ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×

ဟိုနေ့က ကလေးဆေးရုံမှာ
စာသွားသင်တဲ့ အမနောက်လိုက်ပီးကိုယ်တွေ ပြန်လာတော့ FA ညီမလေးကလာပြောတယ်

‘ အမရေ အသက်က ၂နှစ်ခွဲနဲ့ ကလေးလေး Paracetamol overdose နဲ့ NA အသစ်လေး ရောက်လာတယ် ‘

အဲ့တော့ကိုယ့်မယ်
‘ ဟယ် ဘယ်လိုဖြစ်တာလဲ ‘ ဆိုတော့

ညီမလေးက
‘ အမရေ သူ့အမေမရှိခင် ဘေးမှာတင်ထားတဲ့ Paracetamol 250/5ml ပါနဲ့ Biogesic တပုလင်းလုံးကို ဖွင့်ပီး သောက်လိုက်တာ ၅ စီစီ ပဲကျန်တယ်မရေ ,အန္တရာယ်ရှိတဲ့ level ကို သောက်လိုက်တာ , ခု ကလေးကတော့ကောင်းပါတယ် အန်တာလဲမရှိဘူးအမ သောက်တာတော့ ၂ နာရီ ခွဲရှိပီ အမ ‘

ကိုယ်က
‘အေးအေး ဒါဆိုလဲ အမ ဆရာတို့ အမ Professor တို့ကိုပြောလိုက်မယ် , paracetamol level ကိုသောက်ပီး ၄ နာရီအကြာဖေါက် N acetylcysteine သွင်းဖို့လုပ်ရအောင် ‘

အဲဒီအချိန် ကိုယ်တွေမှာ ပြာယာခက်နေပီ ကိုယိသိတယိလေ ၈ နာရီ အတွင်း ဖြေဆေးမသွင်းရင် အသည်း အရမ်းပျက်မယ် , ကျောက်ကပ် ဆိုးဝါးစွာပျက် မယ်သိနေတော့ပြာယာခါတ်တာပေါ့++++

ကလေးမေမေကို ကြည့်လိုက်တော့ သူကတော့ အေးအေးဆေးဆေးပါပဲ စိတ်သိပ်မပူ !!
ဘယ်ပူမလဲလေ သောက်လိုက်တာက အရငိ တိုက်နေကျ ကိုယ်ပူကျဆေး စိတ်ချရတဲ့ Paracetamol အရည်လေ !!
များပီးဝင်သွားတာများ ဒီဆရာဝန်တွေ ဘာလို့ ဒလောက် စိတ်တွေပူ ရှူတ်ရှက်ခတ် ဟိုလူ့ပြော ဒီလူ့ပြောနဲ့ ပြာယာခတ် အလုပိရှုတ်နေပါလိမ့်လို့ ထင်ကောင်းထင်နေမယ် !!

တကယ်တော့ နိုင်ငံတကာမှာ paracetamol poisoning incidence ဖြစ်ပွားနှုနိးဟာများပြားလာနေတယ်တဲ့
Spanish study တခုမှာ paracetamol poisoning ကြောင့် အသည်းပျက်ဆီး တာ 9.8 persent ရှိတယ် .
UK နဲ့ USA study မှာ အသည်းပျက်စီးရတဲ့ အကြောင်းရင်း ရဲ့ ၁၄ ရာခိုင်နှူန်းဟာ paracetamol poisoning ကြောင့်တဲ့
အဲ့ဒီတော့ ဒီဆရာဝန်တွေ ကြောက်ကြတာ မဆန်းဘူးလေ++ ..

ရှင်းပြစရာရှိတာရှင်းပြတော့မှ ကလေးမေမေ ခမျာ မျက်စိလေး ကလယ် ကလယ်
ကိုယ့်ရဲ့ ကလေးဆရာဝန်သက်တန်း နဲနဲ လေး အတွင်းမှာ ကလေးလေးတွေ အထူးသဖြင့် ၅ နှစ်အောက်ကလေးလေးတွေ paracetamol ကို အချိုရည်လိုလုပ်သောက်တာ ဒီတစ်ယောက်အပါအဝင်ဆိုရင် ၅ ယောက်တိတိရှိပီ —+

ကျန်ကလေးဆရာဝနိတွေ တွေ့ဖူးတာလဲမနဲ —-

Singapore study တခုမှာလဲ incidence အရမ်းများလာတဲ့ အတွက် လေ့လာကြည့်လိုက်တော့
မိဘတွေဟာ ကျန်တဲ့ဆေးတွေကို သိမ်းချင်သိမ်းမယ် paracetamol အရည်တွေဟာ နီးစပ်လွန်းတဲ့ အဆိပ်မှန်း သတိမထားမိကြဘူး
ပီးတော့ ကလေးတော်တော်များများကို paracetamol အရည်လေးတွေဟာ သောက်ကောင်းတာများတော့ အချိုရည်သောက် အချိုရည်လေးသောက်လို့ ပြောပီးတိုက်မိကြတယ်
ဆေးကောင်တာတွေမှာလဲ toddlers လေးတွေ လက်လှမ်းမှီတဲ့နေရာလေးတွေမှာ ထားပီးရောင်းတော့ မိဘတွေဟာလဲ လက်လှမ်းမှီရာထားတတ်ကြတယိတဲ့
ခုတော့ သူတို့ဟာ နိုင်ငံ law နဲ့ ဘယိလိုထားသိုရမယ်ဆိုတာ လုပ်ဖို့ စီစဉ်နေကြတယ်တဲ့
တခြားနိုင်ငံ UK , Ireland ,Netherland စတဲ့နိုင်ငံတွေမှာ paracetamol သောက်ပီး teenagers တွေ suiside လုပ်တာများလို့ ဘယ်လောက် ဘယ်နှစ်လုံး ဆိုရင် တော့ over the counter ဝယ်လိုရတယ် ဘယ်လောက်ထက်ကျော်ရင် မဝယ်ရစတဲ့ legislations တွေ ထုတ်လာကြတယ်တဲ့ !!!

ဒီလောက်ဆိုရင်တော့ အနီးစပ်ဆုံး အဆိပ် paracetamol အရည်တွေကို ကလေးတွေနဲ့ နီးနီးစပ်စပ်မှာ မထားကြဖို့နဲ့ လွယိလင့်တကူယူသောက်လို့မရအောင် ထားကြဖို့ သတိရှိလာမယ်လို့ထင်ပါတယ် နော် !!!
ကလေးတွေ အန္တရာယ်ကင်းကြပါစေ!!!

မေတ္တာဖြင့်


ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာခိုင်ဝါဝါထွန်း
# Unicode Version ဖြင့် ဖတ်ပါ #

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top