ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

အမည် ဦးကျော်မြင့်

အဘ. ဦးမြင့်ဆွေ

အသက် 73နှစ်




ကူညီပါဦးတဲ့။



ကျွန်တော်တို့ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြား၍စီစဉ်ပေးနိုင်ခဲ့ပါသည်။










Credit: Lin Lin(မအူပင်)

#Unicode Version#
အမည် ဦးကျော်မြင့်

အဘ. ဦးမြင့်ဆွေ

အသက် 73နှစ်

နေရပ် ဝါးခယ်မ ဆေးရုံလမ်း

ကျွန်တော်ကယ်ရီဆွဲနေစဉ် ဖုန်းဝင်လာတယ်။

ညီရေ လှိုင်သာယာ 5ထိပ်နားမှာအဖိုးတစ်ယောက်အား (TAXI)တစ်စီးဖြင့်လာရောက်စွန့်ပြစ်သွားတယ်

ကူညီပါဦးတဲ့။

ကျွန်တော်ရောက်သွားချိန် ဝမ်းနည်းမျက်ဝန်းနှင့်အဖိုးအိုအားတွေ့ရပါပြီ။

သမီးလုပ်သူမှစွန့်ပြစ်ခြင်းဖြစ်ကြောင်းပြောကြားရင်းမျက်ရေစို့လေရဲ့။

ကျွန်တော်တို့ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြား၍စီစဉ်ပေးနိူင်ခဲ့ပါသည်။

အထူးသဖြင့်ပြောကြားလိုသည်မှာ ဖခင်ပါဗျာ။

အကြောင်းတရားများစွာရှိကြမှာပါ။ယခုလိုအသက်ကြီးရင့်ချိန်၊ကျန်းမာရေးချို့တဲ့ချိန်ကျမှစွန့်ပြစ်ရက်တဲ့ခင်ဗျားတို့တွေ အကြောက်တရားမရှိတော့ဘူးလား။

ဘယ်လိုနှလုံးသားမျိုးလဲဗျာ။ ဖခင်ခွန်အားနဲ့အသက်ဆက်ခဲ့တဲ့ လူသားတစ်ယောက်ရဲ့နှလုံးသားလားဗျာ။

အနည်းဆုံးတော့ အဖေခေါ်ခွင့်နဲ့တင် ခင်ဗျား လူဖြစ်ရတာတန်ပါတယ်။

ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲ အိမ်မက်ဆိုးတွေခင်ဗျားဝယ်ယူမိပြီဆိုတာ သိတဲ့တစ်နေ့ဘယ်နေရာမှာရောက်နေမလဲ။

စွန့်ပြစ်ထားရက်သူ အမိရေ။

မကြာမှီရက်အတွင်းမှာ ခင်ဗျားဖခင်ကို ကိုရင်ကြီးအဖြစ်နဲ့မြင်ရအောင်ဓမ္မဒါနသစ်ပင်ငယ်ဆရာတော် ဦးကေသရမှစီစဉ်ပေးသွားပါလိမ့်မည်။

ခင်ဗျားသာဓုခေါ်ခွင့်ကြုံမှာမဟုတ်ပါဘူးလေ။

အမှိုက်တစ်စလို စွန့်ပြစ်ရင်း ခင်ဗျားဒီည ဖခင်ပုံရိပ်တွေ ခြောက်လှန့်နေမှာ ကျုပ်ရဲရဲကြီးပြောလိုက်ပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Lin Lin(မအူပင်)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top