ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 လူစည္စည္ အသံဆူဆူ ေပ်ာ္ပဲြရႊင္ပဲြေတြသြားဖို႔ထက္
လူရွင္းရွင္း နားေအးေအးေနရာမွာ
သက္ေတာင့္သက္သာေလး ပိုေနခ်င္လာတယ္..

အေပၚယံမိတ္ေဆြ မ်ားမ်ားစားစားရွိဖို႔ထက္
ရင္ဖြင့္ေဖာ္သူငယ္ခ်င္း တစ္ေယာက္
တစ္ေလေလာက္ရွိေနရင္ပဲ
လုံေလာက္လာတယ္..

'ဘာမျဖစ္လို႔ ေသေလာက္ေအာင္စိတ္ညစ္တယ္'
ဆိုတာေတြလည္း နည္းလာၿပီး
ျဖစ္လာသမ်ွကို အရင္ကထက္ ပိုလက္ခံႏိုင္လာတယ္..

'ဘာရလို႔ ပိုေပ်ာ္တယ္' ဆိုတာလည္း
မရွိသေလာက္ ရွားသြားၿပီး
ရွိလာတဲ့အေပ်ာ္ေတြ ျပန္ေပ်ာက္သြားရင္လည္း
အလိုက္သင့္ေလး ေနတတ္လာတယ္..

ေငြတန္ဖိုးကို ပိုသိလာတယ္..
မိဘေဆြမ်ိဳးအသိုင္းအဝိုင္းရဲ႕တန္ဖိုးကို ပိုျမင္တတ္လာတယ္..

ကိုယ့္အေပၚ မေကာင္းတဲ့သူေတြကို သည္းခံႏိုင္လာၿပီး
ကိုယ့္အေပၚေကာင္းတဲ့သူေတြကို
ပိုခ်စ္တတ္လာတယ္..

အလွအပထက္ က်န္းမာေရးကို ဂရုစိုက္တတ္လာၿပီး
ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုလည္း
ဦးစားေပးတတ္လာတယ္..

ႀကီးရင့္ျခင္းဆိုတာ ႏုပ်ိဳလန္းဆန္းျခင္းရဲ႕
အဆုံးသတ္ျဖစ္ေပမယ့္
တည္ၿငိမ္ရင့္က်က္ျခင္းရဲ႕အစျဖစ္ေၾကာင္းကိုလည္း
ေျပာင္းလဲစျပဳလာတဲ့
ကိုယ့္စိတ္ေနသေဘာထားေတြဆီကေန တစ္ဆင့္
သတိထား လက္ခံတတ္လာတယ္...။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Ashin Vicitta
# Unicode Version ျဖင့္ ဖတ္ပါ #
 လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက်
လူရှင်းရှင်း နားအေးအေးနေရာမှာ
သက်တောင့်သက်သာလေး ပိုနေချင်လာတယ်..

အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက်
ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်
တစ်လေလောက်ရှိနေရင်ပဲ
လုံလောက်လာတယ်..

'ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်'
ဆိုတာတွေလည်း နည်းလာပြီး
ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်..

'ဘာရလို့ ပိုပျော်တယ်' ဆိုတာလည်း
မရှိသလောက် ရှားသွားပြီး
ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း
အလိုက်သင့်လေး နေတတ်လာတယ်..

ငွေတန်ဖိုးကို ပိုသိလာတယ်..
မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်..

ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး
ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို
ပိုချစ်တတ်လာတယ်..

အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလည်း
ဦးစားပေးတတ်လာတယ်..

ကြီးရင့်ခြင်းဆိုတာ နုပျိုလန်းဆန်းခြင်းရဲ့
အဆုံးသတ်ဖြစ်ပေမယ့်
တည်ငြိမ်ရင့်ကျက်ခြင်းရဲ့အစဖြစ်ကြောင်းကိုလည်း
ပြောင်းလဲစပြုလာတဲ့
ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်
သတိထား လက်ခံတတ်လာတယ်...။


ဖိုးသူတော် (www.phothutaw.com)
Credit:Ashin Vicitta

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top