ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္ခါတရံမွာ ကၽြန္ေတာ္တို႔ဘဝေတြမွာ အခက္ခဲဆုံးအခ်ိန္ေတြဆိုတာ ကၽြန္ေတာ္တို႔ကို အႀကံ႕ခိုင္ဆုံးျဖစ္ေအာင္ အသြင္ေျပာင္းေပးလိုက္ပါတယ္။ တ႐ုတ္ျပည္က ေျခာက္ႏွစ္အ႐ြယ္ ကေလးမေလးကေတာ့ ၾကားၾကား (Jia Jia ) လို႔ေခၚပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ၾကားၾကားရဲ႕ အေဖျဖစ္သူဟာ ကားမေတာ္တဆျဖစ္ၿပီး ကိုယ္ေအာက္ပိုင္း အေၾကာေသသြားခဲ့ပါတယ္။

ေနာက္ႏွစ္လခြဲအၾကာမွာပဲ မိသားစုကို တာဝန္မယူခ်င္တဲ့ မိခင္ျဖစ္သူဟာ ၾကားၾကားရဲ႕အစ္ကိုႀကီးကို ေခၚၿပီး လူမမယ္ေလး ၾကားၾကားနဲ႔ လူမမာ လင္ေယာက်ာၤးကို စြန္႕ခြာသြားခဲ့ပါေတာ့တယ္။


ဒီအခ်ိန္မွာ ေျခာက္ႏွစ္အ႐ြယ္သာရွိေသးတဲ့ ၾကားၾကားဟာ ကေလးပီပီ ေဆာ့ကစားေနရမယ့္အခ်ိန္ျဖစ္ေပမဲ့ အိပ္ရာထဲလဲေနရွာတဲ့ အေဖျဖစ္သူကို မလုပ္တတ္မကိုင္တတ္ နဲ႔ပဲ ေစာင့္ေရွာက္ေပးရဖို႔ျဖစ္လာပါေတာ့တယ္။ ေအာက္ပိုင္းေသေနတဲ့ အေဖအတြက္ ေန႔စဥ္ဗာဟီရတာဝန္ေတြကို တစ္ခ်က္မညည္းၫူဘဲ အေဖ့အတြက္ မလစ္ဟင္းရေအာင္ ဂ႐ုတစိုက္နဲ႔ ျပဳစုေစာင့္ေရွာက္ေပးေနၿပီး အသက္ငယ္ႏုလွေပမယ့္ ႏွလုံးသားအင္အားႀကီးမားလွတဲ့ ၾကားၾကားပါ။ အ႐ြယ္နဲ႔မမၽွျဖစ္ေနတဲ့ ၾကားၾကားရဲ႕ေန႔စဥ္လုပ္ငန္းကို တစ္ကမၻာလုံးက ျမင္ေတြ႕ရခ်ိန္မွာေတာ့ ၾကားၾကားအတြက္ ခ်ီးမြမ္းမႈေတြထက္ကို ပိုခဲ့ရပါတယ္။



ၾကားၾကားဟာ မနက္ေျခာက္နာရီဆိုတာနဲ႔ ပုံမွန္အိပ္ရာထၿပီး အေဖ့ရဲ႕ခႏၶာကိုယ္ကို ေသြးလည္မႈေကာင္းေစေအာင္ နာရီဝက္ေလာက္ ေျခဆုပ္လက္နယ္ ျပဳေပးတယ္။ ၿပီးတာနဲ႔ မ်က္ႏွာသစ္၊ သြားတိုက္ၿပီး ေက်ာင္းသြားတယ္။ ေက်ာင္းကျပန္လာတာနဲ႔ အေဖ့အတြက္ ညစာျပင္ေပးၿပီး ခြံ႕ေကၽြးတယ္။ ၾကားၾကားတို႔အိမ္မွာ အေဖ့အတြက္ ၾကားၾကားရဲ႕အဖိုး ဖန္တီးေပးထားတဲ့ အိမ္တြင္းသုံး လက္လုပ္ဝန္ခ်ီစက္အေသးစားေလးနဲ႔ အေဖ့ကို အိမ္နဲ႔ ၿခံထဲႏွံ႔ေအာင္ လိုက္ျပေပးတယ္။ ၾကားၾကားအတြက္ အခက္ခဲဆုံးအခ်ိန္ကေတာ့ အေဖ့ကို အိပ္ရာေပၚကေန ဒီဝန္ခ်ီစက္ကေလးအေပၚ အတင္အခ်လုပ္ေပးရတဲ့အခ်ိန္ပါပဲ။ အေဖ့ခႏၶာကိုယ္ႀကီးကို ဝွီးခ်ဲေပၚေ႐ႊ႕ေပးရ၊ ဝန္ခ်ီစက္ေပၚတင္ရ၊ အိပ္ရာေပၚျပန္တင္ရနဲ႔ ကေလးနဲ႔မလိုက္ေအာင္ မႏိုင္ဝန္ထမ္းေနရေပမဲ့" အေဖ့ကို ျပဳစုေပးရတာလား၊ နည္းနည္းမွကို မေမာပါဘူး " လို႔ ဆိုခဲ့တာ ၾကားၾကားကိုယ္တိုင္ပါပဲ။


ၾကားၾကားေလး ေက်ာင္းသြားေနခ်ိန္မွာေတာ့ အဖိုးနဲ႔အဖြားက ၾကားၾကားရဲ႕အေဖကို လာၿပီးေစာင့္ေရွာက္ကူပါတယ္။ ၾကားၾကားရဲ႕ အေဖကတာ့ ၾကားၾကားကို အင္မတန္ေက်းဇူးတင္ေနၿပီး သမီးေလးဟာ သူ႕အတြက္ အားအကိုးရဆုံး ပါပဲလို႔ ဆိုပါတယ္။

အေဖ့မွာ မုတ္ဆိတ္က်င္စြယ္ေတြရွည္လာတဲ့အခါလည္း ၾကားၾကားက မုတ္ဆိတ္ရိတ္ေပးတတ္ေနပါၿပီ။ " အေဖက မ်က္ႏွာကိုဓားထိၿပီး ေသြးထြက္သြားလည္းရပါတယ္ သမီးရယ္ မနာပါဘူး လို႔ ေျပာတာပဲ။ အခုေတာ့ အေဖ့ကိုမုတ္ဆိတ္ရိတ္ေပးရတာ ဓားမထိေတာ့ဘူး။ လြယ္လြယ္ေလးျဖစ္သြားပါၿပီ။ " လို႔ ၾကားၾကားက ေျပာပါတယ္။ မိသားစုကိုဂ႐ုမစိုက္တတ္ဘဲ စြန္႔ခြာသြားခဲ့တဲ့ အေမ့ကို မလြမ္းေပမဲ့ သူအရမ္းခ်စ္တဲ့ အစ္ကိုႀကီးကိုေတာ့ ၾကားၾကားဟာ လြမ္းေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:AI ( ႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါတရံမှာ ကျွန်တော်တို့ဘဝတွေမှာ အခက်ခဲဆုံးအချိန်တွေဆိုတာ ကျွန်တော်တို့ကို အကြံ့ခိုင်ဆုံးဖြစ်အောင် အသွင်ပြောင်းပေးလိုက်ပါတယ်။ တရုတ်ပြည်က ခြောက်နှစ်အရွယ် ကလေးမလေးကတော့ ကြားကြား (Jia Jia ) လို့ခေါ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကြားကြားရဲ့ အဖေဖြစ်သူဟာ ကားမတော်တဆဖြစ်ပြီး ကိုယ်အောက်ပိုင်း အကြောသေသွားခဲ့ပါတယ်။

နောက်နှစ်လခွဲအကြာမှာပဲ မိသားစုကို တာဝန်မယူချင်တဲ့ မိခင်ဖြစ်သူဟာ ကြားကြားရဲ့အစ်ကိုကြီးကို ခေါ်ပြီး လူမမယ်လေး ကြားကြားနဲ့ လူမမာ လင်ယောကျာၤးကို စွန့်ခွာသွားခဲ့ပါတော့တယ်။

ဒီအချိန်မှာ ခြောက်နှစ်အရွယ်သာရှိသေးတဲ့ ကြားကြားဟာ ကလေးပီပီ ဆော့ကစားနေရမယ့်အချိန်ဖြစ်ပေမဲ့ အိပ်ရာထဲလဲနေရှာတဲ့ အဖေဖြစ်သူကို မလုပ်တတ်မကိုင်တတ် နဲ့ပဲ စောင့်ရှောက်ပေးရဖို့ဖြစ်လာပါတော့တယ်။ အောက်ပိုင်းသေနေတဲ့ အဖေအတွက် နေ့စဉ်ဗာဟီရတာဝန်တွေကို တစ်ချက်မညည်းညူဘဲ အဖေ့အတွက် မလစ်ဟင်းရအောင် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးနေပြီး အသက်ငယ်နုလှပေမယ့် နှလုံးသားအင်အားကြီးမားလှတဲ့ ကြားကြားပါ။ အရွယ်နဲ့မမျှဖြစ်နေတဲ့ ကြားကြားရဲ့နေ့စဉ်လုပ်ငန်းကို တစ်ကမ္ဘာလုံးက မြင်တွေ့ရချိန်မှာတော့ ကြားကြားအတွက် ချီးမွမ်းမှုတွေထက်ကို ပိုခဲ့ရပါတယ်။

ကြားကြားဟာ မနက်ခြောက်နာရီဆိုတာနဲ့ ပုံမှန်အိပ်ရာထပြီး အဖေ့ရဲ့ခန္ဓာကိုယ်ကို သွေးလည်မှုကောင်းစေအောင် နာရီဝက်လောက် ခြေဆုပ်လက်နယ် ပြုပေးတယ်။ ပြီးတာနဲ့ မျက်နှာသစ်၊ သွားတိုက်ပြီး ကျောင်းသွားတယ်။ ကျောင်းကပြန်လာတာနဲ့ အဖေ့အတွက် ညစာပြင်ပေးပြီး ခွံ့ကျွေးတယ်။ ကြားကြားတို့အိမ်မှာ အဖေ့အတွက် ကြားကြားရဲ့အဖိုး ဖန်တီးပေးထားတဲ့ အိမ်တွင်းသုံး လက်လုပ်ဝန်ချီစက်အသေးစားလေးနဲ့ အဖေ့ကို အိမ်နဲ့ ခြံထဲနှံ့အောင် လိုက်ပြပေးတယ်။ ကြားကြားအတွက် အခက်ခဲဆုံးအချိန်ကတော့ အဖေ့ကို အိပ်ရာပေါ်ကနေ ဒီဝန်ချီစက်ကလေးအပေါ် အတင်အချလုပ်ပေးရတဲ့အချိန်ပါပဲ။ အဖေ့ခန္ဓာကိုယ်ကြီးကို ဝှီးချဲပေါ်ရွှေ့ပေးရ၊ ဝန်ချီစက်ပေါ်တင်ရ၊ အိပ်ရာပေါ်ပြန်တင်ရနဲ့ ကလေးနဲ့မလိုက်အောင် မနိုင်ဝန်ထမ်းနေရပေမဲ့" အဖေ့ကို ပြုစုပေးရတာလား၊ နည်းနည်းမှကို မမောပါဘူး " လို့ ဆိုခဲ့တာ ကြားကြားကိုယ်တိုင်ပါပဲ။

ကြားကြားလေး ကျောင်းသွားနေချိန်မှာတော့ အဖိုးနဲ့အဖွားက ကြားကြားရဲ့အဖေကို လာပြီးစောင့်ရှောက်ကူပါတယ်။ ကြားကြားရဲ့ အဖေကတာ့ ကြားကြားကို အင်မတန်ကျေးဇူးတင်နေပြီး သမီးလေးဟာ သူ့အတွက် အားအကိုးရဆုံး ပါပဲလို့ ဆိုပါတယ်။

အဖေ့မှာ မုတ်ဆိတ်ကျင်စွယ်တွေရှည်လာတဲ့အခါလည်း ကြားကြားက မုတ်ဆိတ်ရိတ်ပေးတတ်နေပါပြီ။ " အဖေက မျက်နှာကိုဓားထိပြီး သွေးထွက်သွားလည်းရပါတယ် သမီးရယ် မနာပါဘူး လို့ ပြောတာပဲ။ အခုတော့ အဖေ့ကိုမုတ်ဆိတ်ရိတ်ပေးရတာ ဓားမထိတော့ဘူး။ လွယ်လွယ်လေးဖြစ်သွားပါပြီ။ " လို့ ကြားကြားက ပြောပါတယ်။ မိသားစုကိုဂရုမစိုက်တတ်ဘဲ စွန့်ခွာသွားခဲ့တဲ့ အမေ့ကို မလွမ်းပေမဲ့ သူအရမ်းချစ်တဲ့ အစ်ကိုကြီးကိုတော့ ကြားကြားဟာ လွမ်းနေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:AI ( ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top