ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×


လူဝင္စားဆိုတာတကယ္ရွိတယ္မရွိဘူးဆိုတာယေန႔အခ်ိန္ထိလူသားေတြၾကားမွာ ျငင္းခုန္ေနၾကဆဲကိစၥတစ္ခုျဖစ္ပါတယ္။

လူဝင္စားတကယ္ရွိတယ္ဆိုတာသက္ေသျပခဲ့သူကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီး ကန႔္ဘလူခ႐ိုင္ ကြၽန္းလွၿမိဳ႕မွာေနထိုင္တဲ့ ကိုႏိုင္ဝင္း နဲ႔မရီရီႏွင္း ရဲ႕သမီးအငယ္ဆုံးေလး အမည္က မအိသဇင္ႏိုင္ပဲျဖစ္ပါတယ္။

မိဘမ်ားမွာ ဘြဲ႕ရပညာတတ္မ်ားမဟုတ္ဘဲ သာမန္အေရာင္းအဝယ္ လုပ္ကိုင္သူမ်ားျဖစ္ၿပီး ယခုမွာသူမအသက္က ( ၆)ႏွစ္အ႐ြယ္သာ ရွိပါေသးတယ္။

စကားေျပာတတ္သည္အ႐ြယ္ထဲက အဂၤလိပ္ဇာတ္ကားမ်ားမွ စကားသံကို မိဘမ်ားအား ျမန္မာလို ျပန္လည္ ေျပာျပတတ္ပါတယ္။ယေန႔မွာေတာ့ မအိသဇင္ႏိုင္ဟာ ႏိုင္ငံျခားသားေတြနဲ႔ အဂၤလိပ္လို စကားေျပာခဲ့ပါတယ္။

သူမရဲ႕အရင္ဘဝ သူ႔နာမည္က ဂ်င္မီ ျဖစ္တယ္လို႔ေျပာျပခဲ့ပါတယ္။အဂၤလန္ ႏိုင္ငံသားျဖစ္ၿပီး ေဒါက္တာလို႔လည္းသူမက ေျပာပါတယ္။

သူမရဲ႕အိမ္က အထပ္အမ်ားႀကီးနဲ႔ေဆာက္ထားၿပီး ေဘာလုံးအသင္းတစ္သင္းရဲ႕ ဆရာဝန္ျဖစ္တယ္လို႔ အရင္ဘဝက အေၾကာင္းကို တစ္ခါတစ္ေလမွေျပာျပတတ္ပါတယ္။သူမရဲ႕နိင္ငံျခာသားနဲ႔ စကားေျပာတဲ့ဗီဒီယိုကိုေအာက္မွာ မွ်ေဝေပးလိုက္ပါတယ္။
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗဟုသုတ (www. bahututa)

#Unicode Version#
လူဝင်စားဆိုတာတကယ်ရှိတယ်မရှိဘူးဆိုတာယနေ့အချိန်ထိလူသားတွေကြားမှာ ငြင်းခုန်နေကြဆဲကိစ္စတစ်ခုဖြစ်ပါတယ်။

လူဝင်စားတကယ်ရှိတယ်ဆိုတာသက်သေပြခဲ့သူကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့မှာနေထိုင်တဲ့ ကိုနိုင်ဝင်း နဲ့မရီရီနှင်း ရဲ့သမီးအငယ်ဆုံးလေး အမည်က မအိသဇင်နိုင်ပဲဖြစ်ပါတယ်။

မိဘများမှာ ဘွဲ့ရပညာတတ်များမဟုတ်ဘဲ သာမန်အရောင်းအဝယ် လုပ်ကိုင်သူများဖြစ်ပြီး ယခုမှာသူမအသက်က ( ၆)နှစ်အရွယ်သာ ရှိပါသေးတယ်။

စကားပြောတတ်သည်အရွယ်ထဲက အင်္ဂလိပ်ဇာတ်ကားများမှ စကားသံကို မိဘများအား မြန်မာလို ပြန်လည် ပြောပြတတ်ပါတယ်။ယနေ့မှာတော့ မအိသဇင်နိုင်ဟာ နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်လို စကားပြောခဲ့ပါတယ်။

သူမရဲ့အရင်ဘဝ သူ့နာမည်က ဂျင်မီ ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။အင်္ဂလန် နိုင်ငံသားဖြစ်ပြီး ဒေါက်တာလို့လည်းသူမက ပြောပါတယ်။

သူမရဲ့အိမ်က အထပ်အများကြီးနဲ့ဆောက်ထားပြီး ဘောလုံးအသင်းတစ်သင်းရဲ့ ဆရာဝန်ဖြစ်တယ်လို့ အရင်ဘဝက အကြောင်းကို တစ်ခါတစ်လေမှပြောပြတတ်ပါတယ်။သူမရဲ့နိင်ငံခြာသားနဲ့ စကားပြောတဲ့ဗီဒီယိုကိုအောက်မှာ မျှဝေပေးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဗဟုသုတ (www. bahututa)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top