(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

 သရုပ္ေဆာင္ပိုင္ေဇရဲထြန္းကေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို ႏွစ္ေပါင္းမ်ားစြာတိုင္ ရရွိပိုင္ဆိုင္ထားတဲ့ မင္းသားေခ်ာတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကိုနားထားေပမယ့္လဲ မင္းသမီးေလးလို ေခ်ာေမာလွပျပီး အိမ္ေထာင္ရွင္မေကာင္းပီသတဲ့ ဇနီးသည္နဲ႔အတူ ခ်စ္စရာေကာင္းတဲ့ သားသားမီးမီးေလးေတြနဲ႔ ေပ်ာ္ရႊင္သာယာတဲ့မိသားစုဘ၀ေလးကို တည္ေဆာက္ထားသူျဖစ္ပါတယ္။ ေပ်ာ္ရႊင္အားက်စရာေကာင္းတဲ့ မိသားစုေလးမို႔လဲ ပရိသတ္ေတြက သဲသဲလႈပ္ခ်စ္ေနၾကရတာျဖစ္ပါတယ္။


ပိုင္ေဇရဲထြန္းတစ္ေယာက္ သားအငယ္ဆံုးေလးကို နစ္နာေအာင္ေျပာဆိုလိုက္တဲ့သူကို ၆၆ (ဃ) နဲ႔အေရးယူတုိင္ၾကားသြားမယ္လုိ႔သိရပါတယ္။ မိန္းမျဖစ္သူရဲ႕လူမႈကြန္ယက္ေပၚကေန သားငယ္ေလးရဲ႕ဗီဒီယိုကို အေပ်ာ္သေဘာနဲ႔တင္လိုက္ရာမွ ကေလးကိုထိခိုက္နစ္နာေစမယ့္စကားကို ေျပာဆိုလိုက္တဲ့အတြက္ေၾကာင့္ ထိုသူကိုတရားစြဲဆုိဖို႔ျပင္ဆင္ေနတာျဖစ္တယ္လို႔သိရပါတယ္။ ထိုကိစၥနဲ႔ပတ္သက္ျပီး အင္တာဗ်ဴးတစ္ခုကေန ယခုလိုပဲေျပာၾကားထားပါတယ္။


“ျပီးခဲ့တဲ့ရက္ပိုင္း မွတ္မွတ္ရရေျပာရမယ္ဆို ညီေလးမင္းေသြးဆံုးသြားတဲ့ေန႔ျဖစ္မယ္။ အဲ့ေန႔မနက္ပိုင္းက လုပ္စရာရွိတာေတြလုပ္ျပီး ကေလးေတြကိုေက်ာင္းပို႔မယ့္အခ်ိန္မွာ အမ်ိဳးသမီးကမ်က္ႏွာသိပ္မေကာင္းျဖစ္ေနတယ္။ ေမးလိုက္ေတာ့ ေဖ့စ္ဘြတ္ေပၚကအေၾကာင္းကိုေျပာတယ္။ အဲ့ေရွ႕မတိုင္ခင္က ဘာမွမဟုတ္တဲ့ပို႔စ္ေလးတစ္ခုကို တင္လိုက္မိတယ္။ တင္လိုက္တဲ့အခါ ေတာ္ေတာ္မ်ားမ်ားရဲ႕စိတ္ထဲမွာ မႏွစ္ျမိဳ႕တာေတြကိုလဲ အစ္ကို႔ကိုေျပာၾကတယ္။

ေျပာေပမယ့္ အစ္ကိုခံႏုိင္ရည္ရွိတယ္။ ဒါကေတာ့ လူဆိုေတာ့ သူတို႔မၾကိဳက္ရင္ ေ၀ဖန္ႏိုင္ခြင့္ရွိတယ္။ အစ္ကို႔စိတ္ထဲမွာေတာ့ “ငါေရးတဲ့အဓိပၸာယ္ကို သူတို႔မသိၾကလို႔ပဲ”လို႔ သေဘာထားလိုက္တယ္။ တစ္ႏုိင္ငံလံုးဆဲလဲ ဘာမွမျဖစ္ဘူး။ ဒါေပမယ့္ သားေလးကအငယ္ဆံုးသားေလး၊ သူ႔ကိုေျပာတဲ့အခါက်ေတာ့ စိတ္ထဲမွာနဲနဲေဒါသျဖစ္သြားတယ္။ ေျပာတဲ့သူရဲ႕ေဖ့စ္ဘြတ္အေကာင့္ထဲ၀င္ၾကည့္လိုက္တဲ့အခါက်ေတာ့လဲ ဘာျဖစ္ခ်င္တာလဲေပါ့။ ဒီကေလးေလးကို သူဘာေျပာခ်င္တာလဲေပါ့ဆိုျပီး ကၽြန္ေတာ္ေရးတင္လိုက္တယ္။ ဒါေပမယ့္ ဖတ္ရင္းဖတ္ရင္းနဲ႔ ေဒါသထြက္လာတယ္။ ကၽြန္ေတာ္ကႏွလံုးေရာဂါအခံရွိေတာ့ လဲပါက်သြားတယ္။ တစ္ညလံုးအိပ္လို႔မရေတာ့ဘူး”


“ေျပာတဲ့ေကာင္ေလးကလဲ ပညာတတ္ေလးဗ်။ တကယ္သာ သူသင္ၾကားတဲ့ ဆရာ၀န္တစ္ေယာက္ရဲ႕ရင့္က်က္မႈ၊ သင္ၾကားထားတဲ့ ပညာဗဟုသုတေတြနဲ႔ဆို သူမေရးသင့္ဘူး။ ျပီးေတာ့ သူကၽြန္ေတာ့္အမ်ိဳးသမီးကို ေတာင္းပန္တယ္။ ကၽြန္ေတာ့္ကိုေတာ့ မေတာင္းပန္ဘူး။ အစ္ကိုကလဲ ဘယ္လိုအေနအထားနဲ႔မွ ခြင့္မလႊတ္ဘူး။ အႏုပညာနဲ႔မဆိုင္တဲ့ ကေလးတစ္ေယာက္ကိုေျပာတဲ့အတြက္ ခြင့္မလႊတ္ႏိုင္ဘူး။

ျဖစ္တဲ့ေန႔မွာပဲ ရဲစခန္းကို အခ်က္အလက္အစံုအလင္နဲ႔ အေၾကာင္းၾကားထားတယ္။ ခုခ်ိန္ထိေတာ့ဘာမွမထူးျခားေသးဘူး။ သူ႔ဘက္က စိတ္ေက်နပ္ေအာင္ မေတာင္းပန္ေသးတဲ့အတြက္ ေက်နပ္မႈေတာ့မရွိေသးဘူး။ ကၽြန္ေတာ္လုပ္လိုက္လို႔ သူ႔ပညာေရးနဲ႔ ဘ၀တစ္ခုခုထိခိုက္သြားမွာမ်ိဳးေတာ့ မလိုလားပါဘူး။ ဒါေပမယ့္လဲ ကၽြန္ေတာ့္သားသမီးအတြက္လဲ တစ္ခုခုေတာ့ျပန္လုပ္ေပးရလိမ့္မယ္” ဆိုကာ ေျပာၾကားထားတာပဲျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
 သရုပ်ဆောင်ပိုင်ဇေရဲထွန်းကတော့ ပရိသတ်တွေရဲ့အချစ်တွေကို နှစ်ပေါင်းများစွာတိုင် ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုနားထားပေမယ့်လဲ မင်းသမီးလေးလို ချောမောလှပပြီး အိမ်ထောင်ရှင်မကောင်းပီသတဲ့ ဇနီးသည်နဲ့အတူ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူဖြစ်ပါတယ်။ ပျော်ရွှင်အားကျစရာကောင်းတဲ့ မိသားစုလေးမို့လဲ ပရိသတ်တွေက သဲသဲလှုပ်ချစ်နေကြရတာဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းတစ်ယောက် သားအငယ်ဆုံးလေးကို နစ်နာအောင်ပြောဆိုလိုက်တဲ့သူကို ၆၆ (ဃ) နဲ့အရေးယူတိုင်ကြားသွားမယ်လို့သိရပါတယ်။ မိန်းမဖြစ်သူရဲ့လူမှုကွန်ယက်ပေါ်ကနေ သားငယ်လေးရဲ့ဗီဒီယိုကို အပျော်သဘောနဲ့တင်လိုက်ရာမှ ကလေးကိုထိခိုက်နစ်နာစေမယ့်စကားကို ပြောဆိုလိုက်တဲ့အတွက်ကြောင့် ထိုသူကိုတရားစွဲဆိုဖို့ပြင်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုကနေ ယခုလိုပဲပြောကြားထားပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်း မှတ်မှတ်ရရပြောရမယ်ဆို ညီလေးမင်းသွေးဆုံးသွားတဲ့နေ့ဖြစ်မယ်။ အဲ့နေ့မနက်ပိုင်းက လုပ်စရာရှိတာတွေလုပ်ပြီး ကလေးတွေကိုကျောင်းပို့မယ့်အချိန်မှာ အမျိုးသမီးကမျက်နှာသိပ်မကောင်းဖြစ်နေတယ်။ မေးလိုက်တော့ ဖေ့စ်ဘွတ်ပေါ်ကအကြောင်းကိုပြောတယ်။ အဲ့ရှေ့မတိုင်ခင်က ဘာမှမဟုတ်တဲ့ပို့စ်လေးတစ်ခုကို တင်လိုက်မိတယ်။ တင်လိုက်တဲ့အခါ တော်တော်များများရဲ့စိတ်ထဲမှာ မနှစ်မြို့တာတွေကိုလဲ အစ်ကို့ကိုပြောကြတယ်။

ပြောပေမယ့် အစ်ကိုခံနိုင်ရည်ရှိတယ်။ ဒါကတော့ လူဆိုတော့ သူတို့မကြိုက်ရင် ဝေဖန်နိုင်ခွင့်ရှိတယ်။ အစ်ကို့စိတ်ထဲမှာတော့ “ငါရေးတဲ့အဓိပ္ပာယ်ကို သူတို့မသိကြလို့ပဲ”လို့ သဘောထားလိုက်တယ်။ တစ်နိုင်ငံလုံးဆဲလဲ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သားလေးကအငယ်ဆုံးသားလေး၊ သူ့ကိုပြောတဲ့အခါကျတော့ စိတ်ထဲမှာနဲနဲဒေါသဖြစ်သွားတယ်။ ပြောတဲ့သူရဲ့ဖေ့စ်ဘွတ်အကောင့်ထဲဝင်ကြည့်လိုက်တဲ့အခါကျတော့လဲ ဘာဖြစ်ချင်တာလဲပေါ့။ ဒီကလေးလေးကို သူဘာပြောချင်တာလဲပေါ့ဆိုပြီး ကျွန်တော်ရေးတင်လိုက်တယ်။ ဒါပေမယ့် ဖတ်ရင်းဖတ်ရင်းနဲ့ ဒေါသထွက်လာတယ်။ ကျွန်တော်ကနှလုံးရောဂါအခံရှိတော့ လဲပါကျသွားတယ်။ တစ်ညလုံးအိပ်လို့မရတော့ဘူး”

“ပြောတဲ့ကောင်လေးကလဲ ပညာတတ်လေးဗျ။ တကယ်သာ သူသင်ကြားတဲ့ ဆရာဝန်တစ်ယောက်ရဲ့ရင့်ကျက်မှု၊ သင်ကြားထားတဲ့ ပညာဗဟုသုတတွေနဲ့ဆို သူမရေးသင့်ဘူး။ ပြီးတော့ သူကျွန်တော့်အမျိုးသမီးကို တောင်းပန်တယ်။ ကျွန်တော့်ကိုတော့ မတောင်းပန်ဘူး။ အစ်ကိုကလဲ ဘယ်လိုအနေအထားနဲ့မှ ခွင့်မလွှတ်ဘူး။ အနုပညာနဲ့မဆိုင်တဲ့ ကလေးတစ်ယောက်ကိုပြောတဲ့အတွက် ခွင့်မလွှတ်နိုင်ဘူး။

ဖြစ်တဲ့နေ့မှာပဲ ရဲစခန်းကို အချက်အလက်အစုံအလင်နဲ့ အကြောင်းကြားထားတယ်။ ခုချိန်ထိတော့ဘာမှမထူးခြားသေးဘူး။ သူ့ဘက်က စိတ်ကျေနပ်အောင် မတောင်းပန်သေးတဲ့အတွက် ကျေနပ်မှုတော့မရှိသေးဘူး။ ကျွန်တော်လုပ်လိုက်လို့ သူ့ပညာရေးနဲ့ ဘဝတစ်ခုခုထိခိုက်သွားမှာမျိုးတော့ မလိုလားပါဘူး။ ဒါပေမယ့်လဲ ကျွန်တော့်သားသမီးအတွက်လဲ တစ်ခုခုတော့ပြန်လုပ်ပေးရလိမ့်မယ်” ဆိုကာ ပြောကြားထားတာပဲဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit: popolay

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top