iMyanmarHouse.com - Best Property Website for Myanmar
×

ဗုဒၶံသရဏံ ဂစာၦမိ ( ၁)
ဗုဒၶျမတ္စြာဘုရားကို မ်က္မွန္တပ္ေပးထားတဲ႔အယူလြဲ logic…

မဟာသကၠရာဇ္ ၂၅၀မွာ သေရေခတၱရာမင္းဆက္ ဒြတၲေဘာင္မင္းႀကီးနဲ႔ ပိႆႏိုးမိဘုရား စႏၵာေဒဝီမိဘုရားတို႔ တည္ထားခဲ႔တယ္။ ပိႆႏိုးမိဘုရားရဲ႕ အိပ္မက္အရတည္ထားခဲ႔တာဆိုပဲ။ဒြတၱေဘာင္မင္း မ်က္လံုးကန္းေတာ့ အဲ႔ဒီဘုရားႀကီးကို မွန္တစ္ခ်ပ္ပူေဇာ္တယ္ ။ ျပန္ေကာင္းတယ္လို႔ ပါးစပ္ရာဇဝင္ၾကားဖူးတယ္။ ( ေရႊမ်က္မွန္ဘုရားမွာ ဒြတၳေဘာင္ေက်ာက္စာမရွိလို႔ ပါးစပ္ရာဇဝင္လို႔သံုးလိုက္တာ )အဲ႔ေခတ္က မ်က္မွန္မရွိႏိုင္ေလာက္ဖူး ။ ရိုးရိုးမွန္ေနမွာပါ။ေခတ္ေတြအလီလီေျပာင္းၿပီး ၂၁ရာစုအေရာက္မွာေရႊအေလးခ်ိန္ ၃၉ က်ပ္သားရွိတဲ႔ မ်က္မွန္ေတာ္ႀကီး ဆက္ကပ္ပူေဇာ္ခဲ႔ၾကတာေပါ့။( ဘုရားသမိုင္းေရးတာမဟုတ္လို႔ သမိုင္းအျပည့္အစံုမေရးတာပါသမိုင္းအျပည့္အစံုသိခ်င္သူမ်ား သမိုင္းNoteခ်ေပးပါမယ္ )

ဟုတ္ၿပီ…အဓိကေျပာခ်င္တာ ေရွးလက္ရာကိုမဟုတ္ပါဘူး။ အခု ၂၁ရာစု အခ်ိဳ႕ဗုဒၶဘာသာဝင္ေတြရဲ႕ ဘာသာေရးlogicအလြဲကို ေျပာခ်င္တယ္။ က်ေနာ္တို႔ သံုးေလာကထြဋ္ထားျမတ္ဘုရားဟာ ေလးသေခ်ၤနဲ႔ကမာၻတစ္သိန္းျဖည့္ခဲ႔တဲ႔ပါရမီေၾကာင့္ သေဗၺညဳတဥာဏ္ရၿပီးသားပါ။ ၃၁ဘံုသာမက စၾကာဝဠာတိုက္တစ္ေသာင္းအထိ လွမ္းေမွ်ာ္ၾကည့္ႏိုင္တဲ႔ ဘုရားပါ။ဒီလို သေဗၺညဳတဥာဏ္ရွင္ကို ဘာမဟုတ္တဲ႔စာၾကည့္မ်က္မွန္တပ္ေပးတယ္ဆိုတာ
ဘုရားရဲ႕ ရွိရင္းစြဲပါဝါကို ေလ်ာ့က်ေစတယ္ ။ ေလးသေခ်ၤနဲ႔ကမာၻတစ္သိန္းျဖည့္ခဲ႔တဲ႔ပါရမီကို မယံုၾကည္ရာေရာက္တယ္။ေျပာၾကေသးတယ္“မ်က္မွန္ခြ်တ္တာနဲ႔ ေလႀကီးမိုးႀကီးက်တာပဲ ” တဲ႔။သူတို႔ေျပာမွ ဗုဒၶဘုရားနဲ႔ ဘုရားေစာင့္နတ္ေတြက သူတို႔အလိုမလိုက္ရင္ လူေတြကိုဒုကၡေပးေနသလိုလိုဒါဟာ ဘာသာေရးကိုသိကၡာခ်တာပဲ။ဒါလည္း ပိဋကဒ္သံုးပံုထဲက(ဝိနည္း/သုတၱန္/အဘိဓမၼာ)မွာ ကံႀကီးထိုက္တာပဲ မဟုတ္လား ။

ဗုဒၶံသရဏံ ဂစာၦမိ ( ၂ )

အေႂကြးေက်ဘုရားဆိုတဲ႔နာမည္လြဲ logic…

အဓိကေမးခ်င္တာ ဘယ္လိုအေႂကြးမ်ားေက်သလဲေလာကီေႂကြးလား ေလာကုတၲရာေႂကြးလားေလာကီေႂကြးဆိုတာ ၁လံုး/၂လံုး/၃လံုး/KTV/မာဆတ္/ေနာက္မီးလင္း/လူအထင္ႀကီးေအာင္အေႂကြးနဲ႔ ေခတ္ေပၚပစၥည္္းေတြဝယ္ တဲ႔အေႂကြးကို ဆိုလိုတယ္။ဒီအေႂကြးဆိုရင္ေတာ့ ဘုရားကိုနားပူနားဆာမလုပ္ပါနဲ႔ဘုရားဟာ သံသရာဝဋ္ဆင္းရဲက လမ္းျပသူပါ။အတိတ္ေပး နိမိတ္ေပး ယၾတာေခ်တဲ႔ ဘိုးေတာ္မဟုတ္ပါဘူး။ဘုရားက ငါဘုရားကိုရွိခိုးရင္ မင္းတို႔ဘာေတြရမယ္လို႔ ဘယ္တရားထဲမွ ထည့္မေဟာဘူး။ဘုရားကို ေတမိအေလာင္းလ်ာဘဝ ျပန္ေရာက္ေအာင္ မလုပ္ၾကပါနဲ႔ ။‘ အေႂကြးတင္ ရွင္ဘုရင္ဆပ္ ‘ စကားပံုအတိုင္းပဲအေႂကြးေက် သမၼတ / အေႂကြးေက် အစိုးရ လို႔ ရွိခိုးခ်င္ရွိခိုးပါသံုးေလာကထြဋ္ထားျမတ္ဘုရားဟာ ကယ္တင္ရွင္မဟုတ္ဖူးကိုယ္တိုင္လြတ္ေျမာက္ေၾကာင္းကိုက်င့္ဖို႔ တရားဖရိန္ခ်ေပးသူပါ။ဒါကို ဘုရားကိုယ္တိုင္အတ္လင္း ေဟာထားၿပီးသား။ေလာကုတၲရာေႂကြးလား။သံသရာမွာက်င္လည္သမွ် အတိတ္ဘဝဝဋ္ေႂကြးေတြ ေျပေစတဲ႔ဘုရားလို႔ ညႊန္းဆိုခ်င္တာလား။
ဒါဆို ပိုၿပီး မျဖစ္ႏိုင္ပါဘူး…ဗုဒၶျမတ္စြာဘုရားကိုယ္ေတာ္တိုင္ ဘုရားျဖစ္တဲ႔ဘဝမွာေတာင္ေနာက္ဆံုးလက္က်န္ဝဋ္ေႂကြးဆပ္ရင္း ပရိနိဗၺာန္စံသြားတာပါ။ေဆးဆရာဘဝမွာျပဳဖူးတဲ႔အမွား( ေဆးဖိုးမေပးသူကို ဝမ္းႏႈတ္ေဆးတိုက္ခဲ႔တဲ႔ဝဋ္ ) ကို ေပးဆပ္ရင္း ပရိနိဗၺာန္စံခဲ႔တယ္။အရိယာျဖစ္ရင္ကို ဝဋ္ေႂကြးကုန္ၿပီဆိုၿပီး ျငင္းၾကတယ္။ ပါရမီပါလို႔က်င့္တာ ပါရမီကသက္သက္ ဝဋ္ေႂကြးကသက္သက္ပဲ။ အရိယာလည္း ဝဋ္ေႂကြးရွိရင္ ဆပ္ရမွာပဲ။ပေစၥကလည္း ဝဋ္ေႂကြးရွိရင္ ဆပ္ရမွာပဲ။ပုထုဇဥ္ေတြအေနနဲ႔ ပိုေတာင္ဆပ္ရဦးမယ္ေလ ။

ပိုဆိုးတာကပံုပါ အေႂကြးေက်ဘုရားကို ေလာကီေႂကြးေတြ ေက်ခိုင္းတဲ႔သူမ်ားတယ္။ ဒါလည္း ပိဋကဒ္သံုးပံု(ဝိနည္း/သုတၱန္/အဘိဓမၼာ)မွာကိုးကြယ္မႈ အမွားပဲ မဟုတ္လား ။ ။

ဗုဒၶံသရဏံ ဂစာၦမိ ( ၃ )
အမေတာ္ ‘သုစိတ’ ေမာင္ေတာ္’နႏၵ’ အပိုင္စားရတဲ႔မင္းဘူးက နဂါးပြက္အိုင္

တကယ္ေတာ့ ေဂါကေတြေရာ အဲ႔ဒီလာတဲ႔နဂါးဖူးေတြပါ ပထဝီသင္ခဲ႔ၾကမွာပါ ။ ၅တန္း ၆တန္းေလာက္ဆို မီးေတာင္အေၾကာင္း စာသင္ေနရၿပီ။ ရႊံ႕မီးေတာင္ / မီးေတာင္ေသ / မီးေတာင္ၿငိမ္း သင္ဖူးၾကမွာပါ။ အခုလို ရႊံ႕မီးေတာင္အေပါက္ဝထဲ ႏြားႏို႔နဲ႔ၾကက္ဥေတြ ပစ္ထည့္ၾကတယ္။ အေမႊးတိုင္ေပါင္း ေသာင္းခ်ီပူေဇာ္ၾကတယ္။ အဲ႔ဒီီႏြားႏို႔နဲ႔ၾကက္ဥေတြကိုသာ မိဘမဲ႔ေဂဟာက ကေလးေတြကို တိုက္ေႂကြးမယ္ဆို ေတာ္ရံုေဂဟာတစ္ခုေတာ့ ေန႔စဥ္အာဟာရ မပူရေတာ့ဘူး။ သူတစ္ပါးယံုၾကည္မႈကို ကဲ႔ရဲ႕တာမဟုတ္ပါဘူး။ဆံုးရံႈးသြားတဲ႔ အလွဴေငြကို လိုအပ္တဲ႔ေနရာေရာက္ေစခ်င္တာပါ။ေနာက္တစ္ခ်က္က ဒါဟာ ဘူမိေဗဒပညာရွင္ေတြအတြက္ အဖိုးမျဖတ္ႏိုင္တဲ႕ ေလ့လာေရးစခန္းျဖစ္ႏိုင္တယ္။အဲ႔ဒီမီးေတာင္ကို စနစ္တက်ေလ့လာရင္ ဘယ္လိုအဖိုးတန္ဓါတ္ေငြ႕ေတြထြက္ႏိုင္မလဲဘယ္လိုအက်ိဳးေက်းဇူး ရွိမလဲ သိခြင့္ရလာမယ္သူတို႔ကိုေစာ္ကားျခင္းထက္ က်ေနာ္ကေတာ့ ႏွေမ်ာတယ္။ခ်ီလီနဲ႔အာဂ်င္တီးနားက မီးေတာင္ေသေတြ/ရႊံ႕မီးေတာင္ေတြ / မီးေတာင္ရွင္ေတြသာ ျမန္မာျပည္ေရာက္ခဲ႔ရင္၉ေထာင္ေလာက္ ေစတီတည္ၿပီး နတ္နဂါးပံုျပင္တစ္ခုခုနဲ႔ဇာတ္သြင္းဖင္ဘူးေထာင္ ဦးခ်ဦးမယ္ထင္တယ္ ။ ႏြားႏို႔နဲ႔ၾကက္ဥေတြပစ္ထည့္ဦးမယ္ထင္တယ္ ။( ပုပၸါးက မယ္ဝဏၰဆိုသထံုကေန နန္းမႈေရးာစိတ္ကုန္လို႔ တရားအားထုတ္ဖို႔လာတဲ႔သထံုဘုရင္မႏူဟာရဲ႕ ညီမ လူစစ္စစ္ပါသူတို႔နဲ႔ေတြ႕မွ ပန္းစားဘီလူးမဆိုပီး အစြယ္ေပါက္ရရွာတယ္)

ဗုဒၶံသရဏံ ဂစာၦမိ ( ၄ )
အပါယ္ေလးဘံုစာရင္းဝင္ တိရိစာၦန္ကို ကန္ေတာ့ေနရတဲ႔အယူလြဲ logic…

ျမန္မာျပည္အႏွံ႔အျပားမွာ ေႁမြရွင္ဘုရားဘယ္ႏွစ္ဆူရွိလည္းေတာ့မသိဘူးက်ေနာ္ေရာက္ဖူးတဲ႔ ဘုရားေတြက ပလိပ္/သံုးေတာင္/စစ္ကိုင္းမွာရွိတဲ႔ ေႁမြဘုရားသံုးဆူေရာက္ဖူးတယ္။ ေႁမြဆိုတာ အပာယ္ေလးဘံုစာရင္းဝင္ တိရိစာၦန္ပဲ။ နိမ့္က်တဲ႔တိရိစာၦန္ကို ျမင့္ျမတ္တဲ႔ဗုဒၶဆင္းတုနဲ႔တြဲၿပီး ပူေဇာ္ေနရတဲ႔ က်ေနာ္တို႔ျမန္မာေတြ။ နတ္ေႁမြ/အိပ္မက္ စတဲ႔ပါးစပ္ရာဇဝင္နဲ႔ ၿဖဲေျခာက္ၿပီး ဗုဒၶဘာသာဝင္ေတြက နိမ့္က်တဲ႔တိရိစာၦန္ကို ဖင္ဘူးေထာင္ကန္ေတာ့ေနရတယ္ ။ အမယ္…အဲ႔ဒီေႁမြစာအတြက္ လစဥ္အလွဴရွင္ဆို အလုအယက္ဗ်။စပါးက်ီ/စပါးအံု ေႁမြဆိုတာမ်ိဳးက အစာဝရင္ၿငိမ္သက္ေနတာေလ။ သူတို႔မွာ အစာခ်က္ဖို႔လံုေလာက္တဲ႔အစာအိမ္အက္ဆစ္မရွိဘူး ။
ဘိန္းေႂကြးလို႔ ဘိန္းမူးေနတဲ႔ေႁမြဟာ လူကိုဘယ္အႏၲရာယ္ျပဳပါ့မလဲ။
ေဂါပကေတြကေျပာေသးတယ္ ( သူေတာ္စင္ေႁမြ )တဲ႔ ။ဟုတ္ၿပီ… သူေတာ္စင္ေႁမြဆိုရင္ သက္သက္လြတ္ေကြ်းၾကည့္ပါ။ တစ္ပတ္တစ္ခါ ဥပုဒ္ေစာင့္ခိုင္းပါ။၁လေလာက္အစာမေႂကြးပဲထားၿပီး ေဂါပကကိုယ္တိုင္ ေႁမြေလွာင္အိမ္ထဲ ဝင္ထိုင္ေနပါ ။က်ေနာ္မယံုၾကည္လို႔ အျပစ္တင္ျခင္းမဟုတ္ပါဘူးလြဲေနတဲ႔ ဘာသာေရးအသိကို တည့္မတ္ေစခ်င္တာပါ။တကယ္လိုအပ္ေနတဲ႔ ဘာသာေရးသာသနိကအေဆာက္အံုေတြအမ်ားႀကီးပါ။ ေႁမြဆိုတဲ႔ နိမ့္က်တဲ႔တိရိစာၦန္ကိုကန္ေတာ့မယ့္အစားေရႊစည္းခံု/မိထီၳလာကန္/တန္႔ၾကည္ေတာင္ သမိုင္းေတြထဲပါတဲ႔လူေကာင္းေတြကိုကူညီတတ္တဲ႔ ဘီလူး/သဘက္ကန္ေတာ့တာမွ ေတာ္ေသး။ေႁမြအေကာင္ႀကီးလို႔ ကန္ေတာ့မယ္ဆိုေတာင္အေမရိကဖက္က အေမဇုန္ျမစ္က အန္နာကြန္နာေႁမြႀကီးေတြကို You Tubeမွာ ရွာၾကည့္။ ( ျမန္မာျပည္မွာသာ အန္နာကြန္နာေႁမြႀကီးေတြ ေတြ႕ခဲ႔ရင္ျမန္မာလူမ်ိဳးေတြ ထြက္မေျပးပဲ ထိုင္ကန္ေတာ့ၾကမယ္ထင္တယ္ )

ေနာက္တစ္ခ်က္…( ဒီအပိုဒ္က အျငင္းပြားဖြယ္ရာရွိမယ္ )ျမန္မာျပည္အႏွံ႔အျပားမွာ ဘုရားကိုနဂါးမိုးထားတဲ႔ နဂါးရံုဘုရားအမ်ားႀကီးပဲ ။

ဘုရားကို နဂါးမိုးတဲ႔ဇာတ္လမ္းက ဘယ္ကစသလဲ…ဇာတ္လမ္းကေတာ့ ဘုရားရွင္လက္ထက္က စတာပဲ…ဆင္းထုေတာ္ေတြထဲ ( က်ေနာ္ျမင္ဖူးသမွ်)ေအဒီ ၁၁ရာစုမွ စတင္တယ္…သေဘာကေတာ့ ဘုရားရွင္ပြင့္ၿပီး ႏွစ္ ၁၆၀၀ေလာက္ၾကာမွ ဒီရုပ္ထုဇာတ္လမ္းက စတင္လာသလား ။တစ္ခုႀကိဳေျပာရရင္ က်ေနာ္ဟာသမိုင္းပညာရွင္မဟုတ္တဲ႔အတြက္ က်ေနာ္ေရာက္ဖူးတဲ႔နဂါးရံုဘုရားထဲ အေစာဆံုးဘုရားလို႔သံုးတာပါ။က်န္စစ္သားရဲ႕ဇာတ္လမ္းထဲ ခရစ္ႏွစ္ ၁၀၈၄ခုႏွစ္ ရာဇဝင္တစ္ခုမွာက်န္စစ္သားကို အေနာ္ရထာက အရိႏၵမာလွံနဲ႔ပစ္ၿပီးသတ္တဲ့အခါက်န္စစ္သားထြက္ေျပးတယ္။အဲ႔ဒီမွာ မုဆုိးႀကီးငဆင့္က က်န္စစ္သားကိုကူညီၿပီးဖြက္ထားေပးတဲ့႐ြာ( ငဆင့္ကူညီလို႔ ငဆင့္ကူရြာလို႔ေခၚၿပီးအခုေခတ္စကားသံေျပာင္းလဲမႈေၾကာင့္ ငဆင့္ကူကေန စဥ့္ကူဟုေျပာင္းလဲ) မွာက်န္စစ္သားအိပ္တဲ့အခါ နဂါးတစ္ေကာင္က ရံုၿပီးမိုးေပးထားတယ္ဆိုပဲ။ အဲ႔ဒီေနရာမွာ က်န္စစ္သားက အရိႏၵမာလွံနဲ႔ ေရွာက္သီးကိုခြဲစားတဲ့အခါခ်ိဳၿပီး ေရွာက္ခ်ိဳသီးျဖစ္သြားတဲ့ေနရာေပါ့ဗ်ာမထီးတူမ သမၺဴလနဲ႔ ပထမဆံုးေတြ႕တဲ့ေနရာေပါ့ ။သူဘုရင္ျဖစ္တဲ႔အခါ အဲ႔ဒီေနရာမွာ နဂါးရံုဘုရားတည္တယ္။သူ႕ကိုနဂါးမိုးတာကိုအစြဲျပဳၿပီး ဘုရားဆင္းထုကိုပါနဂါးမိုးေစခဲ႔တယ္။ျမန္မာျပည္မွာက်ေနာ္ေရာက္ဖူးတဲ႔နဂါးရံုဘုရားေတြထဲအဲ႔တာ အေစာဆံုးနဂါးပဲ။ ဘုရားလက္ထက္က စတဲ႔ဇာတ္လမ္းကို အျငင္းပြားေနတာမဟုတ္ဖူး။
က်ေနာ္ျမင္ဖူးတဲ႔နဂါးရံုဘုရားထဲ မွတ္တမ္းအေစာဆံုးဘုရားကိုေျပာခ်င္တာ ။

ေတာင္သမန္အေနာက္ျခမ္းက နဂါးရံုဘုရားဆိုရင္ က်ေနာ္ျမင္ဖူးသမွ်ထဲ အႀကီးဆံုးပဲ ။
အဲ႔ဒီမွာ ဗုဒၶဘာသာဝင္တစ္ေယာက္အေနနဲ႔ ဘာကိုသတိထားမိလည္းဆိုေတာ့ ျမန္မာအခ်ိဳ႕ဟာ ဘာသာတရားထက္ အေၾကာက္တရားပိုေနၾကတယ္။ၾကည္ညိဳဖြယ္အဆင္းနဲ႔ဗုဒၶထက္ အေနာက္ကမိုးထားတဲ႔နဂါးရဲ႕ ခမ္းနားမႈကို ရင္သပ္အံ႔ၾသၾကတယ္ ။ ဗုဒၶကိုျမင္တဲ႔အခါ ေအးခ်မ္းသြားရမယ့္အစား အေနာက္ကေႁမြနဂါးရဲ႕ သဏၰာန္ေၾကာင့္ တုန္လႈပ္တယ္/ေၾကာက္စိတ္ဝင္တယ္။( ေဝါၿမိဳ႕က နဂါးရံုဘုရားဆို ဘုရားကစၾကာဝေတးမင္းအဆင္တန္ဆာနဲ႔
အေနာက္ကနဂါးဟာ လက္ခ်္မီးဒီဇိုင္းနဲ႔ )( မႏၱေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ရန္ကင္းေတာင္ေျခမွာရွိတဲ႔အတုလမဟာျမေက်ာက္ေစတီပုရဝုဏ္ထဲက နဂါးရံုဘုရားဆိုရင္ေၾကာက္စရာအေၾကးကြက္ေတြနဲ႔ လူကိုစားေတာ့မတတ္ )နဂါးရံုဘုရားအမ်ားစုက ဘုရားကိုျဖစ္သလိုထုပီး နဂါးကိုစနစ္တက်ထုလုပ္ထားၾကတာမ်ားတယ္။ဘုရားေသးေသး နဂါးႀကီးႀကီး ဘာသာတရားကိုအေၾကာက္တရားက အုပ္မိုးထားသလိုမ်ိဳးအဲ႔ဒီဆင္းထုေတြမွာ ၾကက္ဥနဲ႔ႏြားႏို႕ပူေဇာ္ၾကတယ္။ဘုရားက သူ႕သားရဟန္းေတြကိုေတာင္ လူေတြအေၾကာက္တရားနဲ႔ကိုးကြယ္မွာမလိုခ်င္လို႔ တန္ခိုးမျပခိုင္းဘူး ။လူေတြလုပ္မွ အေၾကာက္တရားကို ဘာသာတရားထဲဇြတ္သြင္းေနသလိုပဲ ။
က်ေနာ္ကေတာ့ အဟိတ္တိရိစာၦန္လည္း မကန္ေတာ့ႏိုင္သလိုဗုဒၶဆင္းထုျမင္တာနဲ႔ အေၾကာက္တရားျဖစ္ေစတဲ႔ နဂါးရံုေတြကို ေၾကာက္တယ္။ဘုရားလက္ထက္က နဂါးဟာ သာသနာျပဳနဂါးအခုလူေတြထုဆစ္ေနတဲ႔နဂါး(ပံုေတြၾကည့္ပါ)ျမင္တာနဲ႔လူကို ဝါးစားမတတ္ Overျဖစ္ေအာင္ထုလုပ္ထားၾကတာ။ ၾကည္ညိဳသဒၵါတရားထက္ အေၾကာက္တရားပိုျဖစ္ေစတယ္။ေအးခ်မ္းခ်င္လို႔ ဘုရားသြားတာ ေအးေအးခ်မ္းခ်မ္းပဲ ရွိခိုးခ်င္တယ္။( ပံုေတြကိုေသခ်ာၾကည့္ပါ ပံုထဲကေႁမြနဂါးဟာ အေၾကာက္တရားလားသဒၵါတရားလား ေသခ်ာေတြးပါ )

( ျမန္မာျပည္မွာသာ အန္နာကြန္နာေႁမြႀကီးေတြ ေတြ႕ခဲ႔ရင္ျမန္မာလူမ်ိဳးေတြ ထြက္မေျပးပဲ ထိုင္ကန္ေတာ့ၾကမယ္ထင္တယ္ )

__________________ _________
ဗုဒၶံသရဏံ ဂစာၦမိ
ဓမၼံသရဏံ ဂစာၦမိ
သံဃံရဏံ ဂစာၦမိ
( ဗုဒၶျမတ္စြာဘုရားကို ေဝဖန္ျခင္းမဟုတ္ၾကားထဲက ဘုရားကိုလိုရာယူေနသူေတြကို ေဝဖန္ျခင္းပါဘုရားရွင္ဟာ သူ႕ကိုေဝဖန္ရင္လည္း ခြင့္လႊတ္တယ္ခြင့္လႊတ္လို႔ ေအာင္ျခင္းရွစ္ပါးဆိုတာ ျဖစ္လာတာခြင့္မလႊတ္ရင္ ေအာင္ျခင္းရွစ္ပါးထဲက လူဆိုးေတြအကြ်တ္တရားမရပဲ ေသျခင္းရွစ္ပါးနဲ႔ေတြ႕သြားမွာေပါ့ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit-ဆန္းေက်ာ္စြာဝင္း(1991-2016)

#Unicode Version#

မိုးအေးအေးနဲ့ ငရဲကို အလည်ထပ်သွားမယ်…ဒါဟာ ကံကြီးထိုက်မယ်ဆိုရင်တောင်ဘာသာတရားမှာရှိတဲ့ အကြောက်တရားကိုဖယ်ထုတ်ချင်တဲ့စေတနာသက်သက်ပဲ ။

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ( ၁)
ဗုဒ္ဓမြတ်စွာဘုရားကို မျက်မှန်တပ်ပေးထားတဲ့အယူလွဲ logic…

မဟာသက္ကရာဇ် ၂၅၀မှာ သရေခေတ္တရာမင်းဆက် ဒွတ္တဘောင်မင်းကြီးနဲ့ ပိဿနိုးမိဘုရား စန္ဒာဒေဝီမိဘုရားတို့ တည်ထားခဲ့တယ်။ ပိဿနိုးမိဘုရားရဲ့ အိပ်မက်အရတည်ထားခဲ့တာဆိုပဲ။ဒွတ္တဘောင်မင်း မျက်လုံးကန်းတော့ အဲ့ဒီဘုရားကြီးကို မှန်တစ်ချပ်ပူဇော်တယ် ။ ပြန်ကောင်းတယ်လို့ ပါးစပ်ရာဇဝင်ကြားဖူးတယ်။ ( ရွှေမျက်မှန်ဘုရားမှာ ဒွတ္ထဘောင်ကျောက်စာမရှိလို့ ပါးစပ်ရာဇဝင်လို့သုံးလိုက်တာ )အဲ့ခေတ်က မျက်မှန်မရှိနိုင်လောက်ဖူး ။ ရိုးရိုးမှန်နေမှာပါ။ခေတ်တွေအလီလီပြောင်းပြီး ၂၁ရာစုအရောက်မှာရွှေအလေးချိန် ၃၉ ကျပ်သားရှိတဲ့ မျက်မှန်တော်ကြီး ဆက်ကပ်ပူဇော်ခဲ့ကြတာပေါ့။( ဘုရားသမိုင်းရေးတာမဟုတ်လို့ သမိုင်းအပြည့်အစုံမရေးတာပါသမိုင်းအပြည့်အစုံသိချင်သူများ သမိုင်းNoteချပေးပါမယ် )

ဟုတ်ပြီ…အဓိကပြောချင်တာ ရှေးလက်ရာကိုမဟုတ်ပါဘူး။ အခု ၂၁ရာစု အချို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးlogicအလွဲကို ပြောချင်တယ်။ ကျနော်တို့ သုံးလောကထွဋ်ထားမြတ်ဘုရားဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဖြည့်ခဲ့တဲ့ပါရမီကြောင့် သဗ္ဗေညုတဉာဏ်ရပြီးသားပါ။ ၃၁ဘုံသာမက စကြာဝဠာတိုက်တစ်သောင်းအထိ လှမ်းမျှော်ကြည့်နိုင်တဲ့ ဘုရားပါ။ဒီလို သဗ္ဗေညုတဉာဏ်ရှင်ကို ဘာမဟုတ်တဲ့စာကြည့်မျက်မှန်တပ်ပေးတယ်ဆိုတာ
ဘုရားရဲ့ ရှိရင်းစွဲပါဝါကို လျော့ကျစေတယ် ။ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဖြည့်ခဲ့တဲ့ပါရမီကို မယုံကြည်ရာရောက်တယ်။ပြောကြသေးတယ်“မျက်မှန်ချွတ်တာနဲ့ လေကြီးမိုးကြီးကျတာပဲ ” တဲ့။သူတို့ပြောမှ ဗုဒ္ဓဘုရားနဲ့ ဘုရားစောင့်နတ်တွေက သူတို့အလိုမလိုက်ရင် လူတွေကိုဒုက္ခပေးနေသလိုလိုဒါဟာ ဘာသာရေးကိုသိက္ခာချတာပဲ။ဒါလည်း ပိဋကဒ်သုံးပုံထဲက(ဝိနည်း/သုတ္တန်/အဘိဓမ္မာ)မှာ ကံကြီးထိုက်တာပဲ မဟုတ်လား ။

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ( ၂ )

အကြွေးကျေဘုရားဆိုတဲ့နာမည်လွဲ logic…

အဓိကမေးချင်တာ ဘယ်လိုအကြွေးများကျေသလဲလောကီကြွေးလား လောကုတ္တရာကြွေးလားလောကီကြွေးဆိုတာ ၁လုံး/၂လုံး/၃လုံး/KTV/မာဆတ်/နောက်မီးလင်း/လူအထင်ကြီးအောင်အကြွေးနဲ့ ခေတ်ပေါ်ပစ္စည်းတွေဝယ် တဲ့အကြွေးကို ဆိုလိုတယ်။ဒီအကြွေးဆိုရင်တော့ ဘုရားကိုနားပူနားဆာမလုပ်ပါနဲ့ဘုရားဟာ သံသရာဝဋ်ဆင်းရဲက လမ်းပြသူပါ။အတိတ်ပေး နိမိတ်ပေး ယတြာချေတဲ့ ဘိုးတော်မဟုတ်ပါဘူး။ဘုရားက ငါဘုရားကိုရှိခိုးရင် မင်းတို့ဘာတွေရမယ်လို့ ဘယ်တရားထဲမှ ထည့်မဟောဘူး။ဘုရားကို တေမိအလောင်းလျာဘဝ ပြန်ရောက်အောင် မလုပ်ကြပါနဲ့ ။‘ အကြွေးတင် ရှင်ဘုရင်ဆပ် ‘ စကားပုံအတိုင်းပဲအကြွေးကျေ သမ္မတ / အကြွေးကျေ အစိုးရ လို့ ရှိခိုးချင်ရှိခိုးပါသုံးလောကထွဋ်ထားမြတ်ဘုရားဟာ ကယ်တင်ရှင်မဟုတ်ဖူးကိုယ်တိုင်လွတ်မြောက်ကြောင်းကိုကျင့်ဖို့ တရားဖရိန်ချပေးသူပါ။ဒါကို ဘုရားကိုယ်တိုင်အတ်လင်း ဟောထားပြီးသား။လောကုတ္တရာကြွေးလား။သံသရာမှာကျင်လည်သမျှ အတိတ်ဘဝဝဋ်ကြွေးတွေ ပြေစေတဲ့ဘုရားလို့ ညွှန်းဆိုချင်တာလား။
ဒါဆို ပိုပြီး မဖြစ်နိုင်ပါဘူး…ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် ဘုရားဖြစ်တဲ့ဘဝမှာတောင်နောက်ဆုံးလက်ကျန်ဝဋ်ကြွေးဆပ်ရင်း ပရိနိဗ္ဗာန်စံသွားတာပါ။ဆေးဆရာဘဝမှာပြုဖူးတဲ့အမှား( ဆေးဖိုးမပေးသူကို ဝမ်းနှုတ်ဆေးတိုက်ခဲ့တဲ့ဝဋ် ) ကို ပေးဆပ်ရင်း ပရိနိဗ္ဗာန်စံခဲ့တယ်။အရိယာဖြစ်ရင်ကို ဝဋ်ကြွေးကုန်ပြီဆိုပြီး ငြင်းကြတယ်။ ပါရမီပါလို့ကျင့်တာ ပါရမီကသက်သက် ဝဋ်ကြွေးကသက်သက်ပဲ။ အရိယာလည်း ဝဋ်ကြွေးရှိရင် ဆပ်ရမှာပဲ။ပစ္စေကလည်း ဝဋ်ကြွေးရှိရင် ဆပ်ရမှာပဲ။ပုထုဇဉ်တွေအနေနဲ့ ပိုတောင်ဆပ်ရဦးမယ်လေ ။

ပိုဆိုးတာကပုံပါ အကြွေးကျေဘုရားကို လောကီကြွေးတွေ ကျေခိုင်းတဲ့သူများတယ်။ ဒါလည်း ပိဋကဒ်သုံးပုံ(ဝိနည်း/သုတ္တန်/အဘိဓမ္မာ)မှာကိုးကွယ်မှု အမှားပဲ မဟုတ်လား ။ ။

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ( ၃ )
အမတော် ‘သုစိတ’ မောင်တော်’နန္ဒ’ အပိုင်စားရတဲ့မင်းဘူးက နဂါးပွက်အိုင်

တကယ်တော့ ဂေါကတွေရော အဲ့ဒီလာတဲ့နဂါးဖူးတွေပါ ပထဝီသင်ခဲ့ကြမှာပါ ။ ၅တန်း ၆တန်းလောက်ဆို မီးတောင်အကြောင်း စာသင်နေရပြီ။ ရွှံ့မီးတောင် / မီးတောင်သေ / မီးတောင်ငြိမ်း သင်ဖူးကြမှာပါ။ အခုလို ရွှံ့မီးတောင်အပေါက်ဝထဲ နွားနို့နဲ့ကြက်ဥတွေ ပစ်ထည့်ကြတယ်။ အမွှေးတိုင်ပေါင်း သောင်းချီပူဇော်ကြတယ်။ အဲ့ဒီနွားနို့နဲ့ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာက ကလေးတွေကို တိုက်ကြွေးမယ်ဆို တော်ရုံဂေဟာတစ်ခုတော့ နေ့စဉ်အာဟာရ မပူရတော့ဘူး။ သူတစ်ပါးယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူး။ဆုံးရှုံးသွားတဲ့ အလှူငွေကို လိုအပ်တဲ့နေရာရောက်စေချင်တာပါ။နောက်တစ်ချက်က ဒါဟာ ဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်းဖြစ်နိုင်တယ်။အဲ့ဒီမီးတောင်ကို စနစ်တကျလေ့လာရင် ဘယ်လိုအဖိုးတန်ဓါတ်ငွေ့တွေထွက်နိုင်မလဲဘယ်လိုအကျိုးကျေးဇူး ရှိမလဲ သိခွင့်ရလာမယ်သူတို့ကိုစော်ကားခြင်းထက် ကျနော်ကတော့ နှမျောတယ်။ချီလီနဲ့အာဂျင်တီးနားက မီးတောင်သေတွေ/ရွှံ့မီးတောင်တွေ / မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင်၉ထောင်လောက် စေတီတည်ပြီး နတ်နဂါးပုံပြင်တစ်ခုခုနဲ့ဇာတ်သွင်းဖင်ဘူးထောင် ဦးချဦးမယ်ထင်တယ် ။ နွားနို့နဲ့ကြက်ဥတွေပစ်ထည့်ဦးမယ်ထင်တယ် ။( ပုပ္ပါးက မယ်ဝဏ္ဏဆိုသထုံကနေ နန်းမှုရေးာစိတ်ကုန်လို့ တရားအားထုတ်ဖို့လာတဲ့သထုံဘုရင်မနူဟာရဲ့ ညီမ လူစစ်စစ်ပါသူတို့နဲ့တွေ့မှ ပန်းစားဘီလူးမဆိုပီး အစွယ်ပေါက်ရရှာတယ်)

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ( ၄ )
အပါယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့အယူလွဲ logic…

မြန်မာပြည်အနှံ့အပြားမှာ မြွေရှင်ဘုရားဘယ်နှစ်ဆူရှိလည်းတော့မသိဘူးကျနော်ရောက်ဖူးတဲ့ ဘုရားတွေက ပလိပ်/သုံးတောင်/စစ်ကိုင်းမှာရှိတဲ့ မြွေဘုရားသုံးဆူရောက်ဖူးတယ်။ မြွေဆိုတာ အပာယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ပဲ။ နိမ့်ကျတဲ့တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေရတဲ့ ကျနော်တို့မြန်မာတွေ။ နတ်မြွေ/အိပ်မက် စတဲ့ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက နိမ့်ကျတဲ့တိရိစ္ဆာန်ကို ဖင်ဘူးထောင်ကန်တော့နေရတယ် ။ အမယ်…အဲ့ဒီမြွေစာအတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ။စပါးကျီ/စပါးအုံ မြွေဆိုတာမျိုးက အစာဝရင်ငြိမ်သက်နေတာလေ။ သူတို့မှာ အစာချက်ဖို့လုံလောက်တဲ့အစာအိမ်အက်ဆစ်မရှိဘူး ။
ဘိန်းကြွေးလို့ ဘိန်းမူးနေတဲ့မြွေဟာ လူကိုဘယ်အန္တရာယ်ပြုပါ့မလဲ။
ဂေါပကတွေကပြောသေးတယ် ( သူတော်စင်မြွေ )တဲ့ ။ဟုတ်ပြီ… သူတော်စင်မြွေဆိုရင် သက်သက်လွတ်ကျွေးကြည့်ပါ။ တစ်ပတ်တစ်ခါ ဥပုဒ်စောင့်ခိုင်းပါ။၁လလောက်အစာမကြွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ ။ကျနော်မယုံကြည်လို့ အပြစ်တင်ခြင်းမဟုတ်ပါဘူးလွဲနေတဲ့ ဘာသာရေးအသိကို တည့်မတ်စေချင်တာပါ။တကယ်လိုအပ်နေတဲ့ ဘာသာရေးသာသနိကအဆောက်အုံတွေအများကြီးပါ။ မြွေဆိုတဲ့ နိမ့်ကျတဲ့တိရိစ္ဆာန်ကိုကန်တော့မယ့်အစားရွှေစည်းခုံ/မိထ္ထီလာကန်/တန့်ကြည်တောင် သမိုင်းတွေထဲပါတဲ့လူကောင်းတွေကိုကူညီတတ်တဲ့ ဘီလူး/သဘက်ကန်တော့တာမှ တော်သေး။မြွေအကောင်ကြီးလို့ ကန်တော့မယ်ဆိုတောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်နာမြွေကြီးတွေကို You Tubeမှာ ရှာကြည့်။ ( မြန်မာပြည်မှာသာ အန်နာကွန်နာမြွေကြီးတွေ တွေ့ခဲ့ရင်မြန်မာလူမျိုးတွေ ထွက်မပြေးပဲ ထိုင်ကန်တော့ကြမယ်ထင်တယ် )

နောက်တစ်ချက်…( ဒီအပိုဒ်က အငြင်းပွားဖွယ်ရာရှိမယ် )မြန်မာပြည်အနှံ့အပြားမှာ ဘုရားကိုနဂါးမိုးထားတဲ့ နဂါးရုံဘုရားအများကြီးပဲ ။

ဘုရားကို နဂါးမိုးတဲ့ဇာတ်လမ်းက ဘယ်ကစသလဲ…ဇာတ်လမ်းကတော့ ဘုရားရှင်လက်ထက်က စတာပဲ…ဆင်းထုတော်တွေထဲ ( ကျနော်မြင်ဖူးသမျှ)အေဒီ ၁၁ရာစုမှ စတင်တယ်…သဘောကတော့ ဘုရားရှင်ပွင့်ပြီး နှစ် ၁၆၀၀လောက်ကြာမှ ဒီရုပ်ထုဇာတ်လမ်းက စတင်လာသလား ။တစ်ခုကြိုပြောရရင် ကျနော်ဟာသမိုင်းပညာရှင်မဟုတ်တဲ့အတွက် ကျနော်ရောက်ဖူးတဲ့နဂါးရုံဘုရားထဲ အစောဆုံးဘုရားလို့သုံးတာပါ။ကျန်စစ်သားရဲ့ဇာတ်လမ်းထဲ ခရစ်နှစ် ၁၀၈၄ခုနှစ် ရာဇဝင်တစ်ခုမှာကျန်စစ်သားကို အနော်ရထာက အရိန္ဒမာလှံနဲ့ပစ်ပြီးသတ်တဲ့အခါကျန်စစ်သားထွက်ပြေးတယ်။အဲ့ဒီမှာ မုဆိုးကြီးငဆင့်က ကျန်စစ်သားကိုကူညီပြီးဖွက်ထားပေးတဲ့ရွာ( ငဆင့်ကူညီလို့ ငဆင့်ကူရွာလို့ခေါ်ပြီးအခုခေတ်စကားသံပြောင်းလဲမှုကြောင့် ငဆင့်ကူကနေ စဉ့်ကူဟုပြောင်းလဲ) မှာကျန်စစ်သားအိပ်တဲ့အခါ နဂါးတစ်ကောင်က ရုံပြီးမိုးပေးထားတယ်ဆိုပဲ။ အဲ့ဒီနေရာမှာ ကျန်စစ်သားက အရိန္ဒမာလှံနဲ့ ရှောက်သီးကိုခွဲစားတဲ့အခါချိုပြီး ရှောက်ချိုသီးဖြစ်သွားတဲ့နေရာပေါ့ဗျာမထီးတူမ သမ္ဗူလနဲ့ ပထမဆုံးတွေ့တဲ့နေရာပေါ့ ။သူဘုရင်ဖြစ်တဲ့အခါ အဲ့ဒီနေရာမှာ နဂါးရုံဘုရားတည်တယ်။သူ့ကိုနဂါးမိုးတာကိုအစွဲပြုပြီး ဘုရားဆင်းထုကိုပါနဂါးမိုးစေခဲ့တယ်။မြန်မာပြည်မှာကျနော်ရောက်ဖူးတဲ့နဂါးရုံဘုရားတွေထဲအဲ့တာ အစောဆုံးနဂါးပဲ။ ဘုရားလက်ထက်က စတဲ့ဇာတ်လမ်းကို အငြင်းပွားနေတာမဟုတ်ဖူး။
ကျနော်မြင်ဖူးတဲ့နဂါးရုံဘုရားထဲ မှတ်တမ်းအစောဆုံးဘုရားကိုပြောချင်တာ ။

တောင်သမန်အနောက်ခြမ်းက နဂါးရုံဘုရားဆိုရင် ကျနော်မြင်ဖူးသမျှထဲ အကြီးဆုံးပဲ ။
အဲ့ဒီမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘာကိုသတိထားမိလည်းဆိုတော့ မြန်မာအချို့ဟာ ဘာသာတရားထက် အကြောက်တရားပိုနေကြတယ်။ကြည်ညိုဖွယ်အဆင်းနဲ့ဗုဒ္ဓထက် အနောက်ကမိုးထားတဲ့နဂါးရဲ့ ခမ်းနားမှုကို ရင်သပ်အံ့သြကြတယ် ။ ဗုဒ္ဓကိုမြင်တဲ့အခါ အေးချမ်းသွားရမယ့်အစား အနောက်ကမြွေနဂါးရဲ့ သဏ္ဏာန်ကြောင့် တုန်လှုပ်တယ်/ကြောက်စိတ်ဝင်တယ်။( ဝေါမြို့က နဂါးရုံဘုရားဆို ဘုရားကစကြာဝတေးမင်းအဆင်တန်ဆာနဲ့
အနောက်ကနဂါးဟာ လက်ချ်မီးဒီဇိုင်းနဲ့ )( မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင်ခြေမှာရှိတဲ့အတုလမဟာမြကျောက်စေတီပုရဝုဏ်ထဲက နဂါးရုံဘုရားဆိုရင်ကြောက်စရာအကြေးကွက်တွေနဲ့ လူကိုစားတော့မတတ် )နဂါးရုံဘုရားအများစုက ဘုရားကိုဖြစ်သလိုထုပီး နဂါးကိုစနစ်တကျထုလုပ်ထားကြတာများတယ်။ဘုရားသေးသေး နဂါးကြီးကြီး ဘာသာတရားကိုအကြောက်တရားက အုပ်မိုးထားသလိုမျိုးအဲ့ဒီဆင်းထုတွေမှာ ကြက်ဥနဲ့နွားနို့ပူဇော်ကြတယ်။ဘုရားက သူ့သားရဟန်းတွေကိုတောင် လူတွေအကြောက်တရားနဲ့ကိုးကွယ်မှာမလိုချင်လို့ တန်ခိုးမပြခိုင်းဘူး ။လူတွေလုပ်မှ အကြောက်တရားကို ဘာသာတရားထဲဇွတ်သွင်းနေသလိုပဲ ။
ကျနော်ကတော့ အဟိတ်တိရိစ္ဆာန်လည်း မကန်တော့နိုင်သလိုဗုဒ္ဓဆင်းထုမြင်တာနဲ့ အကြောက်တရားဖြစ်စေတဲ့ နဂါးရုံတွေကို ကြောက်တယ်။ဘုရားလက်ထက်က နဂါးဟာ သာသနာပြုနဂါးအခုလူတွေထုဆစ်နေတဲ့နဂါး(ပုံတွေကြည့်ပါ)မြင်တာနဲ့လူကို ဝါးစားမတတ် Overဖြစ်အောင်ထုလုပ်ထားကြတာ။ ကြည်ညိုသဒ္ဒါတရားထက် အကြောက်တရားပိုဖြစ်စေတယ်။အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲ ရှိခိုးချင်တယ်။( ပုံတွေကိုသေချာကြည့်ပါ ပုံထဲကမြွေနဂါးဟာ အကြောက်တရားလားသဒ္ဒါတရားလား သေချာတွေးပါ )

( မြန်မာပြည်မှာသာ အန်နာကွန်နာမြွေကြီးတွေ တွေ့ခဲ့ရင်မြန်မာလူမျိုးတွေ ထွက်မပြေးပဲ ထိုင်ကန်တော့ကြမယ်ထင်တယ် )

__________________ _________
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံရဏံ ဂစ္ဆာမိ
( ဗုဒ္ဓမြတ်စွာဘုရားကို ဝေဖန်ခြင်းမဟုတ်ကြားထဲက ဘုရားကိုလိုရာယူနေသူတွေကို ဝေဖန်ခြင်းပါဘုရားရှင်ဟာ သူ့ကိုဝေဖန်ရင်လည်း ခွင့်လွှတ်တယ်ခွင့်လွှတ်လို့ အောင်ခြင်းရှစ်ပါးဆိုတာ ဖြစ်လာတာခွင့်မလွှတ်ရင် အောင်ခြင်းရှစ်ပါးထဲက လူဆိုးတွေအကျွတ်တရားမရပဲ သေခြင်းရှစ်ပါးနဲ့တွေ့သွားမှာပေါ့ )

Credit-ဆန်းကျော်စွာဝင်း(1991-2016)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top