iMyanmarHouse.com - Best Property Website for Myanmar
×

ကြန္တိန္နာမ်ား အခ်ိန္ေျပာင္းလဲ ထြက္ခြာသည့္ကိစၥ သက္ဆုုိင္ရာ ကားအသင္းမ်ားႏွင့္ ယာဥ္ေမာင္းမ်ား ညွိႏႈိင္းေသာ္လညး္ အဆင္မေျပဘဲျဖစ္ေနသည္။ အဓိကအားျဖင့္ အာမခံကတိေပးႏုုိင္သူ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္က လာေရာက္ညွိႏႈိင္းေပးရန္ ယာဥ္ေမာင္းတခ်ဳိ႕က ေတာင္းဆုုိေနၾကသည္။

ကြန္တိန္နာမ်ားကိုု ပုုံမွန္အားျဖင့္ ည ၈ နာရီမွ စတင္လႊတ္ေနရာမွာ ည ၉ နာရီ ေျပာင္းလဲ သတ္မွတ္လုုိက္သည့္အတြက္ သယ္ယူပုုိ႔ေဆာင္ေရး အဆင္မေျပျဖစ္ေနေၾကာင္း၊ ငါးေစ်းေရွ႕တြင္ ပုုံမွန္ ကားပိတ္ဆုုိ႔မႈကုုိ မည္သူမ ွ် မေျဖရွင္းေၾကာင္း၊ လက္ရွိတြင္ အခ်ိန္ေျပာင္းလဲမႈႏွင့္ လမ္းပိတ္ဆုုိ႔မႈမ်ားေၾကာင့္ ယာဥ္ေမာင္းမ်ားမွာ ၀င္ေငြနည္းပါးလာၿပီး သက္ဆုုိင္ရာ၏ ဒဏ္ရုုိက္မႈဒဏ္ကုုိ ခံေနရေၾကာင္း ယဥ္ေမာင္းမ်ားက ဆုုိၾကသည္။

ကြန္တိန္နာထြက္ခ်ိန္ ေျပာင္းလဲ၍ ကားသမားမ်ား ကမ္းနားလမ္းတြင္ ဆႏၵႃပေနသည္။ ပုုံမွန္အားျဖင့္ ည ၈နာရီမွ နံနက္ ၆ နာရီ ကြန္တိန္နာကားထြက္ခ်ိန္သတ္မွတ္ထားရာမွ ည ၉ နာရီမွ နံနက္ ၅ နာရီသိုု႔ ေျပာင္းလဲ သတ္မွတ္လိုုက္သည့္အတြက္ ဆႏၵျပေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။

လတ္တေလာ ကမ္းနားလမ္း(ဟုုန္းလမ္းအနီး) တြင္ ကြန္တိန္နာ ကားမ်ား မထြက္ၾကဘဲ ကားသမားမ်ားအားလုုံး လမ္းမေပၚတြင္ ထြက္၍ စုုေ၀းလ်က္ရွိသည္။
ရန္ကုန္တြင္ ကြန္တိန္နာယာဥ္ေမာင္းအခ်ဳိ့ ဆႏၵျပ

ရန္ကုန္၊ျကည့္ျမင္တိုင္ ျမိဳ႕နယ္ ကမ္းနားလမ္း၊ဟုန္းလမ္းတြင္ ကြန္တိန္နာယာဥ္မ်ားအား ည ၉ နာရီ မွ သာ စတင္ထြက္ခြာ ေမာင္းခြင့္ေပးသည့္အတြက္ ေအာက္တုိဘာ ၁၀ ရက္ညပုိင္းက ကြန္ကရစ္လမ္းမတြင္ ယာဥ္မ်ားရပ္တန့္ကာ ယာဥ္ေမာင္းအခ်ဳိ့ဆႏၵျပမႈ ျဖစ္ပြားခဲ့ေၾကာင္းက
ကနဦးသိရသည္။

လက္ရိွအခ်ိန္တြင္ အဆုိပါ ယာဥ္မ်ားမွာ ၈ နာရီအခ်ိန္တြင္ စတင္ထြက္ခြင့္ရရိွေရး ဆက္လက္ဆႏၵျပေနၾကၿပီး ရဲတပ္ဖြဲ႔ဝင္မ်ား၊ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တာဝန္ရိွသူမ်ား ေရာက္ရိွေနေၾကာင္းသိရသည္။

ကမ္းနားလမ္းတြင္ သတ္မွတ္ခ်ိန္အတြင္း မေမာင္းနွင္သည့္ ကြန္တိန္နာယာဥ္မ်ားအား ယာဥ္ထိန္းရဲတပ္ဖဲြ႔က တားဆီးရာမွ ကြန္တိန္နာယာဥ္ေမာင္းမ်ားက ယာဥ္မ်ားရပ္တန္႔ကာ ဆႏၵျပေတာင္းဆိုမႈမ်ား ျပဳလုပ္

ရန္ကုန္ၿမိဳ႕ ကမ္းနားလမ္းတြင္ သတ္မွတ္ခ်ိန္အတြင္း မေမာင္းနွင္သည့္ ကြန္တိန္နာယာဥ္မ်ားအား ယာဥ္ထိန္းရဲတပ္ဖဲြ႔က တားဆီးရာမွ လမ္းမေပၚတြင္ ကြန္တိန္ယာဥ္ေမာင္းမ်ားက ယာဥ္မ်ားကိုရပ္တန္႔ကာ ဆႏၵျပေတာင္းဆိုမႈမ်ားကို ေအာက္တိုဘာ ၁၀ ရက္ ည ၈နာရီေက်ာ္မွ စတင္ကာ ျပဳလုပ္လ်က္ရိွေၾကာင္း သိရသည္။

ကြန္တိန္နာယာဥ္မ်ား ေမာင္းႏွင္မႈကို ည ၉ နာရီမွ မနက္ ၆ နာရီအတြင္း ခြင့္ျပဳထားျခင္းေၾကာင့္ ကြန္တိန္နာယာဥ္မ်ား အခ်ိန္မီ မသြားလာႏိုင္သျဖင့္ အဆင္မေျပမႈမ်ား ျဖစ္ေပၚေနေၾကာင္း ကြန္တင္နာယာဥ္ေမာင္းသူတစ္ဦးက ေျပာၾကားခဲ့သည္။ ယင္းကဲ့သို႔ ခြင့္ျပဳထားျခင္းမွာ တိုင္းေဒသႀကီးအစိုးရမွ ခ်မွတ္ထားသည့္ စည္ကမ္းမ်ားအတိုင္းျဖစ္ၿပီး စည္းကမ္းမနာလိုက္သည့္ ယာဥ္မ်ားအား ဖမ္းဆီးျခင္းျဖစ္ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖဲြ႔မွ အဆင့္ျမင့္အရာရိွတစ္ဦးက ေျပာၾကားသည္။

ထိုကဲ့သို႔ ယာဥ္မ်ားရပ္တန္႔ထားမႈေၾကာင့္ ကမ္းနားလမ္းတစ္ေလွ်ာက္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ေပၚလ်က္ရိွၿပီး ရဲတပ္ဖဲြ႔ဝင္မ်ားက လံုျခံဳေရးေဆာင္ရြက္လ်က္ ရိွသည္။

ကြန္တိန္နာ ယာဥ္ေမာင္းမ်ား ဆက္လက္ဆႏၵျပလွ်က္ရွိ

ကားသမားေတြစည္​းလံုးေရး”၊ ၂၄ နာရီ ေမာင္​းခြင္​့ေပး ” စသည္​့ေႂကြးေၾကာ္​သံမ်ားျဖင္​့ ကြန္​တိန္​နာယာဥ္​ေမာင္​းမ်ား ေအာက္​တိုဘာ ၁၀ ရက္​ ည ၁၀ နာရီခြဲခန္​႔မွ ေအာက္​တိုဘာ ၁၁ ရက္​ေန႔ နံနက္​ ၁ နာရီခြဲေက်ာ္​အထိ ဆက္​လက္​ေတာင္​းဆိုဆႏၵျပလ်က္​ရွိသည္​။

ကြန္​တိန္​နာမ်ား ရန္​ကုန္​ၿမိဳ႕လမ္​းမေပၚတြင္​ ၂၄ နာရီ ေမာင္​းႏွင္​ခြင္​့ကို ေတာင္​းဆိုေနသူမ်ားရွိသကဲ့သို႔ ယခင္​သတ္​မွတ္​ခ်ိန္​သို႔ ေျဖေလ်ာ့ေပးရန္​ ေတာင္​းဆိုေနသူမ်ားလည္​း ရွိေနသည္​။

ေအာက္​တိုဘာ ၁၁ ရက္​ေန႔ နံနက္​ ၁နာရီခန္​႔တြင္​ မိုး႐ြာသြန္​းခဲ့၍ လံုၿခံဳေရး ရဲတပ္​ဖြဲ႕ဝင္​မ်ားႏွင္​့ ဆႏၵျပသူမ်ားေလ်ာ့ပါးသြားခဲ့ေသာ္​လည္​း မိုးတိတ္​ခ်ိန္​တြင္​ ဆက္​လက္​ ဆႏၵျပလ်က္​ရွိသည္​။

၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္မွ စတင္ကာ ေျခာက္ဘီးအထက္ယာဥ္မ်ားကို ည ၈ နာရီမွ ေနာက္ေန႔မနက္ ၆ နာရီထိသာ ေမာင္းႏွင္ခြင့္ျပဳရန္တိုင္းအစိုးရမွ သတ္မွတ္ထားၿပီး ယမန္ေန႔ ေအာက္တိုဘာလ ၉ ရက္ေန႔က ည ၉ နာရီမွ မနက္ ၆ နာရီ သတ္မွတ္လိုက္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မ်ဳိးျပည့္သင္း (မဇၩိမ)
#Unicode Version#
ကွန်တိန်နာများ အချိန်ပြောင်းလဲ ထွက်ခွာသည့်ကိစ္စ သက်ဆိုင်ရာ ကားအသင်းများနှင့် ယာဉ်မောင်းများ ညှိနှိုင်းသော်လည်း အဆင်မပြေဘဲဖြစ်နေသည်။ အဓိကအားဖြင့် အာမခံကတိပေးနိုင်သူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လာရောက်ညှိနှိုင်းပေးရန် ယာဉ်မောင်းတချို့က တောင်းဆိုနေကြသည်။

ကွန်တိန်နာများကို ပုံမှန်အားဖြင့် ည ၈ နာရီမှ စတင်လွှတ်နေရာမှာ ည ၉ နာရီ ပြောင်းလဲ သတ်မှတ်လိုက်သည့်အတွက် သယ်ယူပို့ဆောင်ရေး အဆင်မပြေဖြစ်နေကြောင်း၊ ငါးဈေးရှေ့တွင် ပုံမှန် ကားပိတ်ဆို့မှုကို မည်သူမ ျှ မဖြေရှင်းကြောင်း၊ လက်ရှိတွင် အချိန်ပြောင်းလဲမှုနှင့် လမ်းပိတ်ဆို့မှုများကြောင့် ယာဉ်မောင်းများမှာ ဝင်ငွေနည်းပါးလာပြီး သက်ဆိုင်ရာ၏ ဒဏ်ရိုက်မှုဒဏ်ကို ခံနေရကြောင်း ယဉ်မောင်းများက ဆိုကြသည်။

ကွန်တိန်နာထွက်ချိန် ပြောင်းလဲ၍ ကားသမားများ ကမ်းနားလမ်းတွင် ဆန္ဒပြနေသည်။ ပုံမှန်အားဖြင့် ည ၈နာရီမှ နံနက် ၆ နာရီ ကွန်တိန်နာကားထွက်ချိန်သတ်မှတ်ထားရာမှ ည ၉ နာရီမှ နံနက် ၅ နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်သည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ကမ်းနားလမ်း(ဟုန်းလမ်းအနီး) တွင် ကွန်တိန်နာ ကားများ မထွက်ကြဘဲ ကားသမားများအားလုံး လမ်းမပေါ်တွင် ထွက်၍ စုဝေးလျက်ရှိသည်။
ရန်ကုန်တွင် ကွန်တိန်နာယာဉ်မောင်းအချို့ ဆန္ဒပြ

ရန်ကုန်၊ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်း၊ဟုန်းလမ်းတွင် ကွန်တိန်နာယာဉ်များအား ည ၉ နာရီ မှ သာ စတင်ထွက်ခွာ မောင်းခွင့်ပေးသည့်အတွက် အောက်တိုဘာ ၁၀ ရက်ညပိုင်းက ကွန်ကရစ်လမ်းမတွင် ယာဉ်များရပ်တန့်ကာ ယာဉ်မောင်းအချို့ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်းက
ကနဦးသိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ယာဉ်များမှာ ၈ နာရီအချိန်တွင် စတင်ထွက်ခွင့်ရရှိရေး ဆက်လက်ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိနေကြောင်းသိရသည်။

ကမ်းနားလမ်းတွင် သတ်မှတ်ချိန်အတွင်း မမောင်းနှင်သည့် ကွန်တိန်နာယာဉ်များအား ယာဉ်ထိန်းရဲတပ်ဖွဲ့က တားဆီးရာမှ ကွန်တိန်နာယာဉ်မောင်းများက ယာဉ်များရပ်တန့်ကာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် သတ်မှတ်ချိန်အတွင်း မမောင်းနှင်သည့် ကွန်တိန်နာယာဉ်များအား ယာဉ်ထိန်းရဲတပ်ဖွဲ့က တားဆီးရာမှ လမ်းမပေါ်တွင် ကွန်တိန်ယာဉ်မောင်းများက ယာဉ်များကိုရပ်တန့်ကာ ဆန္ဒပြတောင်းဆိုမှုများကို အောက်တိုဘာ ၁၀ ရက် ည ၈နာရီကျော်မှ စတင်ကာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကွန်တိန်နာယာဉ်များ မောင်းနှင်မှုကို ည ၉ နာရီမှ မနက် ၆ နာရီအတွင်း ခွင့်ပြုထားခြင်းကြောင့် ကွန်တိန်နာယာဉ်များ အချိန်မီ မသွားလာနိုင်သဖြင့် အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ကွန်တင်နာယာဉ်မောင်းသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ခွင့်ပြုထားခြင်းမှာ တိုင်းဒေသကြီးအစိုးရမှ ချမှတ်ထားသည့် စည်ကမ်းများအတိုင်းဖြစ်ပြီး စည်းကမ်းမနာလိုက်သည့် ယာဉ်များအား ဖမ်းဆီးခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ ယာဉ်များရပ်တန့်ထားမှုကြောင့် ကမ်းနားလမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်လျက် ရှိသည်။

ကွန်တိန်နာ ယာဉ်မောင်းများ ဆက်လက်ဆန္ဒပြလျှက်ရှိ

ကားသမားတွေစည်းလုံးရေး”၊ ၂၄ နာရီ မောင်းခွင့်ပေး ” စသည့်ကြွေးကြော်သံများဖြင့် ကွန်တိန်နာယာဉ်မောင်းများ အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီခွဲခန့်မှ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁ နာရီခွဲကျော်အထိ ဆက်လက်တောင်းဆိုဆန္ဒပြလျက်ရှိသည်။

ကွန်တိန်နာများ ရန်ကုန်မြို့လမ်းမပေါ်တွင် ၂၄ နာရီ မောင်းနှင်ခွင့်ကို တောင်းဆိုနေသူများရှိသကဲ့သို့ ယခင်သတ်မှတ်ချိန်သို့ ဖြေလျော့ပေးရန် တောင်းဆိုနေသူများလည်း ရှိနေသည်။

အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁နာရီခန့်တွင် မိုးရွာသွန်းခဲ့၍ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများလျော့ပါးသွားခဲ့သော်လည်း မိုးတိတ်ချိန်တွင် ဆက်လက် ဆန္ဒပြလျက်ရှိသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်မှ စတင်ကာ ခြောက်ဘီးအထက်ယာဉ်များကို ည ၈ နာရီမှ နောက်နေ့မနက် ၆ နာရီထိသာ မောင်းနှင်ခွင့်ပြုရန်တိုင်းအစိုးရမှ သတ်မှတ်ထားပြီး ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့က ည ၉ နာရီမှ မနက် ၆ နာရီ သတ်မှတ်လိုက်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: မျိုးပြည့်သင်း (မဇ္ဈိမ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top