ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မင္းေသြးဆံုးတာကို အခုထိလက္မခံႏိုင္ေသးတဲ့ ထြန္းထြန္း

ညီေလး တစ္ေယာက္လို ခ်စ္ခင္ရတဲ့ မင္းေသြးရဲ႕ ေသဆံုးမႈကို ထြန္းထြန္းမွာ အခုထိ လက္မခံႏိုင္ေသးပဲ ျဖစ္လို႕ေနပါတယ္။ ထြန္းထြန္းဟာ ဒီေန႕(ေအာက္တိုဘာ၇ရက္)မွာ မင္းေသြးရဲ႕ ေနာက္ဆံုးခရီးကို လိုက္လံ ပို႕ေဆာင္ေပးခဲ့ပါတယ္။ မင္းေသြးရဲ႕ ရုပ္အေလာင္းကိုၾကည့္ၿပီး ထြန္းထြန္းတစ္ေယာက္ ေျဖမဆည္ႏိုင္ မ်က္ရည္ေတြက်ခဲ့ရပါတယ္။


































ညီေလး တစ္ေယာက္လို ခ်စ္ခင္ရတဲ့ မင္းေသြးရဲ႕ ေသဆံုးမႈကို ထြန္းထြန္းမွာ အခုထိ လက္မခံႏိုင္ေသးပဲ ျဖစ္လို႕ေနပါတယ္။ ထြန္းထြန္း တစ္ ေယာက္ လမ္းမွားေရာက္ေနခ်ိန္မွာ မင္းေသြးရဲ႕ စကားေတြေၾကာင့္ လမ္းမွန္ေပၚကို ျပန္ေရာက္ခဲ့တာလို႕ သူက ဆုိပါတယ္။ သူအရမ္းခ်စ္ရတဲ့ ညီေလးတစ္ေယာက္ ဆံုးရံႈးသြားရတဲ့အတြက္ ထြန္းထြန္းမွာ အရမ္းကို ခံစားေနရသလို ေဖ့စ္ဘြတ္သံုးဖို႕ေတာင္ ေၾကာက္ေနမိတယ္လို႕ ဆုိပါတယ္။

 "မင္းမရွိေတာ့ဘူးဆိုတာကို ငါ့မ်က္စိနဲ႕တပ္အပ္ေတြ႕ရတဲ့ အခ်ိန္ကစၿပီးအခုထိ ေနရတာေတာ္ေတာ္အဆင္မေျပဘူးကြာ။ ငါ နိစၥဒူဝ လုပ္စရာ ေတြကိုလုပ္ေနတယ္။ မင္းအေၾကာင္းေတြပဲေခါင္းထဲေရာက္လာတယ္။ Facebook ကိုလည္းဝင္သံုးရမွာ ေၾကာက္ေနတယ္ကြာ။ အခုတေလာက မင္းအေၾကာင္းေတြပဲ ေရးေနၾကမွာ ဒီေတာ့ငါဖတ္ေနရလိမ့္မယ္။ အဲ့ဒါေတြ ငါတကယ္မခံစားနိုင္ဘူး။ ေနာက္ၿပီးေတာ့ ငါဒီအျဖစ္အပ်က္ႀကီးကို လံုးဝလက္မခံနိုင္ေသးဘူး" ဆိုၿပီးထြန္းထြန္းရဲ႕ ေဖ့စ္ဘတ္မွာ ေအာက္တိုဘာ(၆) ရက္ေန႕ ညပိုင္းက ေရးသားထားတာေတြ႕ရပါတယ္။


ထြန္းထြန္းမွာ အခက္အခဲေတြနဲ႕ ၾကံဳရခ်ိန္မွာလည္း ဘုိထြန္း ဘာေတြ ျဖစ္ေနလဲဆိုၿပီး အရင္ဆံုး ေမးေဖာ္ရတာ မင္းေသြးပါတဲ့။ ခရီးေတြ အတူတူသြားခဲ့တုန္းကလည္း ထြန္းထြန္း ပိုက္ဆံျပတ္ေနတာသိၿပီး ထြန္းထြန္းအရမ္းလိုခ်င္တဲ့ ပစၥည္းေလးကို သူမသိေအာင္ မင္းေသြးက လက္ေဆာင္ေပးခဲ့ဖူးတာေတြလည္း ရွိလို႕ေနပါတယ္။

" ငါလမ္းမွားကိုေကာင္းေကာင္းႀကီးေရာက္ေနတုန္းကလည္း မင္းပဲေျပာတယ္ေလ။ ခင္ဗ်ားဘယ္မွမသြားနဲဲ႕ က်ေနာ့္ အိမ္မွာ လာေန။ တ ေယာက္ စာေတာ့ကၽြန္ေတာ့္အိမ္မွာ စားစရာေနစရာ ကၽြန္ေတာ္လုပ္ေပးနိုင္တယ္ဆိုၿပီး တကယ္ႀကီးကို ေခၚထားခဲ့တဲ့ေကာင္။ မင္းေျပာခဲ့တဲ့ ဂရုဏာ ေဒါေသာစကားေတြက ၾကမ္းလြန္းလို႕ ငါေတာ္ေတာ္ရွက္ခဲ့တယ္။ ဒါေတြေၾကာင့္လည္း ငါလမ္းမွန္ေပၚျပန္ေရာက္ဖို႕ လမ္းစ ေပၚခဲ့ရတယ္။ "ဆိုၿပီး ဆက္လက္ေျပာျပထားပါေသးတယ္။


မင္းေသြးနဲ႕ ပတ္သက္တဲ့ အမွတ္တရေတြ မ်ားလြန္းအားႀကီးတာေၾကာင့္ ထြန္းထြန္းမွာ ေျပာရင္ေတာင္ ေျပာလို႕ မကုန္ပါဘူးဆိုတဲ့။

"အမွတ္တရေတြက မ်ားလြန္းအားႀကီးလို႕ ေျပာရင္ေျပာလို႕မကုန္ဘူး။ မင္းျပသြားတဲ့ တရားကေတာ္ေတာ္ ထိတယ္ကြာ။ ငါ့ညီေလးရာ မင္းေကာင္းရာမြန္ရာကို ေရာက္မယ္လို႕ယံုၾကည္တယ္။ ဒါမဲ့ကြာဒီအရာကို ငါလက္မခံႏိုင္ေသးဘူး။ ခက္ခဲလိုက္တာ" ဆုိၿပီး ရင္ဖြင့္ထားပါတယ္။

ထြန္းထြန္းဟာ ဒီေန႕(ေအာက္တိုဘာ၇ရက္)မွာလည္း မင္းေသြးရဲ႕ ေနာက္ဆံုးခရီးကို လိုက္လံ ပို႕ေဆာင္ေပးခဲ့ပါတယ္။ မင္းေသြးရဲ႕ ရုပ္အေလာင္းကိုၾကည့္ၿပီး ထြန္းထြန္းတစ္ေယာက္ ေျဖမဆည္ႏိုင္ မ်က္ရည္ေတြက်ခဲ့ရပါတယ္။



မင္းေသြးဟာ ေအာက္တုိဘာ(၃) ရက္ေန႕ ည(၁၁း၂၀)က ပါရမီေဆးရံုမွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။မင္းေသြးဟာသူခ်င္းေတြနဲ႕အတူ ေဘာလံုးကန္ရင္းကေန ေမာလို႕ ခဏနားၿပီး ေရေသာက္လိုက္တဲ့အခ်ိန္ ရုတ္တရက္ လဲက်သြားရာက အေရးေပၚသို႕ ပို႕လိုက္ရာက သတိျပန္ မလည္လာေတာ့တာ ျဖစ္ပါတယ္။ မင္းေသြးရဲ႕ ႐ုပ္အေလာင္းကို ေအာက္တိုဘာ(၇) ရက္ေန႕ မနက္ပိုင္းကေရေဝးသုႆန္မွာ မီးသၿဂိဳလ္ခဲ့ၿပီး အရိုးျပာကို ဂူသြင္းထားတာလည္း ျဖစ္ပါတယ္။
https://www.facebook.com/celeyatkwat.duwun/videos/563903647362713/?t=0

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ငေ်းသွေးဟာ သူ့ကို လမ်းမှန်ရောက်အောင် ပို့ပေးခဲ့သူတစ်ယောက်တဲ့။

ညီလေး တစ်ယောက်လို ချစ်ခင်ရတဲ့ မင်းသွေးရဲ့ သေဆုံးမှုကို ထွန်းထွန်းမှာ အခုထိ လက်မခံနိုင်သေးပဲ ဖြစ်လို့နေပါတယ်။ ထွန်းထွန်းဟာ ဒီနေ့(အောက်တိုဘာ၇ရက်)မှာ မင်းသွေးရဲ့ နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကိုကြည့်ပြီး ထွန်းထွန်းတစ်ယောက် ဖြေမဆည်နိုင် မျက်ရည်တွေကျခဲ့ရပါတယ်။


ညီလေး တစ်ယောက်လို ချစ်ခင်ရတဲ့ မင်းသွေးရဲ့ သေဆုံးမှုကို ထွန်းထွန်းမှာ အခုထိ လက်မခံနိုင်သေးပဲ ဖြစ်လို့နေပါတယ်။ ထွန်းထွန်း တစ် ယောက် လမ်းမှားရောက်နေချိန်မှာ မင်းသွေးရဲ့ စကားတွေကြောင့် လမ်းမှန်ပေါ်ကို ပြန်ရောက်ခဲ့တာလို့ သူက ဆိုပါတယ်။ သူအရမ်းချစ်ရတဲ့ ညီလေးတစ်ယောက် ဆုံးရှုံးသွားရတဲ့အတွက် ထွန်းထွန်းမှာ အရမ်းကို ခံစားနေရသလို ဖေ့စ်ဘွတ်သုံးဖို့တောင် ကြောက်နေမိတယ်လို့ ဆိုပါတယ်။


 "မင်းမရှိတော့ဘူးဆိုတာကို ငါ့မျက်စိနဲ့တပ်အပ်တွေ့ရတဲ့ အချိန်ကစပြီးအခုထိ နေရတာတော်တော်အဆင်မပြေဘူးကွာ။ ငါ နိစ္စဒူဝ လုပ်စရာ တွေကိုလုပ်နေတယ်။ မင်းအကြောင်းတွေပဲခေါင်းထဲရောက်လာတယ်။ Facebook ကိုလည်းဝင်သုံးရမှာ ကြောက်နေတယ်ကွာ။ အခုတလောက မင်းအကြောင်းတွေပဲ ရေးနေကြမှာ ဒီတော့ငါဖတ်နေရလိမ့်မယ်။ အဲ့ဒါတွေ ငါတကယ်မခံစားနိုင်ဘူး။ နောက်ပြီးတော့ ငါဒီအဖြစ်အပျက်ကြီးကို လုံးဝလက်မခံနိုင်သေးဘူး" ဆိုပြီးထွန်းထွန်းရဲ့ ဖေ့စ်ဘတ်မှာ အောက်တိုဘာ(၆) ရက်နေ့ ညပိုင်းက ရေးသားထားတာတွေ့ရပါတယ်။


ထွန်းထွန်းမှာ အခက်အခဲတွေနဲ့ ကြုံရချိန်မှာလည်း ဘိုထွန်း ဘာတွေ ဖြစ်နေလဲဆိုပြီး အရင်ဆုံး မေးဖော်ရတာ မင်းသွေးပါတဲ့။ ခရီးတွေ အတူတူသွားခဲ့တုန်းကလည်း ထွန်းထွန်း ပိုက်ဆံပြတ်နေတာသိပြီး ထွန်းထွန်းအရမ်းလိုချင်တဲ့ ပစ္စည်းလေးကို သူမသိအောင် မင်းသွေးက လက်ဆောင်ပေးခဲ့ဖူးတာတွေလည်း ရှိလို့နေပါတယ်။

" ငါလမ်းမှားကိုကောင်းကောင်းကြီးရောက်နေတုန်းကလည်း မင်းပဲပြောတယ်လေ။ ခင်ဗျားဘယ်မှမသွားနဲ့ ကျနော့် အိမ်မှာ လာနေ။ တ ယောက် စာတော့ကျွန်တော့်အိမ်မှာ စားစရာနေစရာ ကျွန်တော်လုပ်ပေးနိုင်တယ်ဆိုပြီး တကယ်ကြီးကို ခေါ်ထားခဲ့တဲ့ကောင်။ မင်းပြောခဲ့တဲ့ ဂရုဏာ ဒေါသောစကားတွေက ကြမ်းလွန်းလို့ ငါတော်တော်ရှက်ခဲ့တယ်။ ဒါတွေကြောင့်လည်း ငါလမ်းမှန်ပေါ်ပြန်ရောက်ဖို့ လမ်းစ ပေါ်ခဲ့ရတယ်။ "ဆိုပြီး ဆက်လက်ပြောပြထားပါသေးတယ်။


မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ များလွန်းအားကြီးတာကြောင့် ထွန်းထွန်းမှာ ပြောရင်တောင် ပြောလို့ မကုန်ပါဘူးဆိုတဲ့။

"အမှတ်တရတွေက များလွန်းအားကြီးလို့ ပြောရင်ပြောလို့မကုန်ဘူး။ မင်းပြသွားတဲ့ တရားကတော်တော် ထိတယ်ကွာ။ ငါ့ညီလေးရာ မင်းကောင်းရာမွန်ရာကို ရောက်မယ်လို့ယုံကြည်တယ်။ ဒါမဲ့ကွာဒီအရာကို ငါလက်မခံနိုင်သေးဘူး။ ခက်ခဲလိုက်တာ" ဆိုပြီး ရင်ဖွင့်ထားပါတယ်။

ထွန်းထွန်းဟာ ဒီနေ့(အောက်တိုဘာ၇ရက်)မှာလည်း မင်းသွေးရဲ့ နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကိုကြည့်ပြီး ထွန်းထွန်းတစ်ယောက် ဖြေမဆည်နိုင် မျက်ရည်တွေကျခဲ့ရပါတယ်။



မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top