ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

အရည်ကြို- ဆီလောကကို အပိုင်း ဘယ်နှပိုင်းခွဲနိုင်မလဲ။

ဆီတခေတ်- ဆီလောကမှာ ဆီ သွင်းတဲ့သူရှိတယ်၊ ကန်ငှားတဲ့သူ ရှိတယ်၊ ဆီဆိုင်ဖွင့်တဲ့သူရှိတယ်၊ ရေနံချက်ဖိုလေးတွေ ရှိတယ်၊ တွင်းတူးတဲ့ သူတွေဆိုပြီး အကြမ်း ဖျင်းခွဲလို့ရတယ်။

အရည်ကြို- အခုလက်ရှိမှာ ဆီလောကမှာ ဘယ်သူတွေ အမြတ်ဆုံးလဲ။

ဆီတခေတ်- ရေနံတွင်းတူးတဲ့သူ ရယ်၊ ချက်တဲ့သူရယ် တအားမြတ် တယ်။ ကမ္ဘာ့ရေနံဈေးက တအား တက်လာတဲ့အချိန်မှာ ပြည်တွင်း မှာ ချက်တဲ့သူနဲ့ ပြည်တွင်းမှာ တူး တဲ့သူက အရင်တုန်းက တစ်ပီပါကို ခုနစ်သောင်းခွဲနဲ့ ရှစ်သောင်း ကြားကနေ အခုဆို တစ်ပီပါကို တစ်သိန်းခွဲလောက်ရတယ်။ အဲဒီ တော့ တူးတဲ့သူနဲ့ ပြည်တွင်းရေနံ ချက်ဖိုတွေ မြတ်တယ်။ တွင်းတူး တဲ့သူတွေကျတော့ သူ့ဟာနဲ့သူ ဒီ ကုန်ကျစရိတ်က ဒီကုန်ကျစရိတ် ပဲ။ ပြီးကျရင် အခုလက်ရှိ ဆီဆိုင် ဖွင့်ထားတဲ့သူတွေက တောက် လျှောက်သောက်လောက်လဲ ရှုံး တယ်။ ဆီဆိုင်တွေလည်း ရှုံး တယ်။ အဲဒီတော့ ဘာဖြစ်လာလဲ ဆိုရင် ကမ္ဘာ့ရေနံဈေးတောက် လျှောက်တက်လာတာနဲ့အမျှ ဆီ ဈေးက တက်လာတာမို့၊ နောက် တစ်ချက်ကတော့ လက်ရှိ ဒေါ်လာဈေးကြောင့် ရှုံးတာလည်း ပါသလိုနောက်ပြီး အခုအစိုးရရဲ့အဟန့် ကြောင့်လည်း တက်ရောင်းလို့ မရဘူး။

အရည်ကြို- နိုင်ငံခြားစက်သုံးဆီ လုပ်ငန်းတွေ ဝင်လာမှာကို သ ဘောကျလား။

ဆီတခေတ်- မကျစရာ အ ကြောင်းမရှိဘူး။ နိုင်ငံခြားဆီလုပ် ငန်းတွေ ဝင်လာရင် ကြိုဆိုရပါ မယ်။ သူတို့ထံက သင်ယူစရာ၊ လေ့လာစရာတွေရှိပါတယ်။ (၁) Safety နဲ့ ပတ်သက်တဲ့ လုပ်ငန်း စဉ်များ၊ (၂) Quality Control နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ထားမှု၊ (၃) Management Style နဲ့ Operation System နဲ့ (၄) Technology Know How တွေ အပြင် သူတို့နဲ့ ပြည်တွင်းနဲ့ယှဉ် ပြိုင်ပြီး မိမိတို့ပြည်တွင်းလုပ်ငန်း တွေဖွံ့ဖြိုးမှုအတွက် မှတ်ကျောက်တင်ခံနိုင်မှု၊ အသိအမှတ်ပြုမှုတွေ  ရရှိကြမယ်။ ဒါမှ ပြည်တွင်းလုပ် ငန်းရှင်အဖြစ် အပြင်ကို ပြည်ပ တန်းဝင်လုပ်ငန်းရှင်ဖြစ်လာနိုင် တယ်။

အရည်ကြို- နိုင်ငံခြားဆီလုပ်ငန်း ရှင်တွေ ဝင်လာဖို့ ဘာတွေပြင်ရမ လဲ။

ဆီတခေတ်- အလုပ်သမားဥပဒေ ကအစ ထစ်ခနဲရှိရင် အလုပ်ရှင် ကို ထောင်ချမယ်ဆိုတာမျိုးကျ တော့ Investor (ရင်းနှီးမြှုပ်နှံသူ) တွေက ကြောက်ကြတယ်။ နောက် အလုပ်ရှင်၊ အလုပ်သမားများအ တွက် မျှတတဲ့ ဥပဒေတွေဖြစ်ရ မယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုရယ်မှ မဟုတ်ဘူး။ ပြည် တွင်း နိုင်ငံသားတွေအတွက် လည်း သူတို့နည်းတူ အခွင့်ရေး တူပေးပြီး ရင်းနှီးခိုင်းရမယ်။

အရည်ကြို- မြန်မာပြည်ရဲ့စက် သုံးဆီဝယ်အားက အကြမ်းဖျင်း အားဖြင့် ဘယ်လောက်ရှိမလဲ။

ဆီတခေတ်- တစ်လကို တန် ခြောက်သိန်းဝယ်အားရှိတယ်။ သင်္ဘောကြီးဝင်မရတာနဲ့ StorageFacilities အပြည့်အဝမရဘူး။ အဲ ဒီတန်ခြောက်သိန်းက အခုလက်ရှိ ပုံစံဆို သင်္ဘောအစီး ၃၀ ဝင်အား ရှိတယ်။ အဲဒီအစီး ၃၀ စာက တစ်လမပြောနဲ့။ လဝက်စာတောင် ကန်တွေ အကုန်လုံးပေါင်းလိုက် ရင် မရှိဘူး။ ဒီကကန်တွေက။

အရည်ကြို- အရင်းဈေးထက် ချ မရောင်းဖို့ ဒေါက်တာကြီးက ပြောတယ်။ ဘယ်လိုမြင်လဲ။

ဆီတခေတ်- သူပြောတာ မပြည့် စုံတာ။ အမှန်က ရန်ကုန်မှာရောင်း နေတဲ့ ဈေးထက်ကို ပိုချပြီး မန္တလေး ဘက်မှာ တစ်ယောက်က ရောင်းနေတာ။ ကားလောကက ကြိုးကွင်းစွပ်ပြီး သေသွားတဲ့ နားကွင်းကျော်ကြီးလိုမျိုးပဲ။ ဂျပန်က သွင်းလာတဲ့ မူရင်းဈေးထက်ကို လျှော့ရောင်းတဲ့ပုံစံမျိုး။ ဆီလောကမှာ ဖြစ်သွားတာ အရင်းအောက်ချရောင်းနေပြီဆိုရင် တစ်ခုခုမှား နေပြီလေ။ ဟိုနေ့က လိမ်ပြေးတာ အဲဒါပဲလေ။ အရင်းအောက် လျှော့ရောင်းပြီး ကြိုငွေယူပြေးသွားတာ။

အရည်ကြို- ဆီဈေးအတက် ကြမ်း၊ အကျကြမ်းတဲ့အချိန်တွေ မှာ ဘယ်ဟာကို ဆီဆိုင်တွေက ပိုသဘောကျကြလဲ။

ဆီတခေတ်- တောက်လျှောက် တက်လာတဲ့အချိန်မှာ ဆိုင်တွေ အနေနဲ့ ပြောရမယ်ဆိုရင် တက် ရင် မကြိုက်ဘူး။ ကျရင် ကြိုက် တယ်။ ဆီဈေးတက်ရင် ချက်ချင်း ကြီး လိုက်တက်လို့မရဘူး။ လူတွေ က အော်မှာကိုး။ ကျလို့ရှိရင် တော် ရုံတန်ရုံလိုက်ချပေးစရာမလိုဘူး။

အရည်ကြို- ဆီဈေးတက်တိုင်း ဘာလို့ ချက်ချင်းလိုက်တက်တာ လဲ။

ဆီတခေတ်- ဆီတွေကို အများ ကြီးလှောင်မထားနိုင်လို့ မြန်မာ ပြည်တစ်နိုင်ငံလုံးရဲ့ တစ်လကို တန်ခြောက်သိန်းဖြုန်းတဲ့အားကို မြန်မာမှာ ရှိနေတဲ့ကန်တွေက ၁၀ ရက်၊ ၁၅ ရက်စာကိုတောင်မှ သူ တို့က Cover မဖြစ်ဘူး။ အဲဒီတော့ကမ္ဘာ့ဈေးတက်လို့ရှိရင် ဆီဈေး က လိုက်ကို လိုက်တက်မှာပဲ။ သူ များနိုင်ငံတွေလို အစိုးရတစ်ရပ်လုံးက အခု PTT ဆိုရင် အစိုးရ တစ်ရပ်လုံးက ကိုယ်စားပြုပြီးသွား ပြီ၊ သူတို့ Log ထားပြီးသွားပြီ။ ဆီတွေကို သူ့နိုင်ငံထဲမှာလည်း သိုလှောင်ထားနိုင်သလို သူများ နိုင်ငံတွေရဲ့ စတော့တွေကိုလည်း ငွေကို ကြိုပေးပြီးတော့မှ ဒီဆီက ၁,၀၀၀ တန်တယ်ဆိုရင် ၁,၁၀၀ တက်တော့မယ်လို့ ကြိုမြင်ထား ရင် ငွေကြိုပေးထားပြီး နှစ်ပတ်စာ ဝယ်တာတို့၊ သုံးပတ်စာဝယ်တာ တို့ ကြိုဝယ်ထားလို့ရတာကိုး။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုလုပ် လို့မရဘူး။ အခုလက်ရှိ ဆီသမား တွေရှုံးတယ်ဆိုတာက ကန်လည်း မရှိဘူး၊ Log လုပ်ထားနိုင်တဲ့ Marketing Power လည်း မရှိဘူး။ ဆီက တန်ခြောက်သိန်းသွင်းတယ် ဆိုပေမယ့် အားလုံးက တညီတ ညွတ်တည်း သွင်းမယ်ဆိုရင် အများဆုံးသွင်းနိုင်ရင် တန်ငါး ထောင်၊ တစ်သောင်းပေါ့။ Denko က သွင်းမယ်ဆိုရင် တန်တစ်သိန်း ပေါ့အစ်ကို။ ကျွန်တော်တို့ရဲ့ ဆယ်ဆ၊ ကျွန်တော်တို့တစ်နိုင်ငံလုံးစာ နဲ့ပေါင်းပြီးတော့မှ တန်ခြောက် သိန်းကိုမှ သုံးလစာ ဘယ်လောက်ဆိုပြီး နိုင်ငံခြားကုမ္ပဏီတွေကို Logလုပ်ရင် ဒီလိုမျိုး တန်ငါးထောင်၊ တစ်သောင်းလောက်နဲ့ သွားလုပ် လို့မရဘူး။ အားလုံးက ညီညီညွတ် ညွတ်နဲ့ လုပ်မယ်ဆိုရင်တော့ ရ တာပေါ့။

နောက်အရန်ဆီသိုလှောင် နိုင်အောင်၊ လိုအပ်တဲ့အချိန်မှာ ရနိုင်အောင် နိုင်ငံတော်နဲ့ လုပ်ငန်းရှင်တွေကြားမှာက သဘောတူညီမှုတွေ လုပ်ထားသင့်တယ်။

အရည်ကြို- သန်လျင်က အစိုးရ ဆီကန်တွေကို သုံးလို့မရနိုင်ဘူး လား။

ဆီတခေတ်- သူ့ဆီမှာရှိတဲ့ ကန် တွေကလည်း အခုလက်ရှိမှာ သုံး မရဘူးဖြစ်နေတာ။ အဓိက အစိုးရမှာ ရှိတဲ့ သန်လျင်ရေနံချက်စက် ရုံက သင်္ဘောဝင်လို့မရဘူး။ ကျွန် တော်တို့က တန်နှစ်သောင်း၊ နှစ် သောင်းခွဲ စီးပွားဖြစ်ဝင်နေရတဲ့ အချိန်မှာ သူ့ရဲ့ ကမ်းက တန် ခြောက်ထောင်ပဲ ကပ်နိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့က အစိုးရ မှာရှိတဲ့ကန်တွေကိုလည်း ဘယ် လိုမှ သုံးမရဘူးဖြစ်နေတယ်။ သန် လျင်မှာ အစိုးရကန်တွေ အများကြီးရှိတယ်။ အစိုးရကန်တွေထဲကို အစိုးရက ဦးဆောင်ပြီး လုပ်မယ် ဆို ထည့်လို့ရတယ်။ အစိုးရထည့် စေချင်ရင် ထည့်လို့ရတယ်။ ဒါပေမဲ့ အစိုးရရဲ့ကန်တွေကို ဒီဆိပ်ကမ်း ကို ကပ်မယ့် သင်္ဘောကလည်း တန်ခြောက်ထောင် သင်္ဘောပဲ ကပ်လို့ရတယ်။ ဆိပ်ကမ်းကြီး တစ်ခုလုံး ပြန်ဆောက်ရမှာ။ သင်္ဘောအသေးပဲကပ်လို့ရတယ်။ ရေစူးတွေ ဘာတွေကအစ မရှိ ဘူး။

အဲဒီတော့ ဈေးတက်နေတာ က နှစ်ချက်ပေါ့နော်။ နိုင်ငံမှာ နှစ် လ၊ သုံးလစာ လှောင်ထားနိုင်တဲ့ Storage Facilities မရှိသလို နှစ် လစာ၊ သုံးလစာ ဆီဈေးစတော့ လုပ်ထားနိုင်တဲ့ Marketing Power မရှိဘူး။

အရည်ကြို- ဆီဆိုင်တစ်နှစ်ချုပ် လိုက်တယ်ဆိုရင်တော့ ဆီဆိုင်က မြတ်တယ်မဟုတ်လား။

ဆီတခေတ်- အဲဒီလိုနှစ်ချုပ်လိုက် တယ်ဆိုရင်တော့ မြတ်ပါတယ်။ ရှုံးလို့ရှိရင်တော့ စီးပွားရေးသမား ကတော့ မရပ်တည်နိုင်ဘဲ ထွက် သွားရမှာပေါ့။ ပတ်ပတ်လည်ဆို ရင်တော့ မြတ်ပါတယ်။ ရှုံးတယ် ဆိုရင်လည်း မြတ်အောင်တော့ တစ်နည်းမဟုတ် တစ်နည်းက တော့ အကွက်ရွှေ့တာပဲလေ။ ဘယ်သူမဆိုတော့။ စီးပွားရေး သမားဆိုမှတော့ တစ်နည်းမဟုတ် ရင် တစ်နည်းနဲ့တော့ ကာမှာပဲ လေ။

အရည်ကြို- အရောဆီတွေက ကော အခြေအနေ ဘာဖြစ်သွား လဲ။

ဆီတခေတ်- အရောဆီတွေဆို တာကတော့ အရင်တုန်းက အစိုး ရစက်ရုံသုံးရုံရှိရာမှာ တစ်ရုံပဲ လည်တာ။ အခုက အစိုးရက ပြည်သူတွေသက်သာအောင်ဆို ပြီး တစ်ထောင့်တစ်လမ်းကနေ ထုတ်ရောင်းပေးနေတာ။ အစိုးရ က သူ ရေနံက အခု လက်ရှိ ဈေး ချိုတယ်လေ။ ဒါပေမဲ့ အစိုးရက ထုတ်ရောင်းတာကလည်း ပြည်သူ တွေဆီ ထုတ်ရောင်းတာမဟုတ် ဘူး။ ဆိုင်တွေအတွက်ပဲ ထုတ် ရောင်းတာဆိုတော့ မထူးဘူးပေါ့။ ရောင်းတဲ့အခါကျတော့ ပြည်သူ တွေဆီ တိုက်ရိုက်ရောက်တာမှ မဟုတ်တာ။ အဲဒီကျတော့ စီးပွား ရေးသမားတွေ အမြတ်ရဖို့ပဲ ဖြစ် သွားတာပေါ့။ အဲဒီလိုမျိုး သွယ် ဝိုက်ပြီးဖြစ်သွားတာပေါ့။

အရည်ကြို- ဆီဈေးတည်ငြိမ်ဖို့ အစိုးရအနေနဲ့ ဘာတွေကို အရေး ယူရမလဲ။

ဆီတခေတ်- (၁)မှောင်ခိုဆီ၊ (၂)ချက်ဆီ၊ (၃)အခွန်ရှောင်တာ၊ (၄)ဈေးကစားတာ၊ (၅)ဆီညံ့သွင်းတာ၊ (၆)အစိုးရလုပ်ငန်းက ထွက်တဲ့ ဆီညံ့ (......၊ ရထား၊ ဆည်မြောင်း)၊

ဥပမာ -  ............... ကနေ ထုတ်ရောင်းတဲ့ လေယာဉ်ဆီ။ အဲဒါတွေကို ဒိုင်ခံဝယ်ပြီး ရောနေ တာမျိုး ဖြစ်နေတာတွေရှိတယ်။

အနှစ်ချုပ် ပြန်ပြောရရင် တော့ ပြည်တွင်းဆီဈေးတည်ငြိမ် ဖို့နဲ့ အရည်အသွေးကောင်းဖို့ဆို ရင် အခွန်မဆောင်ဘဲ တရားမဝင် တင်သွင်းလာသော အရည်အ သွေးညံ့တဲ့ဆီ၊ တရားဝင်သွင်းပြီး အရောအနှောများတဲ့ အရည်အ သွေးညံ့ဆီ၊ ပြည်တွင်းလက်ယက် တွင်းစံချိန်မမီ ချက်ဆီများ၊ ငွေ ပေါ်အမြတ်ပေါ် တစ်ခုတည်း ကြည့်ပြီး ဈေးကစားတဲ့သူများ၊ အစိုးရလုပ်ငန်း Project များမှ ထုတ်ရောင်းနေတဲ့ဆီ၊ ဆီသုံးများ တဲ့ ဝန်ကြီးဌာနများမှ ထုတ်ရောင်း နေတဲ့ဆီ၊ ဖလှယ်ဆီများကို စနစ် တကျ ထိန်းချုပ်ခြင်းလုပ်ရမယ်။

အရည်ကြို- စက်သုံးဆီအပေါ် အခွန်ကောက်သင့်သလား။

ဆီတခေတ်- ဆီဈေးက လမ်း ကောင်းတဲ့နိုင်ငံတွေမှာ ပိုပေးရ တယ်။ အစိုးရက ကားမောင်းဖို့၊ လမ်းသစ်ဖောက်ဖို့စရိတ်နဲ့ ပြုပြင် စရိတ်တွေကို နှစ်စဉ်တွက်ချက်ပြီး လိုအပ်နေတဲ့ ဘတ်ဂျက်တွေကို ဆီပေါ်က Fuel Tax ကို ထပ် ကောက်လို့ပါ။ သို့သော် ဆီထွက် တဲ့နိုင်ငံအများစုကတော့ သူ့နိုင်ငံ အတွင်းမှာ အများပြည်သူအတွက် သက်သာတဲ့ဈေးနဲ့ ရောင်းပေးပါ တယ်။

အခွန်ကလည်း အရေးပါပါ တယ်။ အိမ်စီးကားတွေအတွက် က Fuel Tax ကောက်ရပါမယ်။ ဒါပေမဲ့ ကုန်ကားနဲ့ အများပြည်သူ တွေအတွက် သုံးတဲ့ဆီကျတော့ အခွန်လျှော့ပေးရမယ်။

အရည်ကြို- စက်သုံးဆီဈေးတည် ငြိမ်အောင် ဘာလုပ်ကြမလဲ။

ဆီတခေတ်- ဆီဈေးတစ်ခုတည်း အတွက်ကတော့ ထိန်းချုပ်ဖို့ မူချ မယ်ဆိုရင် နည်းလမ်း(၁)- ဈေး တန်းတစ်ခုကို အားလုံးသဘောတူပေးရင် ရပြီ။ ပြည်သူတွေခံနိုင်တဲ့ဈေးမှာ အစိုးရဝင်မထိန်းဘူး။ နည်းလမ်း(၂)- သဘောတူထား တဲ့ ဈေးတန်းထက် ဆီဈေးပိုတက်လာပြီဆိုရင် အဲဒီဈေးတန်းထက် ပိုရင် လျှော့လို့ရမယ့် အခွန်အခ တွေကို မကောက်ဘဲ လျှော့ပေး။ နည်းလမ်း(၃)- အဲဒီထက်ပိုလွန် လာရင် အများပြည်သူကို ထိနေ တဲ့ သယ်ယူရေးနဲ့ ကုန်စည်လုပ် ငန်းတွေအတွက် အရှုံးခံရောင်း ပေးတဲ့ ရှုံးသွားတဲ့ ငွေကို အစိုးရက ပြန်ပေး စသဖြင့် လုပ်ဆောင်ပေး ပြီး ထိန်းလို့ရပါတယ်။

ဒီနည်းလမ်းများကို အိမ်နီး ချင်းနိုင်ငံအတော်များများမှာ လုပ် ပေးခဲ့တဲ့ သာဓကတွေရှိပါတယ်။

အရည်ကြို- စက်သုံးဆီဈေးက ထိန်းမယ်ဆိုရင် ရနိုင်မလား။

ဆီတခေတ်- ဒေါ်လာဈေးလည်း ထိန်းရင် ရရဲ့သားနဲ့ လွှတ်ပေးထားတော့ ကစားလို့ရတယ်၊ မဖမ်းပါ ဘူးဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်ကြ တာပေါ့။

အရည်ကြို- မမြတ်ပါဘူး၊ ရှုံးပါ တယ်သာ ပြောကြတယ်။ ကံစမ်း မဲကို သိန်းထောင်နဲ့ချီပြီး ပေးနေ နေတာကျတော့ကော။

ဆီတခေတ်- အဲဒီလိုမဟုတ်ဘူး Denko ဆို သင်္ဘောနဲ့ဆီကို တစ်နှစ်ပတ်လုံးချုပ်ထားတာ မိုးတွင်းကျ တော့ အနည်းဆုံးယူရမယ့်ကိုတာ ကို ယူရတာ။ မယူနိုင်ရင် လျော်ရ တယ်။ အဲဒီတော့ နိုင်ငံခြားကို လျော်မယ့်အစား ပြည်တွင်းမှာ အရှုံးခံပြီး ရောင်းလိုက်တာ။ ရောင်းအားရဖို့ ကံစမ်းမဲထည့် လိုက်တာ။

Denko က တစ်နှစ်လုံးအ တွက် ဈေးကို (မူသေ)သတ်မှတ် ထားနိုင်တဲ့ ရောင်းအားရထားပြီ။ အဲဒီတော့ ဈေးကို ပျမ်းမျှဈေးထိန်း ဖို့ စာချုပ်ချုပ်ထားပြီး ကိုယ်မယူနိုင် ကိုယ်လျော်၊ သူမပေးနိုင်သူ လျော် အဲဒီလိုလုပ်ထားတာ။

အရည်ကြို- ဆီဈေးတည်ငြိမ်ဖို့ အစိုးရက ဘာလုပ်ရမလဲ။

ဆီတခေတ်- Denko လိုပဲ လုပ်ရ မယ်။ အစိုးရက နောက်ငါးနှစ်စာ Plan ချရမယ်။ အခွန်လိုဥပဒေ တွေက တစ်နှစ်အစား ငါးနှစ် လောက်ကို တည်ငြိမ်သင့်တယ်။

စင်ကာပူအစိုးရ အရှေ့ တောင်အာရှအတွက် ဆီလိုအပ် ချက်ကို ၁၀ နှစ်စာ Plan လုပ်ပြီး ဆော်ဒီတို့၊ အီရတ်တို့မှာ ၁၀ နှစ်စာအနည်းဆုံး စာချုပ်ချုပ်လိုက် တယ်။ ပျမ်းမျှဈေးနဲ့ အဲဒါကို အစိုးရက ကျခံပေးပြီး ကုမ္ပဏီတွေကို အမြတ်တစ်လူယူယူပြီး ပြန်ရောင်းပေးတယ်။ အဲဒီကုမ္ပဏီတွေကနေ ကိုယ်တို့က ဝယ်နေရတော့ လက်ရှိ ပေါက်ဈေးအကြီးတွေနဲ့ဆိုတော့ ဘယ်လောက်မြတ်ကြလဲ။ စီးပွား ရှာတတ်တယ်။ စင်ကာပူအစိုးရ ကအစ အဲဒီလိုလုပ်ဖို့လိုတယ်။

ဥပမာ တစ်နှစ်ကို ဆီတစ် သန်းလိုမယ်မှန်းပြီး ဆယ်နှစ်စာ ကြိုဝယ်လိုက်တာ။ အစိုးရက Volume Game ဆော့ရမယ်။ လုပ်ငန်းက အမြတ်ကို ဆော့ရမယ်။  အစိုးရမှာ ငွေမရှိဘူးလို့တော့ လုပ်မရဘူးပေါ့။ အမေရိကန်အစိုးရက ကမ္ဘာပေါ်မှာ အကြွေးအယူဆုံး လေ။ ငွေဆိုတာ ဘယ်သူမှ ကိုယ့် ငွေတွေအပြည့်နဲ့ အလုပ်လုပ်တာ မဟုတ်ဘူး။ အတိုးနဲ့ လုပ်ကြတာ ပဲလေ။

အရည်ကြို- နိုင်ငံခြားစက်သုံးဆီ လုပ်ငန်းရှင်တွေဝင်လာဖို့ ဘယ် အချက်တွေ အဓိကလိုမလဲ။

ဆီတခေတ်- ဆီလုပ်ငန်းရှင်မှ မဟုတ်ဘူး။ နိုင်ငံခြားက လူတွေ ဝင်လာဖို့ဆိုရင် နိုင်ငံခြား Invest-ment တွေလာဖို့ဆိုတာကတော့ စီးပွားရေးမူဝါဒတွေက နောက်ငါး နှစ်၊ ဆယ်နှစ်အထိကို ပွင့်လင်း မြင်သာပြီး အာမခံချက်ရှိမယ်။ (၁) စီးပွားရေးဆိုင်ရာမူဝါဒတွေ ကို ဖော်ပြထားနိုင်ရမယ်။ (၂) ခိုင် မာတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ် ထုံးလုပ်နည်းတွေကို ပွင့်လင်းမြင် သာစွာ ပြထားနိုင်ရမယ်။ အဲဒီ ဥပဒေတွေအတိုင်းလည်း တာဝန် ရှိအဖွဲ့အစည်းတွေက ကျင့်ကြံ လုပ်ဆောင်ပေးရပါမယ်။ (၃) အ စိုးရရဲ့ ဥပဒေတွေ၊ နည်းဥပဒေ တွေ ခိုင်မာရမယ်၊ ပွင့်လင်းမြင် သာရမယ်။ (၄) တကယ်လုပ်စား တဲ့ Professional တွေဖြစ်အောင် ထိန်းကျောင်းပေးဖို့လိုမယ်။ တွေ့ တဲ့သူအကုန်လုံး တောင်းသမျှပေး လို့မရဘူး။ ကားလောကကိုပဲ ကြည့် အမြတ်ကြီးလိုချင်တော့ ဂျင်းထည့်ကြရင်း သူ့မယုံ၊ ကိုယ့် မယုံဖြစ်လာတယ်။ (၅) အစိုးရရဲ့ ပံ့ပိုးမှုလိုတယ်။ မီးလိုဟာကို တစ် နှစ်ဒေါ်လာသန်းသုံးရာလောက် အရှုံးခံနေမယ့်အစား ငွေကို စက် သုံးဆီမှာ တစ်နှစ်လုံး ဈေးအငြိမ် ဖြစ်အောင် အာမခံငွေအနေနဲ့ တောင့်ထားပေးမယ်ဆိုတာမျိုး လုပ်ပေးသင့်တယ်။ ငွေလည်း မဆုံးဘူး၊ တင်သွင်းသူတွေဆီက လည်း အကျိုးအမြတ်ပြန်ရမယ်။  (၆) အစိုးရကိုယ်တိုင် အရန်ဆီ ကိုင်ထားနိုင်ရမယ်။ တစ်ဖက်က ဈေးကစားမယ့် သူတွေကို ထိန်း နိုင်သလို စစ်ဘေးတို့၊ သဘာဝ ဘေးတို့ဆိုရင် ချက်ချင်း သုံးနိုင် တယ်။ အခု အဲဒါမရှိဘူး မြန်မာ မှာက။ (၇) နောက် နိုင်ငံခြား Player တွေကို ဝင်စေချင်တယ် ပြောတယ်။ အခုထိ ပြည်တွင်း လုပ်ငန်းရှင်တွေကို ရင်းနှီးမယ် ဆိုရင်တောင် အာမခံချက်မပေး နိုင်တာ၊ ပြည်ပဆို ပိုလို့တောင် ခက်နိုင်တယ်လို့ မြင်ကြတယ်။ (၈) သုံးစွဲသူတွေကို ပေးသင့်တဲ့ သတင်း တွေကို စဉ်ဆက်မပြတ်ပေးရမှာ ကို မပေးနိုင်ဘူး။ (၉) YBS, ရထား၊ သင်္ဘော စတဲ့ လူ၊ ပစ္စည်းတွေကိုများများပို့နိုင်တဲ့ လုပ်ငန်းတွေကို ရင်းနှီးနိုင်အောင် မလုပ်ပေးဘူး။ ဥပမာ Bus Operator, Taxi Ope-rator, Train Operator တွေကို ဖြစ်မြောက်အောင် မပံ့ပိုးဘဲ သူကိုယ် တိုင်ပဲ Run ချင်နေတော့ အဆင်မပြေဖြစ်ကုန်တယ်။ စီးပွားရေး ဆန်ဆန်မဟုတ်ဘဲ ဝန်ထမ်းအ ကြီးအကဲတွေရဲ့ လုပ်ကွက်ဆင့် ဆင့်ဖြစ်နေတယ်။ (၁၀) အခု အစိုးရလုပ်ငန်းတိုင်းမှာ Accoun-tant တွေမရှိဘူး။ မရှိတော့ အလုပ်တစ်ခုအတွက်ကို Profit and Loss(အရှုံးအမြတ်) မဆွဲတတ်ဘူး။ Cost Accounting မတွက်တတ် တော့ သူများပြောတာကို လိုက် ယောင်နေရတာမျိုး ဖြစ်သွားတတ် တယ်။

အဆုံးသတ်ပြောချင်တာက တော့ ကြိုကြိုရယ်၊ အစိုးရက Stakeholder ဆိုတာ နားလည်ဖို့ လိုတယ်။ သူကိုယ်တိုင် အဲဒီအထဲ မှာ ပါတယ်။ မူဝါဒချသူ၊ ကြပ်မတ်အရေးယူသူ၊ စားသုံးသူ၊ အဲဒီစား သုံးသူအတွက် ဝန်ဆောင်မှုပေး သူ၊ ငွေကြေးပံ့ပိုးသူ၊ ငွေကြေးစု ပေးသူ၊ ရောင်းချထောက်ပံ့သူ ဒါတွေအားလုံးက စက်ဝိုင်းကြီး။ အခုဟာက မုန့်လုံးစက္ကူကပ်ဖြစ် နေတယ်။

သူ့ကြောင့်၊ သူ့ကိုဆိုပြီး အ ဆင့်ဆင့် လက်ညှိုးထိုးနေကြ တော့ အားလုံးမှာ တာဝန်ရှိသွား တော့ ဘယ်သူမှ တာဝန်မရှိဘူး ဖြစ်သွားပြီး ပြည်သူနဲ့ နိုင်ငံပဲ နာ နေတာ။

(ဆောင်းပါးရှင် အရည်ကြိုသည် မော်တော်ယာဉ်မူဝါဒ၊ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် အာမခံရေးရာ ဆောင်းပါးများ ရေးသား နေသူတစ်ဦးဖြစ်သည်။)

ဖိုးသူတော် (www.phothutaw.com)
Credit:
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top