ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္တိုင္းေဒသႀကီး တိုက္ႀကီး ၿမိဳ႕နယ္ အိုးတန္းရပ္ကြက္ ရန္ကုန္- ျပည္လမ္း လွ်ပ္စစ္႐ုံေရွ႕၌ ေအာက္တိုဘာ ၈ ရက္ နံနက္ ၅ နာရီ ခြဲက တာဘိုစတား ၁၁ဝ နီနက္က်ား ဆိုင္ကယ္ႏွင့္အတူ အဲေမာင္(ခ)ေနလင္းေအာင္ သုခၿမိဳင္ ၃ လမ္း ရွမ္းစုရပ္ကြက္ တိုက္ႀကီးၿမိဳ႕ေနသူ အား ဖမ္းဆီးရမိခဲ့သည္။

တုိက္ႀကီးၿမိဳ႕မရဲစခန္းမွ တာဝန္ ရွိသူမ်ားက အဲေမာင္(ခ)ေနလင္း ေအာင္ကို ဆက္လက္စစ္ေဆးရာ တိုက္ႀကီးၿမိဳ႕နယ္ အဂၤလားရပ္ကြက္မွ New Zhineng 125 နီနက္က်ား တစ္စီး၊ ရြာသစ္ကုန္းမွ တာဘိုစတား စမတ္အျပာေရာင္ တစ္စီး၊ တရား႐ုံး ေနာက္မွ Kaiser အနက္ေရာင္ တစ္စီး၊ ယခင္ခိုးယူခဲ့ေသာ ဆိုင္ကယ္ ေလးစီး စုစုေပါင္း ဆိုင္ကယ္ရွစ္စီး သိမ္းဆည္းရမိခဲ့သည္။

အဆိုပါဆိုင္ကယ္မ်ားကို အဲေမာင္ (ခ)ေနလင္းေအာင္က ခိုးယူခဲ့ၿပီး ပူးေပါင္းေရာင္းခ်ရာတြင္ပါဝင္ေသာ တင္ထြဋ္ေအာင္(ခ)တာတီး သုခၿမိဳင္ ၅ လမ္း ရွမ္းစုရပ္ တိုက္ႀကီးၿမိဳ႕၊ ေအာင္ျမင္ဦး သုခၿမိဳ႕င္ ၄ လမ္း ရွမ္းစုရပ္ကြက္၊ လင္းေအာင္ ပန္းေနာ အိုင္ ဥကၠံၿမိဳ႕၊ ေဒါင္းမေလး(ခ)ျမင့္ျမင့္ စန္း ပန္းေနာအိုင္ ဥကၠံၿမိဳ႕၊အိသႏၲာစိုး ရြာမရပ္ ဥကၠံၿမိဳ႕ေနသူတို႔ကို တိုက္ႀကီး ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထြန္းလႈိင္(ၿမိဳင္)
The Mirror Daily
https://www.facebook.com/pg/TheMirrorDaily
#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် အိုးတန်းရပ်ကွက် ရန်ကုန်- ပြည်လမ်း လျှပ်စစ်ရုံရှေ့၌ အောက်တိုဘာ ၈ ရက် နံနက် ၅ နာရီ ခွဲက တာဘိုစတား ၁၁ဝ နီနက်ကျား ဆိုင်ကယ်နှင့်အတူ အဲမောင်(ခ)နေလင်းအောင် သုခမြိုင် ၃ လမ်း ရှမ်းစုရပ်ကွက် တိုက်ကြီးမြို့နေသူ အား ဖမ်းဆီးရမိခဲ့သည်။

တိုက်ကြီးမြို့မရဲစခန်းမှ တာဝန် ရှိသူများက အဲမောင်(ခ)နေလင်း အောင်ကို ဆက်လက်စစ်ဆေးရာ တိုက်ကြီးမြို့နယ် အင်္ဂလားရပ်ကွက်မှ New Zhineng 125 နီနက်ကျား တစ်စီး၊ ရွာသစ်ကုန်းမှ တာဘိုစတား စမတ်အပြာရောင် တစ်စီး၊ တရားရုံး နောက်မှ Kaiser အနက်ရောင် တစ်စီး၊ ယခင်ခိုးယူခဲ့သော ဆိုင်ကယ် လေးစီး စုစုပေါင်း ဆိုင်ကယ်ရှစ်စီး သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဆိုင်ကယ်များကို အဲမောင် (ခ)နေလင်းအောင်က ခိုးယူခဲ့ပြီး ပူးပေါင်းရောင်းချရာတွင်ပါဝင်သော တင်ထွဋ်အောင်(ခ)တာတီး သုခမြိုင် ၅ လမ်း ရှမ်းစုရပ် တိုက်ကြီးမြို့၊ အောင်မြင်ဦး သုခမြို့င် ၄ လမ်း ရှမ်းစုရပ်ကွက်၊ လင်းအောင် ပန်းနော အိုင် ဥက္ကံမြို့၊ ဒေါင်းမလေး(ခ)မြင့်မြင့် စန်း ပန်းနောအိုင် ဥက္ကံမြို့၊အိသန္တာစိုး ရွာမရပ် ဥက္ကံမြို့နေသူတို့ကို တိုက်ကြီး မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ထွန်းလှိုင်(မြိုင်)
The Mirror Daily
https://www.facebook.com/pg/TheMirrorDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top