ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ကုန္ၿမဳိ႕ထဲမွာ လမ္းေဘးက်ဴးေက်ာ္တာေတြကို စည္ပင္သာယာက ခုရက္ပိုင္း စတင္ ရွင္းလင္းေနတယ္လို႔ရန္ကုန္ ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ဂရက္ ကေန ေရးသားေဖာ္ျပပါတယ္။

ေက်ာက္တံတားၿမိဳ႕နယ္၊ ဗိုလ္ေအာင္ေက်ာ္လမ္း ေအာက္ဘေလာက္ကို ၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး ကိုယ္တိုင္သြားစစ္ေဆးခဲ့ၿပီး လမ္းေပၚမွာ ေနရာဦးတာ၊ အတားအဆီးခ်တာေတြ လုပ္လို႔မရတဲ့အေၾကာင္း တာဝန္ရွိတဲ့သူေတြကို ရွင္းျပဖို႔ ေခၚရာမွာ ဘယ္သူမွ ေရာက္ မလာၾကဘူးလို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ဆိုပါတယ္။
စည္ပင္

သူေဖာ္ျပထားတဲ့ ဓာတ္ပံုေတြဟာ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း အမ္ပီတီ႐ံုးျဖစ္ၿပီး အမ္ပီတီက ကားေတြပဲ ရပ္နားခြင့္ရွိတယ္ဆိုတဲ့ ဆိုင္းဘုတ္ေတြကိုလည္း ေတြ႔ရပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းကပဲ ဒီ႐ံုးေရွ႕မွာ ကားရပ္လို႔ ရပ္ခြင့္မရွိေၾကာင္း၊ ႐ံုးေနရာျဖစ္ေၾကာင္း လံုၿခံဳေရးဝန္ထမ္းနဲ႔ ကားရပ္နားသူတို႔ အေျခအတင္ျဖစ္ခဲ့ဖူးပါတယ္။

လုပ္ထံုးလုပ္နည္းနဲ႔အညီ အသိေပးၿပီး လိုက္နာမႈမရွိရင္ ဥပေဒနဲ႔အညီ ဆက္လက္ ေဆာင္ရြက္သြားမယ္လို႔ ေက်ာက္တံတားၿမိဳ႕နယ္ စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမႉးကအသိေပး တင္ျပထားတယ္လို႔လည္း ၿမိဳ႕ေတာ္ဝန္က ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#

ရန်ကုန်မြို့ထဲမှာ လမ်းဘေးကျူးကျော်တာတွေကို စည်ပင်သာယာက ခုရက်ပိုင်း စတင် ရှင်းလင်းနေတယ်လို့ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ဂရက် ကနေ ရေးသားဖော်ပြပါတယ်။

ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်ကို မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကိုယ်တိုင်သွားစစ်ဆေးခဲ့ပြီး လမ်းပေါ်မှာ နေရာဦးတာ၊ အတားအဆီးချတာတွေ လုပ်လို့မရတဲ့အကြောင်း တာဝန်ရှိတဲ့သူတွေကို ရှင်းပြဖို့ ခေါ်ရာမှာ ဘယ်သူမှ ရောက် မလာကြဘူးလို့ ရန်ကုန်မြို့တော်ဝန်က ဆိုပါတယ်။
စည်ပင်

သူဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီရုံးဖြစ်ပြီး အမ်ပီတီက ကားတွေပဲ ရပ်နားခွင့်ရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကပဲ ဒီရုံးရှေ့မှာ ကားရပ်လို့ ရပ်ခွင့်မရှိကြောင်း၊ ရုံးနေရာဖြစ်ကြောင်း လုံခြုံရေးဝန်ထမ်းနဲ့ ကားရပ်နားသူတို့ အခြေအတင်ဖြစ်ခဲ့ဖူးပါတယ်။

လုပ်ထုံးလုပ်နည်းနဲ့အညီ အသိပေးပြီး လိုက်နာမှုမရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကျောက်တံတားမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးကအသိပေး တင်ပြထားတယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top