ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အခုေခတ္မွာေတာ့ လက္သည္းကို အလွအပတစ္ခုအေနနဲ႔ အမ်ိဳးမ်ိဳး ျခယ္သၾကေပမယ့္ ဘိုးေဘးဘီဘင္ ေရွးဦးလူသားေတြ ဘဝတုန္းကေတာ့ လက္သည္းကို တူးဖို႔ ဆြဖို႔၊ ကာကြယ္ဖို႔အတြက္ သံုးခဲ့ၾကရတယ္။ ၿပီးေတာ့ လက္သည္းဟာ လက္ထိပ္ေတြကို ကာကြယ္ေပးထားၿပီး ပစၥည္းေတြ ေကာက္ကိုင္ႏိုင္စြမ္းကို ပိုေကာင္းေစႏိုင္တာေပါ့။

          လက္သည္းမွာ keratin လု႔ိေခၚတဲ့ ပ႐ိုတင္း အသားဓာတ္တစ္မ်ိဳးပါတယ္။ ဒီပ႐ိုတင္းကို ဆံပင္ေတြမွာပါ ေတြ႕ရတတ္တယ္။ လက္သည္းကို keratin အလႊာေတြ အမ်ားႀကီးနဲ႔ ဖြဲ႕စည္းထားတယ္။ ဒီအလႊာေတြ ကြာက်တဲ့အခါ လက္သည္း ပါးသြားၿပီး ကြဲထြက္သြားႏိုင္တယ္။

          ဒီလို လက္သည္း ကြာတာဟာ အျပင္က ထိခိုက္တာေတြေၾကာင့္ ျဖစ္ႏိုင္သလို ကိုယ္တြင္းေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္။

          လက္သည္းတစ္ခု အျပည့္ရွည္ထြက္လာဖို႔ ၆ လေလာက္ ၾကာတယ္တဲ့ေနာ္။ ဒါေၾကာင့္ လက္သည္း တစ္ခုခု ျဖစ္တာဟာ လတ္တေလာ ထိခိုက္တာေၾကာင့္ မဟုတ္ဘဲ အရင္လေတြတုန္းက ျဖစ္ခဲ့တဲ့ ေရာဂါအေျခအေနေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။

          လက္သည္းကို ထိမိခိုက္မိတာ၊ အဝတ္ေလွ်ာ္၊ ပန္းကန္ေဆးရင္း လက္အၿမဲ ေရစိုေနတာေတြက လက္သည္းကို ေျခာက္သြားၿပီး လက္သည္းခြံ ကြာေစတတ္တယ္ေနာ္။

          ဒါတင္မကေသးဘူးတဲ့။

●        လက္သည္းကို ဖိမိတဲ့အလုပ္ေတြ

●        လက္သည္းကို အသံုးမ်ားတာေတြ

●        လက္သည္းနီကို ခြာေနတတ္တဲ့သူေတြ

●        လက္သည္းတု တပ္တဲ့သူေတြမွာလည္း

          လက္သည္းခြံ ကြာတတ္ေသးတယ္။

          အျပင္က အေၾကာင္းေၾကာင့္လား၊ ကိုယ္တြင္း အေၾကာင္းေၾကာင့္လားဆိုတာ သိရေအာင္ လက္သည္းနဲ႔ ေျခသည္းကို ယွဥ္ၾကည့္လို႔ရတယ္။ လက္သည္းခ်ည္း ဒါမွမဟုတ္ ေျခသည္းခ်ည္း ကြာေနတယ္ဆိုရင္ ဒါ အျပင္က ထိမိခိုက္မိလု႔ိျဖစ္တာ ျဖစ္ႏိုင္တယ္။ လက္သည္းေရာ၊ ေျခသည္းေရာ ကြာေနတယ္ ဆိုရင္ေတာ့ ဒါ ကိုယ္တြင္းေရာဂါတစ္ခုခုေၾကာင့္ ျဖစ္လိမ့္မယ္။

          ကိုယ္တြင္းေရာဂါေတြက အမ်ိဳးမ်ိဳး ကြဲျပားႏိုင္တယ္။ ဒါေပမဲ့ ရံဖန္ရံခါ လက္သည္းေျခာက္ၿပီး ကြာတာက ဗီတာမင္ ခ်ိဳတဲ့တာ၊ သံဓာတ္ အားနည္းတာေတြေၾကာင့္ အျဖစ္မ်ားတယ္ေနာ္။

          လက္သည္းေလး ကြာ႐ံုနဲ႔ေတာ့ ဆရာဝန္ ျပစရာမလိုေပမယ့္ ဆရာဝန္ ျပရမယ့္ အေျခအေနမ်ိဳးကိုေတာ့ သိထားရမွာေပါ့။

          အရမ္းနာေနရင္၊ ေသြးေတြပါ ထြက္ေနရင္ ဒါ အေရးႀကီးလာၿပီေပါ့။

          အမ်ားစုမွာေတာ့ အိမ္မွာ ကိုယ့္ဟာကိုယ္ ကုၿပီး ေပ်ာက္သြားတတ္တယ္။



>>    အိမ္မွာ ဘယ္လိုကုသင့္သလဲဆိုရင္ -

          သံဓာတ္ အားနည္းေနတယ္လို႔ ထင္ရင္ သံဓာတ္ မ်ားမ်ားစားေပးေပါ့။ သံဓာတ္မ်ားတဲ့ အစားအစာေတြကေတာ့ -

●        အာလူးမီးဖုတ္ (အခြံမခြာ)

●        သံဓာတ္ျဖည့္စြက္ထားတဲ့ မနက္စာ Cereal

●        အဆီမပါ အသား

●        ပဲ

●        ဟင္းႏုႏြယ္

●        ပဲအျဖဴ

          သံဓာတ္အားေဆးေတြလည္း ေသာက္လို႔ရတယ္။ ဗီတာမင္အားေဆးေတြ ေသာက္မယ္ဆိုရင္လည္း ေဆးအညႊန္းကို ေသခ်ာဖတ္ၾကည့္ပါ။ တခ်ိဳ႕အားေဆးေတြက သံဓာတ္ မပါတတ္ဘူး။

          ဒါေပမဲ့ တန္ေဆးလြန္ေဘး ဆိုတာလိုေပါ့။ ၂၅ မီလီဂရမ္ေက်ာ္ေအာင္ ေသာက္ရင္လည္း ကိုယ္ခႏၶာက ဇင့္စုပ္ယူမႈ အားနည္းသြားတတ္တယ္။ ဒါေၾကာင့္ ခ်င့္ခ်ိန္ၿပီး ေသာက္ေပါ့။

          ၿပီးေတာ့ လက္သည္းေတြကို အားျဖည့္ေပးတဲ့ biotin ဓာတ္ အားေဆးေသာက္ေပးလို႔လည္း ရတယ္ေနာ္။

          လက္သည္းကို အစိုဓာတ္ ျပည့္ဝေအာင္ ထားဖို႔လည္း အေရးႀကီးေသးတယ္။ ေရ အၾကာႀကီး မကိုင္နဲ႔။ အကယ္၍ အိမ္မႈကိစၥေတြလုပ္ၿပီး မကိုင္မျဖစ္ ကိုင္ရရင္လည္း ရာဘာလက္အိတ္ႀကီးေတြ စြပ္ၿပီး လုပ္ေပးပါ။ ေရကူးတာတို႔၊ ဘာတု႔ိ ေရနဲ႔ ပတ္သက္တဲ့အလုပ္ေတြ ဆိုရင္လည္း လက္ကိုေရာ၊ လက္သည္းကိုပါ လိုးရွင္းေတြ၊ ခရင္မ္ေတြ လိမ္းေပးပါေနာ္။



>>    ဒီလို အလွပ်က္ေစတဲ့ လက္သည္းခြံ ကြာတာကို ကာကြယ္ဖို႔အတြက္ -

          လက္သည္းအတု တပ္တာကို ေရွာင္ပါ။ လက္သည္းအတု တပ္တာက လက္သည္းခြံကို ကြာေစၿပီးေတာ့ လက္သည္းကို အမာရြတ္ က်န္ေစႏိုင္တယ္။ ၿပီးေတာ့ ပါးသြားေစတတ္တယ္။

          လက္သည္းထိပ္ေလးေတြကို လက္သည္း တံစဥ္းေလးနဲ႔ စားစားေပးလို႔ ရတယ္။ လက္သည္းေလး ႏွစ္ဖက္ကို ခြၽန္ခြၽန္ႀကီးမထားဘဲနဲ႔ လျခမ္းေကြးပံုစံေလး ညႇပ္ေပးေနာ္။ ဒါမွ က်ိဳးတာ၊ ကြဲတာေတြ မျဖစ္မွာပါ။ လက္သည္း တိုက္ရင္လည္း တစ္ဖက္တည္းကို ဦးတည္ၿပီး တိုက္ေပးပါ။ ေရွ႕ေနာက္ တိုက္ရင္ေတာ့ လက္သည္းေတြ ပိုၿပီးကြာတတ္တယ္။

          တစ္ခါတေလ အစို အရမ္းမ်ားရင္လည္း ကြာတတ္ေသးတယ္။ ဒါေၾကင့္ လက္သည္းကုိ အၾကည္ေရာင္ေလး ဆိုးေပးလို႔ ရတယ္။ ႏိုင္လြန္အမွ်င္ပါတဲ့ လက္သည္းအၾကည္ေတြက လက္သည္းကို ပိုၿပီးသန္မာေစႏိုင္တယ္တဲ့။

          ၿပီးေတာ့ သတိထားဖို႔က ပစၥည္းေတြ ေကာက္တာ၊ ဖြင့္တာကို လက္သည္း သိပ္မသံုးဘဲ လက္ထိပ္ကို ပိုသံုးေပးဖို႔ မွာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
အခုခေတ်မှာတော့ လက်သည်းကို အလှအပတစ်ခုအနေနဲ့ အမျိုးမျိုး ခြယ်သကြပေမယ့် ဘိုးဘေးဘီဘင် ရှေးဦးလူသားတွေ ဘဝတုန်းကတော့ လက်သည်းကို တူးဖို့ ဆွဖို့၊ ကာကွယ်ဖို့အတွက် သုံးခဲ့ကြရတယ်။ ပြီးတော့ လက်သည်းဟာ လက်ထိပ်တွေကို ကာကွယ်ပေးထားပြီး ပစ္စည်းတွေ ကောက်ကိုင်နိုင်စွမ်းကို ပိုကောင်းစေနိုင်တာပေါ့။

          လက်သည်းမှာ keratin လု့ိခေါ်တဲ့ ပရိုတင်း အသားဓာတ်တစ်မျိုးပါတယ်။ ဒီပရိုတင်းကို ဆံပင်တွေမှာပါ တွေ့ရတတ်တယ်။ လက်သည်းကို keratin အလွှာတွေ အများကြီးနဲ့ ဖွဲ့စည်းထားတယ်။ ဒီအလွှာတွေ ကွာကျတဲ့အခါ လက်သည်း ပါးသွားပြီး ကွဲထွက်သွားနိုင်တယ်။

          ဒီလို လက်သည်း ကွာတာဟာ အပြင်က ထိခိုက်တာတွေကြောင့် ဖြစ်နိုင်သလို ကိုယ်တွင်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။

          လက်သည်းတစ်ခု အပြည့်ရှည်ထွက်လာဖို့ ၆ လလောက် ကြာတယ်တဲ့နော်။ ဒါကြောင့် လက်သည်း တစ်ခုခု ဖြစ်တာဟာ လတ်တလော ထိခိုက်တာကြောင့် မဟုတ်ဘဲ အရင်လတွေတုန်းက ဖြစ်ခဲ့တဲ့ ရောဂါအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

          လက်သည်းကို ထိမိခိုက်မိတာ၊ အဝတ်လျှော်၊ ပန်းကန်ဆေးရင်း လက်အမြဲ ရေစိုနေတာတွေက လက်သည်းကို ခြောက်သွားပြီး လက်သည်းခွံ ကွာစေတတ်တယ်နော်။

          ဒါတင်မကသေးဘူးတဲ့။

●        လက်သည်းကို ဖိမိတဲ့အလုပ်တွေ

●        လက်သည်းကို အသုံးများတာတွေ

●        လက်သည်းနီကို ခွာနေတတ်တဲ့သူတွေ

●        လက်သည်းတု တပ်တဲ့သူတွေမှာလည်း

          လက်သည်းခွံ ကွာတတ်သေးတယ်။

          အပြင်က အကြောင်းကြောင့်လား၊ ကိုယ်တွင်း အကြောင်းကြောင့်လားဆိုတာ သိရအောင် လက်သည်းနဲ့ ခြေသည်းကို ယှဉ်ကြည့်လို့ရတယ်။ လက်သည်းချည်း ဒါမှမဟုတ် ခြေသည်းချည်း ကွာနေတယ်ဆိုရင် ဒါ အပြင်က ထိမိခိုက်မိလု့ိဖြစ်တာ ဖြစ်နိုင်တယ်။ လက်သည်းရော၊ ခြေသည်းရော ကွာနေတယ် ဆိုရင်တော့ ဒါ ကိုယ်တွင်းရောဂါတစ်ခုခုကြောင့် ဖြစ်လိမ့်မယ်။

          ကိုယ်တွင်းရောဂါတွေက အမျိုးမျိုး ကွဲပြားနိုင်တယ်။ ဒါပေမဲ့ ရံဖန်ရံခါ လက်သည်းခြောက်ပြီး ကွာတာက ဗီတာမင် ချိုတဲ့တာ၊ သံဓာတ် အားနည်းတာတွေကြောင့် အဖြစ်များတယ်နော်။

          လက်သည်းလေး ကွာရုံနဲ့တော့ ဆရာဝန် ပြစရာမလိုပေမယ့် ဆရာဝန် ပြရမယ့် အခြေအနေမျိုးကိုတော့ သိထားရမှာပေါ့။

          အရမ်းနာနေရင်၊ သွေးတွေပါ ထွက်နေရင် ဒါ အရေးကြီးလာပြီပေါ့။

          အများစုမှာတော့ အိမ်မှာ ကိုယ့်ဟာကိုယ် ကုပြီး ပျောက်သွားတတ်တယ်။



>>    အိမ်မှာ ဘယ်လိုကုသင့်သလဲဆိုရင် -

          သံဓာတ် အားနည်းနေတယ်လို့ ထင်ရင် သံဓာတ် များများစားပေးပေါ့။ သံဓာတ်များတဲ့ အစားအစာတွေကတော့ -

●        အာလူးမီးဖုတ် (အခွံမခွာ)

●        သံဓာတ်ဖြည့်စွက်ထားတဲ့ မနက်စာ Cereal

●        အဆီမပါ အသား

●        ပဲ

●        ဟင်းနုနွယ်

●        ပဲအဖြူ

          သံဓာတ်အားဆေးတွေလည်း သောက်လို့ရတယ်။ ဗီတာမင်အားဆေးတွေ သောက်မယ်ဆိုရင်လည်း ဆေးအညွှန်းကို သေချာဖတ်ကြည့်ပါ။ တချို့အားဆေးတွေက သံဓာတ် မပါတတ်ဘူး။

          ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုတာလိုပေါ့။ ၂၅ မီလီဂရမ်ကျော်အောင် သောက်ရင်လည်း ကိုယ်ခန္ဓာက ဇင့်စုပ်ယူမှု အားနည်းသွားတတ်တယ်။ ဒါကြောင့် ချင့်ချိန်ပြီး သောက်ပေါ့။

          ပြီးတော့ လက်သည်းတွေကို အားဖြည့်ပေးတဲ့ biotin ဓာတ် အားဆေးသောက်ပေးလို့လည်း ရတယ်နော်။

          လက်သည်းကို အစိုဓာတ် ပြည့်ဝအောင် ထားဖို့လည်း အရေးကြီးသေးတယ်။ ရေ အကြာကြီး မကိုင်နဲ့။ အကယ်၍ အိမ်မှုကိစ္စတွေလုပ်ပြီး မကိုင်မဖြစ် ကိုင်ရရင်လည်း ရာဘာလက်အိတ်ကြီးတွေ စွပ်ပြီး လုပ်ပေးပါ။ ရေကူးတာတို့၊ ဘာတု့ိ ရေနဲ့ ပတ်သက်တဲ့အလုပ်တွေ ဆိုရင်လည်း လက်ကိုရော၊ လက်သည်းကိုပါ လိုးရှင်းတွေ၊ ခရင်မ်တွေ လိမ်းပေးပါနော်။



>>    ဒီလို အလှပျက်စေတဲ့ လက်သည်းခွံ ကွာတာကို ကာကွယ်ဖို့အတွက် -

          လက်သည်းအတု တပ်တာကို ရှောင်ပါ။ လက်သည်းအတု တပ်တာက လက်သည်းခွံကို ကွာစေပြီးတော့ လက်သည်းကို အမာရွတ် ကျန်စေနိုင်တယ်။ ပြီးတော့ ပါးသွားစေတတ်တယ်။

          လက်သည်းထိပ်လေးတွေကို လက်သည်း တံစဉ်းလေးနဲ့ စားစားပေးလို့ ရတယ်။ လက်သည်းလေး နှစ်ဖက်ကို ချွန်ချွန်ကြီးမထားဘဲနဲ့ လခြမ်းကွေးပုံစံလေး ညှပ်ပေးနော်။ ဒါမှ ကျိုးတာ၊ ကွဲတာတွေ မဖြစ်မှာပါ။ လက်သည်း တိုက်ရင်လည်း တစ်ဖက်တည်းကို ဦးတည်ပြီး တိုက်ပေးပါ။ ရှေ့နောက် တိုက်ရင်တော့ လက်သည်းတွေ ပိုပြီးကွာတတ်တယ်။

          တစ်ခါတလေ အစို အရမ်းများရင်လည်း ကွာတတ်သေးတယ်။ ဒါကြေင့် လက်သည်းကို အကြည်ရောင်လေး ဆိုးပေးလို့ ရတယ်။ နိုင်လွန်အမျှင်ပါတဲ့ လက်သည်းအကြည်တွေက လက်သည်းကို ပိုပြီးသန်မာစေနိုင်တယ်တဲ့။

          ပြီးတော့ သတိထားဖို့က ပစ္စည်းတွေ ကောက်တာ၊ ဖွင့်တာကို လက်သည်း သိပ်မသုံးဘဲ လက်ထိပ်ကို ပိုသုံးပေးဖို့ မှာချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top