(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×
Credit: mmcelesmedia
ခပ်မိုက်မိုက်သီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲကို အရောက်ပို့ပေးနိုင်တဲ့ စန္ဒီမြင့်လွင်ကိုတော့ အားလုံးလည်း ရင်းနှီးပြီးသားပါ။ အချစ် အလွမ်း အဆွေးနဲ့ ခပ်မြူးမြူး သီချင်းတွေကို အားလုံးပိုင်နိုင်စွာဆိုနိုင်တဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ သိပ်မကြာသေးခင်ကပဲ ယောကျာ်းယူလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်ကတော့ သူ့တိုပအိမ်ထောင်ရေးပိုမိုပြည့်စုံဖို့အတွက် ကလေးယူဖို့အကြောင်း ပြောကြားလာပြီး လက်တလော အနုပညာလှုပ်ရှားမှုတွေကို ပြောကြားလာခဲ့ပါတယ်
စန္ဒီမြင့်လွင်ကတော့ MC 7 နဲ့ အင်တာဗျူးတွင် ကလေးယူဖို့နဲ့ ပတ်သက်ပြီး “ဒါကတော့ ဘုရားပေးတဲ့ အချိန် ကုသိုလ်ကံပါလာတဲ့အချိန်ရမှာပါ။ ဒီဒီးကတော့ ကိုယ့်ရင်သွေးဆိုတော့ လိုချင်တာပေါ့။ ဘာပဲရရပေါ့။ သားပဲ ဖြစ်ဖြစ် သမီးပဲ ဖြစ်ဖြစ် ဒီဒီးတို့ အမျိုးထဲမှာ အမြွှာတွေရှိပါတယ်။ ဒါကတော့ ကုသိုလ်ကံပေါ့။ ကံကောင်းရင်တော့ ရမှာပေါ့”
“အနုပညာကတော့ ဒီဒီးအနေနဲ့ ပွဲတွေ ဆိုဖြစ်တယ်။ ဒီလထဲမှာလည်း ဟစ်ဟော့ပ် ရှိုးရှိတယ်။ တခြားသော ရှိုးတွေလည်း ရှိပါတယ်။ သီချင်းအသစ်အနေနဲ့ကတော့ ပါပီဆိုတဲ့ သီချင်းသစ် တစ်ပုဒ် ထွက်ထားတယ်။ ပြီးတော့ MTV ရိုက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီဒီးက အဲ့ MTV ကိုကိုသီဟ ပြန်လာမှ ရိုက်ဖို့ စိတ်ကူးထားပါတယ်။ ပြီးတော့ လက်ရှိမှာလည်း ဒီဒီးက အလုပ်တွေ ရှုပ်နေတာဆိုတော့ ဒီလထဲမှာတော့ မရိုက်ဖြစ်လောက်တော့ပါဘူး။ နောက်လထဲမှာတော့ ရိုက်ဖြစ်မယ် ထင်ပါတယ်”
“သူကချစ်တော့ တယောက်ကို တယောက် စိတ်ချမ်းသာအောင်ထားတယ်။ ပျော်ရပါတယ်။ နားလည်မှုလည်း ရှိကြတယ်။ ဒါကလည်း တယောက်နဲ့ တယောက်ရှိကြလို့ပဲလေ။ ကိုယ်လည်းသူ့ကို စိတ်ချမ်းသာအောင် ထားသလို သူလည်း ကိုယ့်ကို စိတ်ချမ်းသာအောင်ထားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: mmcelesmedia
# Unicode Version ဖြင့် ဖတ်ပါ #
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top