ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သရုပ္ေဆာင္ မင္းသား ေဝဠဳေက်ာ္ဟာဆိုရင္ ပရဟိတလုပ္တဲ့ေနရာမွာ စိတ္ေရာကိုယ္ပါ ႏွစ္ျမဳပ္ၿပီး ပါဝင္လွဴဒါန္းခဲ့တဲ့ သူတစ္ဦးပဲျဖစ္ပါတယ္။ သူဟာ ဟိုးအရင္ ေရေဘးဒုကၡသည္အတြက္ သြားေရာက္လွဴဒါန္း ကုသိုလ္ျပဳခဲ့တုန္းက မင္းေသြးနဲ႔အတူ သြားေရာက္လွဴဒါန္းခဲ့တာျဖစ္ၿပီး ယခု မင္းေသြး ဆံုးသြားတဲ့အခါမွာေတာ့ မင္းေသြးေျပာခဲ့တဲ့ စကားေတြကို ဝမ္းနည္း ေၾကကြဲစြာ ေျပာသြားခဲ့တာပဲျဖစ္ပာတယ္။ ေဝဠဳေက်ာ္ ဝမ္းနည္းေၾကကြဲစြာ ေျပာျပထားတဲ့ စာသားေလးကေတာ့ ” ေစာလြန္းတယ္ညီေလးရယ္ ”

” ဒို႔ညီအကိုေတြ အကူညီလိုေနတဲ့သူေတြအတြက္ ေဖးမခဲ့တယ္ ကူညီခဲ့တယ္ အားေပးခဲ့ၾကတယ္၊ ညီ အကို႔ကိုေျပာခဲ့တဲ့ စကားေတြထဲက တစ္ခုကို ေမ့မရဘူးကြာ အကိုအသက္ႀကီးလို႔ ဒီအလုပ္ေတြက နားတဲ့အခါ ကြ်န္ေတာ္က အကို႔ေနရာကေန ဆက္လုပ္သြားမွာေပါ့တဲ့ ၊ ခု အကို မနားေသးဘူးေလ ညီက ဘာလို႔ ေလာကႀကီးထဲကေန အၿပီး နားသြားရတာလည္းကြာ ၊ ေသျခင္း နဲ႔ မနက္ျဖန္ ဘယ္အရာက ပိုနီးသလည္း ဆိုတာကို အသိ နဲ႔ သတိ ရွိေစဖို႔ မင္း သက္ေသ ျပသြားတာလား မင္းေသြး ”

” တစ္ခ်ိန္မွာ မင္းက ငါ့အသုဘကိုလိုက္ပို႔ရင္း စိတ္ခ်သြားပါအကို အမ်ားအတြက္ ကြ်န္ေတာ္အျမဲရွိေနပါ့မယ္လို႔ ေျပာတဲ့စကားကို ငါၾကားရလိမ့္မယ္လို႔ ငါေတြးထားတာ ခုေတာ့ မင္းဈာပနကို ငါစီစဥ္ေနရၿပီ ၊ ဟိုး း း း ကဒ္ ျပန္ရိုက္မယ္ ဆိုၿပီး ငါ့ညီျပန္ထလာပါေစလို႔ မျပည့္ႏိုင္မွန္းသိတဲ့ ဆုကို ေတာင္းေနမိတယ္ . . . မရဏမင္းရယ္ လူမွားေခၚတာလားဗ်ာ ေစာလြန္းပါေသးတယ္ . . .” ဆိုတဲ့ စာသားေလးနဲ႔ ဟိုးအရင္ မင္းေသြးနဲ႔အတူ အလွူျပဳခဲ့တဲ့ ပံုရိပ္ေလးေတြကို ေဝဠဳေက်ာ္ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာကေန ေရးသားေဖာ္ျပေပးထားတာပဲျဖစ္ပါတယ္။ ဟုိးအရင္ မင္းေသြးရဲ႕ပံုရိ္ပ္ေဟာင္းေလးေတြကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္၊ ၾကည့္ရႈအားေပးၾကပါဦးေနာ္ ပရိသတ္ႀကီးေရ။

မင္းေသြးရဲ႕ ရုပ္ကလပ္အေလာင္းကိုေတာ့ ၅ရက္တုိင္တိုင္ ထားရွိမွာျဖစ္ၿပီး စ်ာပနအခမ္းအနားကိုေတာ့ ၇.၁၀.၂၀၁၈ ( တနဂၤေႏြေန႔) မွာ မီးသၿဂိဳလ္သြားမွာ ျဖစ္တယ္လို႔သိရွိရတာပဲျဖစ္ပါတယ္။ အားလံုးလည္း မင္းေသြးအတြက္ ေၾကကြဲဝမ္းနည္းၾကလိမ့္မယ္လို႔ထင္ပါတယ္။ စိတ္သေဘာထား ျဖဴစင္ျပည့္ဝတဲ့ မင္းေသြးအတြက္ ဆုမြန္ေကာင္းေလးေတြနဲ႔ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္ ပရိသတ္ႀကီးေရ။ ဖတ္ရႈေပးၾကပါေသာ ခ်စ္ပရိသတ္မ်ားအေပါင္းကို ေက်းဇူးအထူးတင္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: tawthu

#Unicode Version#
သရုပ်ဆောင် မင်းသား ဝေဠုကျော်ဟာဆိုရင် ပရဟိတလုပ်တဲ့နေရာမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ပါဝင်လှူဒါန်းခဲ့တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ သူဟာ ဟိုးအရင် ရေဘေးဒုက္ခသည်အတွက် သွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့တုန်းက မင်းသွေးနဲ့အတူ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ယခု မင်းသွေး ဆုံးသွားတဲ့အခါမှာတော့ မင်းသွေးပြောခဲ့တဲ့ စကားတွေကို ဝမ်းနည်း ကြေကွဲစွာ ပြောသွားခဲ့တာပဲဖြစ်ပာတယ်။ ဝေဠုကျော် ဝမ်းနည်းကြေကွဲစွာ ပြောပြထားတဲ့ စာသားလေးကတော့ ” စောလွန်းတယ်ညီလေးရယ် ”

” ဒို့ညီအကိုတွေ အကူညီလိုနေတဲ့သူတွေအတွက် ဖေးမခဲ့တယ် ကူညီခဲ့တယ် အားပေးခဲ့ကြတယ်၊ ညီ အကို့ကိုပြောခဲ့တဲ့ စကားတွေထဲက တစ်ခုကို မေ့မရဘူးကွာ အကိုအသက်ကြီးလို့ ဒီအလုပ်တွေက နားတဲ့အခါ ကျွန်တော်က အကို့နေရာကနေ ဆက်လုပ်သွားမှာပေါ့တဲ့ ၊ ခု အကို မနားသေးဘူးလေ ညီက ဘာလို့ လောကကြီးထဲကနေ အပြီး နားသွားရတာလည်းကွာ ၊ သေခြင်း နဲ့ မနက်ဖြန် ဘယ်အရာက ပိုနီးသလည်း ဆိုတာကို အသိ နဲ့ သတိ ရှိစေဖို့ မင်း သက်သေ ပြသွားတာလား မင်းသွေး ”



” တစ်ချိန်မှာ မင်းက ငါ့အသုဘကိုလိုက်ပို့ရင်း စိတ်ချသွားပါအကို အများအတွက် ကျွန်တော်အမြဲရှိနေပါ့မယ်လို့ ပြောတဲ့စကားကို ငါကြားရလိမ့်မယ်လို့ ငါတွေးထားတာ ခုတော့ မင်းဈာပနကို ငါစီစဉ်နေရပြီ ၊ ဟိုး း း း ကဒ် ပြန်ရိုက်မယ် ဆိုပြီး ငါ့ညီပြန်ထလာပါစေလို့ မပြည့်နိုင်မှန်းသိတဲ့ ဆုကို တောင်းနေမိတယ် . . . မရဏမင်းရယ် လူမှားခေါ်တာလားဗျာ စောလွန်းပါသေးတယ် . . .” ဆိုတဲ့ စာသားလေးနဲ့ ဟိုးအရင် မင်းသွေးနဲ့အတူ အလှူပြုခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေဠုကျော်ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ဟိုးအရင် မင်းသွေးရဲ့ပုံရိပ်ဟောင်းလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦးနော် ပရိသတ်ကြီးရေ။

မင်းသွေးရဲ့ ရုပ်ကလပ်အလောင်းကိုတော့ ၅ရက်တိုင်တိုင် ထားရှိမှာဖြစ်ပြီး ဈာပနအခမ်းအနားကိုတော့ ၇.၁၀.၂၀၁၈ ( တနင်္ဂနွေနေ့) မှာ မီးသဂြိုလ်သွားမှာ ဖြစ်တယ်လို့သိရှိရတာပဲဖြစ်ပါတယ်။ အားလုံးလည်း မင်းသွေးအတွက် ကြေကွဲဝမ်းနည်းကြလိမ့်မယ်လို့ထင်ပါတယ်။ စိတ်သဘောထား ဖြူစင်ပြည့်ဝတဲ့ မင်းသွေးအတွက် ဆုမွန်ကောင်းလေးတွေနဲ့ ဆုတောင်းပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: tawthu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top