ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူေတြကိုကလည္း ခက္ပါတယ္ေလ..။တစ္ေယာက္ထဲေတြ႕တဲ့အခါ “ရည္းစားမရွိေသးဘူးလား..?” ၊ ႏွစ္ေယာက္တြဲေတြ႕တဲ့အခါ “ဘယ္ေတာ့စားရမွာလဲ..?ေဟာ.. အိမ္ေထာင္ျပဳၿပီးသြားျပန္ေတာ့လည္း “ကေလးမယူေသးဘူးလား..?”ဘယ္လိုအေျခအေနမွာမဆို ေမးခြန္းေတြက ဆက္တိုက္ရွိေနပါတယ္ (တတ္လဲတတ္ႏိုင္ၾကတယ္)။ အဲဒီလို သူမ်ားတကာရဲ႕ဘဝကို အလိုက္ကန္းဆိုး မသိစြာခ်ယ္လွယ္ခ်င္တဲ့ ပတ္ဝန္းက်င္ကို တုံ႔ျပန္တဲ့အေနနဲ႔ ယူဂန္ဒါႏိုင္ငံက အမ်ိဳးသမီးတစ္ဦးဟာ ဘုရားေက်ာင္းမွာ သူကိုယ္သူ ျပန္ၿပီးလက္ထပ္ထိမ္းျမား မဂၤလာေဆာင္ပြဲ တရားဝင္က်င္းပခဲ့ပါတယ္။

လူေတြက သူ႔ကိုေတြ႕တိုင္း အိမ္ေထာင္ျပဳၿပီး ကေလးျမန္ျမန္ယူေတာ့ေလ ဆိုတဲ့ တိုက္တြန္းမႈေတြကို ဒီနည္းနဲ႔ ႏႈတ္ဆိတ္သြားေအာင္ လုပ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ Lulu Jemimahဆိုသူဟာ ပညာေရးကို အားသန္သူျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ထဲက Creative Writing နဲ႔ မာစတာဘြဲ႕ တက္ေရာက္ဖို႔ အဂၤလန္ႏိုင္ငံက တကၠသိုလ္ ၃ ခုကို ေက်ာင္းေလွ်ာက္ထားခဲ့ပါတယ္။ ေအာက္တိုဘာလ ၁ ရက္ေန႔မွာေတာ့ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ကေန လက္ခံေၾကာင္း အေၾကာင္းၾကားစာ ရရွိထားတဲ့အတြက္ ဝမ္းသာမဆုံးျဖစ္ေနပါတယ္။ ယူဂန္ဒါမွာေတာ့ သူမ သင္ၾကားလိုတဲ့ Creative Writing ဘာသာသင္ တကၠသိုလ္မရွိဘူးလို႔ဆိုပါတယ္။သူမရဲ႕ ဖခင္ျဖစ္သူဟာ သူမအသက္ ၁၆ ႏွစ္အ႐ြယ္ထဲက သမီးအိမ္ေထာင္ျပဳတဲ့အခါ ဖခင္တစ္ေယာက္အေနနဲ႔ လူၾကားထဲမွာ ေျပာၾကားရမယ့္ မိန႔္ခြန္းကို ျပင္ဆင္ေရးသားၿပီး ျဖစ္ေနပါၿပီ။ သူမရဲ႕ မိခင္ကလည္း အခုခ်ိန္ထိ ႀကဳံရင္ႀကဳံသလို သူမအတြက္ ခင္ပြန္းေကာင္းကို လိုက္ရွာေဖြေနဆဲပါ။

ဒီကိစၥေတြအားလုံး ေျပလည္ဖို႔ က်မဆုံးျဖတ္ခ်က္ တစ္ခုခ်လိုက္ပါတယ္၊ အဲဒါကေတာ့ က်မရဲ႕ ၃၂ ႏွစ္ေျမာက္ေမြးေန႔မွာ က်မတစ္ဘဝလုံးကို ၾကင္ၾကင္နာနာဂ႐ုစိုက္ေပးႏိုင္တဲ့ က်မနဲ႔ပဲ ျပန္ၿပီး အိမ္ေထာင္ျပဳဖို႔ပါပဲ” လို႔ ဆိုပါတယ္။

သူမရဲ႕မဂၤလာေဆာင္ပြဲ ကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၂.၆၂ ပဲကုန္က်ခဲ့ပါတယ္။ သတို႔သမီးဝတ္စုံကို သူငယ္ခ်င္းဆီကငွားၿပီး မိတ္ကပ္ကိုလည္း သူငယ္ခ်င္းေတြက ျပင္ေပးတာျဖစ္ပါတယ္။ လက္ဝတ္လက္စားေတြကိုလည္း သူငယ္ခ်င္းေတြဆီက ငွားၿပီး သူမရဲ႕ မဂၤလာေဆာင္ကို လာခ်ီးျမႇင့္သူေတြကလည္း ကိုယ့္စားရိတ္နဲ႔ကိုယ္ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။ သူမကုန္က်ခဲ့တဲ့ ၂.၆၂ ေဒၚလာက မဂၤလာပြဲကို လာရတဲ့ စရိတ္ပဲျဖစ္ပါတယ္။သူမဟာ အဂၤလန္မွာ ေက်ာင္းတက္ဖို႔ စတာလင္ေပါင္ ၂၀,၀၀၀ လိုအပ္ေနပါတယ္၊ ဒီပမာဏက ဘယ္မွာမွ ေခ်းငွားလို႔ မရႏိုင္တဲ့ ပမာဏျဖစ္ပါတယ္။ ဒီကိစၥကိုေျဖရွင္းၿပီး သူမရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို အေရာက္သြားဖို႔ ေနာက္ဆုံးမွာ စြန႔္စားၿပီး gofundme.com ကေနတစ္ဆင့္ အမ်ားထံ အကူညီေတာင္းခံခဲ့တာပဲျဖစ္ပါတယ္။ကံေကာင္းစြာနဲ႔ တစ္ခါမွ သူမနဲ႔ မသိခဲ့ဖူးတဲ့သူေတြဆီကေန အလႉေငြေတြရရွိတာေၾကာင့္ စာသင္ႏွစ္ပထမႏွစ္အတြက္ေတာ့ စိတ္ေအးသြားရပါၿပီ၊ ေနာက္ထပ္ စာသင္ႏွစ္တစ္ႏွစ္အတြက္ စတာလင္ေပါင္ ၆,၀၀၀ ေလာက္ကို ဆက္လက္ အလႉခံေနဆဲျဖစ္ပါတယ္။

Creative Writing ပညာရပ္အတြက္ အဂၤလန္မွာ ၂ ႏွစ္သင္ၾကားရမွာျဖစ္ၿပီး ဒီအခ်ိန္ေတြအတြင္းမွာ သူမအေနနဲ႔ အလုပ္လုပ္ခြင့္မရွိပါဘူး။

မည္သို႔ပင္ဆိုေစကာမူ Jemimah ကေတာ့ ကိုယ့္ကိုယ္ကိုသာ ယုံၾကည္ေကာင္းတယ္ဆိုတဲ့ စိတ္နဲ႔ ကိုယ့္ကိုယ္ကို ျပန္လပ္ထပ္ၿပီး ဘဝတက္လမ္းအတြက္ ဆက္ေလွ်ာက္ေနတဲ့ ရဲရင့္ျပတ္သားတဲ့ အမ်ိဳးသမီးတစ္ဦး ျဖစ္ပါတယ္။သူမရဲ႕ လပ္ထပ္ပြဲဟာ တရားဝင္ျဖစ္တာေၾကာင့္ အခုခ်ိန္မွာ “နင္ အိမ္ေထာင္မျပဳေသးဘူးလား” ဆိုတဲ့ ေမးခြန္းေတြကေတာ့ ႏႈတ္ဆိတ္သြားၿပီျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Fcelebrities
# Unicode Version ျဖင့္ ဖတ္ပါ #
လူတွေကိုကလည်း ခက်ပါတယ်လေ..။တစ်ယောက်ထဲတွေ့တဲ့အခါ “ရည်းစားမရှိသေးဘူးလား..?” ၊ နှစ်ယောက်တွဲတွေ့တဲ့အခါ “ဘယ်တော့စားရမှာလဲ..?ဟော.. အိမ်ထောင်ပြုပြီးသွားပြန်တော့လည်း “ကလေးမယူသေးဘူးလား..?”ဘယ်လိုအခြေအနေမှာမဆို မေးခွန်းတွေက ဆက်တိုက်ရှိနေပါတယ် (တတ်လဲတတ်နိုင်ကြတယ်)။ အဲဒီလို သူများတကာရဲ့ဘဝကို အလိုက်ကန်းဆိုး မသိစွာချယ်လှယ်ချင်တဲ့ ပတ်ဝန်းကျင်ကို တုံ့ပြန်တဲ့အနေနဲ့ ယူဂန်ဒါနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ဘုရားကျောင်းမှာ သူကိုယ်သူ ပြန်ပြီးလက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ပွဲ တရားဝင်ကျင်းပခဲ့ပါတယ်။

လူတွေက သူ့ကိုတွေ့တိုင်း အိမ်ထောင်ပြုပြီး ကလေးမြန်မြန်ယူတော့လေ ဆိုတဲ့ တိုက်တွန်းမှုတွေကို ဒီနည်းနဲ့ နှုတ်ဆိတ်သွားအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် Lulu Jemimahဆိုသူဟာ ပညာရေးကို အားသန်သူဖြစ်ပြီး ၂၀၁၇ ခုနှစ်ထဲက Creative Writing နဲ့ မာစတာဘွဲ့ တက်ရောက်ဖို့ အင်္ဂလန်နိုင်ငံက တက္ကသိုလ် ၃ ခုကို ကျောင်းလျှောက်ထားခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ အောက်စ်ဖို့ဒ်တက္ကသိုလ်ကနေ လက်ခံကြောင်း အကြောင်းကြားစာ ရရှိထားတဲ့အတွက် ဝမ်းသာမဆုံးဖြစ်နေပါတယ်။ ယူဂန်ဒါမှာတော့ သူမ သင်ကြားလိုတဲ့ Creative Writing ဘာသာသင် တက္ကသိုလ်မရှိဘူးလို့ဆိုပါတယ်။သူမရဲ့ ဖခင်ဖြစ်သူဟာ သူမအသက် ၁၆ နှစ်အရွယ်ထဲက သမီးအိမ်ထောင်ပြုတဲ့အခါ ဖခင်တစ်ယောက်အနေနဲ့ လူကြားထဲမှာ ပြောကြားရမယ့် မိန့်ခွန်းကို ပြင်ဆင်ရေးသားပြီး ဖြစ်နေပါပြီ။ သူမရဲ့ မိခင်ကလည်း အခုချိန်ထိ ကြုံရင်ကြုံသလို သူမအတွက် ခင်ပွန်းကောင်းကို လိုက်ရှာဖွေနေဆဲပါ။

ဒီကိစ္စတွေအားလုံး ပြေလည်ဖို့ ကျမဆုံးဖြတ်ချက် တစ်ခုချလိုက်ပါတယ်၊ အဲဒါကတော့ ကျမရဲ့ ၃၂ နှစ်မြောက်မွေးနေ့မှာ ကျမတစ်ဘဝလုံးကို ကြင်ကြင်နာနာဂရုစိုက်ပေးနိုင်တဲ့ ကျမနဲ့ပဲ ပြန်ပြီး အိမ်ထောင်ပြုဖို့ပါပဲ” လို့ ဆိုပါတယ်။

သူမရဲ့မင်္ဂလာဆောင်ပွဲ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂.၆၂ ပဲကုန်ကျခဲ့ပါတယ်။ သတို့သမီးဝတ်စုံကို သူငယ်ချင်းဆီကငှားပြီး မိတ်ကပ်ကိုလည်း သူငယ်ချင်းတွေက ပြင်ပေးတာဖြစ်ပါတယ်။ လက်ဝတ်လက်စားတွေကိုလည်း သူငယ်ချင်းတွေဆီက ငှားပြီး သူမရဲ့ မင်္ဂလာဆောင်ကို လာချီးမြှင့်သူတွေကလည်း ကိုယ့်စားရိတ်နဲ့ကိုယ် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ သူမကုန်ကျခဲ့တဲ့ ၂.၆၂ ဒေါ်လာက မင်္ဂလာပွဲကို လာရတဲ့ စရိတ်ပဲဖြစ်ပါတယ်။သူမဟာ အင်္ဂလန်မှာ ကျောင်းတက်ဖို့ စတာလင်ပေါင် ၂၀,၀၀၀ လိုအပ်နေပါတယ်၊ ဒီပမာဏက ဘယ်မှာမှ ချေးငှားလို့ မရနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ ဒီကိစ္စကိုဖြေရှင်းပြီး သူမရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားဖို့ နောက်ဆုံးမှာ စွန့်စားပြီး gofundme.com ကနေတစ်ဆင့် အများထံ အကူညီတောင်းခံခဲ့တာပဲဖြစ်ပါတယ်။ကံကောင်းစွာနဲ့ တစ်ခါမှ သူမနဲ့ မသိခဲ့ဖူးတဲ့သူတွေဆီကနေ အလှူငွေတွေရရှိတာကြောင့် စာသင်နှစ်ပထမနှစ်အတွက်တော့ စိတ်အေးသွားရပါပြီ၊ နောက်ထပ် စာသင်နှစ်တစ်နှစ်အတွက် စတာလင်ပေါင် ၆,၀၀၀ လောက်ကို ဆက်လက် အလှူခံနေဆဲဖြစ်ပါတယ်။

Creative Writing ပညာရပ်အတွက် အင်္ဂလန်မှာ ၂ နှစ်သင်ကြားရမှာဖြစ်ပြီး ဒီအချိန်တွေအတွင်းမှာ သူမအနေနဲ့ အလုပ်လုပ်ခွင့်မရှိပါဘူး။

မည်သို့ပင်ဆိုစေကာမူ Jemimah ကတော့ ကိုယ့်ကိုယ်ကိုသာ ယုံကြည်ကောင်းတယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်လပ်ထပ်ပြီး ဘဝတက်လမ်းအတွက် ဆက်လျှောက်နေတဲ့ ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။သူမရဲ့ လပ်ထပ်ပွဲဟာ တရားဝင်ဖြစ်တာကြောင့် အခုချိန်မှာ “နင် အိမ်ထောင်မပြုသေးဘူးလား” ဆိုတဲ့ မေးခွန်းတွေကတော့ နှုတ်ဆိတ်သွားပြီဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Fcelebrities
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top