ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အဂၤလန္ႏိုင္ငံ မန္ခ်က္စတာေလဆိပ္ဟာ အနံ႔ခံေခြးေတြအတြက္ ေပါင္သန္းေပါင္း (၁.၂၅) သန္းကို သံုးစြဲခဲ့ပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ေခြးေတြကို တရားမ၀င္ သယ္ေဆာင္လာတဲ့ မူးယစ္ေဆး၀ါးေတြရဲ႕ အနံ႔ခံၿပီး ဖမ္းဆီးေပးဖို႔နဲ႔ ရာဇ၀တ္မႈေတြကို ပေပ်ာက္လိုေစတာပါ။ ဒါေပမယ့္ (၇) လေက်ာ္သာ ၾကာသြားတယ္။ ေခြး(၆) ေကာင္ပါ၀င္တဲ့ မူးယစ္ဖမ္းေခြးအုပ္စုဟာ ဘာကိုမွ မယ္မယ္ရရ မရွာေဖြႏိုင္ခဲ့ၾကပါဘူး။ သူတို႔ရွာေပးခဲ့တာေတြက ခ်ိစ္ေတြနဲ႔ ၀က္အူေခ်ာင္းေတြ ေလာက္ပါပဲတဲ့။



Shutterstock
တကယ္ေတာ့ ေခြးတစ္ေကာင္ရဲ႕ ကုန္က်စရိတ္က မနည္းပါဘူး။ တစ္ေကာင္ကို ေပါင္ ၂ သိန္းေက်ာ္ေလာက္ရွိပါတယ္။ ဒီေလာက္ေတာင္ သံုးစြဲထားၿပီးမွ ခ်ိစ္ေလးနည္းနည္းနဲ႔ ၀က္အူေခ်ာင္းနည္းနည္းပဲ ဖမ္းေပးႏိုင္ပံုေထာက္ရင္ေတာ့ ေလဆိပ္အမႈထမ္းေတြက ေတာ္ေတာ္ၾကီးေငြျဖဳန္းခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ နယ္စပ္လူဝင္မႈႀကီးၾကပ္ေရးမွ အၾကီးအကဲတစ္ဦးကေတာ့ “ရွာေဖြေရးေခြးေတြ ဘယ္ေလာက္လုပ္ႏုိင္ခဲ့တယ္ဆိုတာ တိုင္းတာဖို႔ ခက္ပါတယ္။ ဒါေပမယ့္ မူးယစ္ေဆး၀ါး ဖမ္းဆီးရွာေဖြတာ တစ္ခုတည္းအတြက္ ေျပာရမယ္ဆိုရင္ေတာ့ သူတို႔အေပၚ ရင္းႏွီးျမွဳပ္ႏွံထားတာနဲ႔ မကာမိဘူးေပါ့ဗ်ာ”

“ေခြးတစ္ေကာင္စီမွာ သူတို႔ အားသန္ရာ ကိုယ္စီ ရွိပါတယ္။ မူးယစ္ေဆးဖမ္းတဲ့ ေခြး၊ ေဆးရြက္ၾကီး၊ ေငြမည္း စသျဖင့္ဖမ္းတဲ့ ေခြး အမ်ိဳးမ်ိဳးရွိပါတယ္။ တရားမ၀င္ တင္သြင္းလာတဲ့ အသားေတြ..ဥပမာ..၀က္အူေခ်ာင္းေပါ့။ ဒါမ်ိဳးေတြလည္း ဖမ္းပါတယ္။ ခုတစ္ေလွ်ာက္လံုးမွာ သူတို႔ဖမ္းေပးတာက စီးကရက္ (၄၆) ကီလိုဂရမ္နဲ႔ အသား(၁၈၁) ကီလိုဂရမ္ေလာက္ပဲ ရွိပါတယ္။ တခ်ိဳ႕ေခြးေတြမ်ား အေရးၾကီးေနတဲ့အခ်ိန္မွာေတာင္ ပ်င္းေနၾကတဲ့ ေကာင္ေတြလည္း ရွိတယ္” လို႔ ေျပာျပပါတယ္။



Shutterstock

လက္ရွိမွာေတာ့ အရာရွိေတြဟာ ေခြးေတြကို ဒီထက္ေကာင္းမြန္တဲ့ နည္းလမ္းသံုးၿပီး ဘယ္လို အလုပ္ခန္႔မလဲဆိုတာ စဥ္းစားေနၾကပါတယ္။ မန္ခ်က္စတာေလဆိပ္ကေတာ့ ကုန္က်စရိတ္နဲ႔ မတန္ေအာင္ကို ပ်င္းရိထိုင္းမႈိႈင္းလ်က္ရွိေနတဲ့ ေခြးပ်င္းေတြနဲ႔ ပတ္သက္လို႔ သူတို႔ကို ေလယာဥ္စီး ခရီးသည္ေတြ အပ်င္းေျပေအာင္ ေလယာဥ္ထဲ ပို႔ရင္ပို႔၊ ဒါမွမဟုတ္ရင္ ေလဆိပ္ တန္းစီေစာင့္ဆိုင္းရတဲ့ ေနရာေတြမွာ ခရီးသည္ေတြ အပ်င္းေျပ ပြတ္သပ္က်ီစယ္လို႔ ရေအာင္ ထားရင္ထား၊ ဒီလိုမထားခ်င္ရင္လည္း အပ်င္းၾကီးၿပီး သံုးစားမရတဲ့ ေခြးေတြကို ကမာၻ႕ေစ်းအၾကီးဆံုးေခြးေတြဆိုၿပီး ေလဆိပ္မွာ ျပစားဖို႔ စသျဖင့္ ေခြးေတြကို ျပန္လည္အသံုးခ်ႏိုင္ဖို႔ နည္းလမ္းအမ်ိဳးမ်ိဳး ေတြးေတာလ်က္ရွိေနၾကပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းလင္း(Shwemom)
# Unicode Version ျဖင့္ ဖတ္ပါ #
အင်္ဂလန်နိုင်ငံ မန်ချက်စတာလေဆိပ်ဟာ အနံ့ခံခွေးတွေအတွက် ပေါင်သန်းပေါင်း (၁.၂၅) သန်းကို သုံးစွဲခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ခွေးတွေကို တရားမဝင် သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေရဲ့ အနံ့ခံပြီး ဖမ်းဆီးပေးဖို့နဲ့ ရာဇဝတ်မှုတွေကို ပပျောက်လိုစေတာပါ။ ဒါပေမယ့် (၇) လကျော်သာ ကြာသွားတယ်။ ခွေး(၆) ကောင်ပါဝင်တဲ့ မူးယစ်ဖမ်းခွေးအုပ်စုဟာ ဘာကိုမှ မယ်မယ်ရရ မရှာဖွေနိုင်ခဲ့ကြပါဘူး။ သူတို့ရှာပေးခဲ့တာတွေက ချိစ်တွေနဲ့ ဝက်အူချောင်းတွေ လောက်ပါပဲတဲ့။


Shutterstock
တကယ်တော့ ခွေးတစ်ကောင်ရဲ့ ကုန်ကျစရိတ်က မနည်းပါဘူး။ တစ်ကောင်ကို ပေါင် ၂ သိန်းကျော်လောက်ရှိပါတယ်။ ဒီလောက်တောင် သုံးစွဲထားပြီးမှ ချိစ်လေးနည်းနည်းနဲ့ ဝက်အူချောင်းနည်းနည်းပဲ ဖမ်းပေးနိုင်ပုံထောက်ရင်တော့ လေဆိပ်အမှုထမ်းတွေက တော်တော်ကြီးငွေဖြုန်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နယ်စပ်လူဝင်မှုကြီးကြပ်ရေးမှ အကြီးအကဲတစ်ဦးကတော့ “ရှာဖွေရေးခွေးတွေ ဘယ်လောက်လုပ်နိုင်ခဲ့တယ်ဆိုတာ တိုင်းတာဖို့ ခက်ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါး ဖမ်းဆီးရှာဖွေတာ တစ်ခုတည်းအတွက် ပြောရမယ်ဆိုရင်တော့ သူတို့အပေါ် ရင်းနှီးမြှုပ်နှံထားတာနဲ့ မကာမိဘူးပေါ့ဗျာ”

“ခွေးတစ်ကောင်စီမှာ သူတို့ အားသန်ရာ ကိုယ်စီ ရှိပါတယ်။ မူးယစ်ဆေးဖမ်းတဲ့ ခွေး၊ ဆေးရွက်ကြီး၊ ငွေမည်း စသဖြင့်ဖမ်းတဲ့ ခွေး အမျိုးမျိုးရှိပါတယ်။ တရားမဝင် တင်သွင်းလာတဲ့ အသားတွေ..ဥပမာ..ဝက်အူချောင်းပေါ့။ ဒါမျိုးတွေလည်း ဖမ်းပါတယ်။ ခုတစ်လျှောက်လုံးမှာ သူတို့ဖမ်းပေးတာက စီးကရက် (၄၆) ကီလိုဂရမ်နဲ့ အသား(၁၈၁) ကီလိုဂရမ်လောက်ပဲ ရှိပါတယ်။ တချို့ခွေးတွေများ အရေးကြီးနေတဲ့အချိန်မှာတောင် ပျင်းနေကြတဲ့ ကောင်တွေလည်း ရှိတယ်” လို့ ပြောပြပါတယ်။


Shutterstock

လက်ရှိမှာတော့ အရာရှိတွေဟာ ခွေးတွေကို ဒီထက်ကောင်းမွန်တဲ့ နည်းလမ်းသုံးပြီး ဘယ်လို အလုပ်ခန့်မလဲဆိုတာ စဉ်းစားနေကြပါတယ်။ မန်ချက်စတာလေဆိပ်ကတော့ ကုန်ကျစရိတ်နဲ့ မတန်အောင်ကို ပျင်းရိထိုင်းမှိုှုင်းလျက်ရှိနေတဲ့ ခွေးပျင်းတွေနဲ့ ပတ်သက်လို့ သူတို့ကို လေယာဉ်စီး ခရီးသည်တွေ အပျင်းပြေအောင် လေယာဉ်ထဲ ပို့ရင်ပို့၊ ဒါမှမဟုတ်ရင် လေဆိပ် တန်းစီစောင့်ဆိုင်းရတဲ့ နေရာတွေမှာ ခရီးသည်တွေ အပျင်းပြေ ပွတ်သပ်ကျီစယ်လို့ ရအောင် ထားရင်ထား၊ ဒီလိုမထားချင်ရင်လည်း အပျင်းကြီးပြီး သုံးစားမရတဲ့ ခွေးတွေကို ကမ္ဘာ့ဈေးအကြီးဆုံးခွေးတွေဆိုပြီး လေဆိပ်မှာ ပြစားဖို့ စသဖြင့် ခွေးတွေကို ပြန်လည်အသုံးချနိုင်ဖို့ နည်းလမ်းအမျိုးမျိုး တွေးတောလျက်ရှိနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းလင်း(Shwemom)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top