ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

စာသင္ခန္းထဲမွာ ေက်ာင္းဆရာတစ္ေယာက္ဟာ သူရဲ႕ တပည့္ေတြကို လူမႈဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ဥပမာေလးတစ္ခုျပသကာ သင္ၾကားေနပါတယ္။ ဆရာ့စားပြဲေပၚမွာေတာ့ အ႐ုပ္ေလးသုံး႐ုပ္ကို တင္ထားပါတယ္။

အ႐ုပ္ေလးေတြဟာ အသြင္အျပင္၊ အ႐ြယ္အစား၊ အေရာင္အေသြး အားလုံးဆင္တူေတြပဲျဖစ္ပါတယ္။ ဆရာက အ႐ုပ္ကေလးေတြကို ၫႊန္ျပရင္း "ကဲ ငါ့တပည့္တို႔…ဒီအ႐ုပ္ေလးသုံး႐ုပ္က သာမန္အားျဖင့္ ၾကည့္လိုက္မယ္ဆိုရင္ေတာ့ အတူတူပါပဲ။ ဒါေပမဲ့ တစ္႐ုပ္နဲ႔တစ္႐ုပ္မတူညီဘဲ ကြဲျပားေနတဲ့အခ်က္ေလးေတြရွိတယ္။ ဘာေတြမ်ားမတူညီဘဲ ကြဲျပားေနလဲဆိုတာ ငါ့တပည့္တို႔ ကိုယ္တိုင္လာၿပီး ရွာေဖြၾကည့္ပါဦး" လို႔ ဆိုလိုက္ပါတယ္။

အဲဒီအခါ ေက်ာင္းသားေတြက အ႐ုပ္ေလးသုံး႐ုပ္ကို ေသေသခ်ာခ်ာ ၾကည့္႐ႈၿပီးေနာက္ " ဘာေတြ ကြဲျပားေနလဲဆိုတာ ကၽြန္ေတာ္တို႔ရွာေတြ႕ပါၿပီ။ ပထမအ႐ုပ္ေလးက နားတစ္ဘက္တစ္ခ်က္စီမွာ အေပါက္ေလးတစ္ခုစီပါတယ္။ ဒုတိယအ႐ုပ္ေလးမွာေတာ့ နားမွာတစ္ေပါက္ပဲပါၿပီး ပါးစပ္မွာတစ္ေပါက္ပါတယ္။ ေနာက္ဆုံး တတိယအ႐ုပ္ေလးကေတာ့ နားမွာ အေပါက္ေလးတစ္ခုပဲပါတယ္ ဆရာ" လို႔ သူတို႔ေတြ႕ရွိခ်က္ေတြကို ျပန္လည္ေျဖဆိုလိုက္ပါတယ္။

"ေတာ္ပါတယ္ တပည့္တို႔။ အခု ဆရာဘာဆက္လုပ္မလဲဆိုတာ အာ႐ုံစိုက္ၿပီး လိုက္ၾကည့္ပါဦး"လို႔ ေျပာလိုက္ပါတယ္။


အဲ့ဒီေနာက္ ဆရာျဖစ္သူက ပင္အပ္ေလးတစ္ေခ်ာင္းကိုယူလိုက္ၿပီး ပထမအ႐ုပ္ေလးနဲ႔ ဘယ္ဘက္နားကေန ထိုးလိုက္တဲ့အခါ ညာဘက္နားကေန ျပန္ထြက္လာပါတယ္။ ဒုတိယအ႐ုပ္ေလးရဲ႕ ဘယ္ဘက္နားကေန ထိုးထည့္လိုက္တဲ့အခါမွာေတာ့ အ႐ုပ္ေလးရဲ႕ ပါးစပ္ေပါက္ကေန ပင္အပ္ေလးက ျပန္ထြက္လာပါတယ္။ ေနာက္ဆုံးျဖစ္တဲ့ တတိယအ႐ုပ္ေလးရဲ႕ နားထဲကို ထိုးလိုက္တဲ့အခါမွာေတာ့ တစ္ဖက္မွာ ဘာအေပါက္မွမရွိေတာ့တာေၾကာင့္ ျပန္မထြက္ဘဲ အတြင္းမွာပဲပိတ္မိေနပါတယ္။

ဆရာျဖစ္သူက "အခု ျပသလိုက္တဲ့ အ႐ုပ္ေလးသုံး႐ုပ္နဲ႔တူတဲ့ လူေတြဟာ ဆရာတို႔ရဲ႕ ပတ္ဝန္းက်င္မွာရွိေနၾကပါတယ္။ ပထမအ႐ုပ္ေလးနဲ႔တူတဲ့သူေတြက ေရွ႕မွာေတာ့ ဆရာတို႔ေျပာသမၽွ၊ ရင္ဖြင့္သမၽွကို အကုန္နားေထာင္ေပးတတ္ၾကတယ္။ အ႐ုပ္ေလးရဲ႕ တစ္ဘက္နားကဝင္ တစ္ဘက္နားကထြက္သလိုပဲ ေျပာသမၽွအေၾကာင္းအရာအကုန္လုံးဟာ ခံစားခ်က္မရွိဘဲ ဟန္ေဆာင္မႈသတ္သတ္နဲ႔သာ နားေထာင္ေပးေနၾကတာပဲျဖစ္တယ္။ အဲဒါေၾကာင့္ ဒီလိုမ်ိဳး အေပါင္းအေဖာ္ေတြကို အေရးတႀကီးကိစၥေတြ တိုင္ပင္ေဆြးေႏြးမယ္ဆိုရင္ေတာ့ အပ္ေၾကာင္းထပ္မကေျပာျပရင္ေတာင္မွ အေလးထားမွတ္မိႏိုင္ဖို႔ ခက္ခဲတဲ့အျပင္ အကူအညီရရွိဖို႔လည္း မလြယ္ပါဘူး။

ဒုတိယအ႐ုပ္ေလးကေတာ့ ဆရာတို႔ေျပာျပသမၽွ၊ တိုင္ပင္ေဆြးေႏြးသမၽွအကုန္ကို လၽွိဳ႕ဝွက္ထားတာမ်ိဳးလုံးဝမရွိဘဲ ပတ္ဝန္းက်င္ကို အိတ္သြန္ဖာေမွာက္ ျပန္လည္ ေျပာျပတတ္တဲ့သူမ်ိဳးပါ။ တစ္နည္းအားျဖင့္ စည္းမေစာင့္ဘဲ ႏႈတ္မလုံတဲ့သူေတြေပါ့။ အထူးသျဖင့္ဒီလိုအက်င့္ရွိတဲ့မိတ္ေဆြအေပါင္းအေဖာ္ေတြကို ဆက္ဆံတဲ့အခါ ကိုယ့္ရဲ႕ အေရးႀကီးကိစၥ၊ မိသားစုအတြင္းေရးကိစၥေတြကို ေဆြးေႏြးတိုင္ပင္ျခင္း လုံးဝ မလုပ္သင့္ပါဘူး။


ေနာက္ဆုံးအ႐ုပ္ေလးကေတာ့ တစ္ဘက္နားက အပ္ေလးသြင္းလိုက္တယ္။ တစ္ဘက္နားကလည္း မထြက္လာသလို ပါးစပ္ေပါက္ကလည္း မထြက္လာဘူးေနာ္။ ငါ့တပည့္တို႔ရဲ႕ အေရးႀကီးကိစၥအေၾကာင္းအရာေတြ တိုင္ပင္တဲ့အခါ တတိယအ႐ုပ္ေလးလိုမ်ိဳး မိတ္ေဆြကိုသာ ေ႐ြးခ်ယ္တိုင္ပင္သင့္ပါတယ္။ ဆရာတို႔ေျပာသမၽွကို တစ္ဘက္နားကဝင္ တစ္ဘက္နားကလည္း မထြက္ဘူး။ ပါးစပ္ကေနလည္း ဆရာတို႔ရဲ႕ အက်ိဳးစီးပြားကိုမငဲ့ဘဲ ပတ္ဝန္းက်င္ကို မပ်ံႏွံေစပါဘူး။ ဒီလိုမ်ိဳးမိတ္ေဆြေတြက ဆရာတို႔ရဲ႕ အေကာင္းဆုံး၊ စိတ္အခ်ရဆုံး မိတ္ေဆြေတြပဲျဖစ္ၾကၿပီး ဆရာတို႔ရဲ႕ အခက္အခဲေတြကိုလည္း ဝိုင္းဝန္းေျဖရွင္းေပးတတ္ၾကပါတယ္။ အဲဒါေၾကာင့္ ငါ့တပည့္တို႔လည္း တတိယအ႐ုပ္ေလးလိုမ်ိဳး မိတ္ေဆြေတြကို ေ႐ြးခ်ယ္ေပါင္းသင္းတတ္ဖို႔လိုတယ္ေနာ္" လို႔ ဆုံးမစကားဆိုလိုက္ပါတယ္။

ကဲ…စာဖတ္ပရိသတ္ေတြရဲ႕ အနီးနားမွာေရာ တတိယအ႐ုပ္ေလးလို ယုံၾကည္စိတ္ခ်ရတဲ့ မိတ္ေဆြစစ္၊ မိတ္ေဆြမွန္ေတြရွိေနၿပီလား။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Paradise (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
စာသင်ခန်းထဲမှာ ကျောင်းဆရာတစ်ယောက်ဟာ သူရဲ့ တပည့်တွေကို လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ဥပမာလေးတစ်ခုပြသကာ သင်ကြားနေပါတယ်။ ဆရာ့စားပွဲပေါ်မှာတော့ အရုပ်လေးသုံးရုပ်ကို တင်ထားပါတယ်။

အရုပ်လေးတွေဟာ အသွင်အပြင်၊ အရွယ်အစား၊ အရောင်အသွေး အားလုံးဆင်တူတွေပဲဖြစ်ပါတယ်။ ဆရာက အရုပ်ကလေးတွေကို ညွှန်ပြရင်း "ကဲ ငါ့တပည့်တို့…ဒီအရုပ်လေးသုံးရုပ်က သာမန်အားဖြင့် ကြည့်လိုက်မယ်ဆိုရင်တော့ အတူတူပါပဲ။ ဒါပေမဲ့ တစ်ရုပ်နဲ့တစ်ရုပ်မတူညီဘဲ ကွဲပြားနေတဲ့အချက်လေးတွေရှိတယ်။ ဘာတွေများမတူညီဘဲ ကွဲပြားနေလဲဆိုတာ ငါ့တပည့်တို့ ကိုယ်တိုင်လာပြီး ရှာဖွေကြည့်ပါဦး" လို့ ဆိုလိုက်ပါတယ်။

အဲဒီအခါ ကျောင်းသားတွေက အရုပ်လေးသုံးရုပ်ကို သေသေချာချာ ကြည့်ရှုပြီးနောက် " ဘာတွေ ကွဲပြားနေလဲဆိုတာ ကျွန်တော်တို့ရှာတွေ့ပါပြီ။ ပထမအရုပ်လေးက နားတစ်ဘက်တစ်ချက်စီမှာ အပေါက်လေးတစ်ခုစီပါတယ်။ ဒုတိယအရုပ်လေးမှာတော့ နားမှာတစ်ပေါက်ပဲပါပြီး ပါးစပ်မှာတစ်ပေါက်ပါတယ်။ နောက်ဆုံး တတိယအရုပ်လေးကတော့ နားမှာ အပေါက်လေးတစ်ခုပဲပါတယ် ဆရာ" လို့ သူတို့တွေ့ရှိချက်တွေကို ပြန်လည်ဖြေဆိုလိုက်ပါတယ်။

"တော်ပါတယ် တပည့်တို့။ အခု ဆရာဘာဆက်လုပ်မလဲဆိုတာ အာရုံစိုက်ပြီး လိုက်ကြည့်ပါဦး"လို့ ပြောလိုက်ပါတယ်။

အဲ့ဒီနောက် ဆရာဖြစ်သူက ပင်အပ်လေးတစ်ချောင်းကိုယူလိုက်ပြီး ပထမအရုပ်လေးနဲ့ ဘယ်ဘက်နားကနေ ထိုးလိုက်တဲ့အခါ ညာဘက်နားကနေ ပြန်ထွက်လာပါတယ်။ ဒုတိယအရုပ်လေးရဲ့ ဘယ်ဘက်နားကနေ ထိုးထည့်လိုက်တဲ့အခါမှာတော့ အရုပ်လေးရဲ့ ပါးစပ်ပေါက်ကနေ ပင်အပ်လေးက ပြန်ထွက်လာပါတယ်။ နောက်ဆုံးဖြစ်တဲ့ တတိယအရုပ်လေးရဲ့ နားထဲကို ထိုးလိုက်တဲ့အခါမှာတော့ တစ်ဖက်မှာ ဘာအပေါက်မှမရှိတော့တာကြောင့် ပြန်မထွက်ဘဲ အတွင်းမှာပဲပိတ်မိနေပါတယ်။

ဆရာဖြစ်သူက "အခု ပြသလိုက်တဲ့ အရုပ်လေးသုံးရုပ်နဲ့တူတဲ့ လူတွေဟာ ဆရာတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေကြပါတယ်။ ပထမအရုပ်လေးနဲ့တူတဲ့သူတွေက ရှေ့မှာတော့ ဆရာတို့ပြောသမျှ၊ ရင်ဖွင့်သမျှကို အကုန်နားထောင်ပေးတတ်ကြတယ်။ အရုပ်လေးရဲ့ တစ်ဘက်နားကဝင် တစ်ဘက်နားကထွက်သလိုပဲ ပြောသမျှအကြောင်းအရာအကုန်လုံးဟာ ခံစားချက်မရှိဘဲ ဟန်ဆောင်မှုသတ်သတ်နဲ့သာ နားထောင်ပေးနေကြတာပဲဖြစ်တယ်။ အဲဒါကြောင့် ဒီလိုမျိုး အပေါင်းအဖော်တွေကို အရေးတကြီးကိစ္စတွေ တိုင်ပင်ဆွေးနွေးမယ်ဆိုရင်တော့ အပ်ကြောင်းထပ်မကပြောပြရင်တောင်မှ အလေးထားမှတ်မိနိုင်ဖို့ ခက်ခဲတဲ့အပြင် အကူအညီရရှိဖို့လည်း မလွယ်ပါဘူး။

ဒုတိယအရုပ်လေးကတော့ ဆရာတို့ပြောပြသမျှ၊ တိုင်ပင်ဆွေးနွေးသမျှအကုန်ကို လျှို့ဝှက်ထားတာမျိုးလုံးဝမရှိဘဲ ပတ်ဝန်းကျင်ကို အိတ်သွန်ဖာမှောက် ပြန်လည် ပြောပြတတ်တဲ့သူမျိုးပါ။ တစ်နည်းအားဖြင့် စည်းမစောင့်ဘဲ နှုတ်မလုံတဲ့သူတွေပေါ့။ အထူးသဖြင့်ဒီလိုအကျင့်ရှိတဲ့မိတ်ဆွေအပေါင်းအဖော်တွေကို ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့ အရေးကြီးကိစ္စ၊ မိသားစုအတွင်းရေးကိစ္စတွေကို ဆွေးနွေးတိုင်ပင်ခြင်း လုံးဝ မလုပ်သင့်ပါဘူး။

နောက်ဆုံးအရုပ်လေးကတော့ တစ်ဘက်နားက အပ်လေးသွင်းလိုက်တယ်။ တစ်ဘက်နားကလည်း မထွက်လာသလို ပါးစပ်ပေါက်ကလည်း မထွက်လာဘူးနော်။ ငါ့တပည့်တို့ရဲ့ အရေးကြီးကိစ္စအကြောင်းအရာတွေ တိုင်ပင်တဲ့အခါ တတိယအရုပ်လေးလိုမျိုး မိတ်ဆွေကိုသာ ရွေးချယ်တိုင်ပင်သင့်ပါတယ်။ ဆရာတို့ပြောသမျှကို တစ်ဘက်နားကဝင် တစ်ဘက်နားကလည်း မထွက်ဘူး။ ပါးစပ်ကနေလည်း ဆရာတို့ရဲ့ အကျိုးစီးပွားကိုမငဲ့ဘဲ ပတ်ဝန်းကျင်ကို မပျံနှံစေပါဘူး။ ဒီလိုမျိုးမိတ်ဆွေတွေက ဆရာတို့ရဲ့ အကောင်းဆုံး၊ စိတ်အချရဆုံး မိတ်ဆွေတွေပဲဖြစ်ကြပြီး ဆရာတို့ရဲ့ အခက်အခဲတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းပေးတတ်ကြပါတယ်။ အဲဒါကြောင့် ငါ့တပည့်တို့လည်း တတိယအရုပ်လေးလိုမျိုး မိတ်ဆွေတွေကို ရွေးချယ်ပေါင်းသင်းတတ်ဖို့လိုတယ်နော်" လို့ ဆုံးမစကားဆိုလိုက်ပါတယ်။

ကဲ…စာဖတ်ပရိသတ်တွေရဲ့ အနီးနားမှာရော တတိယအရုပ်လေးလို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်တွေရှိနေပြီလား။


ဖိုးသူတော် (www.phothutaw.com)
Credit:Paradise (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top