ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေျမာင္းျမ ေအာက္တိုဘာ ၄ ရက္ျဖစ္စဥ္မွာ ဧရာဝတီတိုင္းေဒသၾကီး အိမ္မဲျမို့နယ္ ေျခာက္အိမ္တန္းေက်းရြာအုပ္စု ၾကံေခ်ာင္းေလးေက်းရြာေနထိုင္သူ ဖခင္ ဦးေအးျမင့္နွင့္ သားျဖစ္သူ ေမာင္ျပည့္ျဖိုးေအာင္တို့ သားအဖနွစ္ေယာက္ ပုသိမ္ျမို့ ျမန္မာ့စီးပြားေရးဘဏ္တြင္ ေငြ ၂၄ သိန္းထုတ္ျပီး မိနစ္ပိုင္းအတြင္း

ေငြျပန္စစ္ၾကည့္ရာ ၁၄ သိန္းသာေတြ႕ရွိျပီး တစ္ေသာင္းတန္အုပ္တစ္အုပ္ ေငြက်ပ္ ၁၀ သိန္း ေပ်ာက္ဆံုးေနသည္ကို ေတြ႕ရွိရသျဖင့္ ဘဏ္တြင္တပ္ဆင္ထားေသာcctv မွတ္တမ္းကို ျပန္လည္စစ္ေဆးရာ ခိုးယူနိႈက္သြားသည္ကို ေတြ႕ရွိရသျဖင့္ ပုသိမ္ျမို့နယ္ေျမ ျမို့မရဲစခန္းတြင္ အမႈဖြင့္လွစ္ခဲ႔ပါသည္။တရားခံမွာ မည္သူမည္ဝါမသိသျဖင့္ မမိခဲ႔ဘဲ ရြာသို့ျပန္လာခဲ႔ျပီး ေမာင္ျပည့္ျဖိုးေအာင္မွ ေဖ႔ဘုတ္တြင္ သူငယ္ခ်င္းျဖစ္သူ က်ြန္ေတာ္ရေဝေမာင္အား စီစီတီဗြီမွတ္တမ္းမွ ရိုက္ကူးထားေသာ ဓာတ္ပံုမွတ္တမ္းနွင့္ ဗြီဒီယိုမွတ္တမ္းမ်ားေပးပို့ျပီး

ေမးျမန္းရာ ေျမာင္းျမမွ နာမည္ၾကီးခါးပိုက္နိႈက္ စံဖဲ(ခ)ေမာင္ေမာင္နိုင္(ဘ)ဦးျမင့္ေအး ျမရတနာဘီးကြင္း ေျမာင္းျမျမို့မွျဖစ္ေနေသာေၾကာင့္ ေျမာင္းျမျမို့မရဲစခန္းမွဴးအား အကူအညီေတာင္း၍ စခန္းမွဴးၾကီးမွ နယ္ထိန္းအင္ခ်ပ္နွင့္ဖြဲ႕တို့သည္ တရားခံဖမ္းမိေရးကို ျမရတနာအုပ္ခ်ုပ္ေရးမွဴးနွင့္ ရာအိမ္မွဴး ဆယ္အိမ္မွဴးနွင့္ ရပ္မိရပ္ဖတို့ ပူးေပါင္းပါဝင္ဖမ္းဆီးမိခဲ႔ျခင္းျဖစ္ေၾကာင္း

ေမာင္စံဖဲကို ဖမ္းမိစဥ္ ေငြက်ပ္ ၁၀ သိန္းမွ လတ္တေလာ ၈ သိန္း ၅ ေသာင္း ျပန္လည္ရရွိျခင္း အမႈကို ပုသိမ္နယ္ေျမ ျမို့မရဲစခန္းမွ(ပ)၄၄၂/၂၀၁၈ရာဇသတ္ၾကီးပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ထားျပီး တရားခံအား မနက္ျဖန္တြင္ ေျမာင္းျမရဲစခန္းမွ လႊဲေျပာင္း၍ ပုသိမ္သို့ ေခါ္ေဆာင္မည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္…..
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ရေဝေမာင္ . ေျမာင္းျမ

#Unicode Version#
မြောင်းမြ အောက်တိုဘာ ၄ ရက်ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ခြောက်အိမ်တန်းကျေးရွာအုပ်စု ကြံချောင်းလေးကျေးရွာနေထိုင်သူ ဖခင် ဦးအေးမြင့်နှင့် သားဖြစ်သူ မောင်ပြည့်ဖြိုးအောင်တို့ သားအဖနှစ်ယောက် ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေ ၂၄ သိန်းထုတ်ပြီး မိနစ်ပိုင်းအတွင်း

ငွေပြန်စစ်ကြည့်ရာ ၁၄ သိန်းသာတွေ့ရှိပြီး တစ်သောင်းတန်အုပ်တစ်အုပ် ငွေကျပ် ၁၀ သိန်း ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဘဏ်တွင်တပ်ဆင်ထားသောcctv မှတ်တမ်းကို ပြန်လည်စစ်ဆေးရာ ခိုးယူနှိုက်သွားသည်ကို တွေ့ရှိရသဖြင့် ပုသိမ်မြို့နယ်မြေ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပါသည်။တရားခံမှာ မည်သူမည်ဝါမသိသဖြင့် မမိခဲ့ဘဲ ရွာသို့ပြန်လာခဲ့ပြီး မောင်ပြည့်ဖြိုးအောင်မှ ဖေ့ဘုတ်တွင် သူငယ်ချင်းဖြစ်သူ ကျွန်တော်ရဝေမောင်အား စီစီတီဗွီမှတ်တမ်းမှ ရိုက်ကူးထားသော ဓာတ်ပုံမှတ်တမ်းနှင့် ဗွီဒီယိုမှတ်တမ်းများပေးပို့ပြီး

မေးမြန်းရာ မြောင်းမြမှ နာမည်ကြီးခါးပိုက်နှိုက် စံဖဲ(ခ)မောင်မောင်နိုင်(ဘ)ဦးမြင့်အေး မြရတနာဘီးကွင်း မြောင်းမြမြို့မှဖြစ်နေသောကြောင့် မြောင်းမြမြို့မရဲစခန်းမှူးအား အကူအညီတောင်း၍ စခန်းမှူးကြီးမှ နယ်ထိန်းအင်ချပ်နှင့်ဖွဲ့တို့သည် တရားခံဖမ်းမိရေးကို မြရတနာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖတို့ ပူးပေါင်းပါဝင်ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း

မောင်စံဖဲကို ဖမ်းမိစဉ် ငွေကျပ် ၁၀ သိန်းမှ လတ်တလော ၈ သိန်း ၅ သောင်း ပြန်လည်ရရှိခြင်း အမှုကို ပုသိမ်နယ်မြေ မြို့မရဲစခန်းမှ(ပ)၄၄၂/၂၀၁၈ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး တရားခံအား မနက်ဖြန်တွင် မြောင်းမြရဲစခန်းမှ လွှဲပြောင်း၍ ပုသိမ်သို့ ခေါ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်…..


ဖိုးသူတော် (www.phothutaw.com)
Credit:  ရဝေမောင် . မြောင်းမြ


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top