ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×













🔺“သတိ” လဲလိုတယ်၊




🙏🙏🙏


# Unicode Version ဖြင့် ဖတ်ပါ #
 ★ လူတယောက် သူ့မှာအကောင်းတွေအများကြီး ရှိတယ်။ အဲဒီ အကောင်းတွေ ကိုယ်ကလျစ်လျူရှုပြီးတော့ သူမှာရှိတဲ့ ချို့ယွင်းချက် တခုနှစ်ခုကို ပုံကြီးချဲ့ပြီးတော့ ကိုယ်ပြောတယ်ဆိုရင် ဒါကလဲ တနည်းအားဖြင့် ဝစီကံပေါ့နော်၊ အပြောအဆိုနဲ့ အကြမ်းဖက်တာပဲ။

★ အတင်းပြောတယ်ဆိုရင် အကြမ်းဖက်တာပဲ အထူးသဖြင့် ကိုယ်ရဲ့စေတနာက သူ့ကို အထင်သေးအောင် သူ့ကို look down တခြားလူတွေက အထင်သေးအောင်ဆိုတဲ့ စိတ်စေတနာနဲ့ ပြောတယ်ဆိုတယ်ဆိုရင် ဒါ အကြမ်းဖက်တာ ဝစီကံ အနေနဲ့ အကြမ်းဖက်တာပဲ။

★ ဒီတိုင်းဆိုရင် စိတ်ထဲမှာ ထားပါတော့ အစည်းအဝေးထဲမှာ ပြောကြဆိုကြတယ် အမြင်ချင်းမတူလို့။ အမြင်ချင်းမတူတဲ့ဟာကို စိတ်ထဲမှာ တဝဲလည်လည်လုပ်နေတယ်။ အရင်တုန်းက သဘောတူခဲ့တဲ့ဟာတွေ အတူတူလုပ်ကိုင်ခဲ့တာတွေ စိတ်ထဲမှာ မရှိတော့ဘူး။ အခုတစ်ကြိမ်သဘောမတူတာ အဲဒီတခုပဲစိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတယ်။

★ 80/20 Theory ဘုန်းဘုန်း မကြာမကြာပြောတဲ့ဟာ သဘောတူတာ (၈၀) ရှိတယ်၊ မတူတာက (၂၀) ရှိတယ်။ မတူတဲ့ ၂၀ ကိုပဲ ခဏခဏ ပြန်ပြီးတော့တွေးတဲ့ အခါကျတော့ အဲဒီ (၂၀) က (၈၀) ဖြစ်သွားတယ်။ သဘောတူညီထားတဲ့ လက်တွဲခဲ့တဲ့ (၈၀) အဲဒီ (၈၀) အခုတခါ ကိုယ့်စိတ်က ဒေါသဖြစ်နေတဲ့အခါ မတွေးတော့ဘူး။ မတွေးတဲ့အခါ (၈၀) က (၂၀) ဖြစ်သွားတယ်။ ပြောင်းပြန်ဖြစ်သွားတယ် 80/20 Theory ။

★ ဘာဖြစ်လို့တုန်းဆိုတော့ စိတ်ထဲမှာ ဒဏ်ရာဖြစ်သွားတဲ့အခါကျတော့ အဲဒါကို ကိုယ်က မေ့မရဘူး။ English လို ပြောရင်တော့ let go မလုပ်နိင်ဘူး။ You can’t let go. Let go မလုပ်နိုင်ဘူး၊ let go မလုပ်နိုင်ရုံတင် မကဘူး အကောင်းနဲ့ အဆိုး၊ အကောင်းက (၈၀) ရှိတယ် အဆိုးက (၂၀) ရှိတယ် အများကြီးကွာတယ်။

★ စာမေးပွဲဖြေတာ (၈၀) ရရင်လေ first class ရတယ် အဲဒါကို လျစ်လျူရှုထားပြီး အဆင်မပြေတဲ့ ( ၂၀) - 20% ၂၀-ရာခိုင်နှုန်းကိုပဲ ခဏခဏတွေးတဲ့အခါကျတော့ negative ဖက်ကိုပိုပြီးတော့ မျက်နာလိုက်တဲ့ အနေထားမျိုး ဖြစ်သွားတယ်။ အဲဒါကို negativity bias လို့ခေါ်တယ်။ ဒါက psychology မှာ လေ့လာတယ်။

★ မြတ်စွာဘုရားအနေနဲ့လဲ ဘာပြောတာတုန်း။ ကောင်းတာ ခဏခဏတွေးပေးပါ၊ အနုမောဒနာ လုပ်ပါ။ မတွေးရင် အဲဒီ ကောင်းတဲ့ဟာတွေက တန်ဖိုး လျော့ကျလာပြီးတော့ နည်းနည်းလေးပဲရှိတဲ့ အဆင်မပြေမှုတွေကို စိတ်က multiply လုပ်ရင်း အများကြီး ဖြစ်သွားလိမ့်မယ်။

★ ကိုယ်ရဲ့ အင်အားကို ကိုယ်ရဲ့energy ကို ဘယ်မှာသွားပြီး invest လုပ်တာတုန်းဆို (၈၀) မှာလား? (၂၀) မှာလား? ကိုယ်က (၂၀) မှာ သွားပြီး invest လုပ်တယ်၊ negativity မှာသွားပြီးတော့ invest လုပ်တာ။ အဲဒီမှာသွားပြီးတော့ အချိန်လဲပဲ invest လုပ်တယ်၊ အတွေးလဲ invest လုပ်တယ်။

★ ကိုယ်တယောက်တည်း တွေးရုံတင်မကဘူး သူငယ်ချင်းတွေနဲ့ ပြောပြီးတော့ ကြည့်စမ်းပါအုန်း ဘယ်သူက ဘယ်လိုဖြစ်တယ် ဟိုလိုဖြစ်တယ် ညာလို ဖြစ်တယ်ဆို အတင်းတွေပြောတဲ့အခါကျတော့ ပိုပြီး တော့မှ multiply ဖြစ်သွားတယ်။ (၁) ကို (၁) နဲ့ မြောက်တာ သိပ်မများဘူး။ တစ်တစ်(၁၁) ကို (၁၁) နဲ့ပြန်မြှောက်ရင် အများကြီးများသွားတယ် ဟုတ်တယ်မို့လား။ အဲဒီနောက်မှာ သုညတွေထပ်ထည့် သုညတွေထပ်တည့် အများကြီး ပိုများသွားတယ်။

★ အဲတော့ နံပါတ် (၃) က နေက္ခမ္မသင်္ကပ္ပ ဆိုတာက let go လုပ်နိုင်တာ ဒီဒဏ်ရာတွေကို healing လုပ်နိင်တယ်ပေါ့။ စိတ်ထဲမှာ ဒဏ်ရာဖြစ်ပြီးဆိုရင် ဒါကို healing လုပ်နိုင်တယ် အစည်းဝေးသွားတက်တယ်၊ စိတ်ထဲမှာ နည်းနည်းခုသွားတယ်။

★ အဲဒါကို ကိုယ်ဟာကိုယ် ပြန်ပြီးတော့ ကိုယ့်ရဲ့အမြင်မှန်အောင် ပြန်ကြည့်၊ ကိုယ်ရဲ့ emotion ကို ဒါ ဘာ emotion ဖြစ်တယ် identify လုပ်နိင်တယ်၊ သတိတရားနဲ့ ကရုဏာတရားနဲ့ နောက် သူကိုပြန်ပြီးတော့ ကုစားတယ် ဆေးထည့်တယ်ပေါ့။ အဲဒီလိုလုပ်တယ်ဆိုရင် စိတ်က အဲဒီမှာ တဝဲလည်လည် ဖြစ်မနေတော့ဘူး။

★ Depression ဖြစ်တဲ့လူတွေက သူတို့ မကြိုက်တဲ့ အရာတခုကို ဆက်တိုက်တွေးပြီးတော့ တလောကလုံးက သူတို့ကို ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးမြင်သွားတယ်။ “သညာဝိပ္ပလ္လာသ” အမြင်မှားသွားတယ် - unbalance ဖြစ်သွားတယ်။ အဲဒီလို ဖြစ်တာကို “မိစ္ဆာသင်္ကပ္ပ” ခေါ်တယ်။

★ #သမ္မာသင်္ကပ္ပ ဆိုတာက ဒေါသ မဖြစ်ဘူး၊ ကရုဏာ ဖြစ်တယ်၊ မေတ္တာ ဖြစ်တယ်၊ let go လုပ်နိုင်တယ်။ ဒါ နှစ်-၂၅၀၀ ကဟောထားတဲ့ သမ္မာသင်္ကပ္ပ ဆိုတဲ့ဟာကို အခု EQ ဆိုပြီးတော့ emotional quotient ဆိုတဲ့ဟာ အဲဒီဟာဖြစ်ဖို့ ဘာလိုတုန်းဆိုတော့...
🔺“သတိ” လဲလိုတယ်၊

🔺စိတ်အတိုင်းအတာတခုထိ တည်ငြိမ်တဲ့ “သမာဓိ” လဲလိုတယ်၊

🔺right attitude အမြင်မှန်ဖို့လဲ လိုအပ်တယ်။

★ ဒါက (I notice) right attitude,
ဒါက (I feel) EQ - သမ္မာသင်္ကပ္ပ၊ right mindfulness ခေါ်တာ positive mindfulness လို့ခေါ်တာ။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“တို့လူသားများ ဒီထက်ပိုစွမ်းတယ် (၂) – Human Beings are more capable than this (၁.၆.၂၀၁၈)” တရားတော် ဒုတိယပိုင်းမှ ရေးသားပူဇော်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top