ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခံရသည့္ ကၽြဲေသကို ေတြ႕ရစဥ္ (ဓာတ္ပံု − ဦးသန္းဦး)

 ျပည္ၿမိဳ႕ သူေဌးေက်းရြာ အုပ္စုမွ ထြက္ေျပးလြတ္ေျမာက္ ၿပီး ေသာင္းက်န္းေနသည့္ ကြၽဲ တစ္ေကာင္ကို စစ္တပ္အကူအ ညီယူကာ ေသနတ္ျဖင့္ ပစ္ဖမ္းခဲ့ ေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

အဆုိပါ ကြၽဲကို ေအာက္တို ဘာ  ၅ ရက္က သူေဌးေက်းရြာေဒ သခံတစ္ဦးက ၀ယ္လာရာရြာအ ၀င္လမ္းတြင္ ကားေပၚမွ ထြက္ ေျပးသြားၿပီးေနာက္ကြၽဲသည္ အနီး ရွိလူမ်ားကို လိုက္ခတ္ကာေသာင္းက်န္းခဲ့သည္။

ကြၽဲခတ္ခံရသျဖင့္ အမ်ိဳး သားႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရကာ ေဆး႐ံုတက္ခဲ့ရ သည့္အျပင္ ဆိုင္ကယ္ေလးစီးႏွင့္ စက္ဘီးတစ္စီး ထိခိုက္ပ်က္စီးခဲ့ ေၾကာင္း ၎တုိ႔က ဆိုသည္။

‘‘ကြၽဲကေတာ့ လယ္ယာသံုး ခိုင္းကြၽဲတစ္ေကာင္ပါပဲ။ ဒါေပမဲ့ ႐ုိင္းၿပီးေသာင္းက်န္းတာ  ကြၽဲဆိုး တစ္ေကာင္လို  ျဖစ္သြားတာ ေၾကာင့္ ထပ္မံအႏၲရာယ္ျပဳမွာ  စိုးရိမ္ရတဲ့အတြက္ ပစ္ခတ္ဖမ္း ဆီးရလိုက္ရတယ္လို႔သိရတယ္’’ ဟု သူေဌးေက်းရြာအုပ္စု ဒီခ်ဳပ္ပါ တီ ဥကၠ႒ဦးသန္းဦးကေျပာသည္။

အဆိုပါ ကြၽဲသည္ထြက္ေျပး  လြတ္ေျမာက္ၿပီး ငါးရက္အၾကာ ေအာက္တိုဘာ ၉ ရက္ညေနတြင္  ျပည္ၿမိဳ႕  မုေဌာေက်းရြာအုပ္စု လူႀကီးကုန္းရြာအနီးရွိ မန္က်ည္း ပင္ငုတ္တြင္ လည္ပင္းရွိႀကိဳးစႏွင့္ ၿငိေနခဲ့သည္။

ေက်းရြာေဒသခံမ်ားက ေၾကာက္ရြံ႕ထိတ္လန္႔ေန၍ အဆို ပါကြၽဲကိုေသနတ္ျဖင့္ ပစ္ဖမ္းေပး ရန္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးက   ရဲတပ္ဖြဲ႕ထံအကူအညီေတာင္းခဲ့ သည္။

ရဲတပ္ဖြဲ႕ကေဒသစစ္ကြပ္ကဲ ေရးဌာနခ်ဳပ္ထံတင္ျပ၍ အကူ အညီေတာင္းခံရာ ခလရ (၇၅) တပ္က  လာေရာက္ကူညီၿပီး ေမာင္းျပန္႐ိုင္ဖယ္ေသနတ္ျဖင့္ ေလးခ်က္ပစ္ကာ အေသဖမ္း မိခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆုိပါကြၽဲသည္ ထြက္ေျပး လြတ္ေျမာက္ေနစဥ္က လူမ်ားကို ခတ္ခဲ့သျဖင့္ ကြၽဲပိုင္ရွင္ကို ဆင္ၿမီးဆြဲၿမိဳ႕ရဲစခန္းတြင္ အမႈဖြင့္ခဲ့ေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရသည့် ကျွဲသေကို တွေ့ရစဉ် (ဓာတ်ပုံ − ဦးသန်းဦး)

 ပြည်မြို့ သူဌေးကျေးရွာ အုပ်စုမှ ထွက်ပြေးလွတ်မြောက် ပြီး သောင်းကျန်းနေသည့် ကျွဲ တစ်ကောင်ကို စစ်တပ်အကူအ ညီယူကာ သေနတ်ဖြင့် ပစ်ဖမ်းခဲ့ ကြောင်း ဒေသခံများက ပြော သည်။

အဆိုပါ ကျွဲကို အောက်တို ဘာ  ၅ ရက်က သူဌေးကျေးရွာဒေ သခံတစ်ဦးက ဝယ်လာရာရွာအ ဝင်လမ်းတွင် ကားပေါ်မှ ထွက် ပြေးသွားပြီးနောက်ကျွဲသည် အနီး ရှိလူများကို လိုက်ခတ်ကာသောင်းကျန်းခဲ့သည်။

ကျွဲခတ်ခံရသဖြင့် အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ ဆေးရုံတက်ခဲ့ရ သည့်အပြင် ဆိုင်ကယ်လေးစီးနှင့် စက်ဘီးတစ်စီး ထိခိုက်ပျက်စီးခဲ့ ကြောင်း ၎င်းတို့က ဆိုသည်။

‘‘ကျွဲကတော့ လယ်ယာသုံး ခိုင်းကျွဲတစ်ကောင်ပါပဲ။ ဒါပေမဲ့ ရိုင်းပြီးသောင်းကျန်းတာ  ကျွဲဆိုး တစ်ကောင်လို  ဖြစ်သွားတာ ကြောင့် ထပ်မံအန္တရာယ်ပြုမှာ  စိုးရိမ်ရတဲ့အတွက် ပစ်ခတ်ဖမ်း ဆီးရလိုက်ရတယ်လို့သိရတယ်’’ ဟု သူဌေးကျေးရွာအုပ်စု ဒီချုပ်ပါ တီ ဥက္ကဋ္ဌဦးသန်းဦးကပြောသည်။

အဆိုပါ ကျွဲသည်ထွက်ပြေး  လွတ်မြောက်ပြီး ငါးရက်အကြာ အောက်တိုဘာ ၉ ရက်ညနေတွင်  ပြည်မြို့  မုဌောကျေးရွာအုပ်စု လူကြီးကုန်းရွာအနီးရှိ မန်ကျည်း ပင်ငုတ်တွင် လည်ပင်းရှိကြိုးစနှင့် ငြိနေခဲ့သည်။

ကျေးရွာဒေသခံများက ကြောက်ရွံ့ထိတ်လန့်နေ၍ အဆို ပါကျွဲကိုသေနတ်ဖြင့် ပစ်ဖမ်းပေး ရန် လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက   ရဲတပ်ဖွဲ့ထံအကူအညီတောင်းခဲ့ သည်။

ရဲတပ်ဖွဲ့ကဒေသစစ်ကွပ်ကဲ ရေးဌာနချုပ်ထံတင်ပြ၍ အကူ အညီတောင်းခံရာ ခလရ (၇၅) တပ်က  လာရောက်ကူညီပြီး မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် လေးချက်ပစ်ကာ အသေဖမ်း မိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါကျွဲသည် ထွက်ပြေး လွတ်မြောက်နေစဉ်က လူများကို ခတ်ခဲ့သဖြင့် ကျွဲပိုင်ရှင်ကို ဆင်မြီးဆွဲမြို့ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top