iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္တုိင္းအစုိးရအစီအစဥ္ျဖင့္ ေရာင္းခ်သည့္တန္ဖုိးနည္းအိမ္ရာ တုိက္ခန္းမ်ား ျပန္လည္အပ္ႏွံသူ ရာဂဏန္းခန္႔ ရွိေၾကာင္း ျပည္သူ႔အိမ္ရာေရာင္းခ်ေရးေကာ္မတီ၀င္ ဦးသာေအာင္ က ေျပာသည္။

တန္ဖိုးနည္းအိမ္ရာ ၀ယ္ယူ ခြင့္ရရွိသူ ၈၆၄ ဦးအား ပထမအသုတ္အျဖစ္ ေရႊေပါက္ကံ၊ ေရႊလင္ဗန္း၊ ယုဇနႏွင့္ ကေနာင္တန္ဖိုးနည္းအိမ္ရာတို႔ကို ၿပီးခဲ့သည့္ ဇူလိုင္က မဲေဖာက္ေပးေသာ္ လည္း လက္ရွိတြင္ တုိက္ခန္းမလို ခ်င္၍ ျပန္လည္အပ္ႏွံသူမ်ားႏွင့္ ေပးသြင္းရမည့္ ေငြေၾကးအဆင္ မေျပ၍ အခန္းအပ္ႏွံသူ ရာဂဏန္းခန္႔ရွိေၾကာင္း ၎ကေျပာသည္။

‘‘ျပည္သူေတြရဲ႕ အတန္းအ စားမွာဆုိရင္ ပုံမွန္၀င္ေငြ မရွိတဲ့ သူေတြမ်ားပါတယ္။ သူတို႔မွာအ ေၾကာင္းအမ်ဳိးမ်ဳိးေတာ့ ရွိမွာေပါ့။ တခ်ဳိ႕က်ေတာ့ ႏွစ္ဦး၊ သုံးဦး၀င္ ေငြျပထားေပမယ့္ တကယ္ေငြ သြင္းရမယ့္အခ်ိန္မွာ အဆင္မေျပတာေတြ ရွိတယ္။ အဲဒီသူေတြက ျပန္အပ္ၾကတာေပါ့’’ဟု ဦးသာ ေအာင္က ရွင္းျပသည္။

အဆုိပါ တုိက္ခန္းမ်ားကို ျပည္သူ၊ ကုမၸဏီ၀န္ထမ္း၊ အစိုးရ ၀န္ထမ္းႏွင့္ အၿငိမ္းစား၀န္ထမ္း ဟူ၍ ေလးမ်ဳိးခဲြကာ ေရာင္းခ်ခဲ့ ျခင္းျဖစ္သည္။

ျပန္လည္အပ္ႏွံမႈမ်ားတြင္ အခ်ဳိ႕က ေျမညီထပ္ လုိခ်င္ေသာ္လည္း အေပၚဆုံးထပ္ရ၍ ျပန္ လည္အပ္ႏွံျခင္း၊ မဲေပါက္သည့္ေနရာႏွင့္ လုိခ်င္သည့္ေနရာ ထပ္တူမက်၍ အပ္ႏွံျခင္း၊ ယခင္ေမွ်ာ္မွန္းထားသည့္ ေငြေၾကးႏွင့္ အမွန္တကယ္ ေပးသြင္းရမည့္ ေငြေၾကး ထပ္တူမက်၍ အပ္ႏွံျခင္းတို႔ရွိေၾကာင္း ဦးသာေအာင္က ေျပာသည္။

‘‘ျပန္အပ္ႏွံတဲ့စာရင္းေတာ့ ကြၽန္ေတာ္တို႔ ဌာနကို မေရာက္ ေသးပါဘူး။ အစိုးရအဖဲြ႕က စာ ရင္းျပဳစုတာ မၿပီးျပတ္ေသးလို႔ ျဖစ္မယ္’’ ဟု ရန္ကုန္ၿမိဳ႕ျပႏွင့္ အိမ္ရာဖံြ႕ၿဖိဳးေရး ဦးစီးဌာနဒုတိယ ၫႊန္ၾကားေရးမွဴး ဦးခင္ေဇာ္က ေျပာသည္။

ထုိ႔ျပင္ ျပန္လည္အပ္ႏွံသည့္ တုိက္ခန္းမ်ားႏွင့္ ေရာင္းခ်ရန္ က်န္ရွိသည့္ တုိက္ခန္းမ်ားကို စုေပါင္းၿပီး ၀ယ္ယူရန္ တန္းစီဇယားတြင္ ေစာင့္ဆုိင္းေနသူမ်ားအား ဆက္လက္ေရာင္းခ်မည္ျဖစ္ကာ ေရာင္းခ်မည့္ရက္မသတ္မွတ္ရေသးေၾကာင္း ဦးသာေအာင္က ဆုိသည္။

လက္ရွိတြင္ ကေနာင္အိမ္ ရာမွ ၆၉ ခန္းႏွင့္ ေရႊလင္ဗန္းအိမ္ ရာမွ ၂၃ ခန္းေရာင္းခ်ရန္ က်န္ရွိ ေနၿပီး အျခားေျမေနရာမ်ား၌ တန္ဖိုးနည္းအိမ္ရာမ်ား ေဖာ္ေဆာင္ရန္ ျပည္သူ႔အိမ္ရာေရာင္းခ်ေရး ေကာ္မတီက စီစဥ္ေနသည္။

တန္ဖိုးနည္းအိမ္ရာေလွ်ာက္ထားသူ မိသားစု၀င္ေငြသည္ တစ္ လက်ပ္သုံးသိန္းမွ က်ပ္ငါးသိန္းၾကား ရွိရမည္ျဖစ္ၿပီး တန္ဖုိးသင့္အိမ္ရာအတြက္ က်ပ္ငါးသိန္းမွ က်ပ္ ၁၂ သိန္း ၾကားရွိရမည္ဟုတုိင္းအစုိးရက ထုတ္ျပန္ထား သည္။

၀ယ္ယူလုိသူသည္ ပထမအဆင့္ေငြသြင္းရာ၌ ကုမၸဏီ၀န္ထမ္း ျဖစ္လွ်င္ တုိက္ခန္း၏ ၂၅ ရာခိုင္ ႏႈန္း၊ အစိုးရ၀န္ထမ္းျဖစ္ပါက ၁၅ ရာခိုင္ႏႈန္းသြင္းရမည္ဟု ေဆာက္လုပ္ေရး ၀န္ႀကီးဌာနက သတ္မွတ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#

ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့် ရောင်းချသည့်တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ပြန်လည်အပ်နှံသူ ရာဂဏန်းခန့် ရှိကြောင်း ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီဝင် ဦးသာအောင် က ပြောသည်။

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူ ခွင့်ရရှိသူ ၈၆၄ ဦးအား ပထမအသုတ်အဖြစ် ရွှေပေါက်ကံ၊ ရွှေလင်ဗန်း၊ ယုဇနနှင့် ကနောင်တန်ဖိုးနည်းအိမ်ရာတို့ကို ပြီးခဲ့သည့် ဇူလိုင်က မဲဖောက်ပေးသော် လည်း လက်ရှိတွင် တိုက်ခန်းမလို ချင်၍ ပြန်လည်အပ်နှံသူများနှင့် ပေးသွင်းရမည့် ငွေကြေးအဆင် မပြေ၍ အခန်းအပ်နှံသူ ရာဂဏန်းခန့်ရှိကြောင်း ၎င်းကပြောသည်။

‘‘ပြည်သူတွေရဲ့ အတန်းအ စားမှာဆိုရင် ပုံမှန်ဝင်ငွေ မရှိတဲ့ သူတွေများပါတယ်။ သူတို့မှာအ ကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့။ တချို့ကျတော့ နှစ်ဦး၊ သုံးဦးဝင် ငွေပြထားပေမယ့် တကယ်ငွေ သွင်းရမယ့်အချိန်မှာ အဆင်မပြေတာတွေ ရှိတယ်။ အဲဒီသူတွေက ပြန်အပ်ကြတာပေါ့’’ဟု ဦးသာ အောင်က ရှင်းပြသည်။

အဆိုပါ တိုက်ခန်းများကို ပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်း ဟူ၍ လေးမျိုးခွဲကာ ရောင်းချခဲ့ ခြင်းဖြစ်သည်။

ပြန်လည်အပ်နှံမှုများတွင် အချို့က မြေညီထပ် လိုချင်သော်လည်း အပေါ်ဆုံးထပ်ရ၍ ပြန် လည်အပ်နှံခြင်း၊ မဲပေါက်သည့်နေရာနှင့် လိုချင်သည့်နေရာ ထပ်တူမကျ၍ အပ်နှံခြင်း၊ ယခင်မျှော်မှန်းထားသည့် ငွေကြေးနှင့် အမှန်တကယ် ပေးသွင်းရမည့် ငွေကြေး ထပ်တူမကျ၍ အပ်နှံခြင်းတို့ရှိကြောင်း ဦးသာအောင်က ပြောသည်။

‘‘ပြန်အပ်နှံတဲ့စာရင်းတော့ ကျွန်တော်တို့ ဌာနကို မရောက် သေးပါဘူး။ အစိုးရအဖွဲ့က စာ ရင်းပြုစုတာ မပြီးပြတ်သေးလို့ ဖြစ်မယ်’’ ဟု ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။

ထို့ပြင် ပြန်လည်အပ်နှံသည့် တိုက်ခန်းများနှင့် ရောင်းချရန် ကျန်ရှိသည့် တိုက်ခန်းများကို စုပေါင်းပြီး ဝယ်ယူရန် တန်းစီဇယားတွင် စောင့်ဆိုင်းနေသူများအား ဆက်လက်ရောင်းချမည်ဖြစ်ကာ ရောင်းချမည့်ရက်မသတ်မှတ်ရသေးကြောင်း ဦးသာအောင်က ဆိုသည်။

လက်ရှိတွင် ကနောင်အိမ် ရာမှ ၆၉ ခန်းနှင့် ရွှေလင်ဗန်းအိမ် ရာမှ ၂၃ ခန်းရောင်းချရန် ကျန်ရှိ နေပြီး အခြားမြေနေရာများ၌ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရန် ပြည်သူ့အိမ်ရာရောင်းချရေး ကော်မတီက စီစဉ်နေသည်။

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူ မိသားစုဝင်ငွေသည် တစ် လကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းကြား ရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ကျပ်ငါးသိန်းမှ ကျပ် ၁၂ သိန်း ကြားရှိရမည်ဟုတိုင်းအစိုးရက ထုတ်ပြန်ထား သည်။

ဝယ်ယူလိုသူသည် ပထမအဆင့်ငွေသွင်းရာ၌ ကုမ္ပဏီဝန်ထမ်း ဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင် နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါက ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည်။

Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top