(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

နယူးဇီလန္မွာ အသစ္ျပဌာန္းလိုက္တဲ့ဥပေဒအရ နယူးဇီလန္ႏိုင္ငံကို သြားေရာက္ခ်ိန္မွာ ခရီးသြားေတြဟာ အေကာက္ခြန္တာဝန္ရွိသူေတြကို ဒစ္ဂ်စ္တယ္ပစၥည္းနဲ႔ ပတ္သက္တဲ့လ်ိဳ႕ဝွက္နံပတ္ အခ်က္လက္ေတြ ေပးရမယ္လို႔သိရပါတယ္။ အေကာက္ခြန္အာဏာပိုင္ေတြက ဒစ္ဂ်စ္တယ္ပစၥည္းေတြကိုရွာေဖြခ်ိန္မွာ လပ္ေတာ့ပ္၊ မိုလ္ဘိုင္းဖုန္းနဲ႔ ပတ္သက္တဲ့ လ်ိဳ႕ဝွက္နံပတ္ေတြကို ေပးရမွာျဖစ္ၿပီး မေပးႏိုင္ဘူးဆိုရင္ အေမရိကန္ေဒၚလာ ၅၀၀၀ ဒဏ္႐ိုက္ခံရမယ္လို႔ ဥပေဒသစ္မွာ ျပဌာန္းထားပါတယ္။


နယူးဇီလန္ႏိုင္ငံမွာ အရင္က ခရီးသြားေတြရဲ႕ ဒစ္ဂ်စ္တယ္ပစၥည္းေတြကို ၾကည့္ဖို႔ ေတာင္းဆိုခြင့္ေပးထားေပမယ့္ လ်ိဳ႕ဝွက္နံပတ္ေတြကို ေတာင္းဆိုတာမ်ိဳးကို ခြင့္မျပဳခဲ့ပါဘူး။ လူအခြင့္အေရးအဖြဲ႕ေတြကေတာ့ ဥပေဒသစ္ဟာ ကိုယ္ပိုင္အခြင့္ေရးကိုခ်ိဳးေဖာက္တာျဖစ္ေၾကာင္း ေဝဖန္ေနၾကၿပီး ဥပေဒသစ္ေျပာင္းလဲမႈကို ျပစ္တင္လ်က္ ရွိေနပါတယ္။

နယူးဇီလန္ႏိုင္ငံမွာ အေကာက္ခြန္ဥပေဒသစ္ဟာ တနလၤာေန႔က စတင္အသက္ဝင္ခဲ့တာျဖစ္ၿပီး ဥပေဒသစ္အရ အေကာက္ခြန္ဌာနအရာရွိေတြဟာ ခရီးသြားေတြရဲ႕ ဒစ္ဂ်စ္တယ္ပစၥည္းကိုရွာေဖြဖို႔ လ်ိဳ႕ဝွက္နံပတ္၊ ပင္ကုဒ္နဲ႔ လက္ေဗြရာတို႔ကို ေမးျမန္းႏိုင္ခြင့္ ရရွိသြားခဲ့ပါတယ္။ အေကာက္ခြန္အရာရွိတစ္ဦးျဖစ္သူ ဘေရာင္းက အေကာက္ခြန္အရာေတြရွိဟာ အမွားယြင္းတစ္စုံတစ္ခုလုပ္မယ္လို႔ သံသယရွိ ယုံၾကည္ရခ်ိန္တိုင္းမွာ ခရီးသြားေတြရဲ႕ဒစ္ဂ်စ္တယ္ပစၥည္းေတြကို ရွာေဖြဖို႔ လ်ိဳ႕ဝွက္နံပတ္ေတြကို ေတာင္းဆိုသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Kaung Htet Ngwe ( ႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
နယူးဇီလန်မှာ အသစ်ပြဌာန်းလိုက်တဲ့ဥပဒေအရ နယူးဇီလန်နိုင်ငံကို သွားရောက်ချိန်မှာ ခရီးသွားတွေဟာ အကောက်ခွန်တာဝန်ရှိသူတွေကို ဒစ်ဂျစ်တယ်ပစ္စည်းနဲ့ ပတ်သက်တဲ့လျို့ဝှက်နံပတ် အချက်လက်တွေ ပေးရမယ်လို့သိရပါတယ်။ အကောက်ခွန်အာဏာပိုင်တွေက ဒစ်ဂျစ်တယ်ပစ္စည်းတွေကိုရှာဖွေချိန်မှာ လပ်တော့ပ်၊ မိုလ်ဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ လျို့ဝှက်နံပတ်တွေကို ပေးရမှာဖြစ်ပြီး မပေးနိုင်ဘူးဆိုရင် အမေရိကန်ဒေါ်လာ ၅၀၀၀ ဒဏ်ရိုက်ခံရမယ်လို့ ဥပဒေသစ်မှာ ပြဌာန်းထားပါတယ်။

နယူးဇီလန်နိုင်ငံမှာ အရင်က ခရီးသွားတွေရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ကြည့်ဖို့ တောင်းဆိုခွင့်ပေးထားပေမယ့် လျို့ဝှက်နံပတ်တွေကို တောင်းဆိုတာမျိုးကို ခွင့်မပြုခဲ့ပါဘူး။ လူအခွင့်အရေးအဖွဲ့တွေကတော့ ဥပဒေသစ်ဟာ ကိုယ်ပိုင်အခွင့်ရေးကိုချိုးဖောက်တာဖြစ်ကြောင်း ဝေဖန်နေကြပြီး ဥပဒေသစ်ပြောင်းလဲမှုကို ပြစ်တင်လျက် ရှိနေပါတယ်။

နယူးဇီလန်နိုင်ငံမှာ အကောက်ခွန်ဥပဒေသစ်ဟာ တနင်္လာနေ့က စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး ဥပဒေသစ်အရ အကောက်ခွန်ဌာနအရာရှိတွေဟာ ခရီးသွားတွေရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းကိုရှာဖွေဖို့ လျို့ဝှက်နံပတ်၊ ပင်ကုဒ်နဲ့ လက်ဗွေရာတို့ကို မေးမြန်းနိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ အကောက်ခွန်အရာရှိတစ်ဦးဖြစ်သူ ဘရောင်းက အကောက်ခွန်အရာတွေရှိဟာ အမှားယွင်းတစ်စုံတစ်ခုလုပ်မယ်လို့ သံသယရှိ ယုံကြည်ရချိန်တိုင်းမှာ ခရီးသွားတွေရဲ့ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ရှာဖွေဖို့ လျို့ဝှက်နံပတ်တွေကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Kaung Htet Ngwe ( ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top