ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မိန္းကေလးအမ်ားစုက မိမိရဲ႕ခ်စ္သူအတြက္ အလွဆုံး ခ်စ္စရာအေကာင္းဆုံးသာ ျဖစ္ေစခ်င္ၾကတာ သဘာဝပါ။ သူတုိ႔ရဲ႕ရုပ္ပုိင္းဆုိင္ရာနဲ႔ပတ္သက္လုိ႔ျဖစ္ျဖစ္ အျခားေသာကိစၥမ်ားမွာျဖစ္ျဖစ္ အျခားမိန္းကေလးမ်ားနဲ႔ ႏႈိင္းယွဥ္ခံရၿပီဆုိရင္ေတာ့ ေဒါသပုန္ထတတ္ေလ့ရွိပါတယ္။

ဒါကုိ ေယာက်ာၤးေလးတုိင္း သတိထားဖုိ႔ လုိအပ္ပါလိမ့္မယ္။ ဒီလုိ သတိမထားမိပဲ ခ်စ္သူကုိ တျခားမိန္းကေလး ႏႈိင္းယွဥ္မိခဲ႔တဲ႔ အမ်ိဳးသားတစ္ဦးကေတာ့ ငယ္ပါဆုံးရွံုးရတဲ႔အထိပါ ကံဆုိးသြားခဲ႔ရပါတယ္။

အသက္ ၃၆ႏွစ္အရႊယ္ရွိ Zhanna Nurzhanova ဆုိသူ အမ်ိဳးသမီးဟာ သူရဲ႕ခ်စ္သူက သူမကုိ တျခားမိန္းကေလးတစ္ဦးရဲ႕ဓါတ္ပုံမ်ားနဲ႔ ႏႈိင္းယွဥ္ေျပာဆုိမႈေတြ ျပဳလုပ္လာခဲ႔တာကုိ မေက်မနပ္ျဖစ္ၿပီး ခ်စ္သူရဲ႕ငယ္ပါကုိ ကတ္ေၾကးနဲ႔ ျဖတ္ေတာက္ခဲ႔လုိက္ပါတယ္။

အဆုိပါျဖစ္ရပ္ဟာ ကာဇတ္စတန္ႏုိင္ငံ အက္စတာနာၿမိဳ႕ေတာ္မွာ ျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။ အလွျပင္ဆိုင္မွာ အလုပ္လုပ္သူျဖစ္တဲ႔ Zhanna Nurzhanova ဟာ အမည္မေဖာ္ထားတဲ႔ သူမခ်စ္သူရဲ႕ ငယ္ပါကုိ ရက္ရက္စက္စက္ ျဖတ္ေတာက္ခဲ႔တာျဖစ္ၿပီး အခုဆုိရင္ ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕ ဖမ္းဆီးထိန္းသိမ္းခံထားရပါတယ္။

ျဖစ္ရပ္က Zhanna Nurzhanova ဆီကုိ သူမခ်စ္သူက ဓါတ္ပုံတစ္ပုံပုိ႔ခဲ႔ရာကေန စတင္ခဲ႔ၿပီး ထုိဓါတ္ပုံထဲက အမ်ိဳးသမီးရဲ႕ ရုပ္ရည္ကုိ အမႊန္းတင္ေျပာဆုိခဲ႔တဲ႔အျပင္ Zhanna နဲ႔ပါ ႏႈိင္းယွဥ္ေျပာဆုိခဲ႔တာေၾကာင့္ Zhanna က စိတ္ဆုိးေဒါသထြက္ခဲ႔ၿပီး အခုလုိက်ဴးလြန္ဖုိ႔ ဆုံးျဖတ္ခဲ႔တာပဲျဖစ္ပါတယ္။ Zhanna က ပထမဆုံးအေနနဲ႔ သူမခ်စ္သူကုိ အိပ္ေဆးေတြ ခုိးတုိက္ခဲ႔ၿပီး ေမ့ေဆးတစ္လုံးကုိ ထုိးသြင္းကာ ခ်စ္သူရဲ႕ငယ္ပါကုိ ျဖတ္ပစ္ခဲ႔ပါတယ္။

ငယ္ပါအျဖတ္ခံလုိက္ရတဲ႔ Zhanna ခ်စ္သူကုိ ေဆးရုံပုိ႔ေဆာင္ၿပီး ခြဲစိတ္ကုသမႈေတြ လုပ္ေဆာင္ကာ ငယ္ပါျပန္ဆက္ခဲ႔ေပမယ့္ ဆုိးဆုိးရႊားရႊားကုိ ထိခုိက္ထားခဲ႔တာေၾကာင့္ ျပန္ဆက္ဖုိ႔ မလြယ္ကူေတာ့တဲ႔ အေနအထားျဖစ္သြားခဲ႔ရပါတယ္။

ဒီလုိ အၾကမ္းဖက္ျဖစ္ရပ္ကုိ ေသြးေအးစြာနဲ႔ က်ဴးလြန္ခဲ႔တဲ႔ Zhanna Nurzhanova ကေတာ့ သူမရဲ႕လုပ္ရက္အတြက္ ေထာင္ဒဏ္ ၃ႏွစ္ကေန ၆ႏွစ္ေလာက္အထိ ေထာင္ဒဏ္က်ခံသြားရဖုိ႔ နီးစပ္လ်က္ရွိေနပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May Myanmar
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးအများစုက မိမိရဲ့ချစ်သူအတွက် အလှဆုံး ချစ်စရာအကောင်းဆုံးသာ ဖြစ်စေချင်ကြတာ သဘာဝပါ။ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ဖြစ်ဖြစ် အခြားသောကိစ္စများမှာဖြစ်ဖြစ် အခြားမိန်းကလေးများနဲ့ နှိုင်းယှဉ်ခံရပြီဆိုရင်တော့ ဒေါသပုန်ထတတ်လေ့ရှိပါတယ်။

ဒါကို ယောကျာၤးလေးတိုင်း သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလို သတိမထားမိပဲ ချစ်သူကို တခြားမိန်းကလေး နှိုင်းယှဉ်မိခဲ့တဲ့ အမျိုးသားတစ်ဦးကတော့ ငယ်ပါဆုံးရှုံးရတဲ့အထိပါ ကံဆိုးသွားခဲ့ရပါတယ်။

အသက် ၃၆နှစ်အရွှယ်ရှိ Zhanna Nurzhanova ဆိုသူ အမျိုးသမီးဟာ သူရဲ့ချစ်သူက သူမကို တခြားမိန်းကလေးတစ်ဦးရဲ့ဓါတ်ပုံများနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့တာကို မကျေမနပ်ဖြစ်ပြီး ချစ်သူရဲ့ငယ်ပါကို ကတ်ကြေးနဲ့ ဖြတ်တောက်ခဲ့လိုက်ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ကာဇတ်စတန်နိုင်ငံ အက်စတာနာမြို့တော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အလှပြင်ဆိုင်မှာ အလုပ်လုပ်သူဖြစ်တဲ့ Zhanna Nurzhanova ဟာ အမည်မဖော်ထားတဲ့ သူမချစ်သူရဲ့ ငယ်ပါကို ရက်ရက်စက်စက် ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ရဲတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

ဖြစ်ရပ်က Zhanna Nurzhanova ဆီကို သူမချစ်သူက ဓါတ်ပုံတစ်ပုံပို့ခဲ့ရာကနေ စတင်ခဲ့ပြီး ထိုဓါတ်ပုံထဲက အမျိုးသမီးရဲ့ ရုပ်ရည်ကို အမွှန်းတင်ပြောဆိုခဲ့တဲ့အပြင် Zhanna နဲ့ပါ နှိုင်းယှဉ်ပြောဆိုခဲ့တာကြောင့် Zhanna က စိတ်ဆိုးဒေါသထွက်ခဲ့ပြီး အခုလိုကျူးလွန်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ Zhanna က ပထမဆုံးအနေနဲ့ သူမချစ်သူကို အိပ်ဆေးတွေ ခိုးတိုက်ခဲ့ပြီး မေ့ဆေးတစ်လုံးကို ထိုးသွင်းကာ ချစ်သူရဲ့ငယ်ပါကို ဖြတ်ပစ်ခဲ့ပါတယ်။

ငယ်ပါအဖြတ်ခံလိုက်ရတဲ့ Zhanna ချစ်သူကို ဆေးရုံပို့ဆောင်ပြီး ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ကာ ငယ်ပါပြန်ဆက်ခဲ့ပေမယ့် ဆိုးဆိုးရွှားရွှားကို ထိခိုက်ထားခဲ့တာကြောင့် ပြန်ဆက်ဖို့ မလွယ်ကူတော့တဲ့ အနေအထားဖြစ်သွားခဲ့ရပါတယ်။

ဒီလို အကြမ်းဖက်ဖြစ်ရပ်ကို သွေးအေးစွာနဲ့ ကျူးလွန်ခဲ့တဲ့ Zhanna Nurzhanova ကတော့ သူမရဲ့လုပ်ရက်အတွက် ထောင်ဒဏ် ၃နှစ်ကနေ ၆နှစ်လောက်အထိ ထောင်ဒဏ်ကျခံသွားရဖို့ နီးစပ်လျက်ရှိနေပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: May Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top