(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ၿမိဳင္ႀကီးငူဆရာေတာ္အား ဘန္ေကာက္တြင္ ေဆးကုသမႈခံယူေနစဥ္က ေတြ႕ရစဥ္ (ဓာတ္ပံု - ေဆာကဝါး)

ထိုင္းႏိုင္ငံဘန္ေကာက္ ၿမိဳ႕၌ ေဆးဝါးကုသမႈခံယူေန သည့္ ၿမိဳင္ႀကီးငူဆရာေတာ္သည္ ယမန္ေန႔ညတြင္ ပ်ံလြန္ေတာ္မူၿပီး ႐ုပ္ကလာပ္ကို ၿမိဳင္ႀကီးငူေဒသသို႔ ျပန္လည္ပင့္ေဆာင္လာမည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ (BGF) အပါအဝင္ တပည့္ဒကာမ်ားက ေျပာသည္။

သက္ေတာ္ (၇၀)၊ ၀ါေတာ္ (၅၀)ရွိ ဆရာေတာ္ဘဒၵႏၲသုဇန သည္ ေအာက္တိုဘာ ၁၃ ရက္ ည ၉ နာရီ ၁ မိနစ္တြင္ ဘန္ေကာက္ၿမိဳ႕  ဘန္ရြမ္ဂရက္ေဆး႐ံုႀကီး၌ အဆုတ္ေရာဂါျဖင့္ ပ်ံလြန္ေတာ္မူျခင္း ျဖစ္ေၾကာင္း ဆရာေတာ္အပါးတြင္ အနီးကပ္ျပဳစုေနသည့္ တပည့္ဒကာမ်ားက ေျပာသည္။

‘‘ေအာက္ဆီဂ်င္႐ွဴေနရတာ ရွစ္ႏွစ္ေက်ာ္တယ္ေလ။ ဓာတ္မွန္ ႐ိုက္တဲ့အခ်ိန္မွာ အဆုတ္က တစ္ ျခမ္းပဲရွိတယ္။ ရွိတဲ့တစ္ဖက္က လည္း ပလတ္စတစ္ကိုမီး႐ိႈ႕ထား သလို ျဖစ္ေနတယ္။ အဆုတ္မရွိ ေတာ့တာ။ အစားထိုးမယ့္အခ်ိန္ မွာ ခံႏိုင္အားလည္း မရွိေတာ့ဘူး ေလ’’  ဟု ၿမိဳင္ႀကီးငူေဒသတြင္ ဆရာေတာ္ကို က်န္းမာေရးျပဳစု ေပးသည့္ သူနာျပဳဆရာမႀကီး အေနာကေျပာသည္။

ဆရာေတာ္၏ ႐ုပ္ကလာပ္ကို ယေန႔ (ေအာက္တိုဘာ ၁၄) နံနက္၄ နာရီခန္႔တြင္ ျမ၀တီၿမိဳ႕သို႔ ျပန္လည္ပင့္ေဆာင္ကာ ၿမိဳင္ႀကီးငူေဒသတြင္အႏၲိမစ်ာပန က်င္းပမည္ျဖစ္ေၾကာင္း တပည့္ဒကာမ်ားက ေျပာသည္။

‘‘လမ္းခရီးတစ္ေလွ်ာက္ လံု ၿခံဳေရးအတြက္လည္း အသင့္ျပင္ ထားတယ္’’ ဟု ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ (BGF) အ မွတ္ (၃) တပ္နယ္ကြပ္ကဲေရးမွဴး ဗိုလ္မွဴး ခင္ေမာင္ဝင္းကေျပာ သည္။ ဆရာေတာ္ ႐ုပ္ကလာပ္ကို ပင့္ေဆာင္ရန္ ထုိင္း-ျမန္မာ နယ္စပ္ျမဝတီတံတားကို အဆင္သင့္ဖြင့္ထားရန္ ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္းခဲ့ေၾကာင္း တပည့္ဒကာမ်ားက ဆိုသည္။

‘‘ဟိုမွာ ဒကာေတြတခ်ိဳ႕ ေရာက္ေနၾကၿပီ။ ဗိုလ္ခ်စ္သူ (BGF) တို႔လည္း သြားေစာင့္ေန ၾကၿပီ။ တံတားကို အဆင္ေျပ ေအာင္ အဆင္သင့္လုပ္ထား တယ္’’ ဟု အေနာက ယမန္ေန႔ ည ၁၀ နာရီခန္႔တြင္ ေျပာသည္။

ယမန္ေန႔ညက ဘန္ရြမ္ဂ ရက္ေဆး႐ံုသို႔ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ံုးမွ စစ္သံမွဴးႏွင့္ တာ ဝန္ရွိသူအခ်ိဳ႕ သြားေရာက္၍ ကူ ညီေဆာင္ရြက္ခဲ့ေၾကာင္း သံ႐ံုး တာဝန္ရွိသူတစ္ဦးက ေျပာၾကား သည္။

ဆရာေတာ္သည္ ဘန္ ေကာက္ၿမိဳ႕တြင္ ေဆးဝါးကုသမႈခံ ယူေနသည္မွာ တစ္ႏွစ္ခန္႔ရွိၿပီ ျဖစ္ေၾကာင္း ဗိုလ္မွဴးခင္ေမာင္ဝင္း က ေျပာသည္။

ၿမိဳင္ႀကီးငူ ဆရာေတာ္၏ရုပ္ကလာပ္ကိုပို႔ေဆာင္ပူေဇာ္ရန္ျမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး၊ BGFႏွင္႔ ေဒသခံမ်ားပါဝင္ေသာ အစည္းအေဝးကုိ ျမဝတီၿမိဳ႕တြင္ ေအာက္တိုဘာ ၁၃ ရက္ ည ၁၀နာရီက ျပဳလုပ္ခဲ႔သည္။

ကရင္ျပည္နယ္ ၿမိဳင္ႀကီးငူ ေဒသ၌ သီတင္းသံုးသည့္ ၿမိဳင္ႀကီး ငူဆရာေတာ္သည္ ထင္ရွားသည့္ သံဃာေတာ္တစ္ပါးျဖစ္သည္။

ဆရာေတာ္ဦးသုဇနသည္ ၁၉၉၄ တြင္ ေကအင္န္ယူ- ကရင္အမ်ိဳးသား အစည္းအ႐ံုးမွ ခြဲထြက္ခဲ့သည့္ တိုးတက္ေသာ ဗုဒၶ ဘာသာကရင္အမ်ိဳးသား တပ္မ ေတာ္ (DKBA) ကို ဦးေဆာင္လမ္း ၫႊန္သူျဖစ္ေၾကာင္း ေဒသတြင္း KIC သတင္းဌာနက ယမန္ေန႔ည တြင္ ေဖာ္ျပခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
မြိုင်ကြီးငူဆရာတော်အား ဘန်ကောက်တွင် ဆေးကုသမှုခံယူနေစဉ်က တွေ့ရစဉ် (ဓာတ်ပုံ - ဆောကဝါး)

ထိုင်းနိုင်ငံဘန်ကောက် မြို့၌ ဆေးဝါးကုသမှုခံယူနေ သည့် မြိုင်ကြီးငူဆရာတော်သည် ယမန်နေ့ညတွင် ပျံလွန်တော်မူပြီး ရုပ်ကလာပ်ကို မြိုင်ကြီးငူဒေသသို့ ပြန်လည်ပင့်ဆောင်လာမည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အပါအဝင် တပည့်ဒကာများက ပြောသည်။

သက်တော် (၇၀)၊ ဝါတော် (၅၀)ရှိ ဆရာတော်ဘဒ္ဒန္တသုဇန သည် အောက်တိုဘာ ၁၃ ရက် ည ၉ နာရီ ၁ မိနစ်တွင် ဘန်ကောက်မြို့  ဘန်ရွမ်ဂရက်ဆေးရုံကြီး၌ အဆုတ်ရောဂါဖြင့် ပျံလွန်တော်မူခြင်း ဖြစ်ကြောင်း ဆရာတော်အပါးတွင် အနီးကပ်ပြုစုနေသည့် တပည့်ဒကာများက ပြောသည်။

‘‘အောက်ဆီဂျင်ရှူနေရတာ ရှစ်နှစ်ကျော်တယ်လေ။ ဓာတ်မှန် ရိုက်တဲ့အချိန်မှာ အဆုတ်က တစ် ခြမ်းပဲရှိတယ်။ ရှိတဲ့တစ်ဖက်က လည်း ပလတ်စတစ်ကိုမီးရှို့ထား သလို ဖြစ်နေတယ်။ အဆုတ်မရှိ တော့တာ။ အစားထိုးမယ့်အချိန် မှာ ခံနိုင်အားလည်း မရှိတော့ဘူး လေ’’  ဟု မြိုင်ကြီးငူဒေသတွင် ဆရာတော်ကို ကျန်းမာရေးပြုစု ပေးသည့် သူနာပြုဆရာမကြီး အနောကပြောသည်။

ဆရာတော်၏ ရုပ်ကလာပ်ကို ယနေ့ (အောက်တိုဘာ ၁၄) နံနက်၄ နာရီခန့်တွင် မြဝတီမြို့သို့ ပြန်လည်ပင့်ဆောင်ကာ မြိုင်ကြီးငူဒေသတွင်အန္တိမဈာပန ကျင်းပမည်ဖြစ်ကြောင်း တပည့်ဒကာများက ပြောသည်။

‘‘လမ်းခရီးတစ်လျှောက် လုံ ခြုံရေးအတွက်လည်း အသင့်ပြင် ထားတယ်’’ ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အ မှတ် (၃) တပ်နယ်ကွပ်ကဲရေးမှူး ဗိုလ်မှူး ခင်မောင်ဝင်းကပြော သည်။ ဆရာတော် ရုပ်ကလာပ်ကို ပင့်ဆောင်ရန် ထိုင်း-မြန်မာ နယ်စပ်မြဝတီတံတားကို အဆင်သင့်ဖွင့်ထားရန် ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ကြောင်း တပည့်ဒကာများက ဆိုသည်။

‘‘ဟိုမှာ ဒကာတွေတချို့ ရောက်နေကြပြီ။ ဗိုလ်ချစ်သူ (BGF) တို့လည်း သွားစောင့်နေ ကြပြီ။ တံတားကို အဆင်ပြေ အောင် အဆင်သင့်လုပ်ထား တယ်’’ ဟု အနောက ယမန်နေ့ ည ၁၀ နာရီခန့်တွင် ပြောသည်။

ယမန်နေ့ညက ဘန်ရွမ်ဂ ရက်ဆေးရုံသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စစ်သံမှူးနှင့် တာ ဝန်ရှိသူအချို့ သွားရောက်၍ ကူ ညီဆောင်ရွက်ခဲ့ကြောင်း သံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဆရာတော်သည် ဘန် ကောက်မြို့တွင် ဆေးဝါးကုသမှုခံ ယူနေသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း ဗိုလ်မှူးခင်မောင်ဝင်း က ပြောသည်။

မြိုင်ကြီးငူ ဆရာတော်၏ရုပ်ကလာပ်ကိုပို့ဆောင်ပူဇော်ရန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး၊ BGFနှင့် ဒေသခံများပါဝင်သော အစည်းအဝေးကို မြဝတီမြို့တွင် အောက်တိုဘာ ၁၃ ရက် ည ၁၀နာရီက ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသ၌ သီတင်းသုံးသည့် မြိုင်ကြီး ငူဆရာတော်သည် ထင်ရှားသည့် သံဃာတော်တစ်ပါးဖြစ်သည်။

ဆရာတော်ဦးသုဇနသည် ၁၉၉၄ တွင် ကေအင်န်ယူ- ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ခဲ့သည့် တိုးတက်သော ဗုဒ္ဓ ဘာသာကရင်အမျိုးသား တပ်မ တော် (DKBA) ကို ဦးဆောင်လမ်း ညွှန်သူဖြစ်ကြောင်း ဒေသတွင်း KIC သတင်းဌာနက ယမန်နေ့ည တွင် ဖော်ပြခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:http://www.7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top