ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 သူတုိ႔ႏွစ္ေယာက္က အသက္ ၁၂ ႏွစ္ကြာပါတယ္တဲ့။


ေနျခည္ဦးက သူ႔ရဲ႕ ညီမေလးအရင္းျဖစ္တဲ့ စိမ္းလဲ့ရတနာက အႏုပညာဝါသနာႀကီးတဲ့ အေၾကာင္းေတြကုိ ေျပာျပလာပါတယ္။ သူတုိ႔ ညီအစ္မ ႏွစ္ေယာက္ကေတာ့ အသက္ ၁၂ ႏွစ္ကြာပါတယ္တဲ့။

Photo: Beauty by Nay chi Page

 သရုပ္ေဆာင္ ေနျခည္ဦး ဟာ သူ႔ရဲ႕ ညီမေလးအရင္းျဖစ္သူ စိမ္းလဲ့ရတနာ ကလည္း အႏုပညာအလုပ္ကုိ ဝါသနာပါတဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။ ညီမေလးက အႏုပညာအလုပ္အျပင္ တုိက္ကြမ္ဒုိ နဲ႔ သုိင္း ကုိလည္း ထူးထူးခၽြန္ခၽြန္တက္ေျမာက္ထားတယ္ဆုိတာကုိ မီဒီယာေတြကေနတဆင့္ေျပာျပထားပါတယ္။

'' ညီမေလးက ေနျခည့္ထက္ အႏုပညာပုိး အဆတစ္ရာေလာက္ မ်ားတယ္။ ငယ္ငယ္ေလး ကတည္းက သူ ၄ တန္းေလာက္ကတည္းက အဆုိေတာ္ျဖစ္ခ်င္တယ္။ သရုပ္ေဆာင္လည္းျဖစ္ခ်င္တယ္။ ၿပီးေတာ့ ေနျခည့္ ညီမေလးက တုိက္ကြမ္ဒုိလည္းတက္တယ္။ သုိင္းလည္း တက္တယ္။ ျမန္မာအကကုိလည္း အစအဆုံး သူ ကတတ္တယ္။ ငယ္ငယ္တုန္းကဆုိ ဇာတ္သဘင္ ေတြမွာကတယ္။ ေက်ာင္းရန္ပုံေငြ ပြဲေတြမွာဆုိ သူကတယ္။ အႏုပညာအေပၚ  ဝါသနာ ေတာ္ေတာ္ႀကီးတာပါ'' လုိ႔ ဆိုပါတယ္။


Photo: Beauty by Nay chi Page

 ငယ္ငယ္ေလးကတည္းက အႏုပညာဝါသနာပါတဲ့ ညီမငယ္ေလး အတြက္ အျပည့္အဝ ေထာက္ပံ့မႈေတြေပးမယ္ လုိ႔လည္း ေနျခည္ဦးက ေျပာျပလာပါတယ္။ညီမေလးရဲ႕ အႏုပညာဝါသနာထက္ ပညာေရးကုိ ဦးစားေပးေစခ်င္တယ္လုိ႔ ဇြန္လ ၃၁ ရက္ေန႔က ဧည့္သည္ရုပ္ရွင္ ဇာတ္ကားႀကီး ကန္ေတာ့ပြဲေပးအခမ္းအနားက မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

'' ေနျခည္တုိ႔ကလည္း အဓိက က ကေလးကုိ ပညာေရးမွာ ထိခိုက္မွာစိုးတဲ့အတြက္ မလုပ္ပါနဲ႔ဦးေပါ့ေနာ္။ သူ႔ရင္ထဲမွာေတာ့ သူသိတယ္။ ေနျခည္ တုိ႔ဘက္က အျပည့္အဝ ေထာက္ပ့ံမႈေပးတယ္ဆုိတာ အသက္ႀကီးလာလုိ႔ အႏုပညာအလုပ္ လုံးဝမလုပ္ရဘူးလုိ႔ မေျပာဘူး။ သူ႔ပညာ ေရး ၿပီးလုိ႔ အႏုပညာအလုပ္လုပ္ခ်င္တယ္ဆုိရင္ အျပည့္အဝပ့ံပုိးေပးမွာပါ'' လုိ႔ ဆက္လက္ေျပာျပလာပါတယ္။


Photo: Sean Let Yandanar Fb

ေနျခည္ဦးဟာ သူ႔ရဲ႕ Facebook မွာလည္း အေမနဲ႔ တစ္ခါ၊ ညီမေလးနဲ႔ တစ္ခါ Live လႊင့္ၿပီး ပရိသတ္ေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး စကားေတြ ေျပာခဲ့ၾကပါတယ္။ ေနျခည္ဦးရဲ႕ Facebook Live ေတြကေနတဆင့္ ညီမေလး စိမ္းလဲ့ရတနာကုိ အားေပးလာၾကတဲ့ ပရိသတ္ေတြလည္း ရွိတယ္လုိ႔ ဆုိပါတယ္။

'' ပရိသတ္ေတြကုိ  ေနျခည့္ေမေမ နဲ႔ မိတ္ဆက္ေပးခဲ့တယ္။ သူတုိ႔ရင္ထဲမွာ တစ္ခုခုက်န္ခဲ့မယ္ဆုိတာကုိ သိတယ္။ ေနျခည္နဲ႔ ညီမေလးရဲ႕ ဆက္ဆံေရးကလည္း ေနျခည္နဲ႔ ေမေမ့လုိပဲ အရမ္းပြင့္လင္းတာျဖစ္တဲ့အတြက္ ကိုယ့္ညီမေလးက ကုိယ့္အစ္မတစ္ေယာက္အေပၚမွာ လိုခ်င္တဲ့ အခ်က္ေလးေတြကုိ ေနျခည္သိတယ္။ ညီမေလးနဲ႔ ေနျခည့္ကုိ ခ်စ္ၾကတဲ့အတြက္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္'' လုိ႔ သူကဆုိပါတယ္။


 ေနျခည္ဦးနဲ႔ ညီမေလး စိမ္းလဲ့ရတနာတုိ႔ဟာ အသက္ ၁၂ ႏွစ္ကြာတယ္လုိ႔ သိရပါတယ္။ ေနျခည္ဦးရဲ႕ ညီမေလးကေတာ့ အခု ၉ တန္း တက္ေန တယ္လုိ႔ သိရပါတယ္။ ေနျခည္ဦးမွာ ေမာင္ေလး တစ္ေယာက္၊ ညီမေလး တစ္ေယာက္ရွိပါတယ္။ မိသားစုမွာေတာ့ ေနျခည္ဦးက အႀကီးဆုံး သမီးျဖစ္ပါတယ္။




































ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
 သူတို့နှစ်ယောက်က အသက် ၁၂ နှစ်ကွာပါတယ်တဲ့။


နေခြည်ဦးက သူ့ရဲ့ ညီမလေးအရင်းဖြစ်တဲ့ စိမ်းလဲ့ရတနာက အနုပညာဝါသနာကြီးတဲ့ အကြောင်းတွေကို ပြောပြလာပါတယ်။ သူတို့ ညီအစ်မ နှစ်ယောက်ကတော့ အသက် ၁၂ နှစ်ကွာပါတယ်တဲ့။

Photo: Beauty by Nay chi Page

 သရုပ်ဆောင် နေခြည်ဦး ဟာ သူ့ရဲ့ ညီမလေးအရင်းဖြစ်သူ စိမ်းလဲ့ရတနာ ကလည်း အနုပညာအလုပ်ကို ဝါသနာပါတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ညီမလေးက အနုပညာအလုပ်အပြင် တိုက်ကွမ်ဒို နဲ့ သိုင်း ကိုလည်း ထူးထူးချွန်ချွန်တက်မြောက်ထားတယ်ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြထားပါတယ်။

'' ညီမလေးက နေခြည့်ထက် အနုပညာပိုး အဆတစ်ရာလောက် များတယ်။ ငယ်ငယ်လေး ကတည်းက သူ ၄ တန်းလောက်ကတည်းက အဆိုတော်ဖြစ်ချင်တယ်။ သရုပ်ဆောင်လည်းဖြစ်ချင်တယ်။ ပြီးတော့ နေခြည့် ညီမလေးက တိုက်ကွမ်ဒိုလည်းတက်တယ်။ သိုင်းလည်း တက်တယ်။ မြန်မာအကကိုလည်း အစအဆုံး သူ ကတတ်တယ်။ ငယ်ငယ်တုန်းကဆို ဇာတ်သဘင် တွေမှာကတယ်။ ကျောင်းရန်ပုံငွေ ပွဲတွေမှာဆို သူကတယ်။ အနုပညာအပေါ်  ဝါသနာ တော်တော်ကြီးတာပါ'' လို့ ဆိုပါတယ်။

Photo: Beauty by Nay chi Page

 ငယ်ငယ်လေးကတည်းက အနုပညာဝါသနာပါတဲ့ ညီမငယ်လေး အတွက် အပြည့်အဝ ထောက်ပံ့မှုတွေပေးမယ် လို့လည်း နေခြည်ဦးက ပြောပြလာပါတယ်။ညီမလေးရဲ့ အနုပညာဝါသနာထက် ပညာရေးကို ဦးစားပေးစေချင်တယ်လို့ ဇွန်လ ၃၁ ရက်နေ့က ဧည့်သည်ရုပ်ရှင် ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' နေခြည်တို့ကလည်း အဓိက က ကလေးကို ပညာရေးမှာ ထိခိုက်မှာစိုးတဲ့အတွက် မလုပ်ပါနဲ့ဦးပေါ့နော်။ သူ့ရင်ထဲမှာတော့ သူသိတယ်။ နေခြည် တို့ဘက်က အပြည့်အဝ ထောက်ပံ့မှုပေးတယ်ဆိုတာ အသက်ကြီးလာလို့ အနုပညာအလုပ် လုံးဝမလုပ်ရဘူးလို့ မပြောဘူး။ သူ့ပညာ ရေး ပြီးလို့ အနုပညာအလုပ်လုပ်ချင်တယ်ဆိုရင် အပြည့်အဝပံ့ပိုးပေးမှာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Sean Let Yandanar Fb



နေခြည်ဦးဟာ သူ့ရဲ့ Facebook မှာလည်း အမေနဲ့ တစ်ခါ၊ ညီမလေးနဲ့ တစ်ခါ Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး စကားတွေ ပြောခဲ့ကြပါတယ်။ နေခြည်ဦးရဲ့ Facebook Live တွေကနေတဆင့် ညီမလေး စိမ်းလဲ့ရတနာကို အားပေးလာကြတဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

'' ပရိသတ်တွေကို  နေခြည့်မေမေ နဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူတို့ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ်ဆိုတာကို သိတယ်။ နေခြည်နဲ့ ညီမလေးရဲ့ ဆက်ဆံရေးကလည်း နေခြည်နဲ့ မေမေ့လိုပဲ အရမ်းပွင့်လင်းတာဖြစ်တဲ့အတွက် ကိုယ့်ညီမလေးက ကိုယ့်အစ်မတစ်ယောက်အပေါ်မှာ လိုချင်တဲ့ အချက်လေးတွေကို နေခြည်သိတယ်။ ညီမလေးနဲ့ နေခြည့်ကို ချစ်ကြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်'' လို့ သူကဆိုပါတယ်။


 နေခြည်ဦးနဲ့ ညီမလေး စိမ်းလဲ့ရတနာတို့ဟာ အသက် ၁၂ နှစ်ကွာတယ်လို့ သိရပါတယ်။ နေခြည်ဦးရဲ့ ညီမလေးကတော့ အခု ၉ တန်း တက်နေ တယ်လို့ သိရပါတယ်။ နေခြည်ဦးမှာ မောင်လေး တစ်ယောက်၊ ညီမလေး တစ်ယောက်ရှိပါတယ်။ မိသားစုမှာတော့ နေခြည်ဦးက အကြီးဆုံး သမီးဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top