(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×

ရန်ကုန်တိုင်းအစိုးရက ကျပ် ၁၀ ဘီလီယံကျော်အသုံးပြု ပြီး ကိုရီးယားနိုင်ငံမှဝယ်ယူထား သည့် ကျောင်းကားအစီး ၂၀၀ အနက် လက်ရှိပြေးဆွဲနေသည် မှာ ၆၅ စီး သာရှိသေးကြောင်း တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က  ပြောသည်။

တိုင်းအစိုးရနှင့် ရွှေလက် ကုမ္ပဏီတို့ ပူးပေါင်းဝယ်ယူထား သည့် အဆိုပါကျောင်းကားများကို ယမန်နှစ်ဇူလိုင်ကတည်းက လက် ခံခဲ့သည်။  ကျောင်းကားလိုအပ် သည်ဟုတင်ပြသည့်ကျောင်း ၂၁ ကျောင်းရှိသော်လည်း ပညာရေး ၀န်ကြီးဌာနက ချမှတ်ထားသော မြို့နယ်အတွင်း နေထိုင်သူများ သာနေထိုင်ရာမြို့နယ်ရှိကျောင်း များကို တက်ရောက်နိုင်သည်ဆို သည့် မူဝါဒကိုတိုင်းဒေသကြီးအ စိုးရက လိုက်နာနေရခြင်းကြောင့် ကျောင်းကားများ အပြည့်အ၀ မပြေးဆွဲပေးနိုင်ခြင်းဖြစ်ကြောင်း ၀န်ကြီးကပြောသည်။

‘‘ဥပမာ အထက(၁)ဒဂုံမှာ တက်မယ့်ကျောင်းသား၊ ကျောင်း သူသည် ဒဂုံမြို့နယ်အတွင်းမှာပဲ နေထိုင်ရမယ်၊ အထက(၂)လ သာမှာ တက်မယ့်ကျောင်းသား သည် လသာမြို့နယ်အတွင်းမှာပဲ နေထိုင်ရမယ်လို့ ပြည်ထောင်စု ၀န်ကြီးက သတ်မှတ်ထားတာရှိ ပါတယ်။ ဒီချမှတ်ထားတဲ့ မူဝါဒ အတိုင်း ကျွန်မတို့ကဆောင်ရွက် နေရတာပါ’’ဟု ၀န်ကြီးကပြော သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ တွင် ကျန်ရှိနေသည့်ကျောင်းကား ၁၃၅ စီးကို ကမာရွတ်မြို့နယ်ရှိ ပညာရေးတက္ကသိုလ်လေ့ကျင့် ရေးအထက်တန်းကျောင်းနှင့် ရန် ကင်းမြို့နယ်ရှိ  ပညာရေးကော လိပ်လေ့ကျင့်ရေးအလယ်တန်း ကျောင်းတို့၌ လာမည့်ပညာ သင်နှစ်က စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ဆိုသည်။

ရန်ကုန်တိုင်း အစိုးရကကြီးကြပ်၍ ၀ယ်ယူထားသည့်ကျောင်းကားအစီး ၂၀၀ မှ အစီး ရေမည်မျှ အသုံးပြုနေခြင်း၊ အစီးမည်မျှကျန်ရှိနေခြင်းနှင့် အသုံးမပြုဘဲထားသည့်ယာဉ်များ မည်သို့စီမံထားသည်ကို ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက အောက်တိုဘာ ၅ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေး၌ မေးမြန်းရာ ၀န်ကြီးက အထက်ပါအတိုင်း ဖြေကြားသည်။

ကမာရွတ်မြို့နယ် ပညာရေး တက္ကသိုလ်လေ့ကျင့်ရေးအထက် တန်းကျောင်းတွင် ၂၉ စီး၊ ရန် ကင်းမြို့နယ် ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်း ကျောင်းတွင် ၂၇ စီးနှင့် အရန် ယာဉ်အဖြစ်ကိုးစီးထားရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘အဲဒီကျောင်းက ကျောင်း အုပ်ကြီးတွေနဲ့ တိုင်ပင်ပြီးလာမယ့် စာသင်နှစ်မှာ ကျန်တဲ့ကျောင်း ကားတွေကို ပြေးဆွဲပေးသွား မယ်’’ ဟု ၀န်ကြီးကဆိုသည်။

သို့သော် ဒဂုံမြို့နယ်လွှတ် တော်ကိုယ်စားလှယ်ဦးကျော်ဇေ ယျက တိုင်းအစိုးရ ရောင်းချပေးသည့် ကျောင်းကားဈေးနှုန်းသည် တစ်စီးလျှင်ကျပ်သိန်း ၅၀၀ ခန့်ရှိပြီး အပြင်ကာလပေါက်ဈေးသည် ကျပ်သိန်း ၃၀၀ ခန့်ရှိ၍ ထိုသို့ ဈေးနှုန်းကြီးမြင့်နေခြင်းကြောင့် ကျောင်းများက ၀ယ်ယူနိုင်ခြင်းမရှိကြောင်း လွှတ်တော်အပြီး၌  မီဒီယာများအား ပြောသည်။

‘‘ဒဂုံ(၁)ကျောင်းကကျောင်း အုပ်ကြီးရော၊ ကျောင်းအကျိုး ဆောင်အဖွဲ့ကိုလည်းတွေ့ပြီးပြီ။ တိုင်းအစိုးရအဖွဲ့က ကားတွေ ရောင်းတယ်။ ကျောင်းအကျိုး ဆောင်အဖွဲ့က မ၀ယ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်း ကားတစ်စီးကို သိန်း ၅၀၀ ကျော် နေတယ်။ အပြင်မှာ ကာလ ပေါက်ဈေးက သိန်း ၃၀၀ နဲ့ရနေ တယ်။ ကျွန်တော်တို့ စီးပွားရေး မကိုက်ဘူး၊ ဒီကားတွေကို မ၀ယ် နိုင်ပါဘူးဆိုပြီး ကျောင်းအကျိုး ဆောင်က ပြောတယ်’’ ဟု ဦး ကျော်ဇေယျက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
#Unicode Version#

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top