မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တနဂၤေႏြ သားသမီးေတြရဲ႕ စိတ္​​ေနစိတ္​ထားနဲ႔ စ႐ိုက္​သဘာဝ

တနဂၤေႏြ သားသမီးမ်ားသည္ စိတ္ႏွလံုးသား ျဖဴစင္၍ သေဘာထား ျပည့္ဝသူမ်ား ျဖစ္ၾကသည္။ သူတစ္ပါး အေပၚ ေပးကမ္း ေကြ်းေမြးလိုစိတ္ ရွိသည္။

အိမ္မိသားစု၊ ေဆြမ်ိဳးသားခ်င္း၊ သူငယ္ခ်င္း အေပါင္းအသင္းမ်ား အေပၚ အနစ္နာခံၿပီး ေပါင္းသင္း တတ္သည္။ မိမိအေပၚ မေကာင္းႀကံ သူကိုေတာ့ မျဖစ္ျဖစ္တဲ့ နည္းနဲ႔ ျပန္လည္ လက္စားေခ် တတ္သူမ်ား ျဖစ္ၾကသည္။

ခ်စ္မိရင္လည္း ႏွစ္ေယာက္မရွိ၊ မုန္းၿပီဆိုလည္း ဘယ္လိုမွကို မ်က္ႏွာ မၾကည့္ခ်င္ ေတာ့ေလာက္ေအာင္ မုန္းတီး တတ္ၾကသည္။ ဘာမဟုတ္တဲ့ ကိစၥေတြမွာ စိတ္တို၊စိတ္ေကာက္၊စိတ္ဆိုးလြယ္သည္။

စိတ္ဆိုးၿပီ ဆိုရင္လည္း ဘယ္သူဘဲ ေခ်ာ့ေခ်ာ့ ေခ်ာ့လို႔ရမွာ မဟုတ္ပါဘူး၊ မိမိဘာသာ သူ႔အလိုလို အခ်ိန္တန္လွ်င္ စိတ္ေျပ သြားတတ္သည္၊ စိတ္ဆိုးရင္ ဘာကိုမွ မၾကည့္ဘဲ ဇြတ္လုပ္တတ္ၾကၿပီး လုပ္ၿပီးမွ ေနာင္တေတြ ရေနတတ္သည္။

အလုပ္ လုပ္ရာတြင္ ေအးေအး ေဆးေဆး လုပ္ကိုင္ တတ္ၾကသည္။ အလုပ္တစ္ခု လုပ္မည္ ဆိုလွ်င္ ေသခ်ာ အခ်ိန္ယူ စဥ္းစားၿပီးမွ လုပ္ကိုင္တတ္ၾကသူမ်ား ျဖစ္ၾကသည္။

ထိုေၾကာင့္ ဘဝတြင္ ေအာင္ျမင္မႈေတြ ရရွိတတ္သလို တခါတေလတြင္ အခ်ိန္ယူ စဥ္းစားမႈေၾကာင့္ ေအာင္ျမင္မႈ ေႏွာင့္ေႏွးၾကန္႔ၾကာၿပီး ဆံုးရႈံးမႈေတြနဲ႔ ႀကံဳေတြ႕ရ တတ္ပါသည္။

အလုပ္တစ္ခုခု လုပ္မည္ဆိုပါက ကိုယ္က်ိဳး တစ္ခုတည္း ဘယ္ေတာ့မွ မၾကည့္တတ္ပါ၊ သူ႔ဘက္ကိုယ္ဘက္ မွ်ေအာင္ ၾကည့္တတ္ၾကသူမ်ား ျဖစ္ၾကသည္။

သူတစ္ပါးအေပၚ အယံုလြယ္၊ သနားလြယ္၊ အားနာတက္ၾကသျဖင့္ လူလိမ္ လူေကာက္ မ်ားနဲ႔ ဆံုေတြ႕ ရတတ္သည္။ ဘဝခရီးတြင္ အလွည့္အေျပာင္း အတက္အက် မ်ားစြာ ႀကံဳေတြ႕ရလိမ့္မည္။

တနလၤာ သားသမီးေတြရဲ႕ စိတ္​​ေနစိတ္​ထားနဲ႔ စ႐ိုက္​သဘာဝ

တနလၤာ သားသမီးမ်ားသည္ စိတ္သေဘာထား ႏူးညံ့သိမ္ေမြ႕ၾကၿပီး လူအမ်ားစု၏ ယံုၾကည္ အားကိုးျခင္းကို ခံၾကရမည္။ မိမိ၏ စိတ္ထားျဖဴစင္မႈကို အခြင့္ေကာင္းယူမည့္သူ မ်ားလိမ့္မည္။ သူတစ္ပါးအေပၚ ေကြ်းေမြးလိုစိတ္၊ ေပးကမ္းလိုစိတ္ အၿမဲရွိသည္။

အေပါင္းအသင္းေၾကာင့္ မိမိဘဝတြင္ အမွားအယြင္းမ်ား မၾကာခဏ ႀကံဳေတြ႕ရလိမ့္မည္။ တစ္ဖက္သားကို ထိထိေရာက္ေရာက္ ကူညီႏိုင္လွ်င္ ေပ်ာ္ရႊင္ခ်မ္းေျမ႕တတ္သူ တစ္ဦးျဖစ္သည္။

စိတ္ခ်မ္းသာမႈကို မိမိဖာသာ ရွာေဖြတတ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္တတ္သည္။ စိတ္ဓာတ္ ထက္ျမက္ျပီး မဟုတ္မခံ စိတ္ကေတာ့ အျပည့္အဝရွိမည္။ မိမိအေပၚ သူတစ္ပါး ခ်ယ္လွယ္လႊမ္းမိုးျခင္းကို လံုးဝမႀကိဳက္ပါဘူး။

လူတစ္ဖက္သားကို အယံုမလြယ္တတ္ၾကပါ။မိမိကစၿပီး သူတစ္ပါးကို ေစာ္ကားခ်င္တဲ့စိတ္ မရွိပါ၊ မိမိကို ေစာ္ကားလာလွ်င္ တက္ႏိုင္သေလာက္ သည္းခံမည္။

သည္းခံစရာရွိလွ်င္ သူတစ္ပါးထက္ ပိုၿပီးသည္းခံမည္။ သည္းမခံႏိုင္ခ်ိန္ ေရာက္လွ်င္ သူတစ္ပါးထက္ ပိုၿပီး ရက္စက္တတ္သည္။ ဂလက္စားေခ်တတ္တဲ့ စိတ္ရွိမည္။

အားနည္းခ်က္တစ္ခုကေတာ့ မိမိ၏လ်ိဳ႕ဝွက္ခ်က္မ်ားကို မဆင္မခ်င္ ဖြင့္ေျပာတတ္ၾကျခင္းပင္ ျဖစ္သည္။ အလုပ္တစ္ခု လုပ္လွ်င္ သူတပါးႏွင့္ တိုင္ပင္လိုစိတ္ ရွိတတ္ၾကသည္။ သူတစ္ပါး၏ ေခ်ာက္တြန္းျခင္းကိုလည္း မၾကာခဏ ခံရတတ္ပါသည္။

ထူးျခားတာတစ္ခုကေတာ့ သင္၏စိတ္က ဝမ္းသာစရာရွိလွ်င္ သူမ်ားတကာထက္ ပိုမည္၊ ဝမ္းနည္းစရာရွိပါက သူမ်ားတကာထက္ ပိုဆိုးမည္။ အလုပ္တစ္ခု လုပ္စရာရွိလွ်င္ အခ်ိန္အခါကို မေစာင့္ဘဲ ခ်က္ခ်င္း ထလုပ္ရမွ ေက်နပ္တတ္သူမ်ား ျဖစ္ၾကသည္။

အဂၤါသားသမီးေတြရဲ႕ စိတ္​​ေနစိတ္​ထားနဲ႔ စ႐ိုက္​သဘာဝ

အဂၤါ သားသမီးမ်ားသည္ စိတ္ဓာတ္ ထက္ျမက္ၾကၿပီး စိတ္သေဘာထား အလြန္ ေကာင္းမြန္သူမ်ား ျဖစ္ၾကသည္။ကူညီလိုစိတ္၊ေပးကမ္းလိုစိတ္ အျပည့္အဝ ရွိၿပီး စိတ္ဓာတ္ မာေက်ာသည္။

အလုပ္တစ္ခုကို လုပ္ခ်င္စိတ္ေပၚၿပီ ဆိုလွ်င္ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ လုပ္လိုက္ရမွ ေက်နပ္ၾကသူမ်ား ျဖစ္သည္။စိတ္ျပတ္သားသည္၊ စိတ္ျမန္ လက္ျမန္လည္း ရွိၾကသည္။ စကားေျပာရာတြင္ ပြင့္လင္းသည္။

အားမနာတမ္း ေျပာတတ္ ဆိုတတ္သည္။ ေျပာမယ္ဆို ေျပာရမွ လုပ္မယ္ဆို လုပ္ရမွ ေက်နပ္တတ္ၾကသူမ်ား ျဖစ္သည္။စိတ္တိုတတ္၊ေဒါသထြက္ လြယ္တတ္ေသာ္လည္း စိတ္ေျပ လြယ္တတ္ၾကပါသည္။

ေပ်ာ္ရႊင္စရာ ျဖစ္ေစ၊ ေနာင္တရစရာ ျဖစ္ေစ ၾကာရွည္ မခံစားတတ္ၾကပါ။ ခံစားခ်က္ ျပင္းျပင္းထန္ထန္ မထားဘဲ ခပ္ေပါ့ေပါ့ လုပ္တတ္ျခင္းေၾကာင့္ ဘဝတြင္ အမွားမ်ားစြာကို ေတြ႕ႀကံဳ ခံစားရမည္။

မည္သည့္ အလုပ္ကို မဆို အေသးစိတ္ ေအာက္ေျခသိမ္း လုပ္ကိုင္ႏိုင္စြမ္း ရွိသည္။ မေအာင္ျမင္မျခင္း ဇြဲႏွင့္ လုပ္ကိုင္တတ္သည္။သို႔ေသာ္ အစမျပဳမိေသးခင္ အထိ ပ်င္းရိေနတတ္သည္။

စိတ္ခ်မ္းသာစရာ၊ စိတ္ေပ်ာ္ရႊင္စရာကို ဦးသားေပး လုပ္ကိုင္တတ္ၿပီး ဘဝအနာဂတ္ အေရးကို အၿမဲတမ္း စဥ္းစားေနတတ္သူမ်ား ျဖစ္ၾကသည္။

သင့္ကို အျပင္ပန္းက ၾကည့္လွ်င္ ပ်င္းသည္၊ ခပ္ေပါ့ေပါ့ ေနတတ္သည္ဟု ထင္ျမင္ၾကသည္။ အျပင္ပန္းက ေအးသည္ ထင္ရေသာ္လည္း စိတ္ထဲက အၿမဲ အလုပ္လုပ္ေနတတ္ ၾကသည္။

မည္သည့္ အေၾကာင္းအရာကိုမဆို စူးစမ္း ေလ့လာလိုစိတ္ အၿမဲရွိသည္။ သူမ်ား မလုပ္ရဲေသာ အလုပ္၊ စြန္႔ပစ္သြားေသာ အလုပ္ကို လုပ္ကိုင္ၿပီး ေအာင္ျမင္တတ္သည္။

ဗုဒၶဟူးသားသမီးေတြရဲ႕ စိတ္​​ေနစိတ္​ထားနဲ႔ စ႐ိုက္​သဘာဝ

ဗုဒၶဟူး သားသမီးမ်ားသည္ စိတ္ထား ထက္ျမက္ၿပီး တဇြတ္ထိုး လုပ္ကိုင္ တတ္ၾကသူမ်ား ျဖစ္သည္။ စိတ္ရင္း ေကာင္းၿပီး ေစတနာ ျပည့္ဝသည္။ အမ်ားရဲ႕ ခ်စ္ခင္မႈ အထင္ႀကီးမႈကို ခံၾကရမည္။ ႏႈတ္ထြက္ ခ်ိဳသာၾကၿပီး လူအမ်ား စြဲမက္ေအာင္ ေျပာဆို ႏိုင္ၾကသူမ်ား ျဖစ္သည္။

တစ္ဖက္သားကို စိတ္ခ်မ္းသာေအာင္ ေျပာဆိုတတ္သည္။ ႏွစ္သိမ့္ အားေပးတတ္မည္။ ျဖစ္သမွ်ကို လက္ခံ တင္းတိမ္ႏိုင္ၿပီး ခြင့္လႊတ္ႏိုင္စြမ္း ရွိၾကၾကသည္။ မိမိ အေၾကာင္း မသိသူမ်ားက မိမိႏွင့္ ေပါင္းသင္းႏိုင္မည္ မဟုတ္။

အေပါင္းအသင္းမ်ား အေပၚ မိမိက အနစ္နာခံၿပီး ေပါင္းသင္း တတ္ေသာ္လည္း မိမိအေပၚ ေက်းဇူးကန္း သူမ်ားႏွင့္ ႀကံဳေတြ႕ရမည္။ မ်ားေသာ အားျဖင့္ လုပ္ကိုင္သမွ် အလုပ္တိုင္း ထင္သေလာက္ အက်ိဳးေပးမည္ မဟုတ္ပါ။

လူ အပင္ပန္း ခံႏိုင္ေပမဲ့ စိတ္အပင္ပန္း မခံႏိုင္ၾကပါ။ စိတ္ဆိုးလြယ္ ၾကေသာ္လည္း လက္ေတြ႕တြင္ မရက္စက္ ႏိုင္ၾကပါ။ျဖတ္ထိုးဉာဏ္၊ ထိုးထြင္းဉာဏ္ ေကာင္းၾကသူမ်ား ျဖစ္သည္။

အလုပ္ကို သူမ်ားထက္ ပိုလုပ္ႏိုင္ၾကၿပီး တိုးတက္ေသာအခါ မိမိေလာက္ မလုပ္သူမ်ားက တိုးတက္သြားသျဖင့္ စိတ္ပင္ပန္းၿပီးက်န္ရစ္ခဲ့တတ္သည္။

မိမိ တိုးတက္ၿပီ ဆိုလွ်င္လည္း အမ်ားတကာ အံ့ၾသသြားသည္ အထိ တဟုန္ထိုး တိုးတက္မည္။တစ္ယူသန္စိတ္ ရွိသည့္ အတြက္ တစ္ခါတစ္ရံ မထင္ထားတဲ့ ျပသနာမ်ား ႀကံဳေတြ႕ရ တတ္ပါသည္။

သူတစ္ပါး ျပသနာကို ကိုယ့္ျပသနာ ျဖစ္ေအာင္ ဝင္ၿပီး ၾကားဝင္တတ္သည့္ အတြက္ အစြပ္စြဲ ခံရတတ္သည္ ( ေရွာင္ပါ)ေရာက္ရွိေနေသာ ဘဝႏွင့္ မိမိ ေတြးေခၚမႈ ဆန္းသစ္မႈ မ်ားမွာ အံ့မဝင္သလို ရွိေနတတ္သည္။ မိမိ အေတြးအေခၚက ျမင့္မားေနေသာေၾကာင့္ ျဖစ္သည္။

ၾကာသပေတးသားသမီးေတြရဲ႕ စိတ္​​ေနစိတ္​ထားနဲ႔ စ႐ိုက္​သဘာဝ

ၾကာသပေတးသားသမီးမ်ားသည္ စိတ္ရင္ေစတနာေကာင္းၿပီး ပြင့္လင္းျဖဴစင္ေသာစိတ္ရွိသည္။ လူတိုင္းကိုခင္မင္တတ္သည္။ အကူအညီေတာင္းခဲလွ်င္လည္း မည္သူ႔ကိုမဆို အကူအညီေပးရန္အသင့္ရွိေနတတ္သူျဖစ္သည္။

လူအမ်ားႏွင့္ စည္းစည္းလံုးလံုး၊ ညီညီၫြတ္ၫြတ္ေနခ်င္စိတ္ရွိသူျဖစ္မည္။ မိသားစုေဆြမ်ိဳးသားခ်င္းမ်ားအေပၚ အလြန္သံေယာဇဥ္ႀကီးတတ္မ်ားျဖစ္ၾကသည္။ တည္တည္ၾကည္ၾကည္ေနတတ္ၿပီး စိတ္သေဘာထားေကာင္းမည္။

ျဖစ္ေလရာဘဝ၊ ေရာက္ရာအေျခအေနတြင္ ေပ်ာ္သလိုေနတတ္မည္။ စိတ္ဓာတ္ထက္ျမက္ၿပီး မတရားမႈကိုဆန္က်င့္ သူမ်ားျဖစ္သည္။ ေျပာစရာရွိလွ်င္ေျဗာင္ေျပာလြန္းေသာေၾကာင့္ လူမ်ားစုကတခါတေလ အျမင္ကပ္ၾကသည္။

သင္သည္ခံစားခ်က္မ်ားကိုရင္ဖြင့္တတ္ေသာ္လည္း လုပ္ရမည့္အလုပ္ႏွင့္ပတ္သက္လာလွ်င္အလြန္လ်ိဳ႕ဝွက္တတ္မည္။သင္ဘာလုပ္မည္ဆိုတာကိုမည္သူမွ် မသိႏိုင္ပါ။ အလုပ္ကို အပင္ပန္းခံလုပ္ႏိုင္မည္၊ ႀကိဳးစားသည္။

ႀကိဳးစားသေလာက္ အရာမထင္ျဖစ္တတ္သည့္ ကံမ်ိဳးၾကံဳရတတ္ပါသည္။ လူအမ်ားက ေပါ့သည္ပ်င္းသည္ဟု ထင္ေနၾကသည္။ အလုပ္ကို ျပတ္ျပတ္သားသားမလုပ္ျခင္းေၾကာင့္လည္း ဒုကၡၾကံဳရတတ္ပါသည္။

ဒုကၡၾကံဳလွ်င္ျဖစ္ေစ၊ ေပ်ာ္စရာၾကံဳသည္ျဖစ္ေစ ကံကိုပံုခ်တတ္ေသာစိတ္မ်ိဳးရွိသည္။ မနက္ျဖန္အတြက္ကိုေတြးပူေနတက္သူမဟုတ္ပါ။ လက္ထဲေငြေရာက္လွ်င္လည္း ဘာမွမည္မည္ရရမဟုတ္ဘဲ ကုန္ေနတတ္မည္။လက္ထဲေငြအနည္းငယ္ရွိေနလွ်င္ အလုပ္လုပ္ခ်င္စိတ္ရွိမည္ မဟုတ္ပါ။

ေငြထက္ပစၥည္းကိုပိုစုေဆာင္းတတ္မည္။ စကားေျပာရာတြင္ ႏူးညံ့သိမ္ေမြ႕မည္။ ၾကည့္လိုက္လွ်င္ မေျပာတတ္သလိုနဲ႔ တကယ္တမ္းေျပာလွ်င္ အကြက္က်က် ေျပာတတ္ဆိုတတ္ၾကသည္။

ေသာၾကာသားသမီးေတြရဲ႕ စိတ္​​ေနစိတ္​ထားနဲ႔ စ႐ိုက္​သဘာဝ

ေသာၾကာ သားသမီးမ်ားသည္ အရာရာတြင္ လိုက္ေလ်ာၿပီး လူအမ်ား၏ ေလးစားမႈကို ရေအာင္ဖန္တီး ႏိုင္ၾကသူမ်ား ျဖစ္ၾကသည္။ စကားႂကြယ္ၿပီး သူတပါး ျဖစ္ခ်င္တဲ့ ဆႏၵအတိုင္း လိုက္ေလ်ာ ေျပာဆိုတတ္သည္။

ဘာသာတရား ကိုင္း႐ႈိင္းတတ္ၾကၿပီး ဘာသာေရး အယူသည္းမည္။ ကိုယ့္ထက္ ပညာတတ္သူ အဆင့္အတန္းျမင့္မား သူမ်ားကို အၿမဲတမ္း အတုယူတတ္သည္။

မည္မွ်ပင္ ဆိုးဝါးေသာ အေျခအေနမွာ ျဖစ္ေစ စိတ္မပ်က္တတ္ မ်က္ႏွာမပ်က္တတ္ တည္တည္ၾကည္ၾကည္ ေနတက္မည္။ အၿမဲတမ္း လႈပ္ရွား သြက္လက္ေသာ အမူအယာ ရွိေနတတ္သည္။ မိမိ စိတ္ဓာတ္ က်မိလွ်င္ သူမ်ားထက္ ပိုဆိုးသည္။

အလုပ္တစ္ခု လုပ္လွ်င္ စိတ္တိုင္းက် စီစဥ္ ေဆာင္ရြက္ လုပ္ကိုင္ၾကသည္။ မိမိကလည္း သူတစ္ပါးကို မတရား မလုပ္တတ္သလို မိမိကို မတရားလုပ္လာလွ်င္ အလြန္ ေဒါသထြက္မည္။

မိမိ၏ အေပါင္းအသင္း ဆက္ဆံမႈေၾကာင့္ စီးပြားေရး အလုပ္မ်ားတြင္ မၾကာခဏ အကူအညီရမည္။ လူအမ်ားက သင့္ကို အၿမဲတမ္း ေပ်ာ္ရႊင္ေနတတ္သူ ဟု ထင္ရေလာက္ေအာင္ပင္ မ်က္ႏွာမွာ အၿမဲ ၿပံဳးခ်ိဳေနတတ္သည္။

ဒုကၡၾကားထဲမွာပင္ ၿပံဳးေနႏိုင္စြမ္းရွိသူမ်ား ျဖစ္သည္။ဒုကၡ မျဖစ္ခင္က ေတြးေၾကာက္ ေနတတ္ေသာ္လည္း တကယ့္ လက္ေတြ႕တြင္ ရဲရင့္စြာ ရင္ဆိုင္တတ္သူမ်ား ျဖစ္ၾကသည္။

စေနသားသမီးေတြရဲ႕ စိတ္​​ေနစိတ္​ထားနဲ႔ စ႐ိုက္​သဘာဝ

စေန သားသမီးမ်ားသည္ ပင္ကိုဗီဇ ေကာင္းၾကသည္။ စိတ္ရင္း ေကာင္းၿပီး လူတိုင္းကို ခင္ခင္မင္မင္ ေပါင္းသင္းဆက္ဆံ တတ္ၾကသည္။ တည္ၾကည္ၿပီး လူႀကီး လူေကာင္း ဆန္သည္။

အစစ အရာရာ စိတ္ေအးလက္ေအး စဥ္းစားပီးမွ လုပ္ကိုင္တတ္သည္။ အလုပ္တစ္ခု လုပ္မည္ ဆိုလွ်င္ စိတ္ျမန္လက္ျမန္ လုပ္တတ္သည္။ ဗဟုသုတ စံုလင္ၿပီး ဘက္စံုရသူ တစ္ဦးျဖစ္ေသာေၾကာင့္ ႀကီးသူကျဖစ္ေစ ငယ္သူကျဖစ္ေစ ေလးစားတတ္ၾကသည္။

တစ္ျခားသူ အေပၚ လိုက္ေလ်ာ ၾကင္နာမႈ လြန္ကဲမည္။ လူတိုင္းကို စိတ္ခ်မ္းသာေအာင္ ထားလိုသည့္ စိတ္မ်ိဳးရွိသည္။ မိမိ အပူကို သူတစ္ပါးဆီ မကူးစက္ေစလိုဘဲ တစ္ေယာက္ထဲ ႀကိတ္ပီး ခံစားမည္။ အလုပ္လုပ္လွ်င္ ခင္မင္ ရင္းႏွီး သူမ်ားႏွင့္ တိုင္တိုင္ပင္ပင္ လုပ္တတ္သည္။

သူတစ္ပါး လုပ္ခဲ့ၿပီး မျဖစ္ဘူး ဆိုသည့္ အလုပ္မ်ိဳးကို ျဖစ္ေအာင္ လုပ္ျပလိုစိတ္ ရွိသည္။ ဘဝတြင္ ထိပ္တန္းသို႔ ေရာက္ႏိုင္မည့္ အခြင့္အေရးမ်ိဳးကို မၾကာခဏ ရရွိတတ္ေသာ္လည္း မိမိက ပိုင္ပိုင္ႏိုင္ႏိုင္ အသံုးခ်တတ္မည္ မဟုတ္ပါ။ လူအမ်ားစုကို ဆြဲေဆာင္ႏိုင္စြမ္း ရွိမည္။

ေစတနာ ေကာင္းမြန္ လြန္းေသာေၾကာင့္ မၾကာခဏ ဒုကၡနဲ႔ ႀကံဳရတတ္ပါသည္။ အရွက္အေၾကာက္ ႀကီးတတ္ၾကသည္။ ဇြဲရွိသည္၊ အလုပ္တစ္ခုကို မျဖစ္ျဖစ္ေအာင္ လုပ္တတ္တဲ့ စိတ္က အျပည့္အဝ ရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အဂၢမင္း
#Unicode Version#
တနင်္ဂနွေ သားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ

တနင်္ဂနွေ သားသမီးများသည် စိတ်နှလုံးသား ဖြူစင်၍ သဘောထား ပြည့်ဝသူများ ဖြစ်ကြသည်။ သူတစ်ပါး အပေါ် ပေးကမ်း ကျွေးမွေးလိုစိတ် ရှိသည်။

အိမ်မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း အပေါင်းအသင်းများ အပေါ် အနစ်နာခံပြီး ပေါင်းသင်း တတ်သည်။ မိမိအပေါ် မကောင်းကြံ သူကိုတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်လည် လက်စားချေ တတ်သူများ ဖြစ်ကြသည်။

ချစ်မိရင်လည်း နှစ်ယောက်မရှိ၊ မုန်းပြီဆိုလည်း ဘယ်လိုမှကို မျက်နှာ မကြည့်ချင် တော့လောက်အောင် မုန်းတီး တတ်ကြသည်။ ဘာမဟုတ်တဲ့ ကိစ္စတွေမှာ စိတ်တို၊စိတ်ကောက်၊စိတ်ဆိုးလွယ်သည်။

စိတ်ဆိုးပြီ ဆိုရင်လည်း ဘယ်သူဘဲ ချော့ချော့ ချော့လို့ရမှာ မဟုတ်ပါဘူး၊ မိမိဘာသာ သူ့အလိုလို အချိန်တန်လျှင် စိတ်ပြေ သွားတတ်သည်၊ စိတ်ဆိုးရင် ဘာကိုမှ မကြည့်ဘဲ ဇွတ်လုပ်တတ်ကြပြီး လုပ်ပြီးမှ နောင်တတွေ ရနေတတ်သည်။

အလုပ် လုပ်ရာတွင် အေးအေး ဆေးဆေး လုပ်ကိုင် တတ်ကြသည်။ အလုပ်တစ်ခု လုပ်မည် ဆိုလျှင် သေချာ အချိန်ယူ စဉ်းစားပြီးမှ လုပ်ကိုင်တတ်ကြသူများ ဖြစ်ကြသည်။

ထိုကြောင့် ဘဝတွင် အောင်မြင်မှုတွေ ရရှိတတ်သလို တခါတလေတွင် အချိန်ယူ စဉ်းစားမှုကြောင့် အောင်မြင်မှု နှောင့်နှေးကြန့်ကြာပြီး ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရ တတ်ပါသည်။

အလုပ်တစ်ခုခု လုပ်မည်ဆိုပါက ကိုယ်ကျိုး တစ်ခုတည်း ဘယ်တော့မှ မကြည့်တတ်ပါ၊ သူ့ဘက်ကိုယ်ဘက် မျှအောင် ကြည့်တတ်ကြသူများ ဖြစ်ကြသည်။

သူတစ်ပါးအပေါ် အယုံလွယ်၊ သနားလွယ်၊ အားနာတက်ကြသဖြင့် လူလိမ် လူကောက် များနဲ့ ဆုံတွေ့ ရတတ်သည်။ ဘဝခရီးတွင် အလှည့်အပြောင်း အတက်အကျ များစွာ ကြုံတွေ့ရလိမ့်မည်။

တနင်္လာ သားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ

တနင်္လာ သားသမီးများသည် စိတ်သဘောထား နူးညံ့သိမ်မွေ့ကြပြီး လူအများစု၏ ယုံကြည် အားကိုးခြင်းကို ခံကြရမည်။ မိမိ၏ စိတ်ထားဖြူစင်မှုကို အခွင့်ကောင်းယူမည့်သူ များလိမ့်မည်။ သူတစ်ပါးအပေါ် ကျွေးမွေးလိုစိတ်၊ ပေးကမ်းလိုစိတ် အမြဲရှိသည်။

အပေါင်းအသင်းကြောင့် မိမိဘဝတွင် အမှားအယွင်းများ မကြာခဏ ကြုံတွေ့ရလိမ့်မည်။ တစ်ဖက်သားကို ထိထိရောက်ရောက် ကူညီနိုင်လျှင် ပျော်ရွှင်ချမ်းမြေ့တတ်သူ တစ်ဦးဖြစ်သည်။

စိတ်ချမ်းသာမှုကို မိမိဖာသာ ရှာဖွေတတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သည်။ စိတ်ဓာတ် ထက်မြက်ပြီး မဟုတ်မခံ စိတ်ကတော့ အပြည့်အဝရှိမည်။ မိမိအပေါ် သူတစ်ပါး ချယ်လှယ်လွှမ်းမိုးခြင်းကို လုံးဝမကြိုက်ပါဘူး။

လူတစ်ဖက်သားကို အယုံမလွယ်တတ်ကြပါ။မိမိကစပြီး သူတစ်ပါးကို စော်ကားချင်တဲ့စိတ် မရှိပါ၊ မိမိကို စော်ကားလာလျှင် တက်နိုင်သလောက် သည်းခံမည်။

သည်းခံစရာရှိလျှင် သူတစ်ပါးထက် ပိုပြီးသည်းခံမည်။ သည်းမခံနိုင်ချိန် ရောက်လျှင် သူတစ်ပါးထက် ပိုပြီး ရက်စက်တတ်သည်။ ဂလက်စားချေတတ်တဲ့ စိတ်ရှိမည်။

အားနည်းချက်တစ်ခုကတော့ မိမိ၏လျို့ဝှက်ချက်များကို မဆင်မချင် ဖွင့်ပြောတတ်ကြခြင်းပင် ဖြစ်သည်။ အလုပ်တစ်ခု လုပ်လျှင် သူတပါးနှင့် တိုင်ပင်လိုစိတ် ရှိတတ်ကြသည်။ သူတစ်ပါး၏ ချောက်တွန်းခြင်းကိုလည်း မကြာခဏ ခံရတတ်ပါသည်။

ထူးခြားတာတစ်ခုကတော့ သင်၏စိတ်က ဝမ်းသာစရာရှိလျှင် သူများတကာထက် ပိုမည်၊ ဝမ်းနည်းစရာရှိပါက သူများတကာထက် ပိုဆိုးမည်။ အလုပ်တစ်ခု လုပ်စရာရှိလျှင် အချိန်အခါကို မစောင့်ဘဲ ချက်ချင်း ထလုပ်ရမှ ကျေနပ်တတ်သူများ ဖြစ်ကြသည်။

အင်္ဂါသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ

အင်္ဂါ သားသမီးများသည် စိတ်ဓာတ် ထက်မြက်ကြပြီး စိတ်သဘောထား အလွန် ကောင်းမွန်သူများ ဖြစ်ကြသည်။ကူညီလိုစိတ်၊ပေးကမ်းလိုစိတ် အပြည့်အဝ ရှိပြီး စိတ်ဓာတ် မာကျောသည်။

အလုပ်တစ်ခုကို လုပ်ချင်စိတ်ပေါ်ပြီ ဆိုလျှင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လုပ်လိုက်ရမှ ကျေနပ်ကြသူများ ဖြစ်သည်။စိတ်ပြတ်သားသည်၊ စိတ်မြန် လက်မြန်လည်း ရှိကြသည်။ စကားပြောရာတွင် ပွင့်လင်းသည်။

အားမနာတမ်း ပြောတတ် ဆိုတတ်သည်။ ပြောမယ်ဆို ပြောရမှ လုပ်မယ်ဆို လုပ်ရမှ ကျေနပ်တတ်ကြသူများ ဖြစ်သည်။စိတ်တိုတတ်၊ဒေါသထွက် လွယ်တတ်သော်လည်း စိတ်ပြေ လွယ်တတ်ကြပါသည်။

ပျော်ရွှင်စရာ ဖြစ်စေ၊ နောင်တရစရာ ဖြစ်စေ ကြာရှည် မခံစားတတ်ကြပါ။ ခံစားချက် ပြင်းပြင်းထန်ထန် မထားဘဲ ခပ်ပေါ့ပေါ့ လုပ်တတ်ခြင်းကြောင့် ဘဝတွင် အမှားများစွာကို တွေ့ကြုံ ခံစားရမည်။

မည်သည့် အလုပ်ကို မဆို အသေးစိတ် အောက်ခြေသိမ်း လုပ်ကိုင်နိုင်စွမ်း ရှိသည်။ မအောင်မြင်မခြင်း ဇွဲနှင့် လုပ်ကိုင်တတ်သည်။သို့သော် အစမပြုမိသေးခင် အထိ ပျင်းရိနေတတ်သည်။

စိတ်ချမ်းသာစရာ၊ စိတ်ပျော်ရွှင်စရာကို ဦးသားပေး လုပ်ကိုင်တတ်ပြီး ဘဝအနာဂတ် အရေးကို အမြဲတမ်း စဉ်းစားနေတတ်သူများ ဖြစ်ကြသည်။

သင့်ကို အပြင်ပန်းက ကြည့်လျှင် ပျင်းသည်၊ ခပ်ပေါ့ပေါ့ နေတတ်သည်ဟု ထင်မြင်ကြသည်။ အပြင်ပန်းက အေးသည် ထင်ရသော်လည်း စိတ်ထဲက အမြဲ အလုပ်လုပ်နေတတ် ကြသည်။

မည်သည့် အကြောင်းအရာကိုမဆို စူးစမ်း လေ့လာလိုစိတ် အမြဲရှိသည်။ သူများ မလုပ်ရဲသော အလုပ်၊ စွန့်ပစ်သွားသော အလုပ်ကို လုပ်ကိုင်ပြီး အောင်မြင်တတ်သည်။

ဗုဒ္ဓဟူးသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ

ဗုဒ္ဓဟူး သားသမီးများသည် စိတ်ထား ထက်မြက်ပြီး တဇွတ်ထိုး လုပ်ကိုင် တတ်ကြသူများ ဖြစ်သည်။ စိတ်ရင်း ကောင်းပြီး စေတနာ ပြည့်ဝသည်။ အများရဲ့ ချစ်ခင်မှု အထင်ကြီးမှုကို ခံကြရမည်။ နှုတ်ထွက် ချိုသာကြပြီး လူအများ စွဲမက်အောင် ပြောဆို နိုင်ကြသူများ ဖြစ်သည်။

တစ်ဖက်သားကို စိတ်ချမ်းသာအောင် ပြောဆိုတတ်သည်။ နှစ်သိမ့် အားပေးတတ်မည်။ ဖြစ်သမျှကို လက်ခံ တင်းတိမ်နိုင်ပြီး ခွင့်လွှတ်နိုင်စွမ်း ရှိကြကြသည်။ မိမိ အကြောင်း မသိသူများက မိမိနှင့် ပေါင်းသင်းနိုင်မည် မဟုတ်။

အပေါင်းအသင်းများ အပေါ် မိမိက အနစ်နာခံပြီး ပေါင်းသင်း တတ်သော်လည်း မိမိအပေါ် ကျေးဇူးကန်း သူများနှင့် ကြုံတွေ့ရမည်။ များသော အားဖြင့် လုပ်ကိုင်သမျှ အလုပ်တိုင်း ထင်သလောက် အကျိုးပေးမည် မဟုတ်ပါ။

လူ အပင်ပန်း ခံနိုင်ပေမဲ့ စိတ်အပင်ပန်း မခံနိုင်ကြပါ။ စိတ်ဆိုးလွယ် ကြသော်လည်း လက်တွေ့တွင် မရက်စက် နိုင်ကြပါ။ဖြတ်ထိုးဉာဏ်၊ ထိုးထွင်းဉာဏ် ကောင်းကြသူများ ဖြစ်သည်။

အလုပ်ကို သူများထက် ပိုလုပ်နိုင်ကြပြီး တိုးတက်သောအခါ မိမိလောက် မလုပ်သူများက တိုးတက်သွားသဖြင့် စိတ်ပင်ပန်းပြီးကျန်ရစ်ခဲ့တတ်သည်။

မိမိ တိုးတက်ပြီ ဆိုလျှင်လည်း အများတကာ အံ့သြသွားသည် အထိ တဟုန်ထိုး တိုးတက်မည်။တစ်ယူသန်စိတ် ရှိသည့် အတွက် တစ်ခါတစ်ရံ မထင်ထားတဲ့ ပြသနာများ ကြုံတွေ့ရ တတ်ပါသည်။

သူတစ်ပါး ပြသနာကို ကိုယ့်ပြသနာ ဖြစ်အောင် ဝင်ပြီး ကြားဝင်တတ်သည့် အတွက် အစွပ်စွဲ ခံရတတ်သည် ( ရှောင်ပါ)ရောက်ရှိနေသော ဘဝနှင့် မိမိ တွေးခေါ်မှု ဆန်းသစ်မှု များမှာ အံ့မဝင်သလို ရှိနေတတ်သည်။ မိမိ အတွေးအခေါ်က မြင့်မားနေသောကြောင့် ဖြစ်သည်။

ကြာသပတေးသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ

ကြာသပတေးသားသမီးများသည် စိတ်ရင်စေတနာကောင်းပြီး ပွင့်လင်းဖြူစင်သောစိတ်ရှိသည်။ လူတိုင်းကိုခင်မင်တတ်သည်။ အကူအညီတောင်းခဲလျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတတ်သူဖြစ်သည်။

လူအများနှင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နေချင်စိတ်ရှိသူဖြစ်မည်။ မိသားစုဆွေမျိုးသားချင်းများအပေါ် အလွန်သံယောဇဉ်ကြီးတတ်များဖြစ်ကြသည်။ တည်တည်ကြည်ကြည်နေတတ်ပြီး စိတ်သဘောထားကောင်းမည်။

ဖြစ်လေရာဘဝ၊ ရောက်ရာအခြေအနေတွင် ပျော်သလိုနေတတ်မည်။ စိတ်ဓာတ်ထက်မြက်ပြီး မတရားမှုကိုဆန်ကျင့် သူများဖြစ်သည်။ ပြောစရာရှိလျှင်ဗြောင်ပြောလွန်းသောကြောင့် လူများစုကတခါတလေ အမြင်ကပ်ကြသည်။

သင်သည်ခံစားချက်များကိုရင်ဖွင့်တတ်သော်လည်း လုပ်ရမည့်အလုပ်နှင့်ပတ်သက်လာလျှင်အလွန်လျို့ဝှက်တတ်မည်။သင်ဘာလုပ်မည်ဆိုတာကိုမည်သူမျှ မသိနိုင်ပါ။ အလုပ်ကို အပင်ပန်းခံလုပ်နိုင်မည်၊ ကြိုးစားသည်။

ကြိုးစားသလောက် အရာမထင်ဖြစ်တတ်သည့် ကံမျိုးကြုံရတတ်ပါသည်။ လူအများက ပေါ့သည်ပျင်းသည်ဟု ထင်နေကြသည်။ အလုပ်ကို ပြတ်ပြတ်သားသားမလုပ်ခြင်းကြောင့်လည်း ဒုက္ခကြုံရတတ်ပါသည်။

ဒုက္ခကြုံလျှင်ဖြစ်စေ၊ ပျော်စရာကြုံသည်ဖြစ်စေ ကံကိုပုံချတတ်သောစိတ်မျိုးရှိသည်။ မနက်ဖြန်အတွက်ကိုတွေးပူနေတက်သူမဟုတ်ပါ။ လက်ထဲငွေရောက်လျှင်လည်း ဘာမှမည်မည်ရရမဟုတ်ဘဲ ကုန်နေတတ်မည်။လက်ထဲငွေအနည်းငယ်ရှိနေလျှင် အလုပ်လုပ်ချင်စိတ်ရှိမည် မဟုတ်ပါ။

ငွေထက်ပစ္စည်းကိုပိုစုဆောင်းတတ်မည်။ စကားပြောရာတွင် နူးညံ့သိမ်မွေ့မည်။ ကြည့်လိုက်လျှင် မပြောတတ်သလိုနဲ့ တကယ်တမ်းပြောလျှင် အကွက်ကျကျ ပြောတတ်ဆိုတတ်ကြသည်။

သောကြာသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ

သောကြာ သားသမီးများသည် အရာရာတွင် လိုက်လျောပြီး လူအများ၏ လေးစားမှုကို ရအောင်ဖန်တီး နိုင်ကြသူများ ဖြစ်ကြသည်။ စကားကြွယ်ပြီး သူတပါး ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လိုက်လျော ပြောဆိုတတ်သည်။

ဘာသာတရား ကိုင်းရှိုင်းတတ်ကြပြီး ဘာသာရေး အယူသည်းမည်။ ကိုယ့်ထက် ပညာတတ်သူ အဆင့်အတန်းမြင့်မား သူများကို အမြဲတမ်း အတုယူတတ်သည်။

မည်မျှပင် ဆိုးဝါးသော အခြေအနေမှာ ဖြစ်စေ စိတ်မပျက်တတ် မျက်နှာမပျက်တတ် တည်တည်ကြည်ကြည် နေတက်မည်။ အမြဲတမ်း လှုပ်ရှား သွက်လက်သော အမူအယာ ရှိနေတတ်သည်။ မိမိ စိတ်ဓာတ် ကျမိလျှင် သူများထက် ပိုဆိုးသည်။

အလုပ်တစ်ခု လုပ်လျှင် စိတ်တိုင်းကျ စီစဉ် ဆောင်ရွက် လုပ်ကိုင်ကြသည်။ မိမိကလည်း သူတစ်ပါးကို မတရား မလုပ်တတ်သလို မိမိကို မတရားလုပ်လာလျှင် အလွန် ဒေါသထွက်မည်။

မိမိ၏ အပေါင်းအသင်း ဆက်ဆံမှုကြောင့် စီးပွားရေး အလုပ်များတွင် မကြာခဏ အကူအညီရမည်။ လူအများက သင့်ကို အမြဲတမ်း ပျော်ရွှင်နေတတ်သူ ဟု ထင်ရလောက်အောင်ပင် မျက်နှာမှာ အမြဲ ပြုံးချိုနေတတ်သည်။

ဒုက္ခကြားထဲမှာပင် ပြုံးနေနိုင်စွမ်းရှိသူများ ဖြစ်သည်။ဒုက္ခ မဖြစ်ခင်က တွေးကြောက် နေတတ်သော်လည်း တကယ့် လက်တွေ့တွင် ရဲရင့်စွာ ရင်ဆိုင်တတ်သူများ ဖြစ်ကြသည်။

စနေသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ

စနေ သားသမီးများသည် ပင်ကိုဗီဇ ကောင်းကြသည်။ စိတ်ရင်း ကောင်းပြီး လူတိုင်းကို ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံ တတ်ကြသည်။ တည်ကြည်ပြီး လူကြီး လူကောင်း ဆန်သည်။

အစစ အရာရာ စိတ်အေးလက်အေး စဉ်းစားပီးမှ လုပ်ကိုင်တတ်သည်။ အလုပ်တစ်ခု လုပ်မည် ဆိုလျှင် စိတ်မြန်လက်မြန် လုပ်တတ်သည်။ ဗဟုသုတ စုံလင်ပြီး ဘက်စုံရသူ တစ်ဦးဖြစ်သောကြောင့် ကြီးသူကဖြစ်စေ ငယ်သူကဖြစ်စေ လေးစားတတ်ကြသည်။

တစ်ခြားသူ အပေါ် လိုက်လျော ကြင်နာမှု လွန်ကဲမည်။ လူတိုင်းကို စိတ်ချမ်းသာအောင် ထားလိုသည့် စိတ်မျိုးရှိသည်။ မိမိ အပူကို သူတစ်ပါးဆီ မကူးစက်စေလိုဘဲ တစ်ယောက်ထဲ ကြိတ်ပီး ခံစားမည်။ အလုပ်လုပ်လျှင် ခင်မင် ရင်းနှီး သူများနှင့် တိုင်တိုင်ပင်ပင် လုပ်တတ်သည်။

သူတစ်ပါး လုပ်ခဲ့ပြီး မဖြစ်ဘူး ဆိုသည့် အလုပ်မျိုးကို ဖြစ်အောင် လုပ်ပြလိုစိတ် ရှိသည်။ ဘဝတွင် ထိပ်တန်းသို့ ရောက်နိုင်မည့် အခွင့်အရေးမျိုးကို မကြာခဏ ရရှိတတ်သော်လည်း မိမိက ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်မည် မဟုတ်ပါ။ လူအများစုကို ဆွဲဆောင်နိုင်စွမ်း ရှိမည်။

စေတနာ ကောင်းမွန် လွန်းသောကြောင့် မကြာခဏ ဒုက္ခနဲ့ ကြုံရတတ်ပါသည်။ အရှက်အကြောက် ကြီးတတ်ကြသည်။ ဇွဲရှိသည်၊ အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ စိတ်က အပြည့်အဝ ရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အဂ္ဂမင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top