iMyanmarHouse.com - Best Property Website for Myanmar
×


အာဟာရနဲ႔ ခႏၶာကိုယ္ၾကံခိုင္ေရး ေလ့က်င့္ေပးသူေတြ ေျပာျပေပးတဲ့ တစ္ပတ္အတြင္း ဗုိက္အဆီက်ႏုိင္မယ့္ ထိေရာက္တဲ့နည္းလမ္းရွိတဲ့အတြက္ အခ်ိန္တုိအတြင္းမွာ သင့္ပံုစံကို ေျပာင္းလဲႏုိင္ပါၿပီ။

မိုးလင္းကေန မိုးခ်ဳပ္တဲ့အထိ ဒီအခ်က္ေလးေတြကို လုိက္နာမယ္ဆုိရင္ သင့္ရဲ႕ခါးအရြယ္အစားက်ဆင္းပါလိမ့္မယ္။

၁။ မနက္အိပ္ရာထတာနဲ႔ လီမြန္ရည္တစ္ခြက္ေသာက္ပါ။

လီမြန္သီးတစ္လံုးကို ေရေႏြးေႏြးထဲကို ညႇစ္ခ်ၿပီး လီမြန္ရည္ေဖ်ာ္ကို ေဖ်ာ္ရပါမယ္။

၂။ ေရဓာတ္အျမဲျဖည့္တင္းပါ

တစ္ေန႔ကို ေရ ၈ ခြက္ အနည္းဆံုး ေသာက္ပါ။ ေရကို ဒီအတုိင္းမေသာက္ခ်င္ရင္ ေရထဲကို လီမြန္၊ သခြားနဲ႔ ပူစီနံထည့္ၿပီး ေသာက္သံုးႏုိင္ပါတယ္။

ေရ ၁၂ ခြက္ထည့္ထားတဲ့ ဗူးထဲကို လီမြန္ ၂ ခ်ပ္ သံုးခ်ပ္၊ သခြားသီး ခပ္လတ္လတ္တစ္လံုးကို ပူစီနံ ၁၀ ရြက္ထည့္ၿပီး ေမႊပါ။ မေသာက္ခင္ ေရခဲသတၱာထဲမွာ ၄ နာရီထည့္ထားပါ။

၃။ တက္တက္ၾကြၾကြေနၿပီး ေလေကာင္းေလသန္႔႐ွဴပါ

မနက္ခင္းမွာ နာရီဝက္ကေန တစ္နာရီအၾကာ ဖြဖြေျပးျခင္း ဒါမွမဟုတ္ လမ္းေလွ်ာက္ျခင္းဟာ သင့္စိတ္ကို လန္းဆန္းေစပါတယ္။ ကယ္လုိရီေတြ ေလာင္ကၽြမ္းဖုိ႔အတြက္ အနည္းဆံုး တစ္ေန႔ကို ေျခလွမ္းေပါင္း တစ္ေသာင္း ရွိဖို႔လိုပါတယ္။

၄။ ဗုိက္အဆီက်ေစမယ့္ ေလ့က်င့္ခန္း လုပ္ပါ

အိပ္ထမတင္ေလ့က်င့္ခန္းကို ပင္ပန္းသည္အထိ လုပ္ပါ။ ပထမ ရက္မွာ  အခါ ၂၀ ဒုတိယရက္မွာ အခါ ၃၀ စသျဖင့္ တစ္ရက္ ၁၀ ႀကိမ္ တုိးတိုးလုပ္ၿပီး အမ်ားဆံုး အခါ ၆၀ အထိ လုပ္ႏုိင္ပါတယ္။

၅။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာေတြစားပါ

အာလူးေၾကာ္လိုမ်ဳိး အေၾကာ္စာေတြနဲ႔ အဆီမ်ားတဲ့ အစားအစာေတြကို ေရွာင္ဖို႔လိုပါတယ္။ အသီးအရြက္နဲ႔ ငါးကို မ်ားမ်ားစားေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
အာဟာရနဲ့ ခန္ဓာကိုယ်ကြံခိုင်ရေး လေ့ကျင့်ပေးသူတွေ ပြောပြပေးတဲ့ တစ်ပတ်အတွင်း ဗိုက်အဆီကျနိုင်မယ့် ထိရောက်တဲ့နည်းလမ်းရှိတဲ့အတွက် အချိန်တိုအတွင်းမှာ သင့်ပုံစံကို ပြောင်းလဲနိုင်ပါပြီ။

မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် သင့်ရဲ့ခါးအရွယ်အစားကျဆင်းပါလိမ့်မယ်။

၁။ မနက်အိပ်ရာထတာနဲ့ လီမွန်ရည်တစ်ခွက်သောက်ပါ။

လီမွန်သီးတစ်လုံးကို ရေနွေးနွေးထဲကို ညှစ်ချပြီး လီမွန်ရည်ဖျော်ကို ဖျော်ရပါမယ်။

၂။ ရေဓာတ်အမြဲဖြည့်တင်းပါ

တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်ပါ။ ရေကို ဒီအတိုင်းမသောက်ချင်ရင် ရေထဲကို လီမွန်၊ သခွားနဲ့ ပူစီနံထည့်ပြီး သောက်သုံးနိုင်ပါတယ်။

ရေ ၁၂ ခွက်ထည့်ထားတဲ့ ဗူးထဲကို လီမွန် ၂ ချပ် သုံးချပ်၊ သခွားသီး ခပ်လတ်လတ်တစ်လုံးကို ပူစီနံ ၁၀ ရွက်ထည့်ပြီး မွှေပါ။ မသောက်ခင် ရေခဲသတ္တာထဲမှာ ၄ နာရီထည့်ထားပါ။

၃။ တက်တက်ကြွကြွနေပြီး လေကောင်းလေသန့်ရှူပါ

မနက်ခင်းမှာ နာရီဝက်ကနေ တစ်နာရီအကြာ ဖွဖွပြေးခြင်း ဒါမှမဟုတ် လမ်းလျှောက်ခြင်းဟာ သင့်စိတ်ကို လန်းဆန်းစေပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့အတွက် အနည်းဆုံး တစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်း ရှိဖို့လိုပါတယ်။

၄။ ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း လုပ်ပါ

အိပ်ထမတင်လေ့ကျင့်ခန်းကို ပင်ပန်းသည်အထိ လုပ်ပါ။ ပထမ ရက်မှာ  အခါ ၂၀ ဒုတိယရက်မှာ အခါ ၃၀ စသဖြင့် တစ်ရက် ၁၀ ကြိမ် တိုးတိုးလုပ်ပြီး အများဆုံး အခါ ၆၀ အထိ လုပ်နိုင်ပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားပါ

အာလူးကြော်လိုမျိုး အကြော်စာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့လိုပါတယ်။ အသီးအရွက်နဲ့ ငါးကို များများစားပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top