ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အပစ္ရပ္အဖြဲ႕ေခါင္းေဆာင္မ်ား ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ ေဆြးေႏြးေနၾကစဥ္ (ဓာတ္ပံု − EPRN)

အစိုးရ၊ တပ္မေတာ္ႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသား အဖြဲ႕ ၁၀ ဖြဲ႕၏ ထိပ္သီးေခါင္းေဆာင္မ်ားသီးသန္႔ေဆြးေႏြးပြဲကို အစိုးရ အဆိုျပဳသည့္အတုိင္း ေအာက္တိုဘာ ၁၅ ရက္တြင္ က်င္းပရန္ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕က သေဘာတူညီခဲ့သည္။

NCA လက္မွတ္ထိုး ၁၀ ဖြဲ႕ေခါင္းေဆာင္မ်ား၏ ၿငိမ္းခ်မ္းေရး  လုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေ၀းကို ထိုင္းႏုိင္ငံ ခ်င္းမိုင္ ၿမိဳ႕၌ ေအာက္တိုဘာ ၁၀ ရက္ႏွင့္ ၁၁ ရက္တြင္က်င္းပၿပီး အစိုးရအဆုိ ျပဳသည့္ရက္အတိုင္းက်င္းပရန္ သေဘာတူေၾကာင္းဆံုးျဖတ္ခဲ့သည္။ ေအာက္တိုဘာ ၁၀ ရက္အထိ အပစ္ရပ္ ၁၀ ဖြဲ႕အနက္ ႏွစ္ဖြဲ႕သည္ ေအာက္တိုဘာ ၁၅ ရက္တြင္ ပြဲက်င္းပရန္ အဆင္သင့္ မျဖစ္ေသး ေၾကာင္း တင္ျပခဲ့သ ျဖင့္ ဆက္လက္ညႇိႏိႈင္းရာ အဖြဲ႕အားလံုးတက္ေရာက္ ရန္ သေဘာတူညီမႈရရွိျခင္းျဖစ္သည္။

ထိပ္သီးေဆြးေႏြးပြဲကို အစိုးရဘက္က ပုပၸားတြင္ျပဳလုပ္ရန္ ျပင္ဆင္ ထားေသာ္လည္း တိုင္းရင္းသားအဖြဲ႕မ်ားက ရန္ကုန္၌ ျပဳလုပ္ရန္ အဆိုျပဳခဲ့သည္ဟု PPST အ ဖြဲ႕၀င္ဦးသံခဲက အစည္းအေ၀းအၿပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

‘‘ဒါေပမဲ့ ေနာက္ဆံုးဆက္ လက္ၿပီး ညႇိတဲ့အခါ ေနျပည္ ေတာ္ဟာ အစိုးရေရာ၊တပ္မ ေတာ္ေခါင္းေဆာင္ေတြေရာ ပိုၿပီး လက္လွမ္းမီႏိုင္တယ္၊ ကြၽန္ေတာ္ တို႔အတြက္ကလည္း က်ယ္က်ယ္ ၀န္း၀န္းနဲ႔အဆင္ေျပႏုိင္တယ္ဆို တဲ့ေနရာက ေနျပည္ေတာ္ကိုဆံုး ျဖတ္ခဲ့တာျဖစ္တယ္’’ ဟု ၎က ပုပၸားမွေနျပည္ေတာ္သို႔ႏွစ္ဖက္ ညႇိႏိႈင္းမႈအရ ေရႊ႕ေျပာင္းခဲ့သည့္   အေျခအေနကိုရွင္းျပသည္။

ေနရာ ေျပာင္းလဲေပးရန္ ေဆြးေႏြးသည့္ အဖြဲ႕ရွိ၍ေနရာ  ညႇိႏိႈင္းခဲ့ျခင္းျဖစ္သည္ဟု ပအို၀္း အဖြဲ႕ (PNLO) ေခါင္းေဆာင္ ဗုိလ္မွဴးႀကီးခြန္ဥကၠာက ဆိုသည္။

‘‘အစိုးရဘက္က လိုလိုလား လားနဲ႔ေျပာင္းေပးေတာ့ အဆင္ ေျပသြားတာေပါ့’’ ဟု ၎ကဆိုသည္။ ထိပ္သီးေဆြးေႏြးပြဲကို ေအာက္တိုဘာ ၁၅ ရက္မွ ၁၇ ရက္အထိသံုးရက္ၾကာက်င္းပရန္  သတ္မွတ္ထားသည္။ ယင္းမတုိင္ မီ ေအာက္တိုဘာ ၁၃ ရက္၊ ၁၄ ရက္တြင္ အလုပ္အဖြဲ႕မ်ား၏ ႀကိဳ တင္ညႇိႏိႈင္းျပင္ဆင္သည့္ ေဆြး ေႏြးပြဲမ်ားရွိမည္ျဖစ္သည္။

‘‘လ်ာထားတဲ့ သံုးရက္အ တြင္းမွာ ႏုိင္ငံေတာ္အစိုးရဘက္ က ထိပ္ပိုင္းေခါင္းေဆာင္ေတြ တက္မယ္လို႔ သိထားၿပီးပါၿပီ။ ေနာက္ တပ္မေတာ္ထိပ္ပိုင္း ေခါင္းေဆာင္ေတြလည္း တက္ မယ္လို႔ သိထားၿပီးျဖစ္ပါတယ္’’ ဟု ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ဥကၠ႒ပူးဇင္က်ံဳးကေျပာသည္။

ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး လုပ္ငန္းစဥ္ႏွင့္ ပတ္သက္သည့္ ေဆြးေႏြးပြဲသို႔ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တိုင္ ပထ မဆံုးအႀကိမ္ပါ၀င္လာမည့္ အ ေျခအေနအေပၚ တုိင္းရင္းသား  အဖြဲ႕မ်ားက ႀကိဳဆိုသည္။

‘‘ၿငိမ္းခ်မ္းေရးျဖစ္စဥ္စက တည္းက တုိင္းရင္းသား လက္ နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔လက္ ရွိ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ နဲ႔တပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္  လိႈင္နဲ႔ အတူတကြထုိင္ၿပီးေတာ့မွ  ေဆြးေႏြးရတဲ့ အခင္းအက်င္း မ်ိဳးက ဒါပထမဆံုးအႀကိမ္လို႔ေျပာရင္ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ဘာပဲေျပာေျပာ ဒီေတြ႕ဆံုေဆြးေႏြးပြဲဟာ အားလံုးအတြက္ေမွ်ာ္လင့္ထားတဲ့ အခင္းအက်င္းျဖစ္တယ္’’ ဟု ဦးသံခဲက ေျပာသည္။ NCA အရေဆာင္ ရြက္ေနသည့္ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္တြင္ အေရးႀကီးဆံုးျဖတ္ ခ်က္မ်ားခ်မွတ္သည့္ JICM အ  စည္းအေ၀းမ်ားသို႔ ယခင္က ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သာတက္ေရာက္ေလ့ရွိ သည္။

NCA လက္မွတ္ထိုးအဖြဲ႕ မ်ားဘက္ကလည္း KNU ဥကၠ႒  ဗုိလ္ခ်ဳပ္ႀကီး ေစာမူတူူးေစးဖိုး၊ RCSS ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီး ယြက္ ဆစ္တို႔အပါအ၀င္ အဖြဲ႕အားလံုး ၏ ေခါင္းေဆာင္မ်ားတက္ေရာက္ မည္ဟု ၎ကဆိုသည္။ က်န္းမာ ေရးမေကာင္းသည့္ မြန္ျပည္သစ္ ပါတီ (NMSP) ဥကၠ႒ ႏုိင္ေထာ မြန္တက္ေရာက္ရန္ မေသခ်ာဟု ဆိုသည္။

ဆံုးျဖတ္ပိုင္ခြင့္ရွိသည့္ ထိပ္ ပိုင္းေခါင္းေဆာင္မ်ားေတြ႕ဆံုမႈ သည္ ယခုတစ္ႀကိမ္တည္းၿပီးဆံုး မည့္ ေဆြးေႏြးပြဲမ်ိဳး မဟုတ္ ေၾကာင္း ဦးသံခဲကေျပာသည္။

‘‘ဒီေတြ႕ဆံုပြဲကေန တစ္ ဆင့္ျဖစ္ထြန္းတိုးတက္မႈေတြဟာ  ျပည္ေထာင္စု တပ္မေတာ္၊ တစ္ ခုတည္းေသာ တပ္မေတာ္ကိစၥ အပါအ၀င္ အနာဂတ္ဒီမိုကရက္ တစ္ဖက္ဒရယ္တည္ေဆာက္ေရး ဆိုင္ရာမူလည္း ပါႏုိင္တယ္။ ၂၀၀၈ ဖြဲ႕အစည္းပံုအေျခခံဥပေဒ  ျပဳျပင္ေျပာင္းလဲေရးဆုိင္ရာကိစၥ  ရပ္ေတြလည္းပါႏုိင္တယ္’’ ဟု ၎ကဆိုသည္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး  ညီလာခံ - ၂၁ ရာစု ပင္လံုအ စည္းအေ၀းကို ၂၀၁၈ တြင္တစ္ ႀကိမ္၊ ၂၀၁၉ တြင္ႏွစ္ႀကိမ္ျပဳလုပ္ ရန္ဆံုးျဖတ္ထားၿပီး ရွိသည့္အေျခ အေနတြင္ ယင္းညီလာခံမ်ား ေအာင္ျမင္ေစေရးေခါင္းေဆာင္  မ်ား ေတြ႔ဆံုညႇိႏိႈင္းလိုေၾကာင္း  တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားက စတင္အဆိုျပဳခဲ့၍  ေအာက္တိုဘာ ၁ ရက္၊ ၂ ရက္ တြင္ ရန္ကုန္၌ ညႇိႏိႈင္းခဲ့သည္ဟု  အစိုးရကိုယ္စားလွယ္ ဦးလွေမာင္  ေရႊကေျပာသည္။

‘‘ညႇိႏိႈင္းတဲ့အခါ ပုပၸားမွာ လုပ္မယ္လုိ႔ အဆိုျပဳၿပီးအဲဒီအထဲ မွာတက္တဲ့ကိုးဖြဲ႕က သေဘာတူ တယ္လို႔ကြၽန္ေတာ္တုိ႔က နား လည္တယ္။ အခုမေန႔ကနဲ႔ဒီေန႔ လုပ္တဲ့ PPST အစည္းအေ၀းမွာ ေတာ့ သူတို႔ျပန္ညႇိၿပီး ၁၀ ဖြဲ႕လံုး   တက္မယ္။ ဒါေပမဲ့ ေနရာကို ေန ျပည္ေတာ္မွာ ေရႊ႕ၿပီးေဆာင္ရြက္ ေပးဖို႔ျပန္ၿပီး အဆုိျပဳလာတယ္ ေပါ့။ ကြၽန္ေတာ့္အျမင္ကေတာ့ ၁၀ ဖြဲ႕လံုး တက္ႏုိင္တာေကာင္း တယ္။ ဒီလုိလုပ္ငန္းစဥ္သေဘာ  သဘာ၀ကိုက ယံုၾကည္မႈတည္ ေဆာက္ရတယ္၊ ညႇိႏိႈင္းရတဲ့ လုပ္ငန္းစဥ္ဆိုေတာ့ ဒါက ေကာင္းပါတယ္’’ ဟု ၎ကဆို သည္။  ေအာက္တိုဘာ ၁၅ ရက္ သည္ NCA လက္မွတ္ေရးထိုး ျခင္းသံုးႏွစ္ျပည့္ ေန႔လည္းျဖစ္ၿပီး ယခုႏွစ္တြင္ သံုးႏွစ္ျပည့္ အခမ္း အနားက်င္းပျခင္းႏွင့္အတူ တံု႕ ဆိုင္းေနေသာ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္ ေအာင္ျမင္မႈရရွိေရးအ တြက္ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္ လိႈင္ႏွင့္ NCA လက္မွတ္ထိုးအ ဖြဲ႕ေခါင္းေဆာင္မ်ား၏ ထိပ္သီး ေဆြးေႏြးပြဲက်င္းပရန္ စီစဥ္ျခင္း ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
အပစ်ရပ်အဖွဲ့ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ − EPRN)

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များသီးသန့်ဆွေးနွေးပွဲကို အစိုးရ အဆိုပြုသည့်အတိုင်း အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပရန် NCA လက်မှတ်ထိုး ၁၀ ဖွဲ့က သဘောတူညီခဲ့သည်။

NCA လက်မှတ်ထိုး ၁၀ ဖွဲ့ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင်ကျင်းပပြီး အစိုးရအဆို ပြုသည့်ရက်အတိုင်းကျင်းပရန် သဘောတူကြောင်းဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၁၀ ရက်အထိ အပစ်ရပ် ၁၀ ဖွဲ့အနက် နှစ်ဖွဲ့သည် အောက်တိုဘာ ၁၅ ရက်တွင် ပွဲကျင်းပရန် အဆင်သင့် မဖြစ်သေး ကြောင်း တင်ပြခဲ့သ ဖြင့် ဆက်လက်ညှိနှိုင်းရာ အဖွဲ့အားလုံးတက်ရောက် ရန် သဘောတူညီမှုရရှိခြင်းဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲကို အစိုးရဘက်က ပုပ္ပားတွင်ပြုလုပ်ရန် ပြင်ဆင် ထားသော်လည်း တိုင်းရင်းသားအဖွဲ့များက ရန်ကုန်၌ ပြုလုပ်ရန် အဆိုပြုခဲ့သည်ဟု PPST အ ဖွဲ့ဝင်ဦးသံခဲက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

‘‘ဒါပေမဲ့ နောက်ဆုံးဆက် လက်ပြီး ညှိတဲ့အခါ နေပြည် တော်ဟာ အစိုးရရော၊တပ်မ တော်ခေါင်းဆောင်တွေရော ပိုပြီး လက်လှမ်းမီနိုင်တယ်၊ ကျွန်တော် တို့အတွက်ကလည်း ကျယ်ကျယ် ဝန်းဝန်းနဲ့အဆင်ပြေနိုင်တယ်ဆို တဲ့နေရာက နေပြည်တော်ကိုဆုံး ဖြတ်ခဲ့တာဖြစ်တယ်’’ ဟု ၎င်းက ပုပ္ပားမှနေပြည်တော်သို့နှစ်ဖက် ညှိနှိုင်းမှုအရ ရွှေ့ပြောင်းခဲ့သည့်   အခြေအနေကိုရှင်းပြသည်။

နေရာ ပြောင်းလဲပေးရန် ဆွေးနွေးသည့် အဖွဲ့ရှိ၍နေရာ  ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်း အဖွဲ့ (PNLO) ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

‘‘အစိုးရဘက်က လိုလိုလား လားနဲ့ပြောင်းပေးတော့ အဆင် ပြေသွားတာပေါ့’’ ဟု ၎င်းကဆိုသည်။ ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိသုံးရက်ကြာကျင်းပရန်  သတ်မှတ်ထားသည်။ ယင်းမတိုင် မီ အောက်တိုဘာ ၁၃ ရက်၊ ၁၄ ရက်တွင် အလုပ်အဖွဲ့များ၏ ကြို တင်ညှိနှိုင်းပြင်ဆင်သည့် ဆွေး နွေးပွဲများရှိမည်ဖြစ်သည်။

‘‘လျာထားတဲ့ သုံးရက်အ တွင်းမှာ နိုင်ငံတော်အစိုးရဘက် က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်မယ်လို့ သိထားပြီးပါပြီ။ နောက် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း တက် မယ်လို့ သိထားပြီးဖြစ်ပါတယ်’’ ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌပူးဇင်ကျုံးကပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲသို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပထ မဆုံးအကြိမ်ပါဝင်လာမည့် အ ခြေအနေအပေါ် တိုင်းရင်းသား  အဖွဲ့များက ကြိုဆိုသည်။

‘‘ငြိမ်းချမ်းရေးဖြစ်စဉ်စက တည်းက တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့လက် ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်  လှိုင်နဲ့ အတူတကွထိုင်ပြီးတော့မှ  ဆွေးနွေးရတဲ့ အခင်းအကျင်း မျိုးက ဒါပထမဆုံးအကြိမ်လို့ပြောရင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ဘာပဲပြောပြော ဒီတွေ့ဆုံဆွေးနွေးပွဲဟာ အားလုံးအတွက်မျှော်လင့်ထားတဲ့ အခင်းအကျင်းဖြစ်တယ်’’ ဟု ဦးသံခဲက ပြောသည်။ NCA အရဆောင် ရွက်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် အရေးကြီးဆုံးဖြတ် ချက်များချမှတ်သည့် JICM အ  စည်းအဝေးများသို့ ယခင်က ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာတက်ရောက်လေ့ရှိ သည်။

NCA လက်မှတ်ထိုးအဖွဲ့ များဘက်ကလည်း KNU ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး စောမူတူူးစေးဖိုး၊ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက် ဆစ်တို့အပါအဝင် အဖွဲ့အားလုံး ၏ ခေါင်းဆောင်များတက်ရောက် မည်ဟု ၎င်းကဆိုသည်။ ကျန်းမာ ရေးမကောင်းသည့် မွန်ပြည်သစ် ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထော မွန်တက်ရောက်ရန် မသေချာဟု ဆိုသည်။

ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ထိပ် ပိုင်းခေါင်းဆောင်များတွေ့ဆုံမှု သည် ယခုတစ်ကြိမ်တည်းပြီးဆုံး မည့် ဆွေးနွေးပွဲမျိုး မဟုတ် ကြောင်း ဦးသံခဲကပြောသည်။

‘‘ဒီတွေ့ဆုံပွဲကနေ တစ် ဆင့်ဖြစ်ထွန်းတိုးတက်မှုတွေဟာ  ပြည်ထောင်စု တပ်မတော်၊ တစ် ခုတည်းသော တပ်မတော်ကိစ္စ အပါအဝင် အနာဂတ်ဒီမိုကရက် တစ်ဖက်ဒရယ်တည်ဆောက်ရေး ဆိုင်ရာမူလည်း ပါနိုင်တယ်။ ၂၀၀၈ ဖွဲ့အစည်းပုံအခြေခံဥပဒေ  ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စ  ရပ်တွေလည်းပါနိုင်တယ်’’ ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး  ညီလာခံ - ၂၁ ရာစု ပင်လုံအ စည်းအဝေးကို ၂၀၁၈ တွင်တစ် ကြိမ်၊ ၂၀၁၉ တွင်နှစ်ကြိမ်ပြုလုပ် ရန်ဆုံးဖြတ်ထားပြီး ရှိသည့်အခြေ အနေတွင် ယင်းညီလာခံများ အောင်မြင်စေရေးခေါင်းဆောင်  များ တွေ့ဆုံညှိနှိုင်းလိုကြောင်း  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စတင်အဆိုပြုခဲ့၍  အောက်တိုဘာ ၁ ရက်၊ ၂ ရက် တွင် ရန်ကုန်၌ ညှိနှိုင်းခဲ့သည်ဟု  အစိုးရကိုယ်စားလှယ် ဦးလှမောင်  ရွှေကပြောသည်။

‘‘ညှိနှိုင်းတဲ့အခါ ပုပ္ပားမှာ လုပ်မယ်လို့ အဆိုပြုပြီးအဲဒီအထဲ မှာတက်တဲ့ကိုးဖွဲ့က သဘောတူ တယ်လို့ကျွန်တော်တို့က နား လည်တယ်။ အခုမနေ့ကနဲ့ဒီနေ့ လုပ်တဲ့ PPST အစည်းအဝေးမှာ တော့ သူတို့ပြန်ညှိပြီး ၁၀ ဖွဲ့လုံး   တက်မယ်။ ဒါပေမဲ့ နေရာကို နေ ပြည်တော်မှာ ရွှေ့ပြီးဆောင်ရွက် ပေးဖို့ပြန်ပြီး အဆိုပြုလာတယ် ပေါ့။ ကျွန်တော့်အမြင်ကတော့ ၁၀ ဖွဲ့လုံး တက်နိုင်တာကောင်း တယ်။ ဒီလိုလုပ်ငန်းစဉ်သဘော  သဘာဝကိုက ယုံကြည်မှုတည် ဆောက်ရတယ်၊ ညှိနှိုင်းရတဲ့ လုပ်ငန်းစဉ်ဆိုတော့ ဒါက ကောင်းပါတယ်’’ ဟု ၎င်းကဆို သည်။  အောက်တိုဘာ ၁၅ ရက် သည် NCA လက်မှတ်ရေးထိုး ခြင်းသုံးနှစ်ပြည့် နေ့လည်းဖြစ်ပြီး ယခုနှစ်တွင် သုံးနှစ်ပြည့် အခမ်း အနားကျင်းပခြင်းနှင့်အတူ တုံ့ ဆိုင်းနေသော ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အောင်မြင်မှုရရှိရေးအ တွက်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် NCA လက်မှတ်ထိုးအ ဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီး ဆွေးနွေးပွဲကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top