ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လလည္း ကုန္ခါနီးေနၿပီ။ လက္ထဲက ပိုက္ဆံလည္း ကုန္ၿပီ။ ျမန္မာႏိုင္ငံမွာ ဝန္ထမ္းတစ္ေယာက္ျဖစ္ရတာ ႏိုင္ငံအေျခအေနအရ လုပ္ခလစာေတြ နည္းေနတာတစ္ေၾကာင္း၊ ကုန္ေဈးႏႈန္းေတြက ဘယ္ေတာ့မွ လစာကိုမေစာင့္တာက တစ္ေၾကာင္း၊ တိုးတက္လာတဲ့ ေခတ္ႀကီးထဲမွာဆိုရင္ ဝယ္စရာ ပစၥည္းေတြက ပိုမ်ားလာတာကတစ္ေၾကာင္း အရင္လို ျပတ္တုန္းလတ္တုန္း ၂၃ မဟုတ္ေတာ့။ ထန္ကုန္ ၁၅ ရက္ေက်ာ္ရင္ ပိုက္ဆံရွိေသးတဲ့ သူက ေတာ္ေတာ္ေျခြၽတာတတ္တဲ့ သူလို႔ပဲေျပာရမယ္။ ကြၽန္ေတာ္ဆိုရင္ စံခ်ိန္တင္ လကုန္ၿပီး ၅ ရက္ အၾကာမွာတင္ ပိုက္ဆံ ျပတ္ဖူးတယ္။ ဒီလိုနဲ႔ အခ်ိန္ေတြ တစ္လၿပီးတစ္လ၊ တစ္ႏွစ္ၿပီး တစ္ႏွစ္ကုန္ဆုံးလာတယ္။ ကြၽန္ေတာ္တို႔လက္ထဲမွ စုမိလာတဲ့ပိုက္ဆံဆိုတာ နတၱိ။

ဘာေၾကာင့္ ကြၽန္ေတာ္တို႔ မုန္းတဲ့ အလုပ္မွာ တကုပ္ကုပ္နဲ႔ ဆက္လုပ္ေနၾကရတာလဲ။ အလုပ္ရွိမွ ဂုဏ္တင့္တယ္လို႔ ထင္ၾကလို႔လား။ မဟုတ္ပါဘူး။ အေျဖကေတာ့ ကြၽန္ေတာ္တို႔ မုန္းတဲ့ အလုပ္ေတြမွာ သည္းညည္းခံရင္း လုပ္ေနရတဲ့ အေၾကာင္းရင္ေတာ့ လစာေၾကာင့္ပါ။ ကြၽန္ေတာ္တို႔ အသက္ရွင္ဖို႔အတြက္ အဓိက လိုအပ္တဲ့ဟာက အစာနဲ႔ ေရမဟုတ္ပါဘူး။ ဒါေတြကိုဝယ္ယူလို႔ရမယ့္ ပိုက္ဆံပါ။ ကြၽန္ေတာ္တို႔ အသက္ရွင္ဖို႔အတြက္ အလုပ္လုပ္ၾကတယ္။ ဒီလိုနဲ႔ လစာရဲ႕ ကြၽန္တစ္ေယာက္လုံးလုံးျဖစ္လာတယ္။ လစာကိုေမွ်ာ္ရတယ္။ လစာေလး ရလာရင္ ေပ်ာ္ရတယ္။ လစာမရွိေတာ့ရင္ ဝမ္းနည္းၾကတယ္။ လူေတာ္ေတာ္မ်ားမ်ားက ဒီအေျခအေနကေန ႐ုန္းထြက္ၾကခ်င္ေပမဲ့ မ႐ုန္းထြက္တတ္ၾကဘူး။ ဒီလိုနဲ႔ ဒါႀကီးဟာ ေလာကဓံ တရားႀကီးပါလားဆိုၿပီး ေသတဲ့အထိမွတ္ယူသြားၾကတယ္။ တကယ္ေတာ့ ဘယ္အရာမဆို နည္းလမ္းကေတာ့ ရွိပါတယ္။ အခုလိုဘုံျပႆနာ ျဖစ္ေနတဲ့ လစာကြၽန္ျဖစ္ျခင္းဆိုတဲ့ ကိစၥမွာဆို ပိုၿပီးေတာ့ေတာင္ ရွိပါေသးတယ္။ ဒီအထဲကမွ ပ်ိဳေမတို႔အတြက္ လစာကြၽန္ မျဖစ္ခ်င္ရင္ လုပ္သင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

ဝင္ေငြ ၁၀ ရာခိုင္ႏႈန္းကို စုပါ။

ပ်ိဳေမတို႔ေတာ့ မသိဘူး။ ကြၽန္ေတာ္ကေတာ့ ဝင္ေငြ ၁၀ ရာခိုင္ႏႈန္းကို စုပါဆိုတာ ၅ တန္းေလာက္ကတည္းၾကားဖူးတယ္။ ခရစ္ယာန္ဘာသာမွာလည္း ဆယ္ဖို႔ တစ္ဖို႔ဆိုတာရွိသလို ေရွးဘုရင္ေတြလက္ထက္မွာလည္း သႆေမဓခြန္ဆိုတာရွိတာကိုး။ ေနာက္ၿပီး ဆရာေဖျမင့္ ဘာသာျပန္ထားတဲ့ ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္၊ ဒီထဲမွာလည္း ဝင္ေငြရဲ႕ ဆယ္ပုံတစ္ပုံကို စုဖို႔ေျပာထားတာပဲ။ ေနာက္ၿပီး ဆရာခ်စ္စံဝင္းေရးတဲ့ စာအုပ္တစ္အုပ္ထဲမွာ ဆယ္ပုံ တစ္ပုံကို စုဖို႔ေျပာထားတယ္။ ပ်ိဳေမတို႔ေတာ့ မသိဘူး။ ကြၽန္ေတာ္က ဘဝတိုးတက္ေရးနဲ႔ ပတ္သတ္ၿပီး ေလာဘ နည္းနည္းႀကီးတယ္။ ဝင္ေငြ ဆယ္ပုံတစ္ပုံစုရင္ နည္းနည္းပဲရမွာေပါ့ဆိုၿပီးသိပ္မစုခ်င္ဘူး။ ဝင္ေငြရဲ႕ ၂ ပုံ ၁ ပုံေလာက္ကို စုခ်င္တာ။ ဒါေပမဲ့ ဘယ္ေတာ့မွ စုတဲ့ဆီကို မေရာက္ဘဲ လစာေရာက္ရင္ ပိုက္ဆံ ကုန္ကုန္သြားတဲ့ အျဖစ္နဲ႔ ခဏခဏ ႀကဳံခဲ့ရတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ နားမလည္ခဲ့တာက ျဖည္းျဖည္းမွန္မွန္ဆိုတဲ့ သေဘာကို နားမလည္ခဲ့တာ။ တကယ္ေတာ့ လစာကို နည္းသည္ျဖစ္ေစ မ်ားသည္ျဖစ္ေစ ျဖည္းျဖည္းမွန္မွန္စုၿပီး အက်င့္ျဖစ္လာေအာင္ ေမြးျမဴရမယ္ဆိုတဲ့ သေဘာကို ကြၽန္ေတာ္ သတိမထားမိခဲ့တာပါ။

ဒီေန႔ လူအမ်ားစုက လစာေပၚမွာပဲ မွီခိုေနၾကရတယ္။ တကယ္လို႔ အနာဂတ္မွာ ကံဆိုးတာတစ္ခုခုျဖစ္လာရင္ လစာေပၚမွာပဲ မွီခိုေနရတဲ့ သူေတြဘဝက ဒုကၡေရာက္ၿပီ။ ဒီေတာ့ ကြၽန္ေတာ္တို႔ေတြအေနနဲ႔ ပစၥဳပန္မွာပဲ ဆင္ေသေကာင္စားတဲ့ က်ီးမိုက္လို႔ မေနၾကဘဲ အနာဂတ္ကို ေမွ်ာ္ကိုးၿပီး လစာ ၁၀ ရာခိုင္ႏႈန္းစုတဲ့ အက်င့္ကို ေမြးျမဴထားသင့္ပါတယ္။ ကြၽန္ေတာ္တို႔ လစာကြၽန္ျဖစ္ေနရျခင္းအေၾကာင္းရင္းကေတာ့ ဒီအလုပ္ကေန ထြက္လိုက္ရင္ ငါဝင္ေငြ မရွိေတာ့ဘူးဆိုတဲ့ အေၾကာက္တရားက ကြၽန္ေတာ္တို႔ကို လႊမ္းမိုးထားတာ ျဖစ္ပါတယ္။ တစ္ေန႔ေန႔တစ္ခ်ိန္မွာ ထြက္ခ်င္သည္ျဖစ္ေစ၊ မထြက္ခ်င္သည္ျဖစ္ေစ အလုပ္ကေတာ့ ထြက္ရမွာပါ။ အဲ့ဒီအခ်ိန္မွာ ကိုယ္အခ်ိန္ေပးၿပီး ၁၀ ရာခိုင္ႏႈန္း စုထားတဲ့ ပိုက္ဆံေလးက ကိုယ့္ကို ကူညီေပးမွာပါ။ ၁၀ ရာခိုင္ႏႈန္းဟာ နည္းတယ္ဆိုေပမယ့္ အခ်ိန္ၾကာလာတဲ့အခါမွာ ပိုက္ဆံပိုစုမိလာမွာ ျဖစ္ၿပီး အလုပ္ထြက္ရရင္လည္း ေၾကာက္ေနစရာမလိုေတာ့ပါဘူး။ အလုပ္မထြက္ရဘူးဆိုရင္ေတာင္ ဒီကိုယ္စုထားတဲ့ ပိုက္ဆံေလးနဲ႔ ကိုယ္ပိုင္လုပ္ငန္းေလးတစ္ခုစ ႏိုင္မွာ ျဖစ္သလို ကိုယ္အၿမဲမုန္းေနတဲ့ အလုပ္ကလည္း ေအးေဆးသက္သာစြာအနားယူႏိုင္မွာပါ။

ပိုက္ဆံကို ကိုယ့္အတြက္ အလုပ္လုပ္ခိုင္းလိုက္ပါ။

Currency ဆိုတာလည္း သူ႔မွာသတၱိတစ္ခု ရွိပါတယ္။ ပ်ိဳေမတို႔ သူ႔ကြၽန္ျဖစ္သြားၿပီဆို႐ုန္းထြက္ဖို႔ ခက္သလို သူ႔သခင္ျဖစ္သြားၿပီဆိုလည္း သင့္အတြက္ ေကာင္းေကာင္းအလုပ္လုပ္ေပးပါလိမ့္မယ္။ အေပၚမွာေျပာထားတဲ့ ၁၀ ရာခိုင္ႏႈန္းကို စုပါဆိုတာကိုပဲ ဆက္ေကာက္ရရင္ သင့္မွာ ၁၀ ရာခိုင္ႏႈန္းစုထားတဲ့ ပိုက္ဆံရွိၿပီဆိုတာနဲ႔ ဒီပိုက္ဆံကို သင္ရင္းႏွီးျမဳပ္ႏွံလို႔ရပါၿပီ။ ဒီေန႔ေခတ္ႀကီးမွာ ကိုယ့္ပိုက္ဆံကို ရင္းႏွီးျမဳပ္ႏွံလို႔ရတဲ့ ေနရာေတြ အမ်ားႀကီးရွိပါတယ္။ ဒီအခ်ိန္မွာလည္း ပညာလိုသလို အေတြ႕အႀကဳံလည္း လိုလာပါလိမ့္မယ္။ အေရးႀကီးတာ တစ္ခုကေတာ့ ဝါရင္ဘတ္ဖတ္စကား ငွားေျပာရရင္ သင့္ရဲ႕ ၾကက္ဥေတြအကုန္လုံးကို ျခင္းတစ္ျခင္းထဲမွာပဲ စုၿပဳံမထည့္ထားမိပါေစနဲ႔။

စီးပြားေရးလုပ္ငန္း တစ္ခုကို စတင္ပါ။

လစာရဲ႕ ကြၽန္မျဖစ္ခ်င္ရင္ေတာ့ ရွင္းပါတယ္။ ကိုယ္ပိုင္လုပ္ငန္းတစ္ခုစလုပ္႐ုံေပါ့။ ဒီေန႔ေခတ္ႀကီးမွာ ကိုယ္ပိုင္လုပ္ငန္း စလုပ္ဖို႔ ပိုလြယ္လာၿပီ။ ကိုယ္ပိုင္စီးပြားေရးလုပ္ဖို႔ အရမ္းေၾကာက္ေနစရာမလိုပါဘူး။ သင့္အေနနဲ႔ အလုပ္တစ္ခုလုပ္ေနရင္း ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းတစ္ခု စထားလို႔ရၿပီး ကိုယ္လုပ္ငန္းကေန ကိုယ့္လစာေလာက္ဝင္ေငြရေနၿပီဆိုရင္ေတာ့ ေပ်ာ္ေပ်ာ္ႀကီး အလုပ္ထြက္သြားလို႔ရပါၿပီ။ မွတ္ထားဖို႔ တစ္ခုကေတာ့ ဒါဟာ ညတြင္းခ်င္းျဖစ္မလာသလို လတြင္းခ်င္းလည္း မျဖစ္လာႏိုင္ပါဘူး။ ကိုယ္ဘာဝါသနာပါလဲစဥ္းစားပါ။ ကိုယ္လူေတြကို ဘာေတြ ကူညီေပးႏိုင္မလဲ။ အဲ့ဒီကေန ကိုယ္ဘယ္လိုဝင္ေငြရႏိုင္မလဲ။ ကိုယ္ဘာသာေမးရမယ့္ေမးခြန္းေတြအမ်ားႀကီးပါ။ ကိုယ့္ဝါသနာကို သိၿပီဆိုတာနဲ႔ စာအုပ္ေရးၿပီး ေရာင္းႏိုင္သလို၊ အြန္လိုင္းကေနလည္း သင္တန္းေပးလို႔ရပါတယ္။

ကိုယ္ရတဲ့ ဝင္ေငြေအာက္က ေနထိုင္မႈ ပုံစံမွာပဲေနပါ။

ပ်ိဳေမတို႔ကေတာ့က ငါဝင္ေငြရဲ႕ ၁၀ % ကိုဘယ္လိုစုရမလဲ၊ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခုကို ဘယ္နားက ဘယ္လိုသြားေထာင္ရမလဲဆိုၿပီး စဥ္းစားရင္ စဥ္းစားမိေနမွာေပါ့။ ဒါကလည္း စဥ္းစားရမယ့္ေမးခြန္းတစ္ခုပါပဲ။ ဒီအရာအားလုံးရဲ႕အဓိက Point ကေတာ့ သင့္ပိုက္ဆံကိုဘယ္လိုသုံးသလဲ ဆိုတာက ျမစ္ဖ်ားခံပါတယ္။ပ်ိဳေမတို႔လည္း ခုခ်ိန္မွာ မလိုအပ္တဲ့ ပစၥည္းေတြဝယ္ၿပီး ကိုယ့္ပိုက္ဆံကိုျဖဳန္းေနမိမွာပါ။ သင္အရမ္းမုန္းတဲ့အလုပ္ကလည္း ထြက္ခ်င္ေနၿပီ၊ စီးပြားေရးလုပ္ငန္းတစ္ခုစလုပ္ခ်င္ေနၿပီဆိုရင္ေတာ့ ပထမဆုံးလုပ္သင့္တဲ့အရာက ကိုယ့္ဝင္ေငြေအာက္မွာပဲေနထိုင္ဖို႔ပါ။ မလိုအပ္တာေတြ မဝယ္ပါနဲ႔။ ဖုန္းေမာ္ဒယ္အသစ္ထြက္လာတိုင္း ကိုင္ခ်င္စိတ္ကိုခ်ိဳးႏွိမ္ထားပါ။ ဒီေန႔ေခတ္မွာ ဖုန္းတစ္လုံးက ဝယ္ထားရင္ အခ်ိန္ေတာ္ေတာ္ၾကာအထိ အသုံးခံပါတယ္။ ပ်ိဳေမတို႔ ဒီေန႔မွာ အနစ္နာခံေနတာ ကာလရွည္ပန္းတိုင္ အတြက္သြားေနတာျဖစ္ေၾကာင္း သတိရပါ။ ေနရိပ္ကိုလိုခ်င္ရင္ ေနပူထဲကေစာင့္ရပါတယ္။ ဒီေန႔မွာ သင့္ဝင္ေငြေအာက္မွာပဲေနတာဟာ ေနာက္တစ္ခ်ိန္ ကိုယ့္ဝင္ေငြထက္ ပိုသုံးလည္း ျပႆနာမရွိေတာ့တဲ့အခ်ိန္ကို သြားေနတာ ျဖစ္ေၾကာင္းမွတ္ထားပါ။

လစာကို အခြင့္အလမ္းတစ္ခုအျဖစ္ျမင္ပါ။

လစာရဲ႕ကြၽန္အျဖစ္ကေနလြတ္ေျမာက္ဖို႔ဆိုရင္ လစာအေပၚ ကိုယ့္ရဲ႕ၾကည့္ျမင္ပုံေျပာင္းဖို႔လိုပါတယ္။ လစာထုတ္ခါနီးဆို ဘယ္ေလာက္ေပ်ာ္ဖို႔ေကာင္းလဲဆိုတာ ပ်ိဳေမတို႔ ခံစားဖူးၾကမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ လစာကရတဲ့ပိုက္ဆံနဲ႔ကြၽန္ေတာ္တို႔ေတြ လိုခ်င္တာေတြဝယ္ၾကတယ္။ သုံးၾကတယ္။ လစာဆိုတဲ့ဟာကို ငါအေရးတႀကီးလိုအပ္ေနတဲ့အရာလိုမျမင္ပါနဲ႔။ ဒီလစာဟာ ပိုေကာင္းတဲ့ဘဝတစ္ခုတည္ေဆာက္ႏိုင္ဖို႔အတြက္ အသုံးဝင္တဲ့လက္နက္တစ္ခုလို႔ျမင္ပါ။ လစာကိုႏိုင္ႏိုင္နင္းနင္းကိုင္တြယ္သြားႏိုင္တာနဲ႔ လစာရဲ႕ ကြၽန္အျဖစ္ကလြတ္ေျမာက္ၿပီး လစာကိုႏိုင္နင္းတဲ့ လူတစ္ေယာက္ျဖစ္လာပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ အားလုံးမွာ ပိုက္ဆံအေပၚျမင္တဲ့အျမင္၊ ဘာသာေရးအေပၚ ျမင္တဲ့အျမင္၊ လက္တြဲေဖာ္ကိုျမင္တဲ့ အျမင္ေတြ ကြဲျပားစြာရွိၾကပါတယ္။ ဘာသာေရးေပၚျမင္တဲ့အျမင္၊ လက္တြဲေဖာ္အေပၚျမင္တဲ့အျမင္ေတြကြဲျပားရင္ ဘာေတြဆက္ျဖစ္လဲဆိုတာ ကြၽန္ေတာ္ေသခ်ာမသိေပမဲ့ ပိုက္ဆံေပၚျမင္တဲ့အျမင္ကြဲျပားသြားတဲ့အခါ ဆင္းရဲတဲ့လူ၊ ခ်မ္းသာတဲ့လူဆိုၿပီးျဖစ္လာတယ္ဆိုတာေတာ့ ေသခ်ာသိပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုက္ဆံကို ဘယ္လိုျမင္လဲဆိုတာ ကိုယ္ကိုယ္ကို သုံးသပ္ပါ။ ပိုက္ဆံဟာ ကိုယ္ကိုတိုးတက္ေအာင္ျပဳလုပ္ေပးႏိုင္တဲ့ အရာလို႔ျမင္လိုက္တာနဲ႔ သင္လည္း လစာရဲ႕ ကြၽန္အျဖစ္က လြတ္ေျမာက္မွာပါ။

စာတစ္ပုဒ္လုံးဖတ္ၿပီးၿပီဆိုရင္ ဒီတစ္ပုဒ္ထဲမွာ ကိုယ္က ဘယ္အရာကို စလုပ္ေနၿပီလဲ၊ ဘယ္အေျခအေနမွာ ေရာက္ေနၿပီလဲ။ ဘယ္လိုလုပ္ဖို႔ အစီအစဥ္ေတြရွိလဲ။ ဒါေတြက ပ်ိဳေမတို႔အေတြးေတြနဲ႔ေရာ ကိုက္ညီရဲ႕လားဆိုတာေလးလည္း ေျပာျပသြားပါဦး..

Reference : Become the Lion , Rich Habits

ဖိုးသူေတာ္ (www.phothutaw.com)
Credit: forhermyanmar

# Unicode Version ျဖင့္ ဖတ္ပါ #
လလည်း ကုန်ခါနီးနေပြီ။ လက်ထဲက ပိုက်ဆံလည်း ကုန်ပြီ။ မြန်မာနိုင်ငံမှာ ဝန်ထမ်းတစ်ယောက်ဖြစ်ရတာ နိုင်ငံအခြေအနေအရ လုပ်ခလစာတွေ နည်းနေတာတစ်ကြောင်း၊ ကုန်ဈေးနှုန်းတွေက ဘယ်တော့မှ လစာကိုမစောင့်တာက တစ်ကြောင်း၊ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာဆိုရင် ဝယ်စရာ ပစ္စည်းတွေက ပိုများလာတာကတစ်ကြောင်း အရင်လို ပြတ်တုန်းလတ်တုန်း ၂၃ မဟုတ်တော့။ ထန်ကုန် ၁၅ ရက်ကျော်ရင် ပိုက်ဆံရှိသေးတဲ့ သူက တော်တော်ခြျွေတာတတ်တဲ့ သူလို့ပဲပြောရမယ်။ ကျွန်တော်ဆိုရင် စံချိန်တင် လကုန်ပြီး ၅ ရက် အကြာမှာတင် ပိုက်ဆံ ပြတ်ဖူးတယ်။ ဒီလိုနဲ့ အချိန်တွေ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးလာတယ်။ ကျွန်တော်တို့လက်ထဲမှ စုမိလာတဲ့ပိုက်ဆံဆိုတာ နတ္တိ။

ဘာကြောင့် ကျွန်တော်တို့ မုန်းတဲ့ အလုပ်မှာ တကုပ်ကုပ်နဲ့ ဆက်လုပ်နေကြရတာလဲ။ အလုပ်ရှိမှ ဂုဏ်တင့်တယ်လို့ ထင်ကြလို့လား။ မဟုတ်ပါဘူး။ အဖြေကတော့ ကျွန်တော်တို့ မုန်းတဲ့ အလုပ်တွေမှာ သည်းညည်းခံရင်း လုပ်နေရတဲ့ အကြောင်းရင်တော့ လစာကြောင့်ပါ။ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အဓိက လိုအပ်တဲ့ဟာက အစာနဲ့ ရေမဟုတ်ပါဘူး။ ဒါတွေကိုဝယ်ယူလို့ရမယ့် ပိုက်ဆံပါ။ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အလုပ်လုပ်ကြတယ်။ ဒီလိုနဲ့ လစာရဲ့ ကျွန်တစ်ယောက်လုံးလုံးဖြစ်လာတယ်။ လစာကိုမျှော်ရတယ်။ လစာလေး ရလာရင် ပျော်ရတယ်။ လစာမရှိတော့ရင် ဝမ်းနည်းကြတယ်။ လူတော်တော်များများက ဒီအခြေအနေကနေ ရုန်းထွက်ကြချင်ပေမဲ့ မရုန်းထွက်တတ်ကြဘူး။ ဒီလိုနဲ့ ဒါကြီးဟာ လောကဓံ တရားကြီးပါလားဆိုပြီး သေတဲ့အထိမှတ်ယူသွားကြတယ်။ တကယ်တော့ ဘယ်အရာမဆို နည်းလမ်းကတော့ ရှိပါတယ်။ အခုလိုဘုံပြဿနာ ဖြစ်နေတဲ့ လစာကျွန်ဖြစ်ခြင်းဆိုတဲ့ ကိစ္စမှာဆို ပိုပြီးတော့တောင် ရှိပါသေးတယ်။ ဒီအထဲကမှ ပျိုမေတို့အတွက် လစာကျွန် မဖြစ်ချင်ရင် လုပ်သင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို စုပါ။

ပျိုမေတို့တော့ မသိဘူး။ ကျွန်တော်ကတော့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို စုပါဆိုတာ ၅ တန်းလောက်ကတည်းကြားဖူးတယ်။ ခရစ်ယာန်ဘာသာမှာလည်း ဆယ်ဖို့ တစ်ဖို့ဆိုတာရှိသလို ရှေးဘုရင်တွေလက်ထက်မှာလည်း သဿမေဓခွန်ဆိုတာရှိတာကိုး။ နောက်ပြီး ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်၊ ဒီထဲမှာလည်း ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စုဖို့ပြောထားတာပဲ။ နောက်ပြီး ဆရာချစ်စံဝင်းရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဆယ်ပုံ တစ်ပုံကို စုဖို့ပြောထားတယ်။ ပျိုမေတို့တော့ မသိဘူး။ ကျွန်တော်က ဘဝတိုးတက်ရေးနဲ့ ပတ်သတ်ပြီး လောဘ နည်းနည်းကြီးတယ်။ ဝင်ငွေ ဆယ်ပုံတစ်ပုံစုရင် နည်းနည်းပဲရမှာပေါ့ဆိုပြီးသိပ်မစုချင်ဘူး။ ဝင်ငွေရဲ့ ၂ ပုံ ၁ ပုံလောက်ကို စုချင်တာ။ ဒါပေမဲ့ ဘယ်တော့မှ စုတဲ့ဆီကို မရောက်ဘဲ လစာရောက်ရင် ပိုက်ဆံ ကုန်ကုန်သွားတဲ့ အဖြစ်နဲ့ ခဏခဏ ကြုံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် နားမလည်ခဲ့တာက ဖြည်းဖြည်းမှန်မှန်ဆိုတဲ့ သဘောကို နားမလည်ခဲ့တာ။ တကယ်တော့ လစာကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဖြည်းဖြည်းမှန်မှန်စုပြီး အကျင့်ဖြစ်လာအောင် မွေးမြူရမယ်ဆိုတဲ့ သဘောကို ကျွန်တော် သတိမထားမိခဲ့တာပါ။

ဒီနေ့ လူအများစုက လစာပေါ်မှာပဲ မှီခိုနေကြရတယ်။ တကယ်လို့ အနာဂတ်မှာ ကံဆိုးတာတစ်ခုခုဖြစ်လာရင် လစာပေါ်မှာပဲ မှီခိုနေရတဲ့ သူတွေဘဝက ဒုက္ခရောက်ပြီ။ ဒီတော့ ကျွန်တော်တို့တွေအနေနဲ့ ပစ္စုပန်မှာပဲ ဆင်သေကောင်စားတဲ့ ကျီးမိုက်လို့ မနေကြဘဲ အနာဂတ်ကို မျှော်ကိုးပြီး လစာ ၁၀ ရာခိုင်နှုန်းစုတဲ့ အကျင့်ကို မွေးမြူထားသင့်ပါတယ်။ ကျွန်တော်တို့ လစာကျွန်ဖြစ်နေရခြင်းအကြောင်းရင်းကတော့ ဒီအလုပ်ကနေ ထွက်လိုက်ရင် ငါဝင်ငွေ မရှိတော့ဘူးဆိုတဲ့ အကြောက်တရားက ကျွန်တော်တို့ကို လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ တစ်နေ့နေ့တစ်ချိန်မှာ ထွက်ချင်သည်ဖြစ်စေ၊ မထွက်ချင်သည်ဖြစ်စေ အလုပ်ကတော့ ထွက်ရမှာပါ။ အဲ့ဒီအချိန်မှာ ကိုယ်အချိန်ပေးပြီး ၁၀ ရာခိုင်နှုန်း စုထားတဲ့ ပိုက်ဆံလေးက ကိုယ့်ကို ကူညီပေးမှာပါ။ ၁၀ ရာခိုင်နှုန်းဟာ နည်းတယ်ဆိုပေမယ့် အချိန်ကြာလာတဲ့အခါမှာ ပိုက်ဆံပိုစုမိလာမှာ ဖြစ်ပြီး အလုပ်ထွက်ရရင်လည်း ကြောက်နေစရာမလိုတော့ပါဘူး။ အလုပ်မထွက်ရဘူးဆိုရင်တောင် ဒီကိုယ်စုထားတဲ့ ပိုက်ဆံလေးနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစ နိုင်မှာ ဖြစ်သလို ကိုယ်အမြဲမုန်းနေတဲ့ အလုပ်ကလည်း အေးဆေးသက်သာစွာအနားယူနိုင်မှာပါ။

ပိုက်ဆံကို ကိုယ့်အတွက် အလုပ်လုပ်ခိုင်းလိုက်ပါ။

Currency ဆိုတာလည်း သူ့မှာသတ္တိတစ်ခု ရှိပါတယ်။ ပျိုမေတို့ သူ့ကျွန်ဖြစ်သွားပြီဆိုရုန်းထွက်ဖို့ ခက်သလို သူ့သခင်ဖြစ်သွားပြီဆိုလည်း သင့်အတွက် ကောင်းကောင်းအလုပ်လုပ်ပေးပါလိမ့်မယ်။ အပေါ်မှာပြောထားတဲ့ ၁၀ ရာခိုင်နှုန်းကို စုပါဆိုတာကိုပဲ ဆက်ကောက်ရရင် သင့်မှာ ၁၀ ရာခိုင်နှုန်းစုထားတဲ့ ပိုက်ဆံရှိပြီဆိုတာနဲ့ ဒီပိုက်ဆံကို သင်ရင်းနှီးမြုပ်နှံလို့ရပါပြီ။ ဒီနေ့ခေတ်ကြီးမှာ ကိုယ့်ပိုက်ဆံကို ရင်းနှီးမြုပ်နှံလို့ရတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒီအချိန်မှာလည်း ပညာလိုသလို အတွေ့အကြုံလည်း လိုလာပါလိမ့်မယ်။ အရေးကြီးတာ တစ်ခုကတော့ ဝါရင်ဘတ်ဖတ်စကား ငှားပြောရရင် သင့်ရဲ့ ကြက်ဥတွေအကုန်လုံးကို ခြင်းတစ်ခြင်းထဲမှာပဲ စုပြုံမထည့်ထားမိပါစေနဲ့။

စီးပွားရေးလုပ်ငန်း တစ်ခုကို စတင်ပါ။

လစာရဲ့ ကျွန်မဖြစ်ချင်ရင်တော့ ရှင်းပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစလုပ်ရုံပေါ့။ ဒီနေ့ခေတ်ကြီးမှာ ကိုယ်ပိုင်လုပ်ငန်း စလုပ်ဖို့ ပိုလွယ်လာပြီ။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အရမ်းကြောက်နေစရာမလိုပါဘူး။ သင့်အနေနဲ့ အလုပ်တစ်ခုလုပ်နေရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စထားလို့ရပြီး ကိုယ်လုပ်ငန်းကနေ ကိုယ့်လစာလောက်ဝင်ငွေရနေပြီဆိုရင်တော့ ပျော်ပျော်ကြီး အလုပ်ထွက်သွားလို့ရပါပြီ။ မှတ်ထားဖို့ တစ်ခုကတော့ ဒါဟာ ညတွင်းချင်းဖြစ်မလာသလို လတွင်းချင်းလည်း မဖြစ်လာနိုင်ပါဘူး။ ကိုယ်ဘာဝါသနာပါလဲစဉ်းစားပါ။ ကိုယ်လူတွေကို ဘာတွေ ကူညီပေးနိုင်မလဲ။ အဲ့ဒီကနေ ကိုယ်ဘယ်လိုဝင်ငွေရနိုင်မလဲ။ ကိုယ်ဘာသာမေးရမယ့်မေးခွန်းတွေအများကြီးပါ။ ကိုယ့်ဝါသနာကို သိပြီဆိုတာနဲ့ စာအုပ်ရေးပြီး ရောင်းနိုင်သလို၊ အွန်လိုင်းကနေလည်း သင်တန်းပေးလို့ရပါတယ်။

ကိုယ်ရတဲ့ ဝင်ငွေအောက်က နေထိုင်မှု ပုံစံမှာပဲနေပါ။

ပျိုမေတို့ကတော့က ငါဝင်ငွေရဲ့ ၁၀ % ကိုဘယ်လိုစုရမလဲ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်နားက ဘယ်လိုသွားထောင်ရမလဲဆိုပြီး စဉ်းစားရင် စဉ်းစားမိနေမှာပေါ့။ ဒါကလည်း စဉ်းစားရမယ့်မေးခွန်းတစ်ခုပါပဲ။ ဒီအရာအားလုံးရဲ့အဓိက Point ကတော့ သင့်ပိုက်ဆံကိုဘယ်လိုသုံးသလဲ ဆိုတာက မြစ်ဖျားခံပါတယ်။ပျိုမေတို့လည်း ခုချိန်မှာ မလိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး ကိုယ့်ပိုက်ဆံကိုဖြုန်းနေမိမှာပါ။ သင်အရမ်းမုန်းတဲ့အလုပ်ကလည်း ထွက်ချင်နေပြီ၊ စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်ချင်နေပြီဆိုရင်တော့ ပထမဆုံးလုပ်သင့်တဲ့အရာက ကိုယ့်ဝင်ငွေအောက်မှာပဲနေထိုင်ဖို့ပါ။ မလိုအပ်တာတွေ မဝယ်ပါနဲ့။ ဖုန်းမော်ဒယ်အသစ်ထွက်လာတိုင်း ကိုင်ချင်စိတ်ကိုချိုးနှိမ်ထားပါ။ ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးက ဝယ်ထားရင် အချိန်တော်တော်ကြာအထိ အသုံးခံပါတယ်။ ပျိုမေတို့ ဒီနေ့မှာ အနစ်နာခံနေတာ ကာလရှည်ပန်းတိုင် အတွက်သွားနေတာဖြစ်ကြောင်း သတိရပါ။ နေရိပ်ကိုလိုချင်ရင် နေပူထဲကစောင့်ရပါတယ်။ ဒီနေ့မှာ သင့်ဝင်ငွေအောက်မှာပဲနေတာဟာ နောက်တစ်ချိန် ကိုယ့်ဝင်ငွေထက် ပိုသုံးလည်း ပြဿနာမရှိတော့တဲ့အချိန်ကို သွားနေတာ ဖြစ်ကြောင်းမှတ်ထားပါ။

လစာကို အခွင့်အလမ်းတစ်ခုအဖြစ်မြင်ပါ။

လစာရဲ့ကျွန်အဖြစ်ကနေလွတ်မြောက်ဖို့ဆိုရင် လစာအပေါ် ကိုယ့်ရဲ့ကြည့်မြင်ပုံပြောင်းဖို့လိုပါတယ်။ လစာထုတ်ခါနီးဆို ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာ ပျိုမေတို့ ခံစားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ လစာကရတဲ့ပိုက်ဆံနဲ့ကျွန်တော်တို့တွေ လိုချင်တာတွေဝယ်ကြတယ်။ သုံးကြတယ်။ လစာဆိုတဲ့ဟာကို ငါအရေးတကြီးလိုအပ်နေတဲ့အရာလိုမမြင်ပါနဲ့။ ဒီလစာဟာ ပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်နိုင်ဖို့အတွက် အသုံးဝင်တဲ့လက်နက်တစ်ခုလို့မြင်ပါ။ လစာကိုနိုင်နိုင်နင်းနင်းကိုင်တွယ်သွားနိုင်တာနဲ့ လစာရဲ့ ကျွန်အဖြစ်ကလွတ်မြောက်ပြီး လစာကိုနိုင်နင်းတဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးမှာ ပိုက်ဆံအပေါ်မြင်တဲ့အမြင်၊ ဘာသာရေးအပေါ် မြင်တဲ့အမြင်၊ လက်တွဲဖော်ကိုမြင်တဲ့ အမြင်တွေ ကွဲပြားစွာရှိကြပါတယ်။ ဘာသာရေးပေါ်မြင်တဲ့အမြင်၊ လက်တွဲဖော်အပေါ်မြင်တဲ့အမြင်တွေကွဲပြားရင် ဘာတွေဆက်ဖြစ်လဲဆိုတာ ကျွန်တော်သေချာမသိပေမဲ့ ပိုက်ဆံပေါ်မြင်တဲ့အမြင်ကွဲပြားသွားတဲ့အခါ ဆင်းရဲတဲ့လူ၊ ချမ်းသာတဲ့လူဆိုပြီးဖြစ်လာတယ်ဆိုတာတော့ သေချာသိပါတယ်။ ဒါကြောင့် ကိုယ်ပိုက်ဆံကို ဘယ်လိုမြင်လဲဆိုတာ ကိုယ်ကိုယ်ကို သုံးသပ်ပါ။ ပိုက်ဆံဟာ ကိုယ်ကိုတိုးတက်အောင်ပြုလုပ်ပေးနိုင်တဲ့ အရာလို့မြင်လိုက်တာနဲ့ သင်လည်း လစာရဲ့ ကျွန်အဖြစ်က လွတ်မြောက်မှာပါ။

စာတစ်ပုဒ်လုံးဖတ်ပြီးပြီဆိုရင် ဒီတစ်ပုဒ်ထဲမှာ ကိုယ်က ဘယ်အရာကို စလုပ်နေပြီလဲ၊ ဘယ်အခြေအနေမှာ ရောက်နေပြီလဲ။ ဘယ်လိုလုပ်ဖို့ အစီအစဉ်တွေရှိလဲ။ ဒါတွေက ပျိုမေတို့အတွေးတွေနဲ့ရော ကိုက်ညီရဲ့လားဆိုတာလေးလည်း ပြောပြသွားပါဦး..

Reference : Become the Lion , Rich Habits

ဖိုးသူတော် (www.phothutaw.com)
Credit: forhermyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top