ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

နံနံပင္ဟာ လူတိုင္း ႀကိဳက္တဲ့ ဟင္းခတ္တစ္မ်ိဳးေတာ့ မဟုတ္ပါဘူး။ အနံ႔ျပင္းလို႔ မႀကိဳက္ႏွစ္သက္သူေတြလည္း ရွိပါတယ္။ နံနံပင္ကို ျမန္မာႏုိင္ငံအႏွံ႔အျပားမွာ ေကာင္းေကာင္း ေပါက္ေရာက္ၿပီး ေျမကို ျပန္ျပင္ၿပီးမွ စိုက္ပ်ိဳးရတဲ့ အပင္တစ္မ်ိဳးပါ။ မ်ိဳးေစ့ကို စိုက္ပ်ိဳးရတဲ့ အပင္ျဖစ္ၿပီး ေရႏုိင္ႏုိင္ေလာင္းရတဲ့ အပင္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ စိုက္ပ်ိဳးၿပီး ၄၅ ရက္ကေန ၆၀အတြင္း စားသံုးလို႔ ရပါတယ္။

နံနံပင္ကို ဟင္းခ်က္တဲ့ အခါမွာလည္း ထည့္ခ်က္ၾကသလို အသုပ္၊ မုန္႔ဟင္းခါးနဲ႔ ေခါက္ဆြဲေတြထဲမွာလည္း ထည့္စားၾကပါတယ္။ နံနံပင္ကို သိမ္းဆည္းတဲ့အခါ ဒီအတိုင္း ေရခဲေသတၱာထဲကို ထည့္လို႔ မရပါဘူး။ ပုပ္သြားတာ ေျခာက္သြားတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ေရခဲေသတၱာထဲ ထည့္တဲ့အခါ ေရေျခာက္ေအာင္ ထားၿပီး ဖန္ပုလင္းထဲ အလံုပိတ္ၿပီး ထည့္ထားလို႔ ရသလို ပလပ္စတစ္အိတ္နဲ႔ ေလလံုေအာင္ ထားၿပီး သိမ္းထားရင္ ရက္အနည္းငယ္ေတာ့ ခံပါတယ္။

နံနံပင္ရဲ႕ အဓိက ေကာင္းက်ိဳးျပဳတာကေတာ့ ေက်ာက္ကပ္ေရာဂါပါ။ ေက်ာက္ကပ္ေရာဂါဟာ အခုအခါ အျဖစ္မ်ားေနတဲ့ ေရာဂါ တစ္ခုလည္း ျဖစ္ပါတယ္။ အဓိက ကေတာ့ ေရဓာတ္ ေလ်ာ့နည္းမွု၊ အစားအေသာက္ မသန္႔ရွင္းမွု၊ ဆီးလမ္းေၾကာင္း ပိုးဝင္မွုတို႔ေၾကာင့္ ျဖစ္ပါတယ္။ နံနံပင္ ၁၀-၁၅ ပင္ကို ႏုတ္ႏုတ္စင္းၿပီး ေရတစ္ခြက္စာ ထည့္ၿပီး က်ိဳရပါမယ္။ ဆူလာတဲ့ အခါ အဖတ္ေတြ စစ္ထုတ္ၿပီး အေအးခံ ေသာက္ရပါမယ္။ ေက်ာက္ကပ္ေရာဂါ ရွိသူေတြ ေန႔တိုင္း ေသာက္ေပးရပါမယ္။ ကာကြယ္လိုသူေတြအေနနဲ႔ကေတာ့ တစ္ပတ္ကို တစ္ႀကိမ္ေသာက္ေပးရင္ ရပါၿပီ။

နံနံပင္ကို အလွအပေရးရာ အရလည္း အသံုးျပဳလုိ႔ ရပါတယ္။ နံနံပင္ အနည္းငယ္ကုိ ၾကိတ္ေျခၿပီး နႏြင္းမႈန္႔ အနည္းငယ္ ထည့္ကာ ေရနဲ႔ေစးပ်စ္တဲ့ အထိ ေဖ်ာ္ပါ။ ၿပီးရင္ ထိပ္မည္းဆား၀က္ျခံေပၚကုိ ေပါင္းတင္သလို အံုထားေပးရပါမယ္။ ဆား၀က္ၿခံ ေပ်ာက္ကင္းေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myawaddy , wholenewmom

#Unicode Version#
နံနံပင်ဟာ လူတိုင်း ကြိုက်တဲ့ ဟင်းခတ်တစ်မျိုးတော့ မဟုတ်ပါဘူး။ အနံ့ပြင်းလို့ မကြိုက်နှစ်သက်သူတွေလည်း ရှိပါတယ်။ နံနံပင်ကို မြန်မာနိုင်ငံအနှံ့အပြားမှာ ကောင်းကောင်း ပေါက်ရောက်ပြီး မြေကို ပြန်ပြင်ပြီးမှ စိုက်ပျိုးရတဲ့ အပင်တစ်မျိုးပါ။ မျိုးစေ့ကို စိုက်ပျိုးရတဲ့ အပင်ဖြစ်ပြီး ရေနိုင်နိုင်လောင်းရတဲ့ အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ စိုက်ပျိုးပြီး ၄၅ ရက်ကနေ ၆၀အတွင်း စားသုံးလို့ ရပါတယ်။

နံနံပင်ကို ဟင်းချက်တဲ့ အခါမှာလည်း ထည့်ချက်ကြသလို အသုပ်၊ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲတွေထဲမှာလည်း ထည့်စားကြပါတယ်။ နံနံပင်ကို သိမ်းဆည်းတဲ့အခါ ဒီအတိုင်း ရေခဲသေတ္တာထဲကို ထည့်လို့ မရပါဘူး။ ပုပ်သွားတာ ခြောက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေခဲသေတ္တာထဲ ထည့်တဲ့အခါ ရေခြောက်အောင် ထားပြီး ဖန်ပုလင်းထဲ အလုံပိတ်ပြီး ထည့်ထားလို့ ရသလို ပလပ်စတစ်အိတ်နဲ့ လေလုံအောင် ထားပြီး သိမ်းထားရင် ရက်အနည်းငယ်တော့ ခံပါတယ်။

နံနံပင်ရဲ့ အဓိက ကောင်းကျိုးပြုတာကတော့ ကျောက်ကပ်ရောဂါပါ။ ကျောက်ကပ်ရောဂါဟာ အခုအခါ အဖြစ်များနေတဲ့ ရောဂါ တစ်ခုလည်း ဖြစ်ပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပါတယ်။ နံနံပင် ၁၀-၁၅ ပင်ကို နုတ်နုတ်စင်းပြီး ရေတစ်ခွက်စာ ထည့်ပြီး ကျိုရပါမယ်။ ဆူလာတဲ့ အခါ အဖတ်တွေ စစ်ထုတ်ပြီး အအေးခံ သောက်ရပါမယ်။ ကျောက်ကပ်ရောဂါ ရှိသူတွေ နေ့တိုင်း သောက်ပေးရပါမယ်။ ကာကွယ်လိုသူတွေအနေနဲ့ကတော့ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးရင် ရပါပြီ။

နံနံပင်ကို အလှအပရေးရာ အရလည်း အသုံးပြုလို့ ရပါတယ်။ နံနံပင် အနည်းငယ်ကို ကြိတ်ခြေပြီး နနွင်းမှုန့် အနည်းငယ် ထည့်ကာ ရေနဲ့စေးပျစ်တဲ့ အထိ ဖျော်ပါ။ ပြီးရင် ထိပ်မည်းဆားဝက်ခြံပေါ်ကို ပေါင်းတင်သလို အုံထားပေးရပါမယ်။ ဆားဝက်ခြံ ပျောက်ကင်းစေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Myawaddy , wholenewmom
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top