖ်ဖ် တစ္ၿပိဳင္တည္း ႏွိပ္နင္းမွသာ ပေပ်ာက္သြားမွာျဖစ္ပါတယ္။ တစ္ေနရာထဲ ကြက္ႏွိပ္နင္းပါက မၾကာမီျပန္ေရာက္လာဖို႔ ေသခ်ာပါတယ္။

ၾကမ္းပိုးကို ႏွိမ္နင္းနိုင္မယ့္ နည္းလမ္းမ်ား

၁။ ဒူးရင္းၾသဇာ႐ြက္

ကင္ဆာေရာဂါျဖစ္ေစတဲ့ ဆဲလ္ေတြကို တိုက္ဖ်က္ေပးနိုင္တယ္လို႔ လူသိမ်ားတဲ့ ဒူရင္းၾသဇာသီးရဲ႕ အ႐ြက္ဟာ သူမတူေအာင္ ၾကမ္းပိုးမ်ား ေျပးေအာင္ ႏွိမ္နင္းနိုင္ပါတယ္။
ဒူရင္းၾသဇာ႐ြက္(အစို) ေလးမ်ားကို မိမိအိပ္တဲ့ အိပ္ယာေအာက္ကို ျဖန႔္ခင္းထားလိုက္ရင္ ၾကမ္းပိုးေတြ တျဖည္းျဖည္း ေျပးကုန္ပါလိမ့္မယ္။

၂။ ဆူးပန္း႐ြက္

Pandan လို႔ ခၚတဲ့ ဆူးပန္း႐ြက္ဟာလည္း ၾကမ္းပိုးေတြ ေျပးေစတာမို႔ အိပ္ယာေအာက္မွာ ျဖန႔္ခင္းၿပီး အိပ္စက္နိုင္ပါတယ္။

၃။ ဒူးရင္းခြံ
ဒူးရင္းသီးရဲ႕ အခြံဟာလည္း ၾကမ္းပိုးေတြကို တစ္ျဖည္းျဖည္းေလ်ာ့ပါးေအာင္ လုပ္ေပးနိုင္ေပမယ့္ ဒးရင္းသီးနံ႕မခံနိုင္သူမ်ားနဲ႕ ဆူးပါတဲ့ အခြံကို အိပ္ယာေအာက္ ထားအိပ္ဖို႔က အခက္အခဲရွိနိုင္ပါတယ္။

ၾကမ္းပိုးမ်ားအၿပီးတိုင္ ရွင္းလင္းနိုင္ရန္

၁။ ၾကမ္းပိုးတြယ္ထားေသာ အိပ္ယာအခင္း၊ အစြပ္၊ ေစာင္၊ ျခင္ေထာင္ စသည္တို႔ကို ေရႏြေးျဖင့္ ျပဳတ္ၿပီး ဆပ္ျပာမႈန႔္ႏွင့္ စိပ္ေလွ်ာ္ပါ။

၂။ ကုတင္တိုင္၊ ၾကမ္းခင္းတို႔ကို ၾကမ္းတိုက္ေဆးရည္ ဆပ္ျပာတို႔ျဖင့္ ေဆးေၾကာပါ။
၃။ အိပ္ယာပစၥည္းမ်ားကို တစ္ပတ္တစ္ခါ ေနပူထုတ္လွန္းပါ။

ၾကမ္းပိုးအႏၱရာယ္ တြန္းလွန္နိုင္ၾကပါေစ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 ကြမ်းပိုးဟာ အင်းဆက်အမျိုးအစားထဲမှာ ပါဝင်တဲ့ ပိုးကောင်မွှားကောင် တစ်မျိုးဖြစ်ကာ နှိပ်နင်းရခက်ပြီး လူကိုဒုက္ခအပေးဆုံး ပိုးကောင်တစ်မျိုးဖြစ်ပါတယ်။ ကြမ်းပိုးတွေရဲ့ ပင်မအစာကတော့ လူရဲ့ သွေးပဲဖြစ်ပါတယ်။

ဒါကြောင့် လူတွေကို သွေးစုပ်နိုင်ဖို့ လူတွေနဲ့ အနီးဆုံး၊ လူတွေအငြိမ်သက်ဆုံးဖြစ်မယ့် အိပ်ယာ၊ မွေ့ယာ၊ ခြင်ထောင်၊ စောင်နဲ့ အခင်းတွေမှာ တွယ်နေလေ့ရှိပါတယ်။ ကြမ်းပိုးတွေရဲ့ ပျံ့ပွားနှုန်းဟာလည်း အလွန်လျှင်မြန်ပါတယ်။ ကြမ်းပိုးတစ်ကောင်ဟာ တစ်ရက်မှာ ဥ (၅)ဥ ပေါက်နိုင်တာကြောင့် သင့်ရဲ့ အိပ်ယာထဲမှာ ကြမ်းပိုးတစ်ကောင် တွေ့ပြီဆိုတာနဲ့ ဒီထက်မကတဲ့ ကြမ်းပိုးတွေ ရှိနေပြီဆိုတာကို သဘောပေါက်လိုက်ပါ။

များသောအားဖြင့် ကြမ်းပိုးတွေဟာ လူရဲ့သွေးကို ညနေပိုင်း၊ ညပိုင်းအချိန်တွမှာ လာစုပ်ယူလေ့ရှိပါတယ်။ အထူးသဖြင့် ညဖက်မှာ အခန်းမီး မှိတ်လိုက်ပြီ ဆိုတာနဲ့ လူရဲ့ သွေးနံ့ကို ခံပြီး တရွရွနဲ့ ခန္ဓာကိုယ်ပေါ်တက်လာပြီး ကိုက်တော့တာပါပဲ။
ကြမ်းပိုးဟာ ခြင်တွေလို ကူးစက်ရောဂါပိုးကို မသယ်ဆောင် မပြန့်ပွားနိုင်ပေမယ့် ကြမ်းပိုးကိုက်ခံရလို့ ယားသွားတဲ့ ဝေဒနာက ဘာနဲ့မှမတူသလို အိပ်ရေးလည်း အထူးပျက်စေပါတယ်။

ကြမ်းပိုးတွေ အနေများတာကတော့ မွေ့ယာထောင့်ကြား၊ ခေါင်းအုံး၊ ဖက်လုံး၊ အိပ်ယာခင်းစွပ် ထောင့်ကြားလေးတွေမှာ ခိုအောင်းကာ မျိုးပွားနေထိုင်တတ်ကြပါတယ်။ ရံဖန်ရံခါ အိပ်ယာအနီးက အုတ်နံရံ ကွဲကြောင်းတွေမှာ တွေ့တတ်သလို ကုတင်တိုင်ကြားတွေမှာလည်း နေထိုင်ပါတယ်။

ကြမ်ပိုးကို နှိပ်နင်းမယ်ဆိုရင် တစ်နေရာထဲ ကွက်ပြီး နှိမ်နင်းလို့ မရပါဘူး။ တစ်အိမ်လုံး ညီညာဖျဖျ တစ်ပြိုင်တည်း နှိပ်နင်းမှသာ ပပျောက်သွားမှာဖြစ်ပါတယ်။ တစ်နေရာထဲ ကွက်နှိပ်နင်းပါက မကြာမီပြန်ရောက်လာဖို့ သေချာပါတယ်။

ကြမ်းပိုးကို နှိမ်နင်းနိုင်မယ့် နည်းလမ်းများ

၁။ ဒူးရင်းသြဇာရွက်

ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်လို့ လူသိများတဲ့ ဒူရင်းသြဇာသီးရဲ့ အရွက်ဟာ သူမတူအောင် ကြမ်းပိုးများ ပြေးအောင် နှိမ်နင်းနိုင်ပါတယ်။
ဒူရင်းသြဇာရွက်(အစို) လေးများကို မိမိအိပ်တဲ့ အိပ်ယာအောက်ကို ဖြန့်ခင်းထားလိုက်ရင် ကြမ်းပိုးတွေ တဖြည်းဖြည်း ပြေးကုန်ပါလိမ့်မယ်။

၂။ ဆူးပန်းရွက်

Pandan လို့ ခါ်တဲ့ ဆူးပန်းရွက်ဟာလည်း ကြမ်းပိုးတွေ ပြေးစေတာမို့ အိပ်ယာအောက်မှာ ဖြန့်ခင်းပြီး အိပ်စက်နိုင်ပါတယ်။

၃။ ဒူးရင်းခွံ
ဒူးရင်းသီးရဲ့ အခွံဟာလည်း ကြမ်းပိုးတွေကို တစ်ဖြည်းဖြည်းလျော့ပါးအောင် လုပ်ပေးနိုင်ပေမယ့် ဒးရင်းသီးနံ့မခံနိုင်သူများနဲ့ ဆူးပါတဲ့ အခွံကို အိပ်ယာအောက် ထားအိပ်ဖို့က အခက်အခဲရှိနိုင်ပါတယ်။

ကြမ်းပိုးများအပြီးတိုင် ရှင်းလင်းနိုင်ရန်

၁။ ကြမ်းပိုးတွယ်ထားသော အိပ်ယာအခင်း၊ အစွပ်၊ စောင်၊ ခြင်ထောင် စသည်တို့ကို ရေနွေးဖြင့် ပြုတ်ပြီး ဆပ်ပြာမှုန့်နှင့် စိပ်လျှော်ပါ။

၂။ ကုတင်တိုင်၊ ကြမ်းခင်းတို့ကို ကြမ်းတိုက်ဆေးရည် ဆပ်ပြာတို့ဖြင့် ဆေးကြောပါ။
၃။ အိပ်ယာပစ္စည်းများကို တစ်ပတ်တစ်ခါ နေပူထုတ်လှန်းပါ။

ကြမ်းပိုးအန္တရာယ် တွန်းလှန်နိုင်ကြပါစေ…။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top