ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ပါဝင်ပစ္စည်း
၁။ရုံးပတေသီး (၄)တောင့်
၂။ ရေ (၁)ဖန်ခွက်
ပြုလုပ်နည်း
Credit: (နေဇာအောင်)
#Unicode Version#
 ဆီးချိုဝေဒနာရှင်များ၊ ကျောက်ကပ် ဝေဒနာသည်များနဲ့ အဆီကျလိုတဲ့ သူတွေအတွက် အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ကတော့ ရုံးပတေသီး ဖြစ်ပါတယ်။
မြန်မာလူမျိုးတွေက ရုံးပတေသီးကို တို့စရာ၊ ဟင်းချို၊ အသုပ်၊ အကင်၊ ပဲကုလားဟင်းရည်တို့အဖြစ် အမျိုးမျိုး လုပ်စားတတ်တာကြောင့် အကျိုးကျေးဇူးတွေက ခန္ဓာကိုယ်ထဲမှာ အထိုက်အလျှောက် ရနှင့်ပြီး ဖြစ်နေကြပါပြီ။
ဒါပေမယ့် ဆီးချို၊ ကျောက်ကပ် နဲ့ အဆီချလိုသူတွေ အတွက်ဆိုရင်တော့ ရုံးပတေသီးကို ဒီထက်ပိုပြီး အစွမ်းထက် ထိရောက်စေတဲ့နည်းနဲ့ မှီဝဲရမှာဖြစ်ပါတယ်။
ရုံးပဒီသီး တစ်တောင့်မှာ ပရိုတိန်း ၂ ဂရမ်၊ ဗီတာမင်စီ ၂၁ မီလီဂရမ်၊ ဖော်လိတ်အက်ဆစ် ၈၀ မိုင်ခရိုဂရမ်၊ မက်ဂနီစီယမ် ၆၀ မီလီဂရမ်၊ အမျှင်ဓါတ် ၃ ဂရမ်၊ အဆီ ဝ.၁ ဂရမ်၊ ကာဗွန်ဟိုက်ဒရိတ် ၇.၆ ဂရမ် စတဲ့ ဓါတ်သတ္တုတွေ ပါဝင်ပါတယ်။
ရုံးပတေသီးစားချင်းကြောင့် ရလာတဲ့အကျိုးကျေးဇူးတွေကတော့ -
    ကိုလက်စထရော ကို ထိန်းညှိပေးနိုင်ပါတယ်။
    အချိုကြိုက်သူတွေအတွက် ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို ထိန်းညှိပေးပါတယ်၊ ဒီအချက်ဟာ ဆီးချိုဖြစ်စေမှုကို ဟန့်တားနိုင်ပါတယ်။
    ရင်ကြပ်ရောဂါဖြစ်စေတဲ့ လက္ခဏာရပ်တွေကိုလည်း လျှော့နည်းစေပါတယ်။
    ကျောက်ကပ်ရောဂါတွေကိုလည်း တာဆီးပေးနိုင်ပါတယ်။
ရုံးပတေသီးကို အရည်ပြုလုပ်သောက်သုံးခြင်းက ဆီးချို၊ ကျောက်ကပ်နဲ့ အဆီကျလိုသူတွေအတွက် များစွာ အထောက်ကူဖြစ်စေပါတယ်။
ပါဝင်ပစ္စည်း
၁။ရုံးပတေသီး (၄)တောင့်
၂။ ရေ (၁)ဖန်ခွက်
ပြုလုပ်နည်း
၁။ ပထမဦးစွာ ရုံးပတေသီးရဲ့ ခေါင်းနဲ့ ဖင်ပိုင်းကို ဖြတ်ပြီး ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ စိမ်ထားလိုက်ပါ။
၂။ ထိုရေဖန်ခွက်ကို တစ်ညသိပ်ထားပါ။
နောက်တစ်နေ့နံနက် နိုးတာနဲ့ မျက်နှာသစ်ပြီး နံနက်စာ ဘာမှမစားရသေးခင် ရုံးပတေသီးရည် ကို သောက်ပါ။ နာရီဝက်ခန့်နေမှ နံနက်စာ စားသုံးပါ။
တစ်ပတ်လျှင် တစ်ကြိမ်ခန့် သောက်သုံးခြင်းဖြင့် အကျိုးထူးတွေကို သိသိသာသာ ရရှိခံစားရပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: (နေဇာအောင်)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top