ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေစတီတစ္ဆူကို မြမ္းမံထိန္းသိမ္းေနစဥ္= ဓာတ္ပုံ−ေဂ်ေမာင္ေမာင္(အမရပူရ)

 ငလ်င္ဒဏ္သင့္ ပုဂံ ေစတီပုထိုးမ်ား ျပဳျပင္ထိန္းသိမ္း ေရး ျပည္တြင္း၊ ျပည္ပမွလွဴဒါန္း သည့္ အလွဴေငြ က်ပ္သိန္း ၄၅,၀၀၀(၄ ဒသမ ၅ ဘီလီယံ)ေက်ာ္ႏွင့္ ကန္ေဒၚလာ ၁၁ သိန္းရရွိထားေၾကာင္း ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသည့္ ပုဂံ-ေညာင္ဦးေဒသရွိ ေရွး ေဟာင္းဘုရား၊ ေစတီ၊ ပုထိုးမ်ား ႏွင့္ သာသနိကအေဆာက္အအံု မ်ား ျပဳျပင္ထိန္းသိမ္းေရးဦးစီး ေကာ္မတီ အစည္းအေဝးသတင္း တြင္ ေဖာ္ျပထားသည္။

ဒုသမၼတ ဦးျမင့္ေဆြ ဥကၠ႒ အျဖစ္ တာဝန္ယူထားသည့္ ယင္း ေကာ္မတီ အစည္းအေဝးကို ေအာက္တိုဘာ ၁၀ ရက္က ပုဂံ ေရွးေဟာင္းယဥ္ေက်းမႈ ျပတိုက္၌ ျပဳလုပ္ရာ သာသနာေရးႏွင့္ ယဥ္ ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးအပါအဝင္ သက္ဆုိင္ရာ ဝန္ႀကီးမ်ား တက္ေရာက္ခဲ့သည္။

၂၀၁၆ ငလ်င္ျဖစ္ပြားခ်ိန္မွ ၂၀၁၈ စက္တင္ဘာကုန္ထိ အလွဴ ေငြရရွိမႈ က်ပ္ ၄၆,၀၅၉ သိန္း၊ ကန္ေဒၚလာ ၁၁ သိန္း၊ ထိုင္းဘတ္ ၁၀,၈၂၀၊ စင္ကာပူေဒၚလာ ၇,၂၅၀၊ ဂ်ပန္ယန္း ၃၀,၀၀၀ တုိ႔ ျဖစ္ၿပီး တ႐ုတ္ယြမ္၊ မေလးရွား ရင္းဂစ္၊ ကိုရီးယားဝမ္၊ ဥေရာပ သံုးေငြ ယူ႐ိုတုိ႔လည္း ပါဝင္ ေၾကာင္း သတင္း၌ ေဖာ္ျပသည္။

လက္ခံရရွိသည့္ အလွဴေငြ မ်ားကို ျပဳျပင္ထိန္းသိမ္းေရးလုပ္ ငန္းမ်ား၌ အသံုးျပဳရာတြင္ ဖြဲ႕ စည္းထားသည့္ ေကာ္မတီမ်ား ႀကီးၾကပ္မႈျဖင့္ စနစ္တက် အက်ိဳး ရွိရွိ သံုးစြဲရန္ ဒုသမၼတက ေျပာ ၾကားသည္။

၂၀၁၆ ဩဂုတ္ ၂၄ ရက္ တြင္ အင္အား ရစ္ခ်္တာစေကး ၆ ဒသမ ၈ အဆင့္ရွိ ငလ်င္လႈပ္ ခတ္၍ ပုဂံေရွးေဟာင္းယဥ္ေက်း မႈနယ္ေျမရွိ ေစတီပုထိုး ၃၈၉ ဆူ ထိခုိက္ပ်က္စီးခဲ့သည္။

ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီး သည့္ ေစတီပုထိုးမ်ား ျပဳျပင္ထိန္း သိမ္းေရးယူနက္စကိုအပါအဝင္ ျပည္တြင္း၊ ျပည္ပ ပညာရွင္မ်ား ႏွင့္ ညႇိႏိႈင္းေဆြးေႏြးမႈအရ ပထမ ဦးစားေပး ျပဳျပင္ထိန္းသိမ္းရန္ ေစတီပုထိုး ၃၆ ဆူ၊ ဒုတိယဦးစား ေပး ျပဳျပင္ထိန္းသိမ္းရန္ ေစတီ ပုထိုး ၅၃ ဆူ၊ တတိယ ဦးစားေပး ျပဳျပင္ထိန္းသိမ္းရန္ ေစတီပုထိုး ၇၆ ဆူႏွင့္ အေသးစားျပဳျပင္ရန္ ေစတီပုထိုး ၂၂၄ ဆူဟူ၍ ခြဲျခား သတ္မွတ္ေဆာင္ရြက္ခဲ့သည္။

ငလ်င္လႈပ္ၿပီးခ်ိန္မွ လက္ရွိအထိ ပထမဦးစားေပးအျဖစ္ ေစတီပုထိုး ၁၉ ဆူ၊ ဒုတိယဦးစားေပးအျဖစ္ ေစတီပုထိုး ၃၃ ဆူ၊ တတိယဦးစားေပးအျဖစ္ ေစတီ ပုထိုး ၄၉ ဆူႏွင့္ အေသးစားျပဳျပင္ ခဲ့သည့္ ေစတီပုထိုး ၂၂၄ ဆူ၊ စုစုေပါင္း ၃၂၅ ဆူကို ျပဳျပင္ထိန္း သိမ္းၿပီးျဖစ္ေၾကာင္း ဒုသမၼတက ဆုိသည္။

ယင္းသုိ႔ ျပဳျပင္ထိန္းသိမ္းမႈ မ်ား ေဆာင္ရြက္ရာတြင္ ထပ္မံျဖစ္ေပၚႏုိင္သည့္   သဘာဝေဘးအႏၲရာယ္မ်ားအတြက္ပါ ေဆာင္ရြက္ရန္ လုိအပ္မည္ဟုလည္း ၎က ေျပာသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတစ်ဆူကို မွမ်းမံထိန်းသိမ်းနေစဉ်= ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 ငလျင်ဒဏ်သင့် ပုဂံ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်း ရေး ပြည်တွင်း၊ ပြည်ပမှလှူဒါန်း သည့် အလှူငွေ ကျပ်သိန်း ၄၅,၀၀၀(၄ ဒသမ ၅ ဘီလီယံ)ကျော်နှင့် ကန်ဒေါ်လာ ၁၁ သိန်းရရှိထားကြောင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေး ဟောင်းဘုရား၊ စေတီ၊ ပုထိုးများ နှင့် သာသနိကအဆောက်အအုံ များ ပြုပြင်ထိန်းသိမ်းရေးဦးစီး ကော်မတီ အစည်းအဝေးသတင်း တွင် ဖော်ပြထားသည်။

ဒုသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ယင်း ကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်က ပုဂံ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်၌ ပြုလုပ်ရာ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးများ တက်ရောက်ခဲ့သည်။

၂၀၁၆ ငလျင်ဖြစ်ပွားချိန်မှ ၂၀၁၈ စက်တင်ဘာကုန်ထိ အလှူ ငွေရရှိမှု ကျပ် ၄၆,၀၅၉ သိန်း၊ ကန်ဒေါ်လာ ၁၁ သိန်း၊ ထိုင်းဘတ် ၁၀,၈၂၀၊ စင်ကာပူဒေါ်လာ ၇,၂၅၀၊ ဂျပန်ယန်း ၃၀,၀၀၀ တို့ ဖြစ်ပြီး တရုတ်ယွမ်၊ မလေးရှား ရင်းဂစ်၊ ကိုရီးယားဝမ်၊ ဥရောပ သုံးငွေ ယူရိုတို့လည်း ပါဝင် ကြောင်း သတင်း၌ ဖော်ပြသည်။

လက်ခံရရှိသည့် အလှူငွေ များကို ပြုပြင်ထိန်းသိမ်းရေးလုပ် ငန်းများ၌ အသုံးပြုရာတွင် ဖွဲ့ စည်းထားသည့် ကော်မတီများ ကြီးကြပ်မှုဖြင့် စနစ်တကျ အကျိုး ရှိရှိ သုံးစွဲရန် ဒုသမ္မတက ပြော ကြားသည်။

၂၀၁၆ ဩဂုတ် ၂၄ ရက် တွင် အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ် ခတ်၍ ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေရှိ စေတီပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး သည့် စေတီပုထိုးများ ပြုပြင်ထိန်း သိမ်းရေးယူနက်စကိုအပါအဝင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ နှင့် ညှိနှိုင်းဆွေးနွေးမှုအရ ပထမ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး ၃၆ ဆူ၊ ဒုတိယဦးစား ပေး ပြုပြင်ထိန်းသိမ်းရန် စေတီ ပုထိုး ၅၃ ဆူ၊ တတိယ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး ၇၆ ဆူနှင့် အသေးစားပြုပြင်ရန် စေတီပုထိုး ၂၂၄ ဆူဟူ၍ ခွဲခြား သတ်မှတ်ဆောင်ရွက်ခဲ့သည်။

ငလျင်လှုပ်ပြီးချိန်မှ လက်ရှိအထိ ပထမဦးစားပေးအဖြစ် စေတီပုထိုး ၁၉ ဆူ၊ ဒုတိယဦးစားပေးအဖြစ် စေတီပုထိုး ၃၃ ဆူ၊ တတိယဦးစားပေးအဖြစ် စေတီ ပုထိုး ၄၉ ဆူနှင့် အသေးစားပြုပြင် ခဲ့သည့် စေတီပုထိုး ၂၂၄ ဆူ၊ စုစုပေါင်း ၃၂၅ ဆူကို ပြုပြင်ထိန်း သိမ်းပြီးဖြစ်ကြောင်း ဒုသမ္မတက ဆိုသည်။

ယင်းသို့ ပြုပြင်ထိန်းသိမ်းမှု များ ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပေါ်နိုင်သည့်   သဘာဝဘေးအန္တရာယ်များအတွက်ပါ ဆောင်ရွက်ရန် လိုအပ်မည်ဟုလည်း ၎င်းက ပြောသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top