ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Credit: စွယ်စုံ
# Unicode Version ဖြင့် ဖတ်ပါ #
နာမည်ကျော်မင်းသမီးတွေဖြစ်ကြတဲ့ အကယ်ဒမီခိုင်သင်းကြည်၊ အကယ်ဒမီသက်မွန်မြင့်၊ မေမြင့်မိုရ်နဲ့ ရွှေသမီးတို့လေးယောက်သား လတ်တလော မှာတော့ ” အလျှံပယ် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာတော့ သဏ္ဍာန်လုပ်သရုပ်တူ ဆိုတဲ့အတိုင်း ပရိသတ်ကြည့်ရတာတန်စေအောင် သရုပ်ဆောင်ကြရတာပဲဖြစ်ပါတယ်။

လေးယောက်သားအပြတ်ကြိုးစားထားတာ သိသာပေါ်လွင်နေပါတယ် ပရိသတ်ကြီးရေ။ ဒီနေ့ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းဟာဆိုရင် ထော်လာဂျီပေါ်က နေ ဗွက်ထဲကို ပြုတ်ကျတဲ့အခန်းကိုရိုက်ကူးတာဖြစ်ပြီး မင်းသမီးလေးယောက်လုံး ရွှံ့ဗွက်တွေလူးနေတဲ့ ပုံတွေဟာလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ တာပဲဖြစ်ပါတယ်။

တကယ်ကိုကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဖြစ်မယ်ဆို အသေအချာပါပဲ။ ပရိသတ်အချစ်တော်မင်းသမီးလေးယောက်သားရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကတော့ တကယ်ကိုထိမိလွန်းပါတယ်ပရိသတ်ကြီးရေ။ ဒီပုံရိပ်လေးတွေကို မခိုင်လေးတစ်ယောက် ” အနုပညာဆိုသည်မှာ ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

Photo – Khine Thin Kyi / May Myint Mo

ဖိုးသူတော် (www.phothutaw.com)
Credit: စွယ်စုံ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top