ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္ေန႔ အသက္ (၁၀) ႏွစ္ပဲရွိေသးတဲ့ ကၽြန္မသမီးေလးက သူ႕အတန္းေဖာ္သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပြဲစားထြက္ဖို႔ ကၽြန္မဆီမွာ ခြင့္ေတာင္းလာေလရဲ႕။ ဆရာ၊ ဆရာမေတြလည္း ပါမွာပါတဲ့။ ဒီေတာ့ မိဘခြင့္ျပဳခ်က္လိုတယ္ေပါ့။

တကယ္ေတာ့ မသြားလည္းရ၊ သြားလည္းရတဲ့ ခရီးတိုေလးပါ။ ရည္႐ြယ္ခ်က္ကေတာ့ ငယ္႐ြယ္စဥ္ကတည္းက ကေလးေတြကို အဖြဲ႕အစည္းနဲ႔လုပ္ေဆာင္တတ္ဖို႔၊ ကိုယ့္အားကိုယ္ကိုယ္တတ္ေစဖို႔နဲ႔ မိမိကိုယ္ကိုယ္ ယုံၾကည္ခ်က္ရွိလာေစၿပီး အျမင္က်ယ္လာေစဖို႔ပါတဲ့ေလ။


သမီးေလးကေတာ့ ကိုယ္သေဘာမတူေလာက္ဘူးဆိုတာႀကိဳသိလို႔ထင္ရဲ႕။ သူ႕တာဝန္အရ ခရီးစဥ္ရဲ႕ရည္႐ြယ္ခ်က္ေတြကို ခရားေရလႊတ္ေျပာခ်သြားၿပီး ေပးသြားတာ၊ မေပးသြားတာက ေမေမ့သေဘာပါတဲ့ေလ။

ကၽြန္မလည္း အဲဒီညက ကၽြန္မရဲ႕ငယ္ဘဝအေၾကာင္းကို ျပန္စဥ္းစားမိတာေပါ့။ ရွင္တို႔ထင္ေနသလို ခရီးေတြထြက္ၿပီး အေတြ႕အႀကဳံအမ်ားႀကီးကို စုေဆာင္းခဲ့တဲ့ အမွတ္တရေတြေတာ့ မဟုတ္ပါဘူး။ ဘယ္ေရာက္ဖူးလဲေမးရင္ ဘယ္မွမေရာက္ဖူးခဲ့တဲ့ အိမ္တြင္းေအာင္းေန႔ရက္တခ်ိဳ႕ဆီကိုပါ။ အခြင့္အေရးေတြရွိရက္သားနဲ႔ လက္လႊတ္ခဲ့ရတဲ့ ေဖ်ာ့ေတာ့ေတာ့မွတ္ဉာဏ္တခ်ိဳ႕ဆီကိုပါ။ ကၽြန္မလည္း ကၽြန္မသမီးေလးအ႐ြယ္တုန္းက သူ႕အဖိုး၊ အဘြားေတြဆီက အရမ္းအခ်စ္ခံခဲ့ရေတာ့ (အခ်စ္ခံခဲ့ရတယ္လို႔ပဲ ေခါင္းစဥ္တပ္ပါရေစ) ဘယ္သြားသြား အိမ္က ခြင့္မျပဳခဲ့ဖူးေပါ့။ ကၽြန္မအေနနဲ႔ သူ႕ကိုကိုယ္ခ်င္းစာၿပီး ခြင့္ျပဳခဲ့တာေတြရွိေလးေတာ့ အခုဆို သူ႕အသက္ (၁၀) ႏွစ္နဲ႔ ကၽြန္မ အသက္ (၁၀) ႏွစ္အျမင္ေတြ၊ အေတြးအေခၚေတြက အနည္းငယ္ကြာတယ္ဆို႐ုံထက္ကို ပိုေနခဲ့ပါၿပီ။ ဒီလိုဆို ခရီးသြားျခင္းကေန ကၽြန္မတို႔ကေလးေတြကို ဘာေတြသင္ေပးႏိုင္မလဲဆိုတဲ့ မူလရည္႐ြယ္ခ်က္ဆီကို ျပန္သြားၾကည့္ၾကရေအာင္ပါ။


၁။ အေတြ႕အႀကဳံေတြက ပိုတန္ဖိုးရွိပါတယ္

အရာဝတၳဳေတြထက္ အေတြ႕အႀကံေတြ၊ အမွတ္တရေတြကို ဖန္တီးႏိုင္ဖို႔၊ စုေဆာင္းတတ္ဖို႔က ပိုလို႔အေရးႀကီးပါတယ္။ ၾကားေနက်စကားပုံေလးအတိုင္းပဲ "ေပ်ာ္႐ႊင္မႈဆိုတာ ေငြနဲ႔ဝယ္ယူလို႔မရပါဘူး"။ သို႔ေပမဲ့ အေတြ႕အႀကဳံေကာင္းေတြ အမ်ားႀကီးဖန္းတီးေပးလာႏိုင္မယ့္ ခရီးသြားျခင္းအတြက္ေတာ့ ေငြရင္းရတန္ပါတယ္။ ခရီးတစ္ခါထြက္ၿပီးတိုင္း သင့္ကေလးအျမင္တစ္ဆ က်ယ္လာေစလိမ့္မယ္လို႔လည္း အာမခံႏိုင္ပါတယ္။

၂။ အခ်ိန္ကေငြထက္ ပိုလို႔အေရးႀကီးပါတယ္

ဘဝဆိုတာ တိုတိုေလးပါ။ ဘယ္အခ်ိန္ဘာျဖစ္မယ္ ဘယ္သူမွ အတိအက် ခန္႔မွန္းထားလို႔မရပါဘူး။ အဲဒီလို တိုေတာင္းလွတဲ့ဘဝေလးမွာ ေငြေတြခ်ည္းေန႔စဥ္ရက္ဆက္ထိုင္စုေဆာင္းေနၿပီး တစ္သက္မွာတစ္ခါေလာက္ သြားၾကည့္ဖူးခ်င္တဲ့ေနရာရဲ႕ ပန္းခ်ီးကားတစ္ခ်ပ္ေလာက္ေတာင္ မဝယ္ျဖစ္ေသးဘူးဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ အဲဒီလိုမွမဟုတ္လည္း အလွထိုင္ၾကည့္႐ုံအတြက္ အိမ္ခန္းနံရံေပၚခ်ိတ္ထားၿပီး အသက္ေတြသာတျဖည္းျဖည္းႀကီးလာရင္လည္း အလကားပါပဲ။

စိတ္ပူလို႔ကတစ္ေၾကာင္း၊ ဒီကေလးဘာသိဦးမွာလဲဆိုတဲ့အေတြးေတြကတစ္ေၾကာင္း၊ အေၾကာင္းေၾကာင္းေၾကာင့္ အၿပိဳင္အဆိုင္မ်ားတဲ့ေခတ္ႀကီးထဲ အျမင္က်ယ္ဖို႔လိုအပ္ေနတဲ့ သူတို႔ေလးေတြရဲ႕တက္လမ္းနဲ႔ အမွတ္တရေကာင္းက်န္ရစ္ေစႏိုင္မယ့္ ေန႔စြဲေတြကို မဖ်က္ဆီးၾကရေအာင္ပါ။

၃။ လက္ရွိအေနအထားကိုပဲ အာ႐ုံစိုက္တတ္လာေစမယ္

အနာဂတ္ေတြ၊ အတိတ္ေတြထက္ ပစၥဳပၸန္က ပိုလို႔အေရးႀကီးပါတယ္။ ကေလးေတြအေနနဲ႔ ဒီအယူအဆကို ခရီးသြားျခင္းကေန ေလ့လာႏိုင္ပါတယ္။ ကိုယ္နဲ႔အကၽြမ္းတဝင္မရွိတဲ့ေနရာတစ္ခုကို သြားဖို႔ရာအတြက္ ကၽြန္မတို႔မွာ ျပင္ဆင္ရမွာေတြ အမ်ားႀကီးပါ။ ကေလးေတြကိုလည္း ကိုယ့္လက္ကိုယ့္ေျခနဲ႔ ျပင္ဆင္တတ္ေအာင္ သင္ထားေပးဖို႔လိုပါတယ္။ သူတို႔ကိုယ္တိုင္ျပင္ဆင္ရတဲ့အခါ ေမ့က်န္ခဲ့တာေတြရွိမယ္။ လြဲပါခဲ့တာေတြရွိမယ္။ အစားအေသာက္ အဆင္မေျပတာ၊ ေနေရးထိုင္ေရး အခက္အခဲရွိတာေတြ ျဖစ္ႏိုင္၊ ရွိႏိုင္ပါတယ္။ ခရီးတစ္ခု၊ ႏွစ္ခု၊ သုံး၊ ေလးခုကို သူတို႔ကိုယ္တိုင္လုပ္ခိုင္းၾကည့္ပါ။ ေနာက္ပိုင္း ကိုယ္တိုင္ျပင္ဆင္တတ္၊ တာဝန္ယူတတ္သြားၿပီး အဆင္မေျပမႈေတြရွိလာတဲ့အခါ ဘယ္လိုအေကာင္းဆုံးေက်ာ္လႊားရမယ္ဆိုတဲ့အသိကို ရရွိသြားေစႏိုင္ပါတယ္။

၄။ စိတ္ရွင္းရွင္းထားတတ္ေစတယ္

ခရီးသြားေနတာေလ။ အခ်ိန္ေတြ၊ ေငြေတြရင္းႏွီးထားရတာေလ။ ဒါကို ကၽြန္မတို႔လူႀကီးေတြမွ မဟုတ္ပါဘူး။ ကေလးေတြလည္း သိပါတယ္။ ကေလးေတြအေနနဲ႔ဆို ကိုယ္သြားခ်င္တဲ့ခရီးတစ္ခုကို သြားေနၿပီးကာမွ ေက်ာင္းစာေတြ၊ တျခားအရာေတြဆိုတာ ေတြးေနစရာမလိုေတာ့ပါဘူး။ အတန္းထဲတစ္ေနကုန္ စာထိုင္သင္ေနမွ ပညာတတ္ႀကီးျဖစ္လာမွာ မဟုတ္ပါဘူး။ ျပင္ပဗဟုသုတကလည္း ရွိဖို႔လိုပါေသးတယ္။ ဒီအရာဟာေန႔စဥ္လူေနမႈဘဝနဲ႔လည္း တိုက္႐ိုက္ဆက္စပ္လို႔ေနပါတယ္။ နားလည္ေအာင္ေျပာရမယ္ဆိုရင္ေတာ့ ႀကီးႀကီးငယ္ငယ္ ကိုယ္ေ႐ြးခ်ယ္ထားတဲ့လမ္းကိုေလၽွာက္ေနတဲ့အခ်ိန္မွာ ဘယ္အရာကိုမွစိတ္ထဲမထားဘဲ အေကာင္းဆုံး ႀကိဳးစားေလၽွာက္လွမ္းရမယ္ဆိုတာပါပဲ။ ဒီအရာကို ခရီးသြားျခင္းကေန သင္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ေႏြရာသီေက်ာင္းပိတ္ရက္ေတြမွာ ကေလးေတြကို စာခ်ည္းလွိမ့္မသင္ဘဲ ခရီးေလးဘာေလးပို႔ေပးဖို႔ ေျပာခ်င္ပါတယ္။

၅။ အစစ္အမွန္ကို ရွာေဖြလာႏိုင္တယ္

တစ္ေနရာတည္း၊ ပတ္ဝန္းက်င္တစ္ခုတည္းမွာ ေနေနၿပီး ကိုယ္ဘာႀကိဳက္တတ္တယ္။ ဘာကိုခုံမင္တတ္တယ္ဆိုတာ သိဖို႔ ခဲယဥ္းလွပါတယ္။ အေျပာင္းအလဲေလးေတြနဲ႔ မ်ားမ်ားေတြ႕ဖူးကာမွ ေ႐ြးခ်ယ္မႈေတြလုပ္ရတဲ့အခါ အျမင္က်ယ္က်ယ္၊ ဉာဏ္ရွိရွိနဲ႔ အေျဖထုတ္ႏိုင္မွာပါ။ ငယ္႐ြယ္စဥ္ထဲက ကိုယ္ဘာလဲဆိုတာ သိရွိထားေလေလ၊ ေအာင္ျမင္မႈနဲ႔ ပိုနီးစပ္ေလပါပဲ။ သင့္ကေလးငယ္အတြက္ ဒီအရာေတြကို ခရီးသြားျခင္းကေနတစ္ဆင့္ သင္ျပေပးႏိုင္ပါတယ္။


ဆိုေတာ့ ဒီအခ်က္ေတြေပၚမူတည္ၿပီး ကၽြန္မသမီးငယ္ေလးသြားခ်င္တဲ့ ေက်ာင္းခရီးစဥ္ေပးသြားသင့္၊ မသြားသင့္ကို အဲဒီေန႔ညမွာပဲ ကၽြန္မအေျဖထုတ္လိုက္ပါေတာ့တယ္။ သမီးေလးေတာ့ ေပ်ာ္သြားေလာက္ပါရဲ႕...။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Po Mo Htoo Aung (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်နေ့ အသက် (၁၀) နှစ်ပဲရှိသေးတဲ့ ကျွန်မသမီးလေးက သူ့အတန်းဖော်သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ဖို့ ကျွန်မဆီမှာ ခွင့်တောင်းလာလေရဲ့။ ဆရာ၊ ဆရာမတွေလည်း ပါမှာပါတဲ့။ ဒီတော့ မိဘခွင့်ပြုချက်လိုတယ်ပေါ့။

တကယ်တော့ မသွားလည်းရ၊ သွားလည်းရတဲ့ ခရီးတိုလေးပါ။ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်စဉ်ကတည်းက ကလေးတွေကို အဖွဲ့အစည်းနဲ့လုပ်ဆောင်တတ်ဖို့၊ ကိုယ့်အားကိုယ်ကိုယ်တတ်စေဖို့နဲ့ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိလာစေပြီး အမြင်ကျယ်လာစေဖို့ပါတဲ့လေ။

သမီးလေးကတော့ ကိုယ်သဘောမတူလောက်ဘူးဆိုတာကြိုသိလို့ထင်ရဲ့။ သူ့တာဝန်အရ ခရီးစဉ်ရဲ့ရည်ရွယ်ချက်တွေကို ခရားရေလွှတ်ပြောချသွားပြီး ပေးသွားတာ၊ မပေးသွားတာက မေမေ့သဘောပါတဲ့လေ။

ကျွန်မလည်း အဲဒီညက ကျွန်မရဲ့ငယ်ဘဝအကြောင်းကို ပြန်စဉ်းစားမိတာပေါ့။ ရှင်တို့ထင်နေသလို ခရီးတွေထွက်ပြီး အတွေ့အကြုံအများကြီးကို စုဆောင်းခဲ့တဲ့ အမှတ်တရတွေတော့ မဟုတ်ပါဘူး။ ဘယ်ရောက်ဖူးလဲမေးရင် ဘယ်မှမရောက်ဖူးခဲ့တဲ့ အိမ်တွင်းအောင်းနေ့ရက်တချို့ဆီကိုပါ။ အခွင့်အရေးတွေရှိရက်သားနဲ့ လက်လွှတ်ခဲ့ရတဲ့ ဖျော့တော့တော့မှတ်ဉာဏ်တချို့ဆီကိုပါ။ ကျွန်မလည်း ကျွန်မသမီးလေးအရွယ်တုန်းက သူ့အဖိုး၊ အဘွားတွေဆီက အရမ်းအချစ်ခံခဲ့ရတော့ (အချစ်ခံခဲ့ရတယ်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ) ဘယ်သွားသွား အိမ်က ခွင့်မပြုခဲ့ဖူးပေါ့။ ကျွန်မအနေနဲ့ သူ့ကိုကိုယ်ချင်းစာပြီး ခွင့်ပြုခဲ့တာတွေရှိလေးတော့ အခုဆို သူ့အသက် (၁၀) နှစ်နဲ့ ကျွန်မ အသက် (၁၀) နှစ်အမြင်တွေ၊ အတွေးအခေါ်တွေက အနည်းငယ်ကွာတယ်ဆိုရုံထက်ကို ပိုနေခဲ့ပါပြီ။ ဒီလိုဆို ခရီးသွားခြင်းကနေ ကျွန်မတို့ကလေးတွေကို ဘာတွေသင်ပေးနိုင်မလဲဆိုတဲ့ မူလရည်ရွယ်ချက်ဆီကို ပြန်သွားကြည့်ကြရအောင်ပါ။

၁။ အတွေ့အကြုံတွေက ပိုတန်ဖိုးရှိပါတယ်

အရာဝတ္ထုတွေထက် အတွေ့အကြံတွေ၊ အမှတ်တရတွေကို ဖန်တီးနိုင်ဖို့၊ စုဆောင်းတတ်ဖို့က ပိုလို့အရေးကြီးပါတယ်။ ကြားနေကျစကားပုံလေးအတိုင်းပဲ "ပျော်ရွှင်မှုဆိုတာ ငွေနဲ့ဝယ်ယူလို့မရပါဘူး"။ သို့ပေမဲ့ အတွေ့အကြုံကောင်းတွေ အများကြီးဖန်းတီးပေးလာနိုင်မယ့် ခရီးသွားခြင်းအတွက်တော့ ငွေရင်းရတန်ပါတယ်။ ခရီးတစ်ခါထွက်ပြီးတိုင်း သင့်ကလေးအမြင်တစ်ဆ ကျယ်လာစေလိမ့်မယ်လို့လည်း အာမခံနိုင်ပါတယ်။

၂။ အချိန်ကငွေထက် ပိုလို့အရေးကြီးပါတယ်

ဘဝဆိုတာ တိုတိုလေးပါ။ ဘယ်အချိန်ဘာဖြစ်မယ် ဘယ်သူမှ အတိအကျ ခန့်မှန်းထားလို့မရပါဘူး။ အဲဒီလို တိုတောင်းလှတဲ့ဘဝလေးမှာ ငွေတွေချည်းနေ့စဉ်ရက်ဆက်ထိုင်စုဆောင်းနေပြီး တစ်သက်မှာတစ်ခါလောက် သွားကြည့်ဖူးချင်တဲ့နေရာရဲ့ ပန်းချီးကားတစ်ချပ်လောက်တောင် မဝယ်ဖြစ်သေးဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ အဲဒီလိုမှမဟုတ်လည်း အလှထိုင်ကြည့်ရုံအတွက် အိမ်ခန်းနံရံပေါ်ချိတ်ထားပြီး အသက်တွေသာတဖြည်းဖြည်းကြီးလာရင်လည်း အလကားပါပဲ။

စိတ်ပူလို့ကတစ်ကြောင်း၊ ဒီကလေးဘာသိဦးမှာလဲဆိုတဲ့အတွေးတွေကတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် အပြိုင်အဆိုင်များတဲ့ခေတ်ကြီးထဲ အမြင်ကျယ်ဖို့လိုအပ်နေတဲ့ သူတို့လေးတွေရဲ့တက်လမ်းနဲ့ အမှတ်တရကောင်းကျန်ရစ်စေနိုင်မယ့် နေ့စွဲတွေကို မဖျက်ဆီးကြရအောင်ပါ။

၃။ လက်ရှိအနေအထားကိုပဲ အာရုံစိုက်တတ်လာစေမယ်

အနာဂတ်တွေ၊ အတိတ်တွေထက် ပစ္စုပ္ပန်က ပိုလို့အရေးကြီးပါတယ်။ ကလေးတွေအနေနဲ့ ဒီအယူအဆကို ခရီးသွားခြင်းကနေ လေ့လာနိုင်ပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့နေရာတစ်ခုကို သွားဖို့ရာအတွက် ကျွန်မတို့မှာ ပြင်ဆင်ရမှာတွေ အများကြီးပါ။ ကလေးတွေကိုလည်း ကိုယ့်လက်ကိုယ့်ခြေနဲ့ ပြင်ဆင်တတ်အောင် သင်ထားပေးဖို့လိုပါတယ်။ သူတို့ကိုယ်တိုင်ပြင်ဆင်ရတဲ့အခါ မေ့ကျန်ခဲ့တာတွေရှိမယ်။ လွဲပါခဲ့တာတွေရှိမယ်။ အစားအသောက် အဆင်မပြေတာ၊ နေရေးထိုင်ရေး အခက်အခဲရှိတာတွေ ဖြစ်နိုင်၊ ရှိနိုင်ပါတယ်။ ခရီးတစ်ခု၊ နှစ်ခု၊ သုံး၊ လေးခုကို သူတို့ကိုယ်တိုင်လုပ်ခိုင်းကြည့်ပါ။ နောက်ပိုင်း ကိုယ်တိုင်ပြင်ဆင်တတ်၊ တာဝန်ယူတတ်သွားပြီး အဆင်မပြေမှုတွေရှိလာတဲ့အခါ ဘယ်လိုအကောင်းဆုံးကျော်လွှားရမယ်ဆိုတဲ့အသိကို ရရှိသွားစေနိုင်ပါတယ်။

၄။ စိတ်ရှင်းရှင်းထားတတ်စေတယ်

ခရီးသွားနေတာလေ။ အချိန်တွေ၊ ငွေတွေရင်းနှီးထားရတာလေ။ ဒါကို ကျွန်မတို့လူကြီးတွေမှ မဟုတ်ပါဘူး။ ကလေးတွေလည်း သိပါတယ်။ ကလေးတွေအနေနဲ့ဆို ကိုယ်သွားချင်တဲ့ခရီးတစ်ခုကို သွားနေပြီးကာမှ ကျောင်းစာတွေ၊ တခြားအရာတွေဆိုတာ တွေးနေစရာမလိုတော့ပါဘူး။ အတန်းထဲတစ်နေကုန် စာထိုင်သင်နေမှ ပညာတတ်ကြီးဖြစ်လာမှာ မဟုတ်ပါဘူး။ ပြင်ပဗဟုသုတကလည်း ရှိဖို့လိုပါသေးတယ်။ ဒီအရာဟာနေ့စဉ်လူနေမှုဘဝနဲ့လည်း တိုက်ရိုက်ဆက်စပ်လို့နေပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင်တော့ ကြီးကြီးငယ်ငယ် ကိုယ်ရွေးချယ်ထားတဲ့လမ်းကိုလျှောက်နေတဲ့အချိန်မှာ ဘယ်အရာကိုမှစိတ်ထဲမထားဘဲ အကောင်းဆုံး ကြိုးစားလျှောက်လှမ်းရမယ်ဆိုတာပါပဲ။ ဒီအရာကို ခရီးသွားခြင်းကနေ သင်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးတွေကို စာချည်းလှိမ့်မသင်ဘဲ ခရီးလေးဘာလေးပို့ပေးဖို့ ပြောချင်ပါတယ်။

၅။ အစစ်အမှန်ကို ရှာဖွေလာနိုင်တယ်

တစ်နေရာတည်း၊ ပတ်ဝန်းကျင်တစ်ခုတည်းမှာ နေနေပြီး ကိုယ်ဘာကြိုက်တတ်တယ်။ ဘာကိုခုံမင်တတ်တယ်ဆိုတာ သိဖို့ ခဲယဉ်းလှပါတယ်။ အပြောင်းအလဲလေးတွေနဲ့ များများတွေ့ဖူးကာမှ ရွေးချယ်မှုတွေလုပ်ရတဲ့အခါ အမြင်ကျယ်ကျယ်၊ ဉာဏ်ရှိရှိနဲ့ အဖြေထုတ်နိုင်မှာပါ။ ငယ်ရွယ်စဉ်ထဲက ကိုယ်ဘာလဲဆိုတာ သိရှိထားလေလေ၊ အောင်မြင်မှုနဲ့ ပိုနီးစပ်လေပါပဲ။ သင့်ကလေးငယ်အတွက် ဒီအရာတွေကို ခရီးသွားခြင်းကနေတစ်ဆင့် သင်ပြပေးနိုင်ပါတယ်။

ဆိုတော့ ဒီအချက်တွေပေါ်မူတည်ပြီး ကျွန်မသမီးငယ်လေးသွားချင်တဲ့ ကျောင်းခရီးစဉ်ပေးသွားသင့်၊ မသွားသင့်ကို အဲဒီနေ့ညမှာပဲ ကျွန်မအဖြေထုတ်လိုက်ပါတော့တယ်။ သမီးလေးတော့ ပျော်သွားလောက်ပါရဲ့...။

ဖိုးသူတော် (www.phothutaw.com)
Credit:Po Mo Htoo Aung (ရိုးရာလေး)
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top