ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒဂုံၿမိဳ႕သစ္​(ဆိပ္​ကမ္​း) ၿမိဳ႕နယ္​၊ ၆၁ ရပ္​ကြက္​တြင္​ ​ေအာက္​တိုဘာ ၅ ရက္​ နံနက္​ ၇ နာရီခန္​့က အငွား ယာဥ္​​ေမာင္​းအမ်ိဳးသားတစ္​ဦးကို ကားငွားစီးလာ

သည္​့ အမ်ိဳးသားသုံးဦးက ဓား​ေထာက္​ၿပီး ​ေငြရွစ္​သိန္​း​ေက်ာ္​ဖိုး လုယက္​ထြက္​​ေျပးခဲ့​ေၾကာင္​း ရန္​ ကုန္​အ​ေရွ႕ပို္​င္​းခ႐ိုင္​ ရဲတပ္​ဖြဲ႕မွ သိရသည္​။


တိုင္တန္းသူ အငွားယာဥ္​​ေမာင္​းအမ်ိဳးသားသည္​ ကမာ႐ြတ္​ၿမိဳ႕နယ္​ အင္​းစိန္​ လမ္​းမႀကီး ဂမုန္​းပြင္​့ကုန္​တိုက္​ႏွင္​့ မ်က္​ႏွာခ်င္​းဆိုင္​ ရွိ ATM စက္​မွ ​ေငြက်ပ္​ရွစ္

သိန္​းႏွစ္​​ေသာင္​း ထုတ္​ယူ လာၿပီး ​ေနအိမ္​သို႔ျပန္​လာစဥ္​ လူျမင္​လ်င္​မွတ္​မိႏိုင္​ သည္​့အမ်ိဳးသားသုံးဦးက ဒဂုံၿမိဳ႕သစ္​(ဆိပ္​ကမ္​း) ၿမိဳ႕နယ္​ ယုဇနဥယ်ာဥ္​ၿမိဳ႕​ေတာ္​မုခ္​

ဦး မွတ္​တိုင္​သို႔ပို႔ ​ေဆာင္​​ေပးရန္​ ကားငွားသျဖင္​့​ က်ပ္​ ၇၀၀၀ ျဖင္​့ လိုက္​ပါလာခဲ့သည္​။



ယင္​းသို႔​ေမာင္​းႏွင္​လာစဥ္​ ဒဂုံၿမိဳ႕သစ္​(ဆိပ္​ကမ္​း) ၿမိဳ႕နယ္​၊ ၆၁ ရပ္​ကြက္​ ရတနာလမ္​း အလို​ေတာ္​ျပည္​့ဘုန္​းႀကီး​ေက်ာင္​း​ေရွ႕အ​ေရာက္​တြင္​ ကားငွား လာသူမ်ားက ယာဥ္​ကိုရပ္​ခိုင္​းၿပီး ​ေရွ႕ခန္​းတြင္​ထိုင္​ ​ေနသူက ၎ကိုဓားျဖင္​့ ခ်ိန္​႐ြယ္​၍ယာဥ္​ ​ေနာက္​ခန္​းတြင္​ လိုက္​

လာသူႏွစ္​ဦးက ၿခိမ္​း​ေျခာက္​ကာ က်ပ္​ ရွစ္​သိန္​းသုံး​ေသာင္​းခန္​့ႏွင္​့ လက္​ကိုင္​ဖုန္​းတို႔ကို ယူ​ေဆာင္​၍ ယာဥ္​​ေပၚမွ ဆင္​း​ေျပးသြား​ေၾကာင္​း ဆိုကာ သက္ဆိုင္ရာသို႔ တိုင္တန္းခဲ့သည္​။

အဆိုပါျဖစ္​စဥ္​ႏွင္​့ ပတ္​သက္​၍ ဒဂုံၿမိဳ႕သစ္​(ဆိပ္​ကမ္​း) ၿမိဳ႕မရဲစခန္​းက (ပ) ၇၆၈/၂၀၁၈ ရာဇသတ္​ႀကီး ပုဒ္​မ ၃၈၆/၁၁၄ ျဖင္​့အမႈဖြင္​့ၿပီး ျပစ္​မႈက်ဴးလြန္​သူ မ်ားကို ဖမ္​းဆီးရမိရန္​​ေဆာင္​႐ြက္​လ်က္​ရွိ​ေၾကာင္​း သိရသည္​။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Myanmar Times Daily
# Unicode Version ျဖင့္ ဖတ္ပါ #
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ၆၁ ရပ်ကွက်တွင် အောက်တိုဘာ ၅ ရက် နံနက် ၇ နာရီခန့်က အငှား ယာဉ်မောင်းအမျိုးသားတစ်ဦးကို ကားငှားစီးလာ

သည့် အမျိုးသားသုံးဦးက ဓားထောက်ပြီး ငွေရှစ်သိန်းကျော်ဖိုး လုယက်ထွက်ပြေးခဲ့ကြောင်း ရန် ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

တိုင်တန်းသူ အငှားယာဉ်မောင်းအမျိုးသားသည် ကမာရွတ်မြို့နယ် အင်းစိန် လမ်းမကြီး ဂမုန်းပွင့်ကုန်တိုက်နှင့် မျက်နှာချင်းဆိုင် ရှိ ATM စက်မှ ငွေကျပ်ရှစ်

သိန်းနှစ်သောင်း ထုတ်ယူ လာပြီး နေအိမ်သို့ပြန်လာစဉ် လူမြင်လျင်မှတ်မိနိုင် သည့်အမျိုးသားသုံးဦးက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ယုဇနဥယျာဉ်မြို့တော်မုခ်

ဦး မှတ်တိုင်သို့ပို့ ဆောင်ပေးရန် ကားငှားသဖြင့် ကျပ် ၇၀၀၀ ဖြင့် လိုက်ပါလာခဲ့သည်။



ယင်းသို့မောင်းနှင်လာစဉ် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ၆၁ ရပ်ကွက် ရတနာလမ်း အလိုတော်ပြည့်ဘုန်းကြီးကျောင်းရှေ့အရောက်တွင် ကားငှား လာသူများက ယာဉ်ကိုရပ်ခိုင်းပြီး ရှေ့ခန်းတွင်ထိုင် နေသူက ၎င်းကိုဓားဖြင့် ချိန်ရွယ်၍ယာဉ် နောက်ခန်းတွင် လိုက်

လာသူနှစ်ဦးက ခြိမ်းခြောက်ကာ ကျပ် ရှစ်သိန်းသုံးသောင်းခန့်နှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်၍ ယာဉ်ပေါ်မှ ဆင်းပြေးသွားကြောင်း ဆိုကာ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းက (ပ) ၇၆၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၈၆/၁၁၄ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးရမိရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: The Myanmar Times Daily
\
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top