ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

သ႐ုပ္ေဆာင္ မင္းထက္ ၏ဇနီး သ႐ုပ္ေဆာင္စိုးနႏၵာေက်ာ္ က ၎အားဆက္သြယ္ေရး ဥပ ေဒပုဒ္မ ၆၆(ဃ)ျဖင့္ တရားစဲြဆို ထားေၾကာင္း ႏွင္းအိေရႊရည္က ေျပာသည္။

‘‘ပုသိမ္မွာ ၆၆(ဃ) နဲ႔ ဆဲြ ထားတယ္။ ႐ုံးကလည္း တစ္ဖက္ ဆုိေတာ့ သီတင္းကြၽတ္႐ုံးပိတ္ ရက္ကို ပုသိမ္မွာသြားၿပီး ေျဖရွင္း ေပးမယ္။ ထြက္ဆိုေပးမယ္။ ကြၽန္မရင္ဆုိင္ရဲပါတယ္’’ ဟု ၎ ကေျပာသည္။

ႏွင္းအိေရႊရည္သည္ သ႐ုပ္ေဆာင္မင္းထက္အား ကာမလိမ္လည္မႈျဖင့္ လြန္ခဲ့သည့္ တစ္လခန္႔ က ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕ နယ္တရား႐ုံး၌ တရားစဲြဆုိထား ၿပီး ဒုတိယေျမာက္႐ုံးခ်ိန္း ေအာက္တိုဘာ ၁၁ ရက္တြင္ မင္းထက္၏ ဇနီးက ၎အား တရားစဲြဆိုထား ေၾကာင္း သိရွိျခင္း ျဖစ္သည္။

‘‘သူတို႔သည္ ရန္ကုန္မွာေန တာ၊ ကြၽန္မလည္း ရန္ကုန္မွာေန တာ။ ဘာလို႔ ပုသိမ္မွာဆဲြတာလဲ ဆိုေတာ့ သူတုိ႔ေဖ့စ္ဘြတ္ခ္ဖြင့္ ၾကည့္လုိက္တဲ့အခ်ိန္ ပုသိမ္ေရာက္ေနလို႔တဲ့။ ကြၽန္မလည္း ဘာေျပာရမွန္းကို မသိဘူး။ သူတုိ႔တျခားေနရာမွာ အြန္လုိင္းဖြင့္ရင္ေကာ ကြၽန္မက တျခားေနရာကို လုိက္ေျဖရွင္းရမွာလား။ ဒါေပမဲ့ ဒါကေတာ့ သူတုိ႔ဥပေဒလမ္းေၾကာင္း အရ တာ၀န္ရွိတဲ့သူေတြက လုပ္တဲ့ကိစၥဆုိေတာ့ ကြၽန္မကိုယ္တုိင္လည္း ဥပေဒေက်ာင္းသားတစ္ ေယာက္ျဖစ္တဲ့အတြက္ နားလည္တယ္။ ပုသိမ္မွာ သြားေျဖရွင္းေပးပါ့မယ္’’ ဟု ႏွင္းအိေရႊရည္က ေျပာသည္။
စိုးနႏၵာေက်ာ္

ေအာက္တိုဘာ ၁၁ ရက္ သည္ ၎သမီးေလး၏ ကိုးလ ျပည့္ေမြးေန႔ျဖစ္ေသာေၾကာင့္ ထုိ ေန႔တြင္ တရားစဲြဆိုခံရသည့္အ တြက္ စိတ္မေကာင္းျဖစ္သည္ဟု ဆုိသည္။

‘‘ေဖ့စ္ဘြတ္ခ္မွာ သူတို႔ခြင့္  ျပဳခ်က္မရဘဲ ပုံေတြတင္တဲ့အ တြက္တဲ့။ ကြၽန္မတင္တာက ကုိမင္းထက္နဲ႔ ကြၽန္မနဲ႔ ႏွစ္ေယာက္ တဲြပုံေပါ့။ ဒါကလည္း ခ်စ္သူရည္း စား၊ လင္မယားဆုိတာက ပုံတင္ ၾကတာပဲေလ။ ကိုယ္ေတြသြားခဲ့၊ လာခဲ့၊ ခ်စ္ခဲ့တုန္းက တင္ထား တဲ့ပုံေတြ ျဖစ္တဲ့အတြက္ ျပႆ နာမရွိဘူးလို႔ ထင္တယ္’’ဟု ၎ ကေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္စိုးနႏၵာေက်ာ္ထံ ဖုန္း ျဖင့္ ဆက္သြယ္ေမးျမန္းရာ ဖုန္း ပိတ္ထားသည္။

ေအာက္တိုဘာ ၁၁ ရက္ ႐ုံး ခ်ိန္းတြင္ တရားလုိ ၎အားစတင္ စစ္ေဆးရမည့္ေန႔ ျဖစ္ေသာ္လည္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မစစ္ျဖစ္ခဲ့ဘဲ ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းကုိ ေအာက္တိုဘာ၂၂ ရက္သို႔ ျပန္လည္ခ်ိန္းဆိုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7daydaily

#Unicode Version#
သရုပ်ဆောင် မင်းထက် ၏ဇနီး သရုပ်ဆောင်စိုးနန္ဒာကျော် က ၎င်းအားဆက်သွယ်ရေး ဥပ ဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆို ထားကြောင်း နှင်းအိရွှေရည်က ပြောသည်။

‘‘ပုသိမ်မှာ ၆၆(ဃ) နဲ့ ဆွဲ ထားတယ်။ ရုံးကလည်း တစ်ဖက် ဆိုတော့ သီတင်းကျွတ်ရုံးပိတ် ရက်ကို ပုသိမ်မှာသွားပြီး ဖြေရှင်း ပေးမယ်။ ထွက်ဆိုပေးမယ်။ ကျွန်မရင်ဆိုင်ရဲပါတယ်’’ ဟု ၎င်း ကပြောသည်။

နှင်းအိရွှေရည်သည် သရုပ်ဆောင်မင်းထက်အား ကာမလိမ်လည်မှုဖြင့် လွန်ခဲ့သည့် တစ်လခန့် က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့ နယ်တရားရုံး၌ တရားစွဲဆိုထား ပြီး ဒုတိယမြောက်ရုံးချိန်း အောက်တိုဘာ ၁၁ ရက်တွင် မင်းထက်၏ ဇနီးက ၎င်းအား တရားစွဲဆိုထား ကြောင်း သိရှိခြင်း ဖြစ်သည်။

‘‘သူတို့သည် ရန်ကုန်မှာနေ တာ၊ ကျွန်မလည်း ရန်ကုန်မှာနေ တာ။ ဘာလို့ ပုသိမ်မှာဆွဲတာလဲ ဆိုတော့ သူတို့ဖေ့စ်ဘွတ်ခ်ဖွင့် ကြည့်လိုက်တဲ့အချိန် ပုသိမ်ရောက်နေလို့တဲ့။ ကျွန်မလည်း ဘာပြောရမှန်းကို မသိဘူး။ သူတို့တခြားနေရာမှာ အွန်လိုင်းဖွင့်ရင်ကော ကျွန်မက တခြားနေရာကို လိုက်ဖြေရှင်းရမှာလား။ ဒါပေမဲ့ ဒါကတော့ သူတို့ဥပဒေလမ်းကြောင်း အရ တာဝန်ရှိတဲ့သူတွေက လုပ်တဲ့ကိစ္စဆိုတော့ ကျွန်မကိုယ်တိုင်လည်း ဥပဒေကျောင်းသားတစ် ယောက်ဖြစ်တဲ့အတွက် နားလည်တယ်။ ပုသိမ်မှာ သွားဖြေရှင်းပေးပါ့မယ်’’ ဟု နှင်းအိရွှေရည်က ပြောသည်။
စိုးနန္ဒာကျော်

အောက်တိုဘာ ၁၁ ရက် သည် ၎င်းသမီးလေး၏ ကိုးလ ပြည့်မွေးနေ့ဖြစ်သောကြောင့် ထို နေ့တွင် တရားစွဲဆိုခံရသည့်အ တွက် စိတ်မကောင်းဖြစ်သည်ဟု ဆိုသည်။

‘‘ဖေ့စ်ဘွတ်ခ်မှာ သူတို့ခွင့်  ပြုချက်မရဘဲ ပုံတွေတင်တဲ့အ တွက်တဲ့။ ကျွန်မတင်တာက ကိုမင်းထက်နဲ့ ကျွန်မနဲ့ နှစ်ယောက် တွဲပုံပေါ့။ ဒါကလည်း ချစ်သူရည်း စား၊ လင်မယားဆိုတာက ပုံတင် ကြတာပဲလေ။ ကိုယ်တွေသွားခဲ့၊ လာခဲ့၊ ချစ်ခဲ့တုန်းက တင်ထား တဲ့ပုံတွေ ဖြစ်တဲ့အတွက် ပြဿ နာမရှိဘူးလို့ ထင်တယ်’’ဟု ၎င်း ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင်စိုးနန္ဒာကျော်ထံ ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်း ပိတ်ထားသည်။

အောက်တိုဘာ ၁၁ ရက် ရုံး ချိန်းတွင် တရားလို ၎င်းအားစတင် စစ်ဆေးရမည့်နေ့ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မစစ်ဖြစ်ခဲ့ဘဲ နောက်တစ်ကြိမ် ရုံးချိန်းကို အောက်တိုဘာ၂၂ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top