iMyanmarHouse.com - Best Property Website for Myanmar
×

ထူးျခားတဲ့အေလ့အထေတြ၊ အမူအက်င့္ေတြ၊ အမ်ားက်င့္ႏိုင္ခဲ့တဲ့ ခဲရာခဲဆစ္က်င့္စဥ္ေတြကိုမွ အထင္ႀကီးတတ္တဲ့ ေလာကႀကီးရဲ႕ သေဘာသဘာဝအရ ထြက္ရပ္ေပါက္တယ္ဆိုတဲ့ ပုဂၢိဳလ္ေတြ၊ ဈာန္ပ်ံႏိုင္တဲ့တယ္ဆိုတဲ့ ပုဂၢိဳလ္ေတြ၊ ဘယ္ေလာက္ ေရာဂါဆိုးဆိုး အရွင္းေပ်ာက္ကင္းေအာင္ ကုသႏိုင္တယ္ဆိုတဲ့လူေတြဟာ အေတာ္ေလး စားေပါက္ေခ်ာင္ ေနရာရေနတာကို သင္တို႔ ေတြ႕ရမွာ ျဖစ္ပါတယ္။


အခုလည္း ဂူေအာင္းက်င့္စဥ္ က်င့္တယ္ဆိုတဲ့ ထိုင္းအမ်ိဳးသားတစ္ဦးကေတာ့ သူရဲ႕ပင္ကိုယ္ခံယူခ်က္အရ သူဟာ ေဒသခံထိုင္းအမ်ိဳးသမီးေတြကို ခ်စ္သူအျဖစ္ လက္တြဲလိုျခင္းမရွိပါဘူး။ သူဟာ ဂူေအာင္းက်င့္စဥ္လို႔ သူမ်ားေတြလို ႀကီးႀကီးက်ယ္က်ယ္ ေခါင္းစဥ္မတပ္ဘဲ၊ သူ႔ဘာသာ ဂူထဲကို ေနခ်င္လို႔သာ ေနတာလို႔သာ ေျဖပါတယ္။


သူဟာ မၾကာေသးခင္က ႐ုရွားမ အေခ်ာေလးတစ္ေယာက္နဲ႔ အတူရွိေနတဲ့ဓာတ္ပုံေတြကို သူရဲ႕ The Cave Man 2018 အမည္ရ Page ေပၚမွာ တင္ခဲ့ရာ လူမႈကြန္ရက္ေပၚမွာ နာမည္အလြန္ႀကီးသြားခဲ့ပါတယ္။ ဒါေပမယ့္ ေလာကဓမၼတာအတိုင္း ကိုယ့္ထက္သာတဲ့သူဆိုရင္ မနာလိုတိုရွည္ ျဖစ္ၾကတဲ့အတိုင္း ဝိုင္းဆဲတဲ့ ကြန္မန႔္ေတြေၾကာင့္ ပုံကို ဖ်က္ခ်ခဲ့ရပါတယ္။


ေနာက္ မၾကာမီမွာပင္ လူျဖဴမ ေခ်ာေခာ်ေလး သူရဲ႕ ဂူၾကမ္းျပင္မွာ အိပ္ရာျပင္ေနတဲ့ ဓာတ္ပုံေတြ တင္ခဲ့ျပန္တာေၾကာင့္ ဆဲဖို႔ေစာင့္ေနသူေတြကို တပ္လွန႔္လိုက္သလို ျဖစ္သြားေစခဲ့ပါတယ္။ ဒီလိုနဲ႔ အဆဲကြန္မန႔္ေပါင္း ေထာင္ခ်ီရခဲ့ျပန္တာေၾကာင့္ သူလည္း ဓာတ္ပုံကို ျပန္ျဖဳတ္ခ်ခဲ့ရပါတယ္။

သူရဲ႕ေနာက္ခံသမိုင္းေၾကာင္းကို စုံစမ္းလိုက္တဲ့အခါမွာ အေပ်ာ္တမ္းပန္းခ်ီဆရာ၊ ဓာတ္ပုံဆရာ၊ ေမာ္ေတာ္ဆိုင္ကယ္သမားတစ္ဦးျဖစ္ၿပီး၊ ဘာသာစကားေတာ္ေတာ္မ်ားမ်ားကို ကြၽမ္းက်င္စြာေျပာတတ္တယ္လို႔ ဆိုပါတယ္။ ဒီဘာသာစကား အတားအဆီးကို ေက်ာ္ျဖတ္ႏိုင္ျခင္းကလည္း သူ႔အနားမွာ အျဖဴမေလးေတြ ဝိုင္းဝိုင္းလည္ေနတာပါ။ နာမည္ကေတာ့ Jatuphoom Losiri သို႔မဟုတ္ Toon လို႔ သိရပါတယ္။

သူဘာေၾကာင့္ ဂူုေအာင္းရတာလဲလို႔ မီဒီယာကေမးေတာ့ ေအာင္းခ်င္လို႔ ေအာင္းတာလို႔ပဲ ေျဖခဲ့ပါတယ္။ သူေနထိုင္ရာ အတိအက်ကို မသိရေပမယ့္ ေကာဖနန္ကြၽန္းေပၚက ကမ္းေျခနဲ႔နီးတဲ့ ဂူတစ္ခုမွာ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾကသူေတြ ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ အမ်ားထက္ထူးေတာ့ လူမႈကြန္ရက္မွာ အခ်ိန္အနည္းငယ္အတြင္း ဆယ္လီတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ထူးခြားတဲ့အလေ့အထတွေ၊ အမူအကျင့်တွေ၊ အများကျင့်နိုင်ခဲ့တဲ့ ခဲရာခဲဆစ်ကျင့်စဉ်တွေကိုမှ အထင်ကြီးတတ်တဲ့ လောကကြီးရဲ့ သဘောသဘာဝအရ ထွက်ရပ်ပေါက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဈာန်ပျံနိုင်တဲ့တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဘယ်လောက် ရောဂါဆိုးဆိုး အရှင်းပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတဲ့လူတွေဟာ အတော်လေး စားပေါက်ချောင် နေရာရနေတာကို သင်တို့ တွေ့ရမှာ ဖြစ်ပါတယ်။

အခုလည်း ဂူအောင်းကျင့်စဉ် ကျင့်တယ်ဆိုတဲ့ ထိုင်းအမျိုးသားတစ်ဦးကတော့ သူရဲ့ပင်ကိုယ်ခံယူချက်အရ သူဟာ ဒေသခံထိုင်းအမျိုးသမီးတွေကို ချစ်သူအဖြစ် လက်တွဲလိုခြင်းမရှိပါဘူး။ သူဟာ ဂူအောင်းကျင့်စဉ်လို့ သူများတွေလို ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်မတပ်ဘဲ၊ သူ့ဘာသာ ဂူထဲကို နေချင်လို့သာ နေတာလို့သာ ဖြေပါတယ်။

သူဟာ မကြာသေးခင်က ရုရှားမ အချောလေးတစ်ယောက်နဲ့ အတူရှိနေတဲ့ဓာတ်ပုံတွေကို သူရဲ့ The Cave Man 2018 အမည်ရ Page ပေါ်မှာ တင်ခဲ့ရာ လူမှုကွန်ရက်ပေါ်မှာ နာမည်အလွန်ကြီးသွားခဲ့ပါတယ်။ ဒါပေမယ့် လောကဓမ္မတာအတိုင်း ကိုယ့်ထက်သာတဲ့သူဆိုရင် မနာလိုတိုရှည် ဖြစ်ကြတဲ့အတိုင်း ဝိုင်းဆဲတဲ့ ကွန်မန့်တွေကြောင့် ပုံကို ဖျက်ချခဲ့ရပါတယ်။

နောက် မကြာမီမှာပင် လူဖြူမ ချောခောျလေး သူရဲ့ ဂူကြမ်းပြင်မှာ အိပ်ရာပြင်နေတဲ့ ဓာတ်ပုံတွေ တင်ခဲ့ပြန်တာကြောင့် ဆဲဖို့စောင့်နေသူတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ အဆဲကွန်မန့်ပေါင်း ထောင်ချီရခဲ့ပြန်တာကြောင့် သူလည်း ဓာတ်ပုံကို ပြန်ဖြုတ်ချခဲ့ရပါတယ်။

သူရဲ့နောက်ခံသမိုင်းကြောင်းကို စုံစမ်းလိုက်တဲ့အခါမှာ အပျော်တမ်းပန်းချီဆရာ၊ ဓာတ်ပုံဆရာ၊ မော်တော်ဆိုင်ကယ်သမားတစ်ဦးဖြစ်ပြီး၊ ဘာသာစကားတော်တော်များများကို ကျွမ်းကျင်စွာပြောတတ်တယ်လို့ ဆိုပါတယ်။ ဒီဘာသာစကား အတားအဆီးကို ကျော်ဖြတ်နိုင်ခြင်းကလည်း သူ့အနားမှာ အဖြူမလေးတွေ ဝိုင်းဝိုင်းလည်နေတာပါ။ နာမည်ကတော့ Jatuphoom Losiri သို့မဟုတ် Toon လို့ သိရပါတယ်။

သူဘာကြောင့် ဂူုအောင်းရတာလဲလို့ မီဒီယာကမေးတော့ အောင်းချင်လို့ အောင်းတာလို့ပဲ ဖြေခဲ့ပါတယ်။ သူနေထိုင်ရာ အတိအကျကို မသိရပေမယ့် ကောဖနန်ကျွန်းပေါ်က ကမ်းခြေနဲ့နီးတဲ့ ဂူတစ်ခုမှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြသူတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အများထက်ထူးတော့ လူမှုကွန်ရက်မှာ အချိန်အနည်းငယ်အတွင်း ဆယ်လီတစ်ယောက် ဖြစ်လာခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top