ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၃ ရက္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ မေကြးျမဳိ ့၊ ဆုေတာင္းျပည့္ ၿမိဳ႕လယ္ဘုရား အလႉခံပုံးအတြင္းမွ လႉခံေငြမ်ားႏွင့္ ဘုရားဝန္းအတြင္းရွိ စတိုခန္းမွ ပစၥည္းမ်ား ခိုးယူခဲ့သူအား ဖမ္းဆီးအေရးယူထား ေၾကာင္းသိရပါသည္။

 မေကြးၿမိဳ႕နယ္၊ ေဈးလယ္စိုးရပ္ကြက္ေန ဦးသိန္းေငြ(၆၂)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္ ဆုေတာင္းျပည့္ ၿမိဳ႕လယ္ဘုရား ေဂါပကအဖြဲ႕ဥကၠ႒ ဦးဝင္းေမာင္ ေရာက္ရွိလာၿပီး ဘုရားတြင္ ထားရွိေသာ အလႉခံပုံး မွန္ကြဲေနေၾကာင္း ေျပာျပေခၚေဆာင္သျဖင့္ ေဂါပကအဖြဲ႕ဒုဥကၠ႒ ဦးတင္ေမာင္ေအး၊ ဆယ္အိမ္မႉး ဦးခင္ေမာင္ခ်ိဳတို႔ႏွင့္အတူ သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ဘုရားဝန္းရွိ ရာဟုေထာင့္၊ တန္ေဆာင္း အတြင္း၌ လူငယ္တစ္ဦးအား ပစၥည္းမ်ားျဖင့္ မသကၤာဖြယ္ ေတြ႕ရွိရသည္။

အဆုိပါလူငယ္အား ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ေခၚယူ ေမးျမန္းခဲ့ရာ သိဂၤါဂီရိရပ္ကြက္ေန ေအာင္ကိုကို(ခ)စာကေလး(၁၈)ႏွစ္ျဖစ္ၿပီး ၎သည္ ၿမိဳ႕လယ္ဘုရား တြင္ လၽွပ္စစ္မီးပူေဇာ္ရန္ အလႉခံထားရွိေသာ အလႉခံပုံးအတြင္းမွ ေငြ(၈,၃၀၀)က်ပ္ႏွင့္ တန္ေဆာင္းရွိ စတိုခန္းအတြင္းမွ ပစၥည္းမ်ားအား ခိုးယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေသာေၾကာင့္ ေအာင္ကိုကို (ခ)စာကေလးအား မေကြးၿမိဳ႕မရဲစခန္း (ပ)၁၂၆၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ ျဖင့္ အေရးယူ ထားေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

#Unicode Version#
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဆုတောင်းပြည့် မြို့လယ်ဘုရား အလှူခံပုံးအတွင်းမှ လှူခံငွေများနှင့် ဘုရားဝန်းအတွင်းရှိ စတိုခန်းမှ ပစ္စည်းများ ခိုးယူခဲ့သူအား ဖမ်းဆီးအရေးယူထား ကြောင်းသိရပါသည်။

 မကွေးမြို့နယ်၊ ဈေးလယ်စိုးရပ်ကွက်နေ ဦးသိန်းငွေ(၆၂)နှစ်သည် နေအိမ်၌ရှိနေစဉ် ဆုတောင်းပြည့် မြို့လယ်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင် ရောက်ရှိလာပြီး ဘုရားတွင် ထားရှိသော အလှူခံပုံး မှန်ကွဲနေကြောင်း ပြောပြခေါ်ဆောင်သဖြင့် ဂေါပကအဖွဲ့ဒုဥက္ကဋ္ဌ ဦးတင်မောင်အေး၊ ဆယ်အိမ်မှူး ဦးခင်မောင်ချိုတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဘုရားဝန်းရှိ ရာဟုထောင့်၊ တန်ဆောင်း အတွင်း၌ လူငယ်တစ်ဦးအား ပစ္စည်းများဖြင့် မသင်္ကာဖွယ် တွေ့ရှိရသည်။

အဆိုပါလူငယ်အား ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ခေါ်ယူ မေးမြန်းခဲ့ရာ သိင်္ဂါဂီရိရပ်ကွက်နေ အောင်ကိုကို(ခ)စာကလေး(၁၈)နှစ်ဖြစ်ပြီး ၎င်းသည် မြို့လယ်ဘုရား တွင် လျှပ်စစ်မီးပူဇော်ရန် အလှူခံထားရှိသော အလှူခံပုံးအတွင်းမှ ငွေ(၈,၃၀၀)ကျပ်နှင့် တန်ဆောင်းရှိ စတိုခန်းအတွင်းမှ ပစ္စည်းများအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် အောင်ကိုကို (ခ)စာကလေးအား မကွေးမြို့မရဲစခန်း (ပ)၁၂၆၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top