iMyanmarHouse.com - Best Property Website for Myanmar
×
Source :PN
Credit: SNM Media
# Unicode Version ဖြင့် ဖတ်ပါ #
ရန်ကုန်မြို့၄၉လမ်း အပေါ်ဘလောက် မှာ ဆွဲကြိုးဖြတ်လုယက်မှုတစ်ခု ယနေ့မနက်၈နာရီခွဲအချိန်ခန့်ကဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေများကပြောပြပါတယ်။
ဆွဲကြိုးဖြတ်လုယက်သူဟာ ဆိုင်ကယ်စီးလုယက်တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။
“အတော်လေးမြန်တယ်ဗျ။ဝိုင်းအော်ကြတာပဲ။ဒါပေမယ့်သူလွတ်သွားတယ်”လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။
၄၉လမ်းအပေါ်လမ်းရဲ့ ထိပ်တစ်ဖက်မှာ လက်ဖက်ရည်ဆိုင်ရှိပြီး တစ်ဖက်မှာတော့ ဆိုက်ကားဂိတ်ရှိကာ လူစည်ကားတဲ့လမ်းတစ်လမ်းဖြစ်ပါတယ်။လူသွားလူလာလဲ ပြတ်လပ်တဲ့လမ်းတစ်လမ်းမဟုတ်ပါဘူး။
ဆွဲကြိုးဖြတ်လုယက်ခံရသူဟာ အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး လုယက်သူဟာ အသက်၅၀ခန့်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ မျက်မြင်သက်သေတွေကပြောကြားကြပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုယက်ခံရသူက ရဲစခန်းကို တိုင်တန်းဖို့ သွားရောက်နေပြီလို့ သိရပါတယ်။
Source :PN
ဖိုးသူတော် (www.phothutaw.com)
Credit: SNM Media
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top