ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရွမ္းျပည္ေတာင္ပိုင္း လင္းေခးခ႐ုိင္ လင္းေခးၿမိဳ႕နယ္ထဲမွာ မိုးအဆက္မျပတ္ရြာသြန္းေန တာေၾကာင့္ နမ့္တိန္းေခ်ာင္းေရလွ်ံၿပီး ေခ်ာင္းရဲ႕ တဖက္တခ်က္က ေက်းရြာေတြ အားလံုးနီးပါး ေရႀကီးေရလွ်ံမႈ ျဖစ္ေနပါတယ္။

ဒီလဆန္း ၃ ရက္ကတည္းက ရြာတဲ့မိုးေၾကာင့္ နမ့္တိန္းေခ်ာင္းေရေတြ ၀မ့္ဟတ္၊ နားကုန္း၊ မိုင့္ အြန္ေလာ၀္း၊ ကြန္ခန္၊ တိလုန္၊

ဟတ္ဆိုင္းလံု၊ စတဲ့ေက်းရြာအုပ္စုထဲ ၀င္လာတာ တပတ္ေက်ာ္ၿပီျဖစ္ၿပီး တက္လိုက္က်လိုက္ျဖစ္ေနရာက မေန႔ကနဲ႔ ဒီကေန႔ေတာ့

ပိုဆိုးလာလို႔ ေလွကို အသံုးျပဳၿပီးသြားလာေနရတယ္လို႔ နားကုန္းေက်းရြာ ေက်ာင္းထိုင္ဆရာေတာ္ ဦးစာရိႏၵက ဒီဗြီဘီကို မိန္႔ပါတယ္။
“မေန႔နဲ႔ ဒီေန႔မွာ ေရေတြႀကီးလာၿပီး ဘုန္းဘုန္းတို႔ ေက်ာင္း၀င္းထဲမွာဆို ခါးေလာက္ထိ ေရတက္လာတယ္။



ေလွနဲ႔ သြားလာေနရတယ္။ နားကုန္းရြာက အိမ္ေျခ ၃-၄ လံုးက မိသားစုေတြ အိမ္မွာေနလို႔မရလို႔ ေဆြမ်ိဳးအိမ္သြားေနၾကတယ္။

လယ္ထဲမွာလည္း ေရေတြ ၀င္ေနတယ္။ စပါးပင္က သီးခါစေတြ၊ ေရ၀င္တာ ၄- ၅ ရက္ရွိၿပီဆိုေတာ့ ပ်က္စီးမယ့္သေဘာပဲ၊ ဧကေပါင္း

တစ္ရာေက်ာ္ ႏွစ္ရာေလာက္ရွိမယ္။ အခုက ေနရာတိုင္းမွာ ေရခ်ည္းပဲဆိုေတာ့ အပ်က္အစီး ဘယ္ေလာက္ရွိမလဲ မသိရေသးဘူး။
                                                           
က်ြဲႏြားေတြလည္း အျမင့္ကို ေျပာင္းထား တယ္။ ကားေတြ ဆိုင္ကယ္ေတြေရာေပါ့၊ ေရက တရိပ္ရိပ္နဲ႔ တက္လာေတာ့ ေျပာင္းေရႊ႕ ခ်ိန္ရွိတယ္ေလ၊ အုပ္ခ်ဳပ္ေရးမႉးေတြလည္း လိုက္စစ္ေဆးေနပါတယ္၊ သဘာ၀ေဘး ဆိုေတာ့ ဘယ္သူမွမတတ္ႏိုင္ဘူး။”
လင္းေခးမွာ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ကလည္း ေရႀကီးခဲ့ဖူးၿပီး ဒီႏွစ္ေတာ့ ပိုဆိုးလာ တယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။

လင္းေခးနဲ႔ မိုင္းပန္ကို ေျပးဆြဲေနတဲ့ လိုင္းကားဆရာ စိုင္းေခးတိုင္းကလည္း ေရႀကီး တာေၾကာင့္ ကားမထြက္ႏိုင္တာ ၃ ရက္ရွိၿပီလို႔ ေျပာပါတယ္။

မိုင္းပန္မွာ ဒီလထဲ ၂ ရက္ေန႔မွ ဒီေန႔ ၁၁ ရက္ေန႔ထိ ေရႀကီးလိုက္ ျပန္က်သြားလိုက္ ၃ ႀကိမ္ရွိသြားၿပီျဖစ္ေၾကာင္း၊ မေန႔ တေန႔က လမ္းေပၚမွာေရေတြ၀င္လို႔ ယာဥ္အသြားအလာ တေန႔လံုးရပ္နားရၿပီး ရွမ္းျပည္အေရွ႕ဘက္သြားမယ့္ကားေတြအားလံုး လမ္းမွာပဲ အိပ္ၾက ရေၾကာင္း၊ ဒီကေန႔မနက္မွာေတာ့ ေရျပန္က်သြားလို႔ ခရီးသည္ယဥ္ေတြ ျပန္ထြက္ေနၿပီလို႔ ေျပာသြားပါတယ္။

ဓာတ္ပံု – Tai saw Long
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Bahutha

#Unicode Version#
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းနေ တာကြောင့် နမ့်တိန်းချောင်းရေလျှံပြီး ချောင်းရဲ့ တဖက်တချက်က ကျေးရွာတွေ အားလုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။

ဒီလဆန်း ၃ ရက်ကတည်းက ရွာတဲ့မိုးကြောင့် နမ့်တိန်းချောင်းရေတွေ ဝမ့်ဟတ်၊ နားကုန်း၊ မိုင့် အွန်လောဝ်း၊ ကွန်ခန်၊ တိလုန်၊

ဟတ်ဆိုင်းလုံ၊ စတဲ့ကျေးရွာအုပ်စုထဲ ဝင်လာတာ တပတ်ကျော်ပြီဖြစ်ပြီး တက်လိုက်ကျလိုက်ဖြစ်နေရာက မနေ့ကနဲ့ ဒီကနေ့တော့

ပိုဆိုးလာလို့ လှေကို အသုံးပြုပြီးသွားလာနေရတယ်လို့ နားကုန်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစာရိန္ဒက ဒီဗွီဘီကို မိန့်ပါတယ်။

“မနေ့နဲ့ ဒီနေ့မှာ ရေတွေကြီးလာပြီး ဘုန်းဘုန်းတို့ ကျောင်းဝင်းထဲမှာဆို ခါးလောက်ထိ ရေတက်လာတယ်။



လှေနဲ့ သွားလာနေရတယ်။ နားကုန်းရွာက အိမ်ခြေ ၃-၄ လုံးက မိသားစုတွေ အိမ်မှာနေလို့မရလို့ ဆွေမျိုးအိမ်သွားနေကြတယ်။

လယ်ထဲမှာလည်း ရေတွေ ဝင်နေတယ်။ စပါးပင်က သီးခါစတွေ၊ ရေဝင်တာ ၄- ၅ ရက်ရှိပြီဆိုတော့ ပျက်စီးမယ့်သဘောပဲ၊ ဧကပေါင်း

တစ်ရာကျော် နှစ်ရာလောက်ရှိမယ်။ အခုက နေရာတိုင်းမှာ ရေချည်းပဲဆိုတော့ အပျက်အစီး ဘယ်လောက်ရှိမလဲ မသိရသေးဘူး။
                                                          
ကျွဲနွားတွေလည်း အမြင့်ကို ပြောင်းထား တယ်။ ကားတွေ ဆိုင်ကယ်တွေရောပေါ့၊ ရေက တရိပ်ရိပ်နဲ့ တက်လာတော့ ပြောင်းရွှေ့ ချိန်ရှိတယ်လေ၊ အုပ်ချုပ်ရေးမှူးတွေလည်း လိုက်စစ်ဆေးနေပါတယ်၊ သဘာဝဘေး ဆိုတော့ ဘယ်သူမှမတတ်နိုင်ဘူး။”
လင်းခေးမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလည်း ရေကြီးခဲ့ဖူးပြီး ဒီနှစ်တော့ ပိုဆိုးလာ တယ်လို့ ဆရာတော်က မိန့်ပါတယ်။

လင်းခေးနဲ့ မိုင်းပန်ကို ပြေးဆွဲနေတဲ့ လိုင်းကားဆရာ စိုင်းခေးတိုင်းကလည်း ရေကြီး တာကြောင့် ကားမထွက်နိုင်တာ ၃ ရက်ရှိပြီလို့ ပြောပါတယ်။

မိုင်းပန်မှာ ဒီလထဲ ၂ ရက်နေ့မှ ဒီနေ့ ၁၁ ရက်နေ့ထိ ရေကြီးလိုက် ပြန်ကျသွားလိုက် ၃ ကြိမ်ရှိသွားပြီဖြစ်ကြောင်း၊ မနေ့ တနေ့က လမ်းပေါ်မှာရေတွေဝင်လို့ ယာဉ်အသွားအလာ တနေ့လုံးရပ်နားရပြီး ရှမ်းပြည်အရှေ့ဘက်သွားမယ့်ကားတွေအားလုံး လမ်းမှာပဲ အိပ်ကြ ရကြောင်း၊ ဒီကနေ့မနက်မှာတော့ ရေပြန်ကျသွားလို့ ခရီးသည်ယဉ်တွေ ပြန်ထွက်နေပြီလို့ ပြောသွားပါတယ်။

ဓာတ်ပုံ – Tai saw Long

ဖိုးသူတော် (www.phothutaw.com)
Credit: Bahutha


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top